← Chapters

ဧည့်သည်

Vol. 5 Ch. 69

ဧည့်သည်

Vol. 5 Ch. 69

#ဘာသာပြန် = စနိုးဝှိုက်

ကြီးမားတဲ့ နတ်ဆိုးကြီးကတော့ ဝက်ပေါင်ခြောက်ကြီး တစ်ခုလို မီးတွေ တောက်လောင်နေခဲ့တယ်..။သူ့ရဲ့ ကြေးခွံတွေကနေတဆင့် နေရာအနှံ့ကိုလည်း အလင်းပြန် နေခဲ့ပါသေးတယ်..။

စက္ကန့်အနည်းငယ် ကြာတဲ့ အချိန်မှာတော့ အချိန်တွေ ရပ်တန့်သွားသလို ဖြစ်သွားခဲ့တယ်..။ဆန်နီဟာ မီးတွေတောက်လောင်နေတဲ့ သားရဲကြီးကို စိုက်ကြည့်နေခဲ့ပါတယ်..။

ဆန်နီကတော့ ဒီသားရဲကြီးနဲ့ထိပ်တိုက် ရင်ဆိုင်ဖို့ ဘယ်တုန်းကမှ မတွေးထားခဲ့ပေ..။ကြေးခွံနတ်ဆိုးနဲ့ ယှဥ်လိုက်ရင်တော့ သူတို့သုံးယောက်က ခွန်အားတွေ မရှိတဲ့ သာမန်နတ်ဆိုးလေး သာသာပါ..။သို့ပေမယ့် သူတို့ရဲ့ အားနည်းမူက နတ်ဆိုးကို မသတ်နိုင်ဘူးလို့ မဆိုလိုပေ..။

သူတို့မှာ ဘယ်လိုသတ်ရမလဲ ဆိုတဲ့ ဦးနှောက်ရှိပါတယ်..။ဒါကြောင့်လည်း သူတို့က ဒီလို နည်းလမ်းတွေကို ရှာဖွေတွေ့ရှိခဲ့တာပါ..။

အခုတော့ သူတို့က အစီစဥ်ရဲ့ တစ်ဝက်လောက် အထိ အောင်မြင်ပြီးနေကြပါပြီ..။

ဒါပေါ့ အန္တရာယ် အကြီးဆုံး အပိုင်းက အခုထိ မလာသေးပါဘူး..။သူတို့ကိုယ်တိုင်လည်း ပင်လယ်ထဲက သားရဲတွေရဲ့ တိုက်ခိုက်မူကနေ အသက်ရှင်ဖို့ လိုအပ်ပါတယ်..။

ကြေးခွံနတ်ဆိုးရဲ့ ဒေါသတကြီး အော်ဟစ်သံက ဆန်နီ ရဲ့ နားစည်ကိုတောင် အက်ကွဲမတတ်ဖြစ်စေပါတယ်..။သူ့ရဲ့ တောက်ပနေတဲ့ မျက်လုံးတွေကလည်း လူငယ်လေးတစ်ယောက်ကို မုန်းတီးမူတွေ အပြည့်နဲ့ကြည့်နေခဲ့တယ်.။

ဒီမတိုင်ခိုင်အထိတော့..ဆန်နီတို့အနေနဲ့ ပင်လယ်သားရဲတွေ ရောက်လာတဲ့ အထိ စောင့်နေဖို့ လိုအပ်ပါတယ်..။

ဒီမတိုင်ခင်တော့ ဒီသားရဲကြီးက ရူးမိုက်တာတွေ ထလုပ်မှာကို ဆန်နီ စိုးရိမ်နေခဲ့မိတယ်..။သူ့ရဲ့ အရိုးဓားတွေက အပေါ်ကို မမှီတဲ့အတွက် ဒီသားရဲကြီး သစ်ပင်ပေါ်ကို မရမက တက်လာမှာကို စိုးရိမ်နေခဲ့တာပါ..။

သားရဲကြီးရဲ့ မုန်းတီးတွေရဲ့ မျက်လုံးတွေကနေတဆင့် ဒီသားရဲကြီး ဘာတွေးနေလဲ ဆိုတာကို သူနားလည်လိုက်တယ်..။နတ်ဆိုးက သစ်ပင်ကြီးရဲ့ ပင်စည်ကို လှမ်းကြည့်လိုက်တဲ့ အချိန်မှာတော့ သူ နှလုံးခုန်သံတောင် မြန်သွားခဲ့ပါတယ်..။

သို့ပေမယ့် အဆုံးမှာတော့ လက်ရှိ အခြေအနေအမှန်က ကြေးခွံ နတ်ဆိုးရဲ့ ဒေါသစိတ်ကို အနိုင်ယူသွားခဲ့တယ်..။သူက လူသားသုံးယောက်ကို ဂရုစိုက်နေမယ့်အစား..မီးတွေငြိမ်းသွားစေဖို့အတွက် သဲတွေ ထဲမှာသာ လူးလိမ့်လိုက်ပါတယ်..။

ကျွန်းတစ်ခုလုံး လှုပ်နေခဲ့တာကြောင့် ဆန်နီတောင် သစ်ကိုင်းပေါ်က ပြုတ်ကျခါနီး ဖြစ်သွားခဲ့ပါတယ်..။

' ခရက် '

ဒီခွေးသားက ဘာလ်ို့ အဲလောက်တောင် ဥာဏ်ကောင်းနေရတာလဲ..။

ရုတ်တရက် နစ်ဖီဟာ ပင်လယ် ဘက်ကို လှမ်းကြည့်လိုက်တယ်..။သူမရဲ့ မျက်နှာ အနည်းငယ် ဖြူဖျော့သွားခဲ့ပါတယ်..။ဆန်နီ ကြည့်လိုက်တဲ့ အချိန်မှာတော့ ရုတ်တရက် သူတို့ရဲ့ ပတ်ဝန်းကျင် ကမ္ဘာက ပြောင်းလဲသွားသလိုပါပဲ..။

ဒါက စကားလုံးတွေနဲ့ ရှင်းပြဖို့အတော်ခက်ခဲတာပါ..။သူတို့ဘေးနားက သစ်ရွက်လှုပ်ခတ်သံတွေက တိုးသွားပြီး ..ရေလှိုင်းတွေရဲ့အသံက ပိုမိုကျယ်လောင် လာသလိုပါပဲ..။ကမ္ဘာကြီးပေါ်ကို မမြင်ရတဲ့ ဖိအားတစ်ခုကျဆင်းလာသလိုတောင် ခံစားလိုက်ရပါတယ်..။

ကြေးခွံနတ်ဆိုးလည်း ဒီအရာကို သတိထားမိပါတယ်..။သူ မီးသတ်နေတာကို ရပ်လိုက်ပြီး ထရပ်လိုင်တယ်..။

ဖြူခိုးတွေဟာ..ကျွန်းပေါ်ကို တဖြည်းဖြည်းချင်း တက်လာခဲ့တယ်..။ဆန်နီ လေတိုက်ခတ်သံတွေကိုကြားပြီး..ကြက်သီးမွှေးညှင်းထသွားခဲ့တယ်..။အခုချိန်မှာတော့..ရေလှိုင်းတွေရဲ့ ရိုက်ခတ်သံက မကြားရပြန်တော့ပါဘူး..။

မြူခိုးတွေထဲမှာတော့ တစ်ခုခုက ရွေ့လျားနေခဲ့တယ်..။ဒီအရာက ဘာလဲဆိုတာကိုတော့ သူသေချာ မမြင်ရပေ..။

ဒါ...ဒါက...

ရုတ်တရက် ကတ်စီရဲ့ လက်ကလေးက သူ့ရဲ့ မျက်လုံးကို လာပြီး အုပ်သွားခဲ့တယ်..။သူမရဲ့ အသံက တုန်ရီနေပြီး တီးတိုးပြောလိုက်ပါတယ်..။

"မကြည့်နဲ့....ဘာကိစ္စပဲ ရှိရှိ ..နင့်မျက်လုံးတွေကို မဖွင့်လိုက်နဲ့..."

ဆန်နီ အေးခဲသွားခဲ့တယ်..။ဒိီမိန်းကလေးရဲ့ အသံက ဒီလောက်ထိ ​တုန်ရီနေတာကို သူအရင်က မကြုံဖူးပါဘူး..။သူမရဲ့ ကြောက်လန့်စရာ အမြင်အာရုံ တွေကို ပြန်ပြောတဲ့ အချိန်မှာတောင် ဒီလောက်အထိ ရုပ်ပျက်ဆင်းပျက်မဖြစ်ပေ..။

ကတ်စီ သူ်ရဲ့ လက်ကို ဖြည်းဖြည်းချင်း ဖယ်လိုက်တယ်..။ဆန်နီ ဘာမှ မမြင်ရတာကြောင့် အကြားအာရုံကိုသာ အားစိုက်နေခဲ့ပါတယ်..။

ခနအကြာမှာတော့ သူ့ရဲ့ အရည်ပြားတွေကို မြူခိုးတွေက ထိလာခဲ့တယ်..။ယင်းနောက် တိတ်ဆိတ်မူထဲမှာပဲ..သူ ကတ်စီရဲ့ အသံကို ထပ်ပြီး ကြားလိုက်ရပါတယ်..။

ဒီတစ်ကြိမ်တော့..သူမရဲ့ အသံက တစ်ခြားတစ်ဖက်ကနေ ရောက်လာခဲ့တာပါ..။

"မကြည့်နဲ့....မကြည့်နဲ့...မကြည့်နဲ့..."

ဆန်နီ ကြက်သီးတွေထပြီး ဆံပင်ပါ ထောင်သွားခဲ့တယ်..။မျက်မမြင် မိန်းကလေးရဲ့ ထိပ်လန့်နေတဲ့ အသံက မြူတွေကြားထဲမှာ ပဲ့တင်ထပ်နေပြီး သူ့ကို နေရာပေါင်းစုံကနေ ဆက်တိုက်ပြောနေသလိုပါပဲ..။

"မကြည့်နဲ့ ..မကြည့်နဲ့ ...မကြည့်နဲ့...မကြည့်နဲ့..."

ယင်းနောက် အသံတွေက ပိုမိုကျယ်လောင်လာပြီး အဆုတ်ကွဲမတတ် အော်ဟစ်သံတွေလို ဖြစ်သွားခဲ့တယ်..။ဒီအရာက လူသားတစ်ယောက်က ထုတ်လွတ်နိုင်တဲ့ အသံပါဝါမျိုး မဟုတ်တော့ပါဘူး..။

"မကြည့်နဲ့ ....မကြည့်နဲ့.....မကြည့်နဲ့...မကြည့်နဲ့.."

ဆန်နီ ဒီအသံတွေကို ကြပြီး..ချာချာလည်သလိုဖြစ်လာခဲ့တယ်..။သူ့ရဲ့ ခြေထောက်တွေ ပျော့ခွေကျမသွားအောင် မနည်းထိန်းထားနေရပါတယ်..။သူ့ရဲ့ ခုခံနိုင်စွမ်းအားတွေက တဖြည်းဖြည်းချင်း လျော့ကျသွားခဲ့ပါပြီ..။

ရုတ်တရက် အရာအားလုံးက ပြန်လည် တိတ်ဆိတ်သွားခဲ့တယ်..။ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားတာက သူ့ကို စိတ်သက်သာရာ ရစေပါတယ်..။အရာအားလုံးပြီးသွားပြီ..။

စက္ကန့်အနည်းငယ်ကြာတဲ့ အချိန်မှာတော့ ကတ်စီဟာ သူ့ရဲ့ နား အနားကို တိတ်တဆိတ်လာ ပြောလိုက်ပါတယ်..။

" မျက်လုံးတွေကို ဖွင့်လိုက်တော့.."

သူမရဲ့ ရှင်းလင်းတဲ့ အသံကိုကြားတာကြောင့် ဆန်နီ မျက်လုံးဖွင့်တော့ဖို့ လုပ်လိုက်တယ်..။

ယင်းနောက် သူ ချက်ချင်းပြန်ပိတ်လိုက်ပါတယ်..။

သူမရဲ့ အသံက ကြောက်ရွံ့ပြီး တုန်ရီမနေတော့ပါဘူး..။ဒီတစ်ကြိမ်က သာမန်အတိုင်းပဲ ချိုသာနေခဲ့တာပါ..။ပြီးတော့..အသံလာတဲ့ဘက်ကလည်း သူမရှိနေတဲ့ နေရာကပါပဲ..။သို့ပေမယ့်...သို့ပေမယ့် တစ်ခုခုက မှားယွင်းနေခဲ့တယ်..။

' ခနလေး...'

သူ မျက်လုံးကို ပိတ်ပြီး စဥ်းစားနေခဲ့တယ်..။

အသံက ဘာလို့ တည်ငြိမ်နေတာလဲ..။ဘာလ်ို့ သူမက ငါ့နားနားကို လာပြောတာကို သူမရဲ့ အသက်ရူသံကို မကြားရတာလဲ..။

ပြီးတော့ သူမက ဘယ်လိုလုပ် ငါ့ထက်အရပ်နိမ့်တောင် နားနားကို ကပ်ပြီးပြောန်ိုင်ရတာလဲ...

ဆန်နီ အသက်ရူရမှာကိုတောင် ကြောက်ရွံ့လာခဲ့တယ်..။ကတ်စီရဲ့ ရှင်းလင်းပြီး ရင်းနှီးတဲ့ အသံကို ထပ်ခါ ထပ်ခါကြားနေရပြန်ပါတယ်..။

"မျက်လုံးကို ဖွင့်လိုက်...မျက်လုံး.."

"မျက်လုံးတွေကို ဖွင့်လိုက်.."

သူမဖွင့်ခဲ့ပေ..။

စက္ကန့်အနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့ ထပ်ခါထပ်ခါ ကြားနေရပါတယ်...။တစ်လုံးချင်းစီတိုင်းက အဆုံးမရှိဖြစ်နေခဲ့တာပါ..။နောက်ဆုံးမှာတော့ အသံတွေဟာ နောက်ပြန်ဆုတ်သွားခဲ့ပါပြီ..။

မကြာခင်မှာတော့ သူ ကတ်စီနဲ့ နစ်ဖီတို့ရဲ့ ပြင်းထန်တဲ့ အသက်ရူသံတွေကိုကြားလိုက်ရတယ်..။ကြည့်ရတာတော့ သူမတို့လည်း သူ့လို ခံစားနေကြရပုံပါပဲ..။

ဆန်နီ မျက်လုံးကို ဆက်တိုက်ပိတ်ထားခဲ့တယ်..။

ခနအကြာမှာတော့ နတ်ဆိုး နဲ့ တစ်ခြား သတ္တဝါကြီးနဲ့ တိုက်ခိုက်နေတဲ့အသံကြီးတွေကို ကြားနေခဲ့ရတယ်..။​ကျွန်းတစ်ခုလုံးကတော့ သိမ့်သိမ့်တုန်အောင် လှုပ်နေခဲ့ပါတယ်..။

ဆန်နီ သူ့ရဲ့ လက်တွေကို ဆန့်တန်းလိုက်ပြီး ဘေးနားက အဖွဲ့သားတွေရဲ့ လက်ကို ဆုပ်ကိုင်ကာ အနားကို ဆွဲထားခဲ့ပါတယ်..။သူတို့ လက်တွေကို ကိုင်ထားရင်း တိုက်ပွဲရဲ့အသံတွေကို နားထောင်ကာ စောင့်ဆိုင်းနေခဲ့တယ်..။

***

အချိန်တွေ အဆုံးမရှိကြာပြီးတဲ့ နောက်မှာတော့ ကြေးခွံနတ်ဆိုးနဲ့ ရောက်လာခဲ့တဲ့ ဧည့်သည်ရဲ့ တိုက်ပွဲက ပြီးဆုံးသွားခဲ့ပါပြီ..။တောင်ကုန်းပေါ်မှာ တိတ်ဆိတ်မူသာ ကျန်နေခဲ့ပါတော့တယ်..။

ပြင်းထန်တဲ့ တိုက်ပွဲပြီးလို့ အတော်ကြာအောင် တိတ်ဆိတ်ပြီးနောက်မှာတော့ နစ်ဖီ တွေဝေစွာပြောလိုက်တယ်..။

"ငါတို့ အခုဖွင့်လို့ရပြီ.."

ဆန်နီ ခနလောက်တွေဝေပြီးကာမှ မျက်လုံးကို ပြန်ဖွင့်ကြည့်လိုက်တယ်..။

ကျွန်းတစ်ခုလုံးရဲ့ မျက်နှာပြင်ကတော့ လုံးဝကို ပျက်ဆီးနေခဲ့ပါပြီ..။

' ချီးပဲ..'

ကြေးခွံနတ်ဆိုးဟာ ကျွန်းရဲ့ အစွန်းကနေ အဇူရာသွေးတွေနဲ့အတူပဲ..ထော့နင့် ထော့နင့် လျောက်လာခဲ့တယ်..။သူက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီး အခြေနေသိပ်မကောင်းပါဘူး..။

သူ့ရဲ့လက်နှစ်ဖက်ဟာ မရှိတော့ပဲ..အရိုးဓားတစ်ချောင်းနဲ့ ညှပ်ကြီးတစ်ချောင်းပဲ ကျန်ပါတော့တယ်..။သူ့ရဲ့ ခြေထောက်အများစုကလည်း ကျိုးကြေနေခဲ့တယ်..။

သို့ပေမယ့် သူက အသက်ရှင်နေဆဲပါ..။ထပ်ပြောရရင် သူ့ရဲ့ အရေးကြီးအစိတ်အပိုင်းတွေကို ကာကွယ်ထားတဲ့ ကြေးခွံတွေက မပျက်ဆီးသေးပါဘူး..။

ဆန်နီ လက်သီးကို ကျစ်နေအောင် ဆုပ်ထားပြီး နစ်ဖီကိုကြည့်လိုက်တယ်..။

"ငါတို့ ဘာလုပ်ကြမလဲ..."

ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ အောက်ကိုကြည့်လိုက်တယ်..။သူမရဲ့ မျက်လုံးထဲမှာတော့ တည်ငြိမ်မူတွေ ရှိနေခဲ့ပါတယ်..။

သူမရဲ့ လက်ကို ဆန့်တန်းလိုက်နဲ့ အချိန်မှာတော့ လက်ထဲမှာ ဓားတစ်ချောင်းပေါ်လာခဲ့ပါတယ်..။

"သတ်ကြတာပေါ့.."

All Chapters