သေဆုံးခြင်း မီးပြတိုက်
Vol. 5 Ch. 68
#ဘာသာပြန် = စနိုးဝှိုက်
ဆန်နီ ၊ နစ်ဖီ နဲ့ ကတ်စီ တို့ဟာ..ကြီးမားတဲ့ သစ်ကိုင်းကြီးတစ်ခုပေါ်မှာ ထိုင်ပြီး နေဝင်တဲ့အထိ စောငိ့နေခဲ့ကြတယ်..။သစ်ကိုင်းကြီး သူတို့အရေအတွက်ရဲ့ နှစ်ဆလောက် ပိုများမယ်ဆိုရင်တောင် သေချာထိုင်ဖို့အတွက်လုံလောက်ပါတယ်..။ဒါကြောင့် သူတိုအနေနဲ့ မြေပြင်ကနေ လှမ်းပြီး မြင်ရမှာအတွက် စိတ်မပူခဲ့ပေ..။
ဆန်နီ ဒီကမ္ဘာကြီးထဲကို ရောက်ကတည်းက ညဘက်မြန်မြန် ရောက်ပါစေလို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး.။သို့ပေမယ့် ဒါကတော့ ပထမဆုံးအကြိမ်ပါ..။
သူတို့ရဲ့ နောက်ထပ် အစီစဥ်က ..အမှောင်ထုရောက်လာတဲ့ အချိန်မှဖြစ်တာကြောင့် သူတို့မှာလတ်တလော ဘာမှလုပ်စရာ မရှိကြပေ..။နစ်ဖီ နဲ့ ကတ်စီ တို့ကို နောကိကျောပေးထားရင်း ဆန်နီဟာ အဝေးတစိနေရာကိုကြည့်နေခဲ့တယ်..။သူ့ကိုယ်သူ ဘာမှမတွေးမိအောင် ကြိုးစားထိန်းချုပ်နေရပါတယိ..။
အစီစဥ်ရဲ့ အစပိုင်းမှာတင် ဆိုးဝါးမူတွေနဲ့ ကြုံတွေ့ရတာက ဆန်နီကို စိတ်အဆင်မပြေ ဖြစ်စေပါတယ်..။သူ့ရဲ့ အဖိုးတန် ထပ်တူညီမူ ဆုံးရှုံးခဲ့ရတာကို အခုချိန်ထိ စိတ်မဖြေနိုင်သေးပေ..။ဒါပေါ့ အနာဂတ်မှာလည်း မထင်မှတ်ထားတာတွေ အများကြီး ဖြစ်လာနိုင်ပါသေးတယ်..။
ပြောစရာမလိုအောင်ပဲ..အစပထမမှာတင် သူတို့ရဲ့ အသန်မာဆုံးအဖွဲ့ဝင် ဆုံးရှုံးရလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။အစီစဥ်ရဲ့ ပထမဆုံး အဆင့်ဆိုတာက အမြဲတမ်း..အလုံခြုံဆုံး အဆင့်ပါ..။နောက်ဆက်တွဲ အစီစဥ်တွေကမှ ပိုပိုပြီး အန္တရာယ်များလာတာပါ..။
ဆန်နီ အနက်ရောင် ကောင်းကင်ကို မော့ကြည့်ရင်း အနက်ရောင် ဒီရေတွေရဲ့ ရိုက်ခတ်သံကို နားထောင်နေခဲ့တယ်..။မှိန်ပြပြ အလင်းရောင် အောက်မှာတော့ ကတ်စီဟာ သူ့ဘက်ကို အနည်းငယ် လှည့်ပြီး သူ့လက်ကို ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်ပါတယ်..။
သူမရဲ့ နွေးထွေးတဲ့ လက်ကလေးက ဆန်နီကို နှလုံးခုန်သံ မြန်သွားစေခဲ့တယ်..။သို့ပေမယ့် သူမက နှစ်သိမ့်ပေးဖို့ ကြိုးစားနေတယ် ဆိုတာကို ချက်ချင်းနားလည်လိုက်ပါတယ်..။
'ငတုံး...ငါက ကလေးလား..။လက်ကလေး ကိုင်ထားတာနဲ့ အရာရာဖြေရှင်းလို့ မပြီးသွားဘူး..'
သို့ပေမယ့် ဆန်နီဟာ သူ့အတွေးတွေက..ကြောက်စိတ်များနေတယ် ဆိုတာကို ချက်ချင်းနားလည်လိုက်ပါတယ်..။
ဖြစ်နိုင်တာက သူတို့ ဒီအရာကြီးကိုလည်း ကျော်လွှားနိုင်ကြမှာပါ..။
တကယ်လို့ ဒါက ငါတို့ရဲ့ စိတ်ဆန္ဒဆိုရင် ဘယ်သူတွေက တားဆီးရဲမှာလဲ....
မကြာခင်မှာပဲ ညဘက်ရောက်လာခဲ့ပြီး..ကမ္ဘာကြီးထဲမှာ အမှောင်ထုပဲ ကျန်ခဲ့ပါတော့တယ်..။
***
အနက်ရောင် ဒီရေတွေရဲ့ ကြားထဲမှာတော့ တောင်ကုန်းလေးဟာ ကျွန်းလေးတစ်ခုလိုဖြစ်နေခဲ့တယ်..။သစ်ပင်ကြီးရဲ့ သစ်ရွက်တွေကတော့ လေထုကြောင့် သိမ်မွေ့စွာ လှုပ်ယမ်းနေကြပါတယ်..။
ဆန်နီ သက်ပြင်းချလိုက်တယ်..။သူ့ရဲ့ အစီစဥ်က သေချာမူရှိတယ် ဆိုတာကတော့ သေချာပါတယ်..။သို့ပေမယ့် စွန့်စားမူတွေ ပေးဆပ်မူတွေ အကုန်လုံးက..မှားယွန်းသွားနိုင်တယ် ဆိုတာကိုတော့ သိထားရမှာပါ..။
အဆုံးမှာတော့ သူတို့အကုန်လုံးက အကြွေစေ့ လှန်နေတာနဲ့ ဘာမှမထူးပါဘူး..။သူတို့ လောင်းထားတဲ့ ဘက်ခြမ်းကို ကျပါစေလို့ပဲ ဆုတောငိးနေကြရမှာပါ..။
နစ်ဖီ ရဲ့ အမူအရာ လှုပ်ရှားသွားတာကို သူ ခံစားလိုက်ရတယ်..။သူမက သူရှိနေတဲ့ ဘက်ကို တည်ငြိမ်တဲ့ အမူအရာနဲ့ လှည့်လာခဲ့တာပါ..။
ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ အမှောင်ထဲမှာ ဘာမှ မမြင်ရပေမယ့်လည်း..သူမရဲ့ မေးခွန်းထုတ်တဲ့ အကြည့်ကို သူ သတိထားမိမယ် ဆိုတာ သေချာသိထားပါတယ်..။
ဆန်နီ မျက်လုံးကို ပိတ်ထားလိူက်ပြီးမှ..ဖြည်းဖြည်းချင်း ပြန်ဖွင့်ကာ အသက်ရူထုတ်လိုက်တယ်..။
"စကြတာပေါ့.."
ကတ်စီ ဘေးနားကို ဂရုတစိုက်ရွေ့ပေးလိုက်ပြီး ဆန်နီ နဲ့ နစ်ဖီ တို့အတွက် နေရာပေးလိုက်ပါတယ်..။ဆန်နီကတော့ ရေမှော်ကျောပိုးအိတ်ကို သူနဲ့ နစ်ဖီကြားထဲမှာ ထားပြီးဖွင့်လိုက်တယ်..။
သူ့ရဲ့ လှုပ်ရှားမူတွေက နှေးကွေးပြီး ဂရုတစိုက်ဖြစ်နေခဲ့တာပါ..။
အိတ်ထဲမှာတော့ ရေမှော်တွေနဲ့ လုပ်ထားတဲ့..ကြီးမားတဲ့ အိုးနှစ်အိုး ရှိနေခဲ့တယ်..။ဒီအ်ိုးတွေကို ဆန်နီ ကိုယ်တိုင်လုပ်ထားခဲ့တာပါ..။သူ့ရဲ့ အသိပညာတွေက..ဆရာဂျူးလီးယက် ရဲ့ သင်ကြားမူတွေကြောင့်ပါပဲ..။
ဒါတောင်မှ သူက အခြေခံလေးတွေပဲ မှတ်မိပါသေးတယ်..။
အိုးတွေထဲမှာတော့..ကင်းခြေမျှား သားရဲတွေရဲ့ အဆိပ် အဆီ တွေ ရှိနေခဲ့တယ်..။ကင်းခြေမျှားသားရဲတွေရဲ့ ခန္တာကိုယ်မှာ အဆီအိတ် နှစ်အိပ်ဆီ ပါဝင်ကြတာပါ..။သူတို့နှစ်ခုကို ရောလိုက်မယ် ဆိုရင် သေစေနိုင်လောက်တဲ့ အဆိပ်တွေဖြစ်လာပြီး ကြေးခွံသားရဲရဲ့ ကြေးခွံတွေကိုတောင် စက္ကန့်ပိူင်းအတွင်း တိုက်စားနိူင်ပါတယ်..။
ဒါက မီးလောင်လွယ်တဲ့ အရာဆိုရင်လည်း မမှားပါဘူး...။
အိုးတွေ ထဲမှာတော့ အဆီနှစ်မျိုးပါဝင်နေခဲ့တယ်..။ရေမှောအိတ်ကို ကတ်စီက သယ်ပြီး..ခန္တာကိုယ်ကြံခိုင်မူ မကောင်းတဲ့ ဆန်နီက ကတ်စီကို သယ်တယ် ဆိုတာ အကြောင်းပြချက်ရှိပါတယ်..။
သူတို့ရဲ့ အစီစဥ်မှာ အဓိက နေရာက ပါဝင်နေတာက ကင်းခြေမျှား အဆီတွေပါပဲ..။
အိုးနှစ်လုံးကို သစ်ကိုင်းပေါ်တင်ပြီးတဲ့ နောက်မှာ ဆန်နီ အိတ်ထဲက နောက်ဆုံးအရာကို ထုတ်လိုက်တယ်..။ဒါက လက်နဲ့ပြုလုပ်ထားတဲ့ မီးတုတ်ပါ..။ပုံမှန်အားဖြင့် မီးတုတ်တွေကို သစ်သားနဲ့ပြုလုပ်ကြပေမယ့်..ဒီ ကြောက်စရာ နယ်မြေမှာတော့ အရိုးနဲ့လုပ်ရတာ ပိုပြီးလွယ်ကူပါတယ်..။
အမှောင်ထဲမှာတော့ သူဟာ နစ်ဖီရဲ့ အေးစက်နေတဲ့ လက်တွေကို လှမ်းကိုင်လိုက်ပြီး မီးတုတ်ကို သူမလက်ထဲ ထည့်ပေးလိုက်တယ်..။
အဲ့အချိန်မှာတော့ ဆန်နီဟာ..ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ လက်တွေ သူ့ခန္တာကိုယ်ကို ထိတွေ့ခဲ့တဲ့ အချိန်ကို ပြန်သတိ ရလိုက်ပါတယ်..။ပထမတစ်ကြိမ်က သူ ကြေးခွံသားရဲခေါင်းဆောင်ကြောင့် သေခါနီးဖြစ်နေတုန်းမှာ သူမက ရင်ဘတ်ကို ကိုင်ထားခဲ့တာပါ..။နောက်တစ်ကြိမ်ကတော့ သူမကို ကြယ်အလင်းစစ်သည်တွေရဲ့ အကာအကွယ် ပေးပြီး သူမရဲ့အားနည်းချက်ကို သိခဲ့တဲ့ အချိန်ပါပဲ..။
ဒီနှစ်ရက်လုံးက ..တကယ်ကို မမေ့နိုင်စရာ နေ့ရက်တွေပါ..။
ဒီနေ့ကလည်း သူ့ မှတ်ဥာဏ်ထဲမှာ အမြဲတမ်းရှိနေတော့မယ့် နေ့တစ်နေ့လို့ သူ ခံစားနေရပါတယ်..။
ဆန်နီ အသက်ကို ပြင်းပြင်းရူလိုက်တယ်..။
"ငါ အဆင်သင့်ဖြစ်နေပြီ.."
နစ်ဖီ ခေါင်းညိမ့်ပြီး မတ်တတ်ရပ်လိုက်တယ်..။သူမ မီးတုတ်ကို ဆုပ်ကိုင်ထားပြီး မျက်လုံးကို ပိတ်ကာ ဆုတောင်းနေခဲ့ပါတယ်..။သူမရဲ့ ချပ်ဝတ်အင်္ကျီနှင့်အတူပဲ ငွေရောင်ဆံပင်တွေဟာ လေပေါ်မှာ ဝဲပျံနေခဲ့တယ်..။သူမကြည့်ရတာ..အရမ်းကိုလှပတဲ့ နတ်သမီးလေး တစ်ပါးလိုပါပဲ..။
ခနအကြာမှာတော့ တောက်ပတဲ့ မီးတောက်လေးတစ်ခုဟာ..သူမလက်ထဲကနေ ပေါ်လာခဲ့ပြီး မီးတုတ်ရဲ့ ထိပ်ကို ထိလိုက်ပါတယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ မျက်လုံးတွေ ပွင့်လာခဲ့ပြီး မီးတုတ်ကို သူမခေါင်းပေါ်မှာ မြှောက်ထားလိုက်တယ်..။
အလင်းမရှိတဲ့ ကမ္ဘာကြီးထဲမှာ မီးတောက်သေးသေးလေးက..သေးငယ်တဲ့ ကြယ်လေးတစ်လုံးလို ဖြစ်နေခဲ့ပါတယ်..။
ချက်ချင်းဆိုသလိူပဲ ဆန်နီသစ်ကိုင်းရဲ့ အစွန်းကို သွားရပ်လိုက်ကာ အသက်ကိုရူသွင်းလိုက်ပြီး အသံကုန်ဟစ်အော်လိုက်တယ်..။
"ဟေး..ခွေးမသား...မင်းသတ္တိရှိရင် ငါ့ဆီလာခဲ့လေကွာ.."
ရုတ်တရက် တစ်လောကလံး ခနလောက် တိတ်ဆိတ်သွားသလို ဖြစ်သွားခဲ့တယ်..။
***
ရုတ်တရက် ပေါ်လာတဲ့ မီးတောက်နဲ့ ဆန်နီရဲ့ အော်ဟစ်သံတွေကြောင့် ကြေးခွံနတ်ဆိုးဟာ ဘယ်ကမှန်းမသိ ဒေါသတကြီး ပေါ်ထွက်လာခဲ့ပါတယ်..။သူ့ရဲ့ တောက်ပနေတဲ့ မျက်လုံးတွေက အော်ဟစ်နေတဲ့ လူသားကိုကြည့်နေခဲ့တယ်..။
"ဟုတ်တယ် ငါဒီမှာပဲ...ခွေးမသား..။တက်လာခဲ့လေ..ဖက်တီး ဂဏန်းကောင်..။ဒီကျွန်းကို အခု ငါပိုင်သွားပြီ.."
ဆန်နီ ကြောက်ရွံ့မူကို ချုပ်ထိန်းထားပြီး အော်နေခဲ့တာပါ..။
ဆန်နီကတော့ သူ့ အောက်တည့်တည့်မှာ ရှိနေခဲ့ပါတယ်..။သူ့ရဲ့ ခန္တာကိုယ်ကြီးက အိမ်တစ်အိမ်လောက်အထိကို မြင့်မားတာပါ..။သို့ပေမယ့် ဒါတောင်မှ သူ့ရဲ့ အရိုးဓားကြီးတွေက ဆန်နီ နေနေတဲ့ အကိုင်းအထိကို မမှီနိုင်သေးပါဘူး..။ဒီတော့ လတ်တလောတော့ ဆန်နီဟာ လုံခြုံနေတယ်လို့ ပြောလို့ရပါတယ်..။
သို့ပေမယ့် ဒီဟာက အချိန်တော် သိပ်ပြီးကြာမှာမဟုတ်ပေ..။သို့ပေမယ့် ဒါက သူတို့အစီစဥ်ကို ရှေ့ဆက်ဖို့အတွက်လုံလောက်ပါတယ်..။
သူ တလွဲ မလုပ်ရင်ပေါ့...
ကြေးခွံနတ်ဆိုးက..ဆန်နီရပ်နေတဲ့ အကိုင်းရဲ့ အောက်တည့်တည့်ကို ရောက်လာတဲ့ အချိန်မှာပဲ..ဆန်နီဟာ အိုးနှစ်လုံးကို အောက်ကိုချိန်ပြီး ပစ်ချလိုက်ပါတယ်..။
သတ္တဝါကြီးဟာ သူရဲ့ အရိုးဓားကြီးတွေနဲ့ အိုးနှစ်လုံးကို လျင်မြန်စွာ ခုတ်ပိုင်းလိုက်တယ်..။သို့ပေမယ့် ဒါက အသုံးမဝင်ပါဘူး..။အိုးထဲမှာပါနေတဲ့ ဆီတွေဟာ..အရိုးဓားကနေတဆင့် အောက်ကို စီးကျသွားခဲ့ပါတယ်..။
အဆီနှစ်ခာ ရောသွားတဲ့ အချိန်ကျရင် အဆိပ်တွေဖြစ်လာပြီး သားရဲရဲ့ ကြေးခွံကို တိုက်စားသွားကြမှာပါ..။ဆန်နီ အသက်ရူလိုက်တယ်..။
သို့ပေမယ့် ကြေးခွံသားရဲ နဲ့ ကြေးခွံသားရဲခေါင်းဆောင်တို့ကို ဖျက်ဆီးနိုင်တဲ့ ကင်းခြေမျှားရဲ့ အဆီတွေဟာ..ကြေးခွံနတ်ဆိုးရဲ့အကာအကွယ်တွေကို ထူးဆန်းစွာပဲ မသက်ရောက်နိုင်ခဲ့ပေ..။သူက ခြစ်ရာလေးတောင် ဖြစ်မလာစေခဲ့ပါဘူး..။
ဆန်နီ မျက်နှာမဲမှောင်သွားခဲ့တယ်..။
' ဒါက..'
နစ်ဖီဟာ သူ့ဘေးနားကို တိတ်တဆိတ်ရောက်လာခဲ့တယ်..။
' ငါ ထင်ထားသလိုပဲ.. '
ကံကောင်းချင်တော့ ဆန်နီဟာ ဒီအဆိပ်ရဲ့ အရည်အသွေးအပေါ်မှာ အများကြီး မမျှော်လင့်ထားခဲ့ပေ..။
သူက ဒီ အဆီတွေရဲ့ တစ်ခြား အရည်အသွေးကိုပဲ လိုအပ်တာပါ..။
မီးတောက်နိုင်စွမ်း...
အောက်ဘက်မှာ ဆူညံတဲ့ အသံတွေဖြစ်ပေါ်နေတဲ့ မွန်းစတားကြီးကို ကြည့်ပြီး နစ်ဖီဟာ မီးတုတ်ကို အားနဲ့လှမ်းပစ်လိုက်တယ်..။မီးတုတ်ဟာ လေထဲကို လျင်မြန်တဲ့ အရှိန်နဲ့ ကျော်ဖြတ်သွားပြီး ကြေးခွံနတ်ဆိုးရဲ့ ကြေးခွံပေါ်ကို ကျရောက်သွားခဲ့ပါတယ်..။
စက္ကန့်အနည်းငယ် အကြာမှာတော့ သားရဲကြီးက မီးတွေလောင်မြိုက်နေခဲ့ပါပြီ..။
မီးက နတ်ဆိုးကို ထိခိုက်ဒဏ်ရာတွေ ဖြစ်စေလိမ့်မယ်လို့ ဆန်နီ မထင်ထားခဲ့ပေ..။ဒီအကောင်ကြီးက တော်ရုံ အပူချိန်လောက်ကို ခံနိုင်ရည်ရှိမှာ အသေချာပါပဲ..။
သို့ပေမယ့် အခုချိန်မှာတော့ သူ့ကိုယ်ပေါ်က အဆီတွေကြောင့်..သူက တောက်တောက်ပပကို လောင်ကျွမ်းနေခဲ့ပါတယ်..။
သူက အနက်ရောင် ပင်လယ်ရေထဲက သတ္တဝါတွေအတွက်တော့..အရသာရှိတဲ့ ဝက်ပေါင်ခြောက် တစ်ခုလို ပြောင်းလဲသွားခဲ့ပါပြီ..။