← Chapters

ဓားရဲ့ ဆုံးဖြတ်ချက်

Vol. 5 Ch. 70

ဓားရဲ့ ဆုံးဖြတ်ချက်

Vol. 5 Ch. 70

#ဘာသာပြန် = စန်ိုးဝှိုက်

ဆန်နီ ဟာ ဒဏ်ရာပြင်းထန်နေတဲ့ နတ်ဆိုးကို ကြည့်လိုက်တယ်..။

အခုချိန်မှာ ငြင်းခုန်နေဖို့ အကြောင်းပြချက် မရှိပါဘူး..။သူတို့မှာ ရွေးချယ်စရာ မရှိပဲ ဒီကျွန်းမှာ ဘယ်သူနေမလဲ ဆိုတာကို..ဆုံးဖြတ်ရတော့မှာပါ..။ဆန်နီ ရဲ့ လှည့်စားမူတွေက အလုပ်ဖြစ်ခဲ့ပေမယ့် အဆုံးမှာတော့ သူတို့ရဲ့ ဓားတွေအပေါ်မှာပဲ မူတည်နေခဲ့ပါပြီ..။

တစ်စုံတစ်ယောက်က အသတ်ခံရတော့မှာဖြစ်ပြီး..တစ်စုံတစ်ယောက်ကတော့ သတ်ရပါတော့မယ်..။

"သူ့ အကာအကွယ်တွေကို ဘယ်လို ဖြေရှင်းမှာလဲ.."

နစ်ဖီ သူ့လက်ထဲက ဓားကို ဆုပ်ကိုင်ထားပြီး ပြောလိုက်တယ်..။

"ငါ အကာအကွယ်ကို ဖောက်မယ်..။နင်က နေရာလွတ်ရအောင် ဖန်တီးပေး.."

ဆန်နီ မလိုအပ်တာတွေ ထပ်မပြောတော့ပဲ ခေါင်းညိမ့်လိုက်တယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်က ကြေးခွံတွေကို ဖောက်နိုင်တယ်လို့ ပြောနေမှတော့ သူ သံသယမရှိတော့ပါဘူး..။

နေရာလွတ် ဖန်တီးပေးတာကလည်း..လွယ်ကူတဲ့ အရာမဟုတ်ပေ..။သူ့ရဲ့ အရွယ်အစားကတင် အတော်လေးကို..ပြသနာ တက်စေပါတယ်..။

ဒါပေမဲ့ တစ်ခြားရွေးချယ်စရာရော ရှိသေးလို့လား..

နစ်ဖီ ရွှေရောင်ကြိုးကို သစ်ကိုင်းဆီမှာ ချည်းနေတုန်း ဆန်နီဟာ ကတ်စီဆီကို လျောက်သွားပြီး ပုခုံးကိုတင်းတင်းကြပ်ကြပ် ညှစ်လိုက်တယ်..။

သူမ အားတင်းပြီး ပြုံးလိုက်ပါတယ်..။

"ကြေးခွံ နတ်ဆိုးက ရှင်နေသေးတာလား.."

ဆန်နီ သူ့ရဲ့အသံကို အေးအေးဆေးဆေး ပုံစံဖြစ်အောင် ကြိုးစားလိုက်တယ်..။

"ဟုတ်တယ်..ဒီတိုင်းပါပဲ..။အရမ်းကြီး မစိုးရိမ်နဲ့..။ကိစ္စတစ်ခုလုံးက မကြာခင်မှာ ပြီးဆုံးသွားလိမ့်မယ်.."

ကတ်စီ အားနည်းစွာ ပြုံးလိုက်တယ်..။သူ့ရဲ့ အမူအရာအောက်မှာ သူမ ကျရှုံးမသွားတာ ထင်ရှားပါတယ်..။

ဆန်နီ တွေဝေသွားခဲ့ပြီး..

"ဟေး..နင် နတ်ဆိုး ရဲ့ အသားကို စားဖူးလား.."

မျက်မမြင် မိန်းကလေး..ဟာ သူ့မေးခွန်းကြောင့် အံ့ဩသွားခဲ့တယ်..။

"ဘာဖြစ်တယ်...ဟင့်အင်.."

ဆန်နီ ပြုံးလိုက်တယ်..။

"နတ်ဆိုး အသားစားကြတာပေါ့..။ငါက တကယ်တော့ ချက်ပြုတ်တာမှာ ကျွမ်းကျင်တဲ့ လူတစ်ယောက်ပဲ..။နင့်ကို ပြောထားရဦးမယ်..။နစ်ဖီက အမြဲတမ်းပြင်ဆင်နေလို့သာ ငါ့မှာ လက်စွမ်းပြဖို့ အခွင့်အရေး မရှိတာ.."

ဆရာ ဂျူးလီးယက်က အမှန်တကယ်ပဲ သူ့ကို ချက်ပြုတ်တာတွေပါ သင်ကြားပေးခဲ့တာပါ..။အိပ်မက်ဆိုးသားရဲတွေရဲ့ အသားတွေ အကုန်လုံးကို သူ ချက်ပြုတ်စားသောက်တတ်ပါတယ်..။ဆာလောင်မူကလည်း ..ကြောက်စရာသားတွေလိိုမျိုး ရန်သူ တစ်မျိုးပါပဲ..။

"ငါတို့ ဒီနတ်ဆိုးကို သတ်ပြီးတာနဲ့ နင့်ကို နတ်ဆိုးအသားလုပ်​ကျွေးမယ်..။ဒါက နင်စားဖူးသမျှထဲမှာ အကောင်းဆုံးဖြစ်စေရမယ်..ကတိပေးတယ်.."

နောက်ဆုံးတော့ ကတ်စီရဲ့ မျက်နှာမှာ အပြုံးတစ်ခုပေါ်လာခဲ့ပါတယ်..။

"ကောင်းပြီလေ..ဒါဆိုလည်း ကတိနော်.."

အဲ့အချိန်မှာတော့ နစ်ဖီဟာ ကြိုးချည်လို့ ပြီးသွားခဲ့တယ်..။သူမ တွေဝေခြင်းမရှိ အောက်ကို ပစ်ချလိုက်ပြီး သူ့ကိုကြည့်လိုက်တယ်..။

"အဆင်သင့်ပဲလား.."

ဆန်နီ သက်ပြင်းချပြီး စက္ကန့်အနည်းငယ်လောက် မျက်လုံးမှိတ်ထားလိုက်ပါတယ်..။ယင်းနောက် အရိပ်ကို သူ့ခန္တာကိုယ်ဆီ လှည့်ပတ်ခိုင်းကာ မျက်လုံး ပြန်ဖွင့်လိုက်ပြီး..

"ကောင်းပြီလေ..လုပ်ကြတာပေါ့.."

***

သူတို့ရဲ့ ခြေထောက်တွေ မြေကြီးပေါ်ကို ကျတာနဲ့ ဆန်နီဟာ..ကြေးခွံဆိုးက သူ့ကို စိုက်ကြည့်နေတာကို ခံစားလိုက်ရပါတယ်..။

နတ်ဆိုးမှာက မျက်လုံးတစ်ဖက်တည်း ကျန်တော့တာပါ..။တစ်ဖက်မှာတော့ သွေးတွေစီးကျနေတဲ့ အနက်ရောင်အပေါက်ကြီးသာ ရှိနေခဲ့တယ်..။

ကြီးမားတဲ့ မွန်းစတားကြီးဟာ..နွမ်းနယ်ပြီး ပင်ပန်းနေပုံပေါက်ပါတယ်..။သို့ပေမယ့် သူ့ပုံစံကတော့ အတော်လေးကြောက်ဖို့ ကောင်းနေတုန်းပါပဲ..။

အခုတော့ သူ့အကြည့်တွေက ဆန်နီ နဲ့ နစ်ဖီ အပေါ်မှာသာ အာရုံစိုက်ထားခဲ့တယ်..။

ဆန်နီ အဇူရာဓားကို ထုတ်ပြီး နစ်ဖီကို စိုက်ကြည့်လိုက်ပါတယ်..။

"ဂရုစိုက်ဦး..သူက အရမ်းမြန်တယ်.."

နစ်ဖီဟာ ..သားရဲကြီးကို ကြည့်နေတဲ့ အကြည့်ကို မလွှဲပဲ ခေါင်းညိမ့်လိုက်တယ်..။

သူတို့နှစ်ယောက်လုံးဟာ..ရပ်စောင့်နေတဲ့ ကြေးခွံနတ်ဆိုးဆီကိုလျောကိသွားလိုက်ကြပါတယ်..။ဆန်နီဟာ ရှေ့ကိုကြိုတက်သွားပြီး သားရဲကြီးရဲ့ ညာဘက်ကို ပတ်ဖို့ကြိုးစားလိုက်တယ်..။အဲဒီဖက်မှာက သူ့ရဲ့ ကျန်နေတဲ့ မျက်လုံးတစ်ဖက်နဲ့ အရိုးဓားတစ်ချောင်းရှိနေခဲ့တာပါ..။

ပြောင်းလဲနေတဲ့ကြယ်ပွင့်ကတော့ နောက်ကနေ လိုက်လာခဲ့ပြီး ဘယ်ဘက်ကနေ ပတ်လိုက်တယ်..။

ဒီတိုက်ပွဲမှာ ဆန်နီရဲ့ တာဝန်က ရန်သူကို ထိပ်တိုက်ရင်ဆိုင်ပြီး သူ့ရဲ့ ပါတနာ ချက်ကောင်းတိုက်ခိုက်နိုင်ဖို့အတွက် အခွင့်အရေးရအောင် ဖန်တီးပေးရမှာပါ..။သူတို့ ဖြတ်ကျော်လာကြတဲ့ သေခြင်းရှင်ခြင်း တိုက်ပွဲတွေက အတော်လေးကို များပြားတာကြောင့် စကားတစ်ခွန်းမှ မပြောပဲ ပူးပေါင်းနိုင်စွမ်းရှိပါတယ်..။

ဒါက သူတို့ရဲ့ အားသာချက်ပါ..။

သူတို့ အနားကို ရောက်သွားတဲ့အချိန်မှာပဲ နတ်ဆိုးရဲ့ ပုံသဏ္ဍာန် ပြောင်းလဲသွားတာကို ခံစားလိုက်ရတယ်..။ဆိုးဆိုးဝါးဝါးတွေဖြစ်တော့မယ် ဆိုတာကို သူချက်ချင်းသိလိုက်ပါတယ်..။

သူက နစ်ဖီကို သားရဲကြီးရဲ့ အမြန်နှုန်းကို သတိပေးခဲ့ပေမယ့် သူကိုယ်တိုင်လည်း ဒီဟာကို ရင်ဆိုင်ရတော့မှာပါ..။ဆန်နီဟာ သူက သားရဲကြီးထက် အများကြီး ပိုပြီး နှေးကွေးတယ် ဆိုတာကို သိပေမယ့်လည်း..ကြောက်စရာ အရိုးလက်ကြီးတွေကို ရှောဖို့ နည်းလမ်းကို ရှာရဦးမှာပါ..။

တိုက်ပွဲတစ်ခုမှာ အမြန်နှုန်းက အရာရာတိုင်းတော့ မဟုတ်ပါဘူး..။ကတ်စတာ နဲ့ ပြောင်းလဲနေတဲ့ကြယ်ပွင့်တို့ တိုက်ခိုက်တုန်းကလည်း..ကတ်စတာမှာ ဆယ်ဆလောက်ပိုပြီး မြန်ဆန်လာစေတဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားပါတယ်..။ဒါတောင်မှ သူက နစ်ဖီရဲ့ တံတောင်ချက်ကို ထိတော့ဖို့ တီတီလေးပါပဲ..။အဆုံးမှာတော့ ကတ်စတာက အနည်းငယ်လောက် အသာစီးနဲ့သာ အနိုင်ယူနိုင်ခဲ့တာပါ..။

ပြောင်းလဲနေတဲ့ကြယ်ပွင့်က တိုက်ပွဲကို ထိန်းချုပ်ပြီး ပြိုင်ဖက်ရဲ့ တိုက်ခိုက်လာနိုင်တဲ့ အနေအထားကို တွက်ချက်တဲ့နေရာမှာ အရမ်းကို တော်ပါတယ်..။

ချက်ချင်းဆိူသလိူပဲ ဆန်နီ နဲ့ နစ်ဖီတို့ဟာ နှစ်ဖက်ကနေ ညှပ်ပြီး တိုက်ခိုက်လိုက်ကြတယ်..။သားရဲကြီး ရဲ့ ညှပ်ကြီးနဲ့ အရိုးဓားကြီးကတော့ လေထဲကို မြောက်တက်လာခဲ့ပါပြီ..။

ဆန်နီ အဇူရာဓားကို ကိုင်ထားရင်း မြန်နိုင်သမျှ မြန်မြန်ပြေးနေခဲ့တယ်..။

သူက သေခြင်း ရှင်ခြင်းအတွက် အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။

သို့ပေမယ့် သူ့ခြေထောက်ဟာ သဲတွေထဲမှာ ချော်သွားတဲ့ ပုံစံ ဖြစ်သွားခဲ့တယ်..။ဆန်နီ မျက်လုံးပြူးကျယ်သွားခဲ့ပါတယ်..။

ကြေးခွံနတ်ဆိုးကတော့ အခွင့်အရေးကို လက်လွှတ်မခံပဲ ချက်ချင်း အရိုးဓားကြီးတွေနဲ့ ချက်ချင်း ခုတ်ချလိုက်ပါတယ်..။

သို့ပေမယ့် သဲကိုသာ ခုတ်မိသွားခဲ့တယ်..။

သားရဲကြီးကို ဆွဲဆောင်ဖို့ ခြေချော်တဲ့ပုံစံ ဟန်ဆောင်လိုက်တဲ့ ဆန်နီဟာ အေးဆေးပဲ ဘေးဘက်ကို ခုန်ရှောငိလိုက်ပါတယ်..။

သူက ရန်သူရဲ့ တိုက်ခိုက်လာနိုင်မူတွေကို ခန့်မှန်းနိုင်တဲ့ အဆင့်မှာတော့ မရှိသေးပါဘူး..။သို့ပေမယ့် တမင်တကာ ဖန်တီးယူထားတဲ့ နောက်ဆက်တွဲကိုတော့ ခန့်မှန်းရတာ လွယ်ကူပါတယ်..။

အရိုးဓားကြီးလက်ကနေ ခနလောက် လွတ်သွားတဲ့ အချိန်မှာ ဆန်နီဟာ နတ်ဆိုးရဲ့ ခြေထောက်ဆီကို ပြေးဝင်သွားခဲ့တယ်..။

တစ်ချိန်တည်းမှာပဲ နစ်ဖီဟာ လည်း ညှပ်ကြီးကို ရှောင်တိမ်းနိုင်ခဲ့ပြီး နတိဆိုးရဲ့ ခန္တာကိုယ်နားကို ရောက်လာခဲ့ပါတယ်..။သူတို့နှစ်ယောက်က တစ်ချိန်တည်းမှာ ဘယ်ညာ ညှပ်ပြီး တိုက်ခိုက်နေခဲ့ကြတယ်..။

ဆန်နီ အဇူရာဓားကာ မြောက်ပြီး ခုတ်ချလိုက်ပေမယ့် ဓားက ချက်ချင်းပဲ ပြန်ကန်ထွက်လာခဲ့တယ်..။ကြေးခွံမှာ ခြစ်ရာလေးတောင် ပေါ်မလာခဲ့ပေမယ့် ဆန်နီရဲ့ ဓားကိုင်ထားတဲ့လက်ကတော့နာကျင်မူကို ခံစားလိုက်ရပါတယ်..။

တစ်ဖက်မှာတော့ နစ်ဖီရဲ့ တိုက်ခိုက်မူက ပိုပြီးအောင်မြင်တယ်လို့ ပြောလို့ရပါတယ်..။သူမက သားရဲကြီးရဲ့ ဒဏ်ရာရနေပြီးသား ခြေထောက်ဆီကို ထပ်ပြီး ခုတ်ပိုင်းလိုက်တာပါ..။နောက်ထပ် ပြင်းထန်တဲ့ ဒဏ်ရာ ထပ်ဖြစ်သွားခဲ့တာကြောင့် ဒီခြေထောက်ဟာ သားရဲကြီးရဲ့ အလေးချိန်ကို မထိန်းနိုင်တော့ပေ..။

ဒီနေရာမှာသာ ကြေးခွံသားရဲ ဒါမှမဟုတ် ကြေးခွံသားရဲခေါင်းဆောင် ဆိုရင် မြေကြီးပေါ်ကို ချက်ချင်းလဲကျသွားတော့မှာပါ..။သို့ပေမယ့် ကြေးခွံနတ်ဆိုးတော့ အရမ်းက်ို ဥာဏ်ကောင်းပြီး အတွေ့အကြုံရှိပါတယ်..။သူက ခြေထောက်တစ်ဖက် မထောက်နိုင်တော့တာကြောင့် သူ့ခန္တာကိုယ်အလေးချိန်ကို တစ်ခြားဆန့်ကျင်ဖက်ဆီ အားပြုထားလိုက်ပြီး..ဟန်ချီညီအောင် မြေကြီးကို ညှပ်ကြီးနဲ့ပါ ထောက်ထားလိုက်ပါတယ်..။

' ချီးပဲ...'

ဆန်နီကတော့ ဒီအကောင်ကြီး လဲကျသွားဖို့ကို ဆုတောင်းနေခဲ့တာပါ..။

သိူ့ပေမယ့် အခုတော့ ရွေးချယ်စရာ မရှိတော့ပေ..။

ကျိန်ဆဲရင်းနဲ့ပဲ ဆန်နီဟာ..ဒီနတ်ဆိုးကြီးရဲ့ ကြီးမားတဲ့ ခန္တာကိုယ်ကြီးကို စိုက်ကြည့်လိုက်တယ်..။သူ့ ရဲ့ အလေးချိန်က ဘယ်လောက်တောင် ရှိမလဲ ဆိုတာ ဘုရားပဲ သိပါလိမ့်မယ်..။

ယင်းနောက် သူ အသက်ကို အောင့်ထားပြီး..ကြေးခွံနတ်ဆိုးကြီးရဲ့ဝမ်းဗိုက် အောက်ဘက်ကို ပြေးဝင်သွားခဲ့လိုက်ပါတယ်..။

All Chapters