← Chapters

သေးငယ်တဲ့ အမှားတစ်ခု

Vol. 5 Ch. 71

သေးငယ်တဲ့ အမှားတစ်ခု

Vol. 5 Ch. 71

#ဘာသာပြန် = စနိုးဝှိုက်

ကြေးခွံနတ်ဆိုးက သူ့ရဲ့ ခန္တာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းနေရတာကြောင့်..ဆန်နီ လတ်တလောတော့ လုံခြုံတယ်လို့ ပြောလို့ရပါတယ်..။ဒါပေါ့..မွန်းစတားကြီးမှာ တစ်ခြားတိုက်ခိုက်လို့ရတဲ့ နည်းလမ်းတွေ ရှိနေပါသေးတယ်..။

သို့ပေမယ့် သူ့ရဲ့ အနေအထားက ချက်ချင်းကြီး တိုက်ခိုက်လို့ မရသေးပါဘူး..။ဒီကြားထဲမှာ ဆန်နီ တစ်ခုခုလုပ်ဖို့အတွက် စက္ကန့်အနည်းငယ်လောက်ရပါ သေးတယ်..။

သူ ရှောင်တိမ်းရမယ့် တစ်ခုတည်းသော အရာက သားရဲကြီးက သူ့ရဲ့ ခန္တာကိုယ်နဲ့ အပေါ်ကနေ ဖိချလာမှာကိုပါ..။

တိုက်ဆိုင်စွာပဲ သူက အမှန်တကယ်ပဲ ဒီလိုလုပ်ခဲ့ပါတယ်..။

'ခရက် ခရက် ခရက် '

ဆန်နီ ကျိန်ဆဲလိုက်ပြီး ရှေ့ကို အနည်းငယ် တိုးလိုက်တယ်..။

သူ့ရဲ့ မျက်လုံးတွေကတော့..ကြေးခွံနတ်ဆိုးရဲ့ ခြေထောက်တွေကိုပဲ အာရုံစိုက်ထားခဲ့ပါတယ်..။သူက လှုပ်ရှားမူတစ်ခုချင်းစီတိုင်းကို အာရုံစိုက်ထားခဲ့တယ်..။

အချိန်တွေက ဖြည်းဖြည်းချင်းစီ ရွေ့လျားနေခဲ့တာပါ..။ဆန်နီ အနေနဲ့ နာရီပေါင်းများစွာကုန်ဆုံး သွားပြီလို့တောင် ခံစားနေရတယ်..။သို့ပေမယ့် အမှန်တော့ ဆန်နီ သားရဲကြီးရဲ့အောက်ဘက်ကို ဝင်လာတာ အချိန် စက္ကန့်အနည်းငယ်ပဲ ရှိပါသေးတယ်..။

နောက်ဆုံးမှာတော့ နတ်ဆိုးရဲ့ ခန္တာကိုယ်အနေအထားက ပြောင်းလဲသွားတာကို သူ သတိထားမိလိုက်တယ်..။သူ့ရဲ့ အဆစ်တွေက ပြောင်းလဲသွားပြီး ဒီ နတိဆိူးရဲ့ ခန္တာကိုယ်ကြီးက ရွေ့လျားတော့မယ် ဆိုတာကို အချက်ပြနေခဲ့ပါတယ်..။

ဒါက ဆန်နီ မျှော်လင့်နေတဲ့အရာဖြစ်သလို ကြောက်ရွံ့နေမိတဲ့ အရာလည်း ဖြစ်ပါတယ်..။အခု သူ့ရဲ့ အသက်ရှင်သန်မူက သူ လုံလောက်အောင် မြန်ဆန်မူ ရှိရဲ့လား ဆိုတာမှာပဲ မူတည်ပါတော့တယ်..။

သားရဲကြီးရဲ့ ရွေ့လျားမူကို မြင်လိုက်တာနဲ့ ဆန်နီဟာ ဘေးဘက်ကို ချက်ချင်း ပြေးထွက်သွားခဲ့တယ်..။သူ့ရဲ့ လှုပ်ရှားမူကြောင့်..သဲမှုန့်တွေတောင် လွင့်ပျံလာခဲ့ပါတယ်..။ဆန်နီဟာ သူ့ရဲ့ခေါင်းပေါ်ကို မွန်းစတားရဲ့ ခန္တာကိုယ်ကြီး ကျလာတော့မလို ခံစားနေခဲ့ရတယ်..။

သေခြင်းတရားက လျင်မြန်တဲ့ အရှိန်နဲ့ ရောက်လာနေခဲ့ပါပြီ..။

တစ်လှမ်း..နှစ်လှမ်း...သူ သားရဲကြီး အောက်ကနေ အပြင်ကို အောင်မြင်စွာ ထွက်သွားနိုင်ပါ့မလား..

ကြေးခွံနတ်ဆိုးရဲ့ ခန္တာကိုယ်ဟာ ကျယ်လောင်တဲ့အသံနဲ့ မြေကြီးပေါ် ကျသွားတဲ့အချိန်မှာတော့ များပြားလှတဲ့ သဲတွေဟာ လေထဲမှာပျံ့လွင့်သွားခဲ့တယ်..။

ဆန်နီကတော့..သူ့ရဲ့ ကြိုးစားအားထုတ်မူကြောင့် စင်တီမီတာ အနည်းငယ် ကပ််လွတ်သွားခဲ့ပါတယ်..။သူ သားရဲကြီးရဲ့ ဝမ်းဗိုက်အောက်ကနေနောက်ဆုံးစက္ကန့်ပိုင်းအလိုမှာ ဒိုင်ပင်ပစ်ပြီး လွတ်မြောက်သွားခဲ့တာပါ..။

ဆန်နီ သဲတွေ ထဲမှာ လှိမ့်လိုက်ပြီး ချက်ချင်း မတ်တတ် ပြန်ထလိုက်ပါတယ်..။

'အာ..ငါ တကယ်ပဲ အသက်ရှင်နိုင်ခဲ့တာလား..'

တစ်ခါတစ်လေမှာ ဘဝဆိုတာ အံ့ဩစရာတွေနဲ့ ပြည့်နှက်နေခဲ့တာပါ..။

အခု သားရဲကြီးကို လဲကျသွားအောင် တွန်းအားပေးနိုင်ခဲ့ပြီ ဆိုတော့..သူတို့ရဲ့ ဓားတွေနဲ့ သေအောင် သတ်နိုင်ပါ့မလား..

ဒီလို အရာမျိုးက အလောင်းအစား လုပ်နေရသလိုပါပဲ..။ဒီငနဲကတော့ အခုဆိုရင် မြေကြီးပေါ်ကို လဲကျနေပြီး သူ့ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေကတော့ နစ်ဖီရဲ့ တိုက်ခိုက်နိုင်တဲ့ အကွာအဝေးထဲမှာပါ..။

ဆန်နီကတော့ နစ်ဖီ တိုက်ခိုက်ဖို့ အခွင့်အရေးရအောင် ဖန်တီးပေးရမှာပါ..။သို့ပေမယ့် သူမ ဒီ မွန်းစတားရဲ့ အကာအကွယ်ကို ဘယ်လို ထိုးဖောက်မလဲ ဆိုတာကိုတော့ မသိသေးပေ..။

သို့ပေမယ့် သူမ တိုက်ခိုက်ဖို့ အခွင့်အရေးရအောင် ဖန်တီးပေးရတာကလည်း လွယ်ကူတဲ့အရာမဟုတ်ပါဘူး..။အခုဆိုရင် မွန်းစတားရဲ့ လှုပ်ရှားနိုင်စွမ်းက နှေးကွေးနေပြီး သူ နဲ့ အိပ်စက်သူနှစိယောက်ရဲ့ အကွာအဝေးက အတော်လေးကို နီးကပ်နေခဲ့တာပါ..။ဒါက သူတို့ရှောင်တိမ်းဖို့အတွက် အခက်ခဲဖြစိစေပါတယ်..။

နတိဆိုးရဲ့ မီးတောက်နေတဲ့ မျက်လုံးတွေကတော့ သူ့ရဲ့ လှုပ်ရှားမူ တစ်ခုချင်းစီတိုင်းကို အလွတ်မပေးပဲ ကြည့်နေခဲ့တယ်..။

အဲ့အချိန်မှာပဲ အရိုးဓားကြီးတစ်ခုဟာ မြောက်တက်လာခဲ့တယ်..။ဆန်နီ အလျင်အမြန်ပဲ ရှေ့ကို ခုန်ပြီး ရှောင်လိုက်ပါတယ်..။အရိုးဓားကြီးက ဆန်နီ ရဲ့ အောက်ဘက် အနည်းငယ်ကို ကျရောက်သွားခဲ့တယ်။ဒီရိုက်ချက်ကြောင့် သူ့ရဲ့မျက်နှာကို လေထုလာရိုက်ခတ်တာကိုတောင် ခံစားလိုက်ရပါတယ်..။

​ဒီအရိုးဓားကြီးက သူ့ဆီကို နောက်တစ်ကြိမ်ပြန်လာဦးမယ် ဆိုတာကို ဆန်နီကောင်းကောင်းသိပါတယ်..။

သူလုပ်ရမှာက ဒီသားရဲကြီးက နစ်ဖီ ကို လုံးဝ မေ့ပျောက်သွားပြီး သူ့ဆီကို အပြည့်အဝ အာရုံစိုက်ထားဖို့ပါပဲ..။ဒီလိုလုပ်ဖို့အတွက်ဆိုရင် သူက ညှပ်ကြီး နဲ့ အရိုးဓား နှစ်ခုစလုံးရဲ့ တိုက်ခိုက်နိုင်တဲ့ အကွာအဝေးအတွင်းမှာ ရှိနေဖို့လိုအပ်ပါတယ်..။

ဘယ်လို ချစ်စရာ မစ်ရှင်မျိုးလဲ...

သူ့ရဲ့ အချိန်က ကုန်ဆုံးနေတာကို သတိထားမိလိုက်တဲ့ ဆန်နီဟာ အဇူရာဓားကို မြှောက်လိုက်တယ်..။

အဲ့အချိန်မှာပဲ အရိူးဓားကြီးက သူ့ဆီကို နောက်တစ်ကြိန် ပြန်ဝင်ရောက်လာခဲ့ပါတယ်..။အရိုးဓားရဲ့ ချွန်ထက်တဲ့ စူးချွန်က သူ့ရင်ဘတ်ဆီကို တိုးဝင်လာနေခဲ့တယ်..။

သို့ပေမယ့် သူက နတိဆိုးရဲ့ လျင်မြန်မူကို အနည်းငယ် လျော့တွက်မိခဲ့တာပါ..။ရလာဒ်အနေနဲ့ ..သူ့မှာ ရှောင်တိမ်းဖို့အတွက် အချိန်မရှိခဲ့ပေ..။

ဒီကမ္ဘာထဲမှာတော့ အမှားသေးသေးလေးကြောင့် အသက်ဆုံးရှုံးသွားနိုင်ပါတယ်...။

ဆန်နီ ဟာ..သူတို့ ကြေးခွံသားရဲခေါငိးဆောင်နဲ့ ပထမဆုံး တိုက်ခိုက်တဲ့ အချိန်ကို ပြန်တွေးမိလိုက်ပါတယ်..။အခုအခြေအနေက အဲ့တုန်းကနဲ့ အတူတူပါပဲ..။

သို့ပေမယ့် ဆန်နီက အရင်ကလို မဟုတ်တော့ပေ..။သူက ပြင်းထန်တဲ့ တိုကိပွဲအတွေ့အကြုံတွေ အများကြီးရှိနေပြီဖြစ်ပြီး..ခွန်အားကိုလည်း ဆက်တိုက်မြင့်တင်နေခဲ့တာပါ..။

သူက သတ်ရလွယ်ကူတဲ့လူတစ်ယောက်မဟုတ်တော့ပေ..။

အရိုးဓားကြီးတွေ သူ့ရဲ့အသားကို မထိခင်မှာပဲ ဆန်နီဟာ အဇူရာဓားနဲ့ တားဆီးနိုင်သွားခဲ့ပါတယ်..။

ဓားအရိုးကို လက်တစ်ဖက်နဲ့ ကိုင်ထားပြီး ကျန်တစ်ဖက်ကို ဓားအဖျားမှာကိုင်ထားရင်း တောင့်ခံထားခဲ့တယ်..။

သားရဲကြီးရဲ့ ခွန်အားကြောင့် သူ နောက်ကို လွင့်သွားပေမယ့်..သူ့လက်အရိုးတွေကိုတော့ ကျိုးကြေမသွားစေခဲ့ပါဘူး..။

သို့ပေမယ့် အဇူရာဓားကတော့ သူ့လောက်ကံမကောင်းခဲ့ပေ..။

စိတ်မကောင်းစွာနဲ့ပဲ ဓားဟာ ကျိုးသွားခဲ့ပါတယ်..။လှပတဲ့ အပြာရောင် ဓားသွားဟာ မြေကြီးကို သွားစိုက်သွားခဲ့တယ်..။

ဆန်နီ အံကိုသာ ကြိတ်ထားခဲ့တယ်..။

[ သင့်ရဲ့ မှတ်သားမူ .....]

အခိုက်အတန့် ရဲ့ ကြေညာမူကို အပြည့်အဝ မကြားလိုက်ရပဲ..ဆန်နီရဲ့ ခန္တာကိုယ်ဟာ မြေကြီးနဲ့ ရိုက်ခတ်သွားခဲ့ပါတယ်..။ဆန်နီ သူ့ရဲ့ အရိုးတွေထဲက နာကျင်မူကို ခံစားလိုက်ရတယ်..။

သို့ပေမယ့် သူက အဆင်ပြေသေနေပါသေးတယ်..။

ဆန်နီ ကြိုးစားပြီးတော့ ပြန်ထလိုက်တယ်..။မီတာအနည်းငယ် အကွာမှာတော့ ကြေးခွံနတ်ဆိုဟာ နစ်ဖီအပေါ်မှာသာ သတ်ဖြတ်လိုစိတ်တွေ အပြည့်အဝ အာရုံစိုက်ထားခဲ့တယ်..။ဒါက ဆန်နီ လုပ်ရမယ့် မစ်ရှင်နဲ့ လုံးဝကို ဆန့်ကျင်ဘက်ပါပဲ..။

အမှန်တော့ နတ်ဆိုးရဲ့ အာရုံစိုက်မူကို ရနေတဲ့လူက သူဖြစ်နေရမှာပါ..။

သို့ပေမယ့် သူလည်း ဘာတတိနိုင်မှာလဲ...

ဆန်နီ သူ့လက်ထဲမှာ ကျန်ရှိနေတဲ့ အဇူရာဓားကျိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း..အားကုန်ပစ်ပေါက်လိုက်တယ်..။

သို့ပေမယ့် သူ နတိဆိုးဆီကို ပစ်လိုက်တာ မဟုတ်ပါဘူး..။

အဲဲဒီအစား သူ သစ်ပင်ကြီးရဲ့ ပင်စည်ဆီကို လှမ်းပစ်လိုက်တာပါ..။

သိပ်မဝေးတဲ့ နေရာမှာတော့ နတ်ဆိုးဟာ..ရုတ်တရက်..စက္ကန့်အနည်းငယ်လောက် အေးခဲသွားခဲ့တယ်..။သူ့ရဲ့ မျက်လုံးတွေကတော့..ပင်စည်ဆီကို ပျံသန်းနေတဲ့ အဇူရာဓားကျိုးကို လိုက်ကြည့်နေခဲ့ပါတယ်..။

ယင်းနောက် ဓားကျိုးဟာ လေထဲမှာတင်ပဲ အလင်းတန်းလေးတွေ ဖြစ်သွားပြီး..ပျောက်ကွယ်သွားခဲ့တယ်..။သူက ပင်စည်ကြီးကို ဘာထိခိုက်မူမှ မဖြစ်စေခဲ့ပါဘူး..။

သို့ပေမယ့် အဇူရာဓားကျိုးက သူ့ရဲ့ အလုပ်ကို ကျေပွန်အောင် လုပ် သွားခဲ့ပါတယ်သေးတယ်..။

သူက သားရဲကြီးရဲ့ အဖိုးတန်တဲ့ အချိန်အနည်းငယ်ကို ဆွဲဆောင်သွားခဲ့တာပါ..။

ပြောင်းလဲနေတဲ့ကြယ်ပွင့်အတွက်ကတော့ ဒါကလုံလောက်တာထက်တောင် ပိုနေပါပြီ..။

All Chapters