← Chapters

သေခြင်းတရား၏ လှည့်ပတ်မူ

Vol. 5 Ch. 73

သေခြင်းတရား၏ လှည့်ပတ်မူ

Vol. 5 Ch. 73

#ဘာသာပြန် = စနိုးဝှိုက်

မိနစ်အနည်းငယ်ကြာပြီးနောက်မှာတော့ ဆန်နှ အပေါ်ဘက်က အသံတစ်ချို့ကို ကြားလိုက်ရတယ်..။ကတ်စီက သစ်ကိုင်းအစွန်းမှာ ရပ်နေပြီး လက်ထဲမှာ ရွှေရောင်ကြိုးက်ို ကိုင်ထားခဲ့တာပါ..။

သူ တောင် ဘာမှမတုန့်ပြန်နိုင်သေးခင်မှာပဲ မျက်မမြင် မိန်းကလေးဟာ ဆင်းလာခဲ့တယ်..။ဒါက အမြင်အာရုံ မရှိတဲ့လူတစ်ယောက်အတွက် အန္တရာယ် များပါတယ်..။

သူ မျက်တောင်ခတ်လိုက်တယ်..။

'သူမ ရူးနေတာလား..။ဒါက အန္တရာယ်များတယ်လေ..'

သို့ပေမယ့် သူက အလကားနေရင်း စိတ်ပူနေခဲ့မိတာပါ..။ကတ်စီဟာ မြေပြင်ပေါ်ကို အန္တရာယ်ကင်းကင်း နဲ့ ရောက်လာခဲ့ပါတယ်..။

ဆန်နီ သူ ရှိနေတဲ့ နေရာကို လှမ်းအချက်ပေးလိုက်တယ်..။

"ငါ ဒီမှာ..."

မျက်မမြင် မိန်းကလေးဟာ အသံလာရာ ဘက်ကို လှည့်ပြီး လျောက်လာခဲ့တယ်..။ကျွန်းမျက်နှာပြင်က ပျက်စီးနေတာကြောင့် သူမ သူ့အနားကို ရောက်ဖို့ ပုံမှန်ထပ် ပိုအချိန်ယူခဲ့ရပါတယ်..။

သူမ ကျော်သွားခါနီးမှာပဲ ဆန်နီစကားပြောလိုက်တယ်..။

"ဟေး..ကတ်စီ.."

ကတ်စီ ရပ်လိုက်ပြီး အောက်ကိုငုံ့ကာ အံ့ဩတဲ့ အမူအရာနဲ့..

"နင်က ဘာလို့ မြေကြီးပေါ်လှဲနေတာလဲ.."

သူ အားနည်းစွာ ပြုံးလိုက်ပြီး..

"အာ..ဒါက သက်သောင့်သက်သာရှိတယ်လေ.."

ရုတ်တရက် မျက်မမြင်မိန်းကလေးဟာ စိတ်ပူသွားခဲ့ပါတယ်..။

"နင် ဒဏ်ရာရထားတာလား.."

ဆန်နီ ခေါင်းခါယမ်းပြီး သက်ပြင်းချလိုက်တယ်..။

"ဒီတိုင်း အတွင်းဒဏ်ရာတွေပဲရတာပါ..။အရမ်း မလေးနက်ပါဘူး..။ငါက ဒီတိုင်း ပင်ပန်းနေလို့..ဒီကောင်ကြီးက အတော်ဆိုးတယ်.."

ကတ်စီ မျက်မှောငိကျုတ်နေခဲ့တာကြောင့် သူ ထပ်ပြောလိုက်တယ်..။

"နစ် လည်း အဆင်ပြေတယ်..။သူမက ဟိုဘက်နားမှာ အနားယူနေတာ.."

နောက်ဆုံးတော့ မိန်းမလှလေးဟာ စိတ်သက်သာရာရသွားခဲ့တယ်..။သူမရဲ့ မျက်လုံးက ကြည်လင်သွားပြီး ပြုံးလိုက်ပါတယ်..။

"နင်တကယ်ပဲ နတ်ဆိုးကို သတ်ခဲ့တာလား.."

ဆန်နီ ကြီးမားတဲ့ အလောင်းကြီးကို ကြည့်လိုက်ပြီး..မျက်လုံးမှိတ်ထားလိုက်တယ်..။

"အင်း..သူက သေနေပြီ.."

သူတို့နှစ်ယောက်လုံး အချိန်ခနလောက် တိတ်ဆိတ်သွားခဲ့တယ်..။ဆန်နီ အိပ်ပျော်လု ဆဲဆဲမှာပဲ ကတ်စီ ဂရုတစိုက်မေးလိုက်တယ်..။

"ဒီတော့ နင်က ဒီမှာပဲ လှဲနေတော့မှာလား..."

ဆန်နီ မျက်လုံးကို ပြန်ဖွင့်လိုက်ပြီး အခြေအနေကိုကြည့်လိုက်ပါတယ်..။

'အိုး..ဟုတ်သားပဲ..မနက်ခင်းရောက်နေပြီပဲ..။ငါတို့ လုပ်စရာတွေရှိနေသေးတယ်'

ပင်ပန်းနေတဲ့ ခန္တာကိုယ်နဲ့ပဲ ဆန်နီ မတ်တတ်ထရပ်လိုက်ပြီး ကတ်စီရဲ့လက်ကို သူ့ ပုခုံးပေါ် တင်ပေးလိုက်ပါတယ်..။ပြီးတဲ့နောက်မှာတော့ သူ နတ်ဆိုးရဲ့အလောင်းနားကို လျောက်သွားလိုက်ပြီး..နစ်ဖီ အနားမှာ ရပ်တန့်လိုက်တယ်..။

သူမက ပင်ပန်းနေတဲ့ အကြည့်တွေနဲ့ နှုတ်ဆက်လာခဲ့ပါတယ်..။

"ဂွဒ် မောနင်း..."

အလေ့အကျင့် မရှိစွာပဲ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ ပြုံးပြဖို့ ကြိုးစားလိုက်ပါတယ်..။

'ဟင်...၁၀ မှတ် မှာ ၃ မှတ် ပေးတယ်။နှုတ်ဆက်တာ တော့ မဆိုးဘူး '

မကြာခင်မှာပဲ သူတို့ သုံးယောက် ဝိုင်းထိုင်လိုက်ကြပြီး..ရေဘူးကို လက်ဆင့်ကမ်းကာ သောက်နေကြပါတယ်..။ဆန်နီကတော့ နတ်ဆိုးနဲ့ တိုက်ပွဲအကြောင်းကို အားရပါးရ ပြန်ရှင်းပြနေခဲ့တယ်..။

"....ဒီတော့ သူက ခနလောက် တုန့်ဆိုင်းသွားတာပေါ့.။အဲ့အချိန်မှာ နစ်က တိုက်ခိုက်ခဲ့တာ..။သူက ပိုင်ဆိုင်ထားတဲ့ စွမ်းရည်ကို ဓားနဲ့ပေါင်းစပ် ပြီး နင်ပြောပြထားတဲ့ အားနည်းချက်နေရာကို ထိုးလိုက်တာလေ.။ဒါက ကျန်တဲ့ကြေးခွံနေရာတွေလောက် မသန်မာတော့ဘူး..။ဓားက ဒီခွေးသားရဲ့ နှလုံးသားထဲကို တည့်တည့်ပဲ ဝင်သွားခဲ့တာ.."

ကတ်စီက ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ စွမ်းရည်အပေါ် မအံ့ဩတာကို ဆန်နီ သတိထားမိပါတယ်..။ဒါက နစ်ဖီက ပြောပြထားလို့လား ဒါမှမဟုတ် သူမရဲ့ အမြင်ကနေ သိနေတာလား ဆိုတာကိုတော့ မပြောတတ်ပါဘူး..။

"နတ်ဆိုးက အစောကတည်းက ပင်လယ် သတ္တဝါနဲ့ တိုက်ခိုက်မူကြောင့် ဒဏ်ရာ အပြင်းအထန်ရထားတာလေ..။စက္ကန့်အနည်းငယ်ကြာပြီးတော့ သူလည်း သေဆုံးသွား​ေရာ.."

ကတ်စီ အံ့ဩတဲ့အမူအရာနဲ့ ခေါင်းညိမ့်လိုက်တယ်..။

"ဒါက အံ့ဩစရာပဲ..။အိပ်စက်သူနှစ်ယောက်က နိုးထမူအဆင့် နတ်ဆိုးကို သတ်ခဲ့တာ..။ဒါက ပုံပြင်တွေထဲမှာပဲ ရှိလိမ့်မယ်လို့ ငါထင်တယ်.."

နစ်ဖီ ပြင်ဆင်ပေးလိုက်တယ်..။

"အိပ်စက်သူ သုံးယောက်..။နင့်ရဲ့ အမြင်မရှိပဲ ငါတို့ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး.."

မျက်မမြင် မိန်းကလေး အနည်းငယ် ရှက်ရွံ့စွာ ခေါင်းကိုငုံ့ထားခဲ့ပါတယ်..။

"နှစ်ယောက်ဖြစ်ဖြစ် သုံးယောက်ဖြစ်ဖြစ် ဒါက တူတူပါပဲ.."

ဆန်နီ ကတ်စီီကို ကြည့်လိုက်ပြီး..

"နင်ပြောတာ မှန်တယ်..။ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် နင့်ကို နတ်ဆိုးအသား ချက်ကျွေးမယ်လို့ ငါပြောထားတယ်လေ..။ငါ့ရဲ့ ဟင်းချက်လက်ရာကို မြည်းစမ်းဖို့အတွက် အဆင်သင့်ပဲလား.."

သူ ပြုံးလိုက်တယ်..။ဒီအသားက အရည်တွေရွဲပြီး အတော်လေးကို အရသာရှိမှာပါ..။သို့ပေမယ့် ကတ်စီ ရုတ်တရက် မျက်မှောင်ကျုတ်လိုက်တယ်..။သူမ မျက်နှာမှာတော့ တွေဝေမူတွေ ရှိနေခဲ့ပါတယ်..။

"ငါ...ငါ သေချာတော့မသိဘူး.."

သူ မျက်ခုံးမြင့်တက်သွားခဲ့ပြီး..

"ဘာဖြစ်လို့လဲ..."

သူမ ခနလောက်တွေးပြီးမှ ပြန်ဖြေလိုက်တယ်..။

"ကောင်းပြီး..ဥာဏ်ရည်ရှိတဲ့ သတ္တဝါရဲ့အသားကို စားတာက နည်းနည်းထူးဆန်းတယ်လို့ ငါခံစားရတယ်..။ဒါက နတ်ဆိုးဖြစ်နေရင်တောင်မှပေါ့..။အရင်က မတွေးမိပေမယ့်..အခုတောါ သိပ်မူမမှန်ဘူးလို့ ငါ ထင်တယ်.."

ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။ဒီအတွေးအခေါ်က နည်းနည်းတော့ မှားနေသလိုပါပဲ..။ဒီနတ်ဆိုးသားရဲက သူတို့ကို သတ်ပြီးရင် တစ်စက္ကန့်တောင် မစဥ်းစားပဲ တန်း စားသောက်ပစ်မှာပါ..။

အိပ်မက်ကမ္ဘာထဲက အလုပ်လုပ်ပုံက ဒီအတိူင်းပါပဲ..။သားရဲတွေက လူသားကို စားပြီး လူသားတွေကသားရဲတွေကို စားကြပါတယ်..။ဒါက သေခြင်းနဲ့ ရှင်ခြင်းရဲ့ လည်ပတ်နေတဲ့ပုံစံပါ.."

သို့ပေမယ့် ကြေးခွံနတ်ဆိုးက ဥာဏ်ကောင်းရုံတင်မကပဲ ကိုယ်ပိုင်အကျင့်စရိုက်လည်း ရှိပါသေးတယ်..။

သူက ပင်လယ်သတ္တဝါနဲ့ တိုက်ခိုက်တဲ့ အချိန်မှာတောင် ပြန်လည်ရင်ဆိုင်ဖို့ တွေဝေမနေခဲ့ပဲ..နောက်ဆုံးအချိန်အထိ အရှုံးမပေးပဲ တိုက်ခိုက်ခဲ့ပါတယ်..။ဒီလို တစ်စုံတစ်ယောက်ရဲ့အသားက်ို စားတာက အနည်းငယ် ထူးဆန်းတာတော့ အမှန်ပါပဲ..။

"ဆရာဂျူးလီယက် ဒီအကြောင်းကိုတော့ဘာလို့ မသင်ပေးလိုက်တာလဲ.."

ဆန်နီရဲ့ တိတ်ဆိတ်မူကို ကတ်စီဟာ နားလည်မူလွဲပြီး ပြောလာခဲ့တယ်..။

"တောင်းပန်ပါတယ် ငါလည်း ဒါကရယ်စရာကောင်းမှန်း သိပါတယ် ဒါပေမဲ့ ဒါက ငါခံစားနေရတာလေ..။နင်နဲ့နစ်ဖီက ဒီလိုလိုက်လုပ်စရာ မလိုပါဘူး.."

ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။

"မဟုတ်ဘူး နင်ပြောတာမှန်လောက်တယ်..။ငါ နည်းနည်းတော့ နားလည်သလိုပဲ..။ငါတို့မှာက စားစရာ မရှိတော့ ..ဗိုက်ပြည့်ဖို့အတွက်ဆိုရင် အမဲလိုက်ဖို့အတွက်လိုအပ်တယ်လေ.."

မျက်မမြင် မိန်းကလေး သက်ပြင်းချလိုက်တယ်..။ယင်းနောက် သူမရဲ့ မျက်နှာက တောက်ပသွားခဲ့ပြီး..

"သစ်ပင်ကြီးရဲ့ အသီးတွေကရော..။ဒီဟာက အတော်အရသာ ရှိမယ်ဆိုတာ ငါလောင်းရဲတယ်.."

ဆန်နီ အံ့ဩသွားခဲ့တယ်..။

"နင် တကယ်ပြောနေတာလား.."

ကတ်စီ နားမလည်ဖြစ်သွားခဲ့ပြီး..

"အာ..အင်းလေ..ဘာဖြစ်လို့လဲ.."

"ဒီအပင်ကြီးက ကြီးမားပြီး လှပတယ် ဆိုပေမယ့် အတော်လေးထူးဆန်းပြီး သံသယဖြစ်ဖို့ကောင်းတယ်..။ဒီနေရာမှာ အပင်မပေါက်နိုင်တာတောင် သူက ဘာလို့ပေါက်နေတာလဲ..။ဒီနေရာမှာ သန္တကျောက်တန်းတွေ မရှိတာ သူ့ကြောင့်ဆိုတာ ကျိန်းသေတယ်လေ..။ဝင်္ကဘာတွေကို ပျောက်ကွယ်သွားအောင် လုပ်နိုင်တဲ့အရာ တစ်ခြား ဘာရှိလို့လဲ.."

ဆန်နီ ကတ်စီနဲ့ နစ်ဖီကို တစ်လှည့်စီကြည့်ကာ သူ ဒီကိစ္စကို ဘယ်လောက်အထိ လေးနက်ထားလဲဆိုတာ ပြလိုက်ပါတယ်...

"ငါတို့ ဒီအသီးတွေကို မစားသင့်ဘူး..။စားလိုက်ရင် ဘာဖြစ်လာနိုင်မလဲ ဘယ်သူသိမှာလဲ.."

မျက်မမြင် မိန်းကလေးဟာ ​ပြုံးလိုက်ပြီး..

"နင်က စိတ်ပူလွန်နေတာပဲ ဟုတ်တယ်မလား..။သစ်ပင်ဆိုတာက သစ်ပင်ပဲလေ..။တကယ်တော့ သူက ဒီလောက်အခက်အခဲတွေကြားထဲက အသက်ရှင်နိုင်တယ် ဆိုတာ အံ့ဩစရာအချက်ပဲ..။ဒီအသီတွေက လုံးဝ အဆင်ပြေတယ် ဆိုတာ ငါလောင်းရဲတယ်.."

သူ သူမကို စိုက်ကြည့်လိုက်ပြီး ဘာပြောရမလဲ မသိတော့ပေ..။ကတ်စီက ဘယ်လိုလုပ် သူ့ရဲ့ စိတ်ပူပန်မူကို မျက်ကွယ်ပြုနိုင်ရတာလဲ..။ဒါက သူမရဲ့ ပုံစံမဟုတ်ပါဘူး..။ဆန်နီ နစ်ဖီဘက်ကို လှည့်လိုက်ပြီး..သူ့ကို ထောက်ခံမလားဆိုတာ မျှော်လင့်လိုက်ပါတယ်..။

ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ သေချာစဥ်းစားပြီးမှ ပြောလိုက်တယ်..။သူမရဲ့ အသံက ရင့်ကျတ်နေတဲ့လူတစ်ယောက်လိုပါပဲ..။

"ဆန်နီ ပြောတာမှန်တယ်..။ဒီသစ်ပင်က ထူးဆန်းတာတွေ အများကြီးပဲ..။သူ့အသီးတွေကို စားတာက စွန့်စားလွန်းရာကျတယ်.."

'ဒါပဲလေ.."

သူ စိတ်သက်သာရာရသွားခဲ့ပါတယ်..။

ကတ်စီ စိတ်ပျက်စွာ သက်ပြင်းချလိုက်တယ်..။

ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ သူ့ကိုကြည့်လိုက်ပြီး..

"နင့်ရဲ့ ထပ်တူညီမူ ဖျက်ဆီးခံလိုက်ရတာလား.."

ဆန်နီ မျက်နှာမဲမှောက်သွားခဲ့တယ်..။သူ့ရဲ့ သစ္စာရှိ သားရဲ ဆုံးရှုံးမူက အခုထိ နာကျင်နေတုန်းပါပဲ..။

"အင်း..နတ်ဆိုးက ထင်ထားတာထက် မြန်မြန် တုန့်ပြန်ခဲ့တာ..။ငါတောင် ဘာမှမလုပ်နိုင်ခဲ့ဘူး.."

နစ်ဖီ မျက်မှောက်ကျုတ်လိုက်တယ်..။

"ဆိုးတာပဲ..။ငါတို့ ခရီးထွက်ရင် အမြန်နှုန်းလျော့ကျတော့မယ်.."

'မိန်းကလေး မင်းမှာ နှလုံးသား မရှိဘူးလား..။အနည်းဆုံးတော့ မင်း ဝမ်းနည်းချင်ယောင် ဆောင်သင့်တယိလေ..။ငါ့ရဲ့ သနားစရာ ထပ်တူညီမူ လေး မရှိတော့ဘူး..'

သူ့အရိပ်ဟာ ခေါင်းခါယမ်းလိုက်တယ်..။သူ့သခင်က အတော်လေးကို ကလေးဆန်တာပါ..။ဆန်နီ ဟာ ထပ်တူညီမူ သေဆုံးတော့ ပထမဆုံးတွေးမိတာက သူ့ပိုက်ဆံ ဘယ်လောက်တောင် ဆုံးရှုံးသွားပြီလဲ ဆ်ိုတာပါပဲ..။

ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ ခေါင်းညိမ့်ပြပြီး မေးလိုက်တယ်..။

"နင့်ရဲ့ ဓားလည်း ပျက်ဆီးသွားပြီလား.."

ဆန်နီ အံကိုကြိတ်လိုက်ပြီး..

"အင်း..ဓားက ငါ အရိုးဓားကို တားဆီးရင်း ကျိုးသွားခဲ့တာ..."

ဒါက သူ့ကို ပိုပြီးတော့တောင်နာကျင်စေပါသေးတယ်..။အဇူရာဓားက သူ့ရဲ့ ပထမဆုံးလက်နက်ဖြစ်ပြီး အချိန်အတော်ကြာအောင် တူတူလေ့ကျင့်ခဲ့ပါတယ်..။ဒါက သူ့ရဲ့အစိတ်အပိုင်းတစ်ခုလိုတောင် ဖြစ်နေခဲ့ပါပြီ..။

အခုတော့ မရှိတော့ပေ..။

နစ်ဖီ လက်တစ်ဖက်မြှောက်လိုက်ပြီး..

"ကောင်းပြီလေ..နင်ကံကောင်းတယ်..။ငါ ကြေးခွံနတ်ဆိုးကို သတ်တော့ မှတ်သားမူ ရခဲ့တယ်..။ဒါက လက်နက်တစ်ခုပဲ...."

All Chapters