← Chapters

နတ်ဆိုး သတ်ဖြတ်သူများ

Vol. 5 Ch. 72

နတ်ဆိုး သတ်ဖြတ်သူများ

Vol. 5 Ch. 72

#ဘာသာပြန် = စနိုးဝှိုက်

ကြေးခွံနတ်ဆိုး အေးခဲသွားတာနက် တစ်ပြိုက်နက် နစ်ဖီဟာ ရှေ့ကို တက်လာခဲ့တယ်..။ဒီနေရာမှာ တွေဝေမူတွေ ၊ သံသယတွေ ရှိမနေခဲ့ပါဘူး..။သူမရဲ့ ရန်သူ အကာအကွယ်မဲ့သွားချိန်နဲ့ သူမရဲ့ တိုက်ခိုက်တဲ့အချိန်က တစ်ပြိုင်တည်း ဖြစ်သွားခဲ့တာပါ..။

အစောက ဆန်နီ စောင့်ကြည့်နေသလိုမျိုး..သူမက မွန်းစတားကြီးကို စောင့်ကြည့်နေတာကြာပါပြီ..။ဒီလိုအခွင့်အရေး မျိုးက စက္ကန့်အနည်းငယ်သာ ရနိုင်တယ် ဆိုတာကို ပြောင်းလဲနေတဲ့ကြယ်ပွင့်လည်း သိပါတယ်..။

တစ်စက္ကန့်ချင်းစီတိုင်းက ဆန်နီရဲ့ အသက်နဲ့ ရင်းထားရတာပါ..။နစ်ဖီ ဒါကို ဖြုန်းတီးပစ်မှာမဟုတ်ပေ..။

သူမ ရဲ့ ခန္တာကိူယ်က လေးကနေ လွှတိလိုက်တဲ့ မြားတစ်စင်းလို ရှေ့ကို ထိုးတက်သွားခဲ့တယ်..။သူမရဲ့ ငွေရောင်ဓားက အလင်းရောင်ကတော့ တောက်ပနေခဲ့ပါတယ်..။

သူမဟာ လုံးဝ နောက်ဆုတ်ဖို့ စိတ်မကူပဲ အကုန်ပုံအပ်ပြီး ရန်သူဆီ ပြေးဝင်သွားခဲ့တယ်..။

'အာ...'

အခြေအနေတစ်ခုလုံးက အရမ်းကို မြန်ဆန်လွန်းတာပါ..။ဆန်နီ အခြေအနေတစ်ခုလုံးကို တစ်ခုချင်းစီ သေချာလိုက်ကြည့်နေခဲ့တယ်..။သူ့စိတ်ထဲမှာတော့ ခံစားချက်တွေ ဗြောင်းဆန်နေခဲ့ပါပြီ..။

နတ်ဆိုးဟာလည်း ချက်ချင်းပဲ ခြိမ်းခြောက်မူတစ်ခုကို ခံစားလိုက်ရလု နီးပါးပါပဲ..။သို့ပေမယ့် တိုက်ပွဲတစ်ခုမှာ..အချိန်ခနလေးကတင် အရာအားလုံးဆုံးရှုံးသွားနိုင်ပါတယ်..။အမှားတစ်ခုက ဘယ်လောက်ပဲ သေးငယ်နေပါစေ..ဒါက သူ့ကံတရားကို အဆုံးသတ်ဖို့အတွက် လုံလောက်ပါတယ်..။

နတ်ဆိုးဟာ သူ့ရဲ့အရိုးဓားကြီးကို လှုပ်ရှားလာခဲ့ပြီး နစ်ဖီကို နှစိပိုင်းဖြတ်ဖို့ကြိုးစားလိုက်တယ်..။ညှပ်ကြီးကတော့ ဘေးနားကနေ ပြီး သူမရဲ့ခန္တာကိုယ်ကို ညှပ်ဖို့ ဦးတည်နေခဲ့ပါတယ်..။သို့ပေမယ့် သူက အနည်းငယ်တော့ နောက်ကျသွားခဲ့ပါပြီ..။

ပြောင်းလဲနေတဲ့ကြယ်ပွင့်က သူ့ထက် နည်းနည်းလောက် ပိုပြီး မြန်နေခဲ့တယ်..။

သူမ ပြေးလွှားနေတဲ့ အချိန်မှာ ..ခြေလှမ်းတိုင်းပြောင်းလဲမူတွေ ဖြစ်နေခဲ့တယ်..။သူမရဲ့ ဦးထုတ်ကြောင့် ဆန်နီဟာ သူမရဲ့မျက်နှာကို သေချာမမြင်ရပါဘူး..။သို့ပေမယ့် သူသာ မြင်နိုင်မယ် ဆိုရင် သူမရဲ့ နာကျင်မူကြောင့် ဖြူဖျော့နေတဲ့ မျက်နှာကို မြင်တွေ့ရမှာပါ..။

ခနအကြာမှာတော့ အဖြူရောင်အလင်းတန်းတစ်ခုဟာ သူမရဲ့ အရည်ပြားထဲကနေ ထွက်လာခဲ့တယ်..။သို့ပေမယ့် ဒီတစ်ကြိမ်မှာ အဲ့အတိုင်းပဲ ရှိမနေခဲ့ပါဘူး..။အဲဲဒီအစား အဖြူရောင်အလင်းတန်းက သူမရဲ့လက်ထဲကနေ ထိုးထွက်ခဲ့ပြီး ငွေရောင် ဓားအထဲကို ဝင်သွားခဲ့တာပါ..။

ဓားဟာ ရုတ်တရက် ချွန်ထက်တဲ့ အဖြူရောင် အလင်းတန်း ဖြစ်သွားခဲ့တယ်..။သူက အရမ်းကို တောက်ပနေတာကြောင့် ဆန်နီ မျက်လုံးတောင် ပိတ်ထားလိုက်ရပါတယ်..။

ဖြစ်နိုင်တာက..သူရဲ့ ချွန်ထက်မူနဲ့ ကံတရားလမ်းကြောင်းတွေကိုတောကိ ဖြတ်တောက်နိုင်တဲ့ပုံပါပဲ..။

ဆန်နီဟာ နစ်ဖီ သူမရဲ့ စွမ်းရည်ကို ဖော်ပြခဲ့တဲ့ အချိန်ကို ပြန်သတိရလိုက်တယ်..။

'ဒါက ကုသမူအတွက် အသုံးပြုန်ိုင်တယ် '

ဒီစကားက တစ်ခြားအရာတွေ အတွက်လည်း ထပ်ပြီး အသုံးပြုလိူ့ရသေးတယ်လို့ ဆိုလိုတာပါပဲ..။ဒီလို စွမ်းရည်မျိုးက အတော်လေးကို ရှားပါးတာပါ..။

ဒီဟာက သူ့ရဲ့ အရိပ်လို လက်နက်တွေကို စွမ်းဆောင်ရည် တိုးမြင့်နိုင်တဲ့ သက်ရောက်မူပါဝင်ပါတယ်..။

တကယ်ကို မယုံန်ိုင်စရာ စွမ်းရည်တစ်ခုပဲ..

သူမရဲ့ ဓားက နိုးထမူအဆင့် နတ်ဆိုးကို ထိုးဖောက်ဖို့ အတွက်လုံလောက်ပါ့မလား..။ဘာပဲဖြစ်ဖြစ်..သူမရဲ့ စွမ်းရည်က မယုံနိုင်စရာကောင်းတယ် ဆိုရင်တောင် သူမက ပြောင်းလဲမူအဆင့် သာမန်လူသားတစ်ယောက်ပဲ ရှိနေပါသေးတယ်..။

ကြည့်ကြတာပေါ့..

နတ်ဆိုးရဲ့ ခန္တာကိုယ်နဲ့ စက္ကန့်အနည်းငယ်လောက်အလိုမှာတော့..နစ်ဖီဟာ လေပေါ်ကို ခုန်တက်လိုက်တယ်..။သူမရဲ့ဓားကိုတော့ ခန္တာကိုယ် ရှေ့မှာထားခဲ့ပါတယ်..။

ယင်းနောက် ..သူမက ဓားကို သားရဲကြီးရဲ့ နှလုံးသား ရှိတဲ့ နေရာတည့်တည့်ကို ချိန်ရွယ်ထားခဲ့တယ်..။

'ဒါပဲလေ..'

သူတို့ အရင်တစ်ခေါက်ပုန်းနေတုန်းက..ကတ်စီက သူမရဲ့ အမြင်ကို ပြောခဲ့ပါသေးတယ်..။သူမပြောပုံအရ ကြေးခွံနတ်ဆိူး တိုကိခိုက်ခံရပြီး ဒဏ်ရာတွေနဲ့ သေလုဆဲဆဲဖြစ်နေခဲ့တာပါ..။

သူ့ရဲ့ အဆိုးဝါးဆုံး ဒဏ်ရာက ရင်ဘတ်မှာပါပဲ..။ဒီတစ်ခုက လွဲပြီး ကျန်တဲ့နေရာတွေက အချိန်ကြာလာတာနဲ့ သက်သာသွားခဲ့ပါတယ်..။

အခုချိန်မှာတော့..နစ်ဖီရဲ့ဓားက အကာအကွယ်ကို ဖောက်နိုင်လားဆိုတာ အရေးသိပ်မကြီးတော့ပေ..။ဒါက နတ်ဆိုးရဲ့ ကြေးခွံမရှိတဲ့ အားနည်းချက်နေရာကို ထိုးစိုက်သွားတော့မှာပါ..။

အဖြူရောင်အလင်းတန်းနှင့်အတူပဲ..အဖြူရောင်ဓားဟာ..နတိဆိုးရဲ့ ကြေးခွံကို ဖောက်ဝင်သွားပြီး ခန္တာကိုယ်ထဲကို ဆက်တိုက်ဝင်သွားခဲ့တယ်..။

ယင်းနောက် ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ ဓားဟာ.ကြေးခွံနတ်ဆိုးရဲ့ နှလုံးသားနေရာကို ရောက်သွားပြီး ထိုးဖောက်သွားခဲ့ပါတယ်..။အဇူရာသွေးတွေဟာ ဆက်တိုက်ကို ဆူပွက်ပြီး ကျဆင်းလာခဲ့တယ်..။

ဆန်နီ ခြေထောက်တွေ ကျဆင်းပြီး ဖင်ထိုင်လျက် ပြုတ်ကျသွားခဲ့ပါတယ်..။

'ငါ...ငါ..ငါတို့ လုပ်နိုင်ခဲ့ပြီ...'

နတ်ဆိုးဟာ ရုန်းကန်နေခဲ့တယ်..။သူ့ရဲ့ လက်တွေဟာ ဖြည်းဖြည်းချင်းမြှောက်လာပြီး နစ်ဖီကို နောက်ဆုံးတစ်ကြိမ် ပွေ့ဖက်ဖို့လုပ်နေခဲ့ပါတယ်..။သို့ပေမယ့်..သူ့ခန္တာကိုယ်ဟာ..ပျော့ခွေသွားပြီး မြေကြီးပေါ်လဲကျသွားခဲ့တယ်..။

နစ်ဖီကတော့ ​သဲပေါ်ကို ပြန်ကျလာတဲ့ အချိန်မှာ သူမကိုယ် သူမ ကာကွယ်ဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။

သို့ပေမယ့် မလိုအပ်တော့ပေ..။

​အဖြူရောင်တောင်ကုန်းရဲ့ အစောင့်အကြပ်ဟာ သေလုဆဲဆဲဖြစ်မေခဲ့တယ်..။သူ့ရဲ့ မျက်လုံးတွေက တဖြည်းဖြည်းချင်း မှိန်လာပြီး ဥာဏ်ရည်ထက်မြက်မူတွေ ပျောက်ဆုံးလာခဲ့တယ်..။

သူ့အကြည့်မှာ ဒေါသတရားတွေ ရူးသွပ်မူတွေ မရှိတော့ပေ..။သူ့ဆီမှာ ထူးဆန်းပြီး တည်ငြိမ်တဲ့ စိတ်ခံစားချက် တွေသာ ရှိနေခဲ့တယ်..။ဒါက လွတ်မြောက်မူအတွက် စိတ်သက်သာရာရသွားခဲ့သလိုပါပဲ..။

ဆန်နီ ဒီခံစားချက်တွေကို အဖြေထုတ်ကြည့်နေတုန်းမှာပဲ..နတ်ဆိုးရဲ့ မျက်လုံးထဲက နောက်ဆုံးအလင်းရောင်လေးဟာ ပျောက်ဆုံးသွားပြီး ​မြေကြီးပေါ် ခေါင်းကျသွားခဲ့ပါတယ်..။

သူတို့ နိုင်သွားပြီ..။

ကြီးမားတဲ့ သားရဲ ခန္တာကိုယ်ကြီးရဲ့ ရှေ့မှာပဲ နစ်ဖီဟာ သူမရဲ့ ဦးထုတ်ကို ချွတ်လိုက်တယ်..။သူမရဲ့ မျက်နှာကတော့ ဖြူဖျော့ပြီး နွမ်းနယ်နေခဲ့ပါတယ်..။အဖြူရောင်အလင်းတွေက သူမရဲ့ မျက်လုံးထဲမှာမရှိတော့ပဲ..အညိုရောင်သာ ကျန်နေခဲ့တယ်..။

ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ မြေကြီးပေါ်ဒူးထောက်လျက် ကျသွားခဲ့တယ်..။သူမ လှုပ်ရှားဖို့အတွက်တောင် အတော်လေး ပင်ပန်းနွမ်းနယ်နေခဲ့ပါပြီ..။

တိုက်ခိုက်မူ တစ်ခုလုံးက တစ်မိနစ်အောက်လောက်သာ ကြာခဲ့ပေမယ့် နှစ်ဖက်လုံးက အရာရာ ပေးဆပ်ထားခဲ့ကြရပါတယ်..။

ဆန်နီလည်း မြေကြီးပေါ်လှဲချလိုက်ပြီး အသက်ကို ဝအောင် ရူနေခဲ့တယ်..။

သူတို့ တကယ်ကိုအနိုင်ရသွားခဲ့တာပါ..။ဒါက တကယ်ကို မယုံနိုင်စရာပါပဲ..။

'ငါ တပတ်လောက် အိပ်လိုက်ချင်မိတယ်'

ဘယ်သူတွေ သေမှန်း ရှင်မှန်း မသိတဲ့ ကတ်စီက သစ်ပင်ပေါ်မှာရှိနေသေးတာကို တွေးပြီး ဆန်နီ သက်ပြင်းချလိုက်တယ်..။အချိန်ခနကြာတဲ့နောက်မှာ သူ အသက်ကိုပြင်းပြင်းရူလိုက်ပါတယ်..။

ယင်းနောက် သူ့ရဲ့ ရှိသမျှအားအကုန်သုံးပြီး အဆုတ်ကွဲထွက်မတတ် အော်ဟစ်လိုက်တယ်..။

တိတ်ဆိတ်နေတဲ့ မနက်ခင်း ၊ လှပတဲ့ သစ်ပင်ကြီးတစ်ခုရဲ့ အောက်ကနေ ..အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်..။

"နတ်ဆိုးရဲ့ အသား ကတော့ မကြာခင် စားရတော့မယ်ဟေ့...."

All Chapters