ညသန်းခေါင် အမြုတေ
Vol. 5 Ch. 74
#ဘာသာပြန် = စနိုးဝှိုက်
ဆန်နီ အနည်းငယ် ရင်ခုန်သွားခဲ့တယ်..။
ချက်ချင်းဆိုသလိုပဲ သူ အဇူရာ ဓားအကြောင်းတောင် မေ့သွားခဲ့ပါတယ်..။ဟုတ်တာပေါ့..အဇူရာဓားနဲ့သူက အနည်းငယ် သံယောဇဥ်တွယ်နေခဲ့ပါပြီ..။ဒါပေမဲ့ ဘယ်သူက အဲဒီသံယောဇဥ်ကို ဂရုစိုက်နေမှာလဲ..။အိပ်စက်သူ အချို့ဆိုရင် နိုးထမူအဆင့် လက်နက်တွေ တစ်ခုထက်မက ရကြတာပါ..။
သို့ပေမယ့် အခု မှတ်သားမူ အသစ်ကတော့ အစစ်အမှန် နိုးထမူအဆင့် နတိဆိုး ဆိီကနေ လာခဲ့တာပါ..။နတ်ဆိုးတစ်ကောင်..။
ဒါက နိုးထမူ တတိယအဆင့် လက်နက် တစ်ခု ဖြစ်ပြီး..အဇူရာဓားရဲ့ အထက် နှစ်ဆင့်လောက်အထိ မြင့်ပါတယ်..။အိပ်မက်ဆိုးသားရဲတွေအတွက်ကတော့..သားရဲအဆင့်ကနေ တိုက်တန် အဆင့်အထိ စုစုပေါင်း အဆင့် ၇ ဆင့်ရှိတာပါ..။
အဆင့်မြင့်တာနဲ့ပဲ လက်နက်ကပိုပြီး အင်အားကြီးတယ်လို့ မပြောနိုင်ပေမယ့် ပုံမှန်အားဖြင့် သတ်လိုက်တဲ့ သားရဲက အဆင့်မြင့်လေ အဖိုးတန်တဲ့ မှတ်သားမူတွေကို ချန်ထားခဲ့လေပါပဲ..။
ဒါကြောင့်ပဲ နိုးထမူအဆင့် နတ်ဘီလူး ဆီကနေရလာတဲ့ ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်က နိုးထမူ အဆင့် ၅ အကာအကွယ်တစ်ခုဖြစ်နေခဲ့တာပါ..။ဒါက အရမ်းကို အဖိုးထိုက်တန်လွန်းပါတယ်..။
' ကျေးဇူးပြုပြီး...'
ဆန်နီ သူ့ရဲ့ စိတ်လှုပ်ရှားမူတွေကို မဖုံးကွယ်နိုင်ဖြစ်နေခဲ့တယ်..။သူ ဘာမှမဖြစ်သလို အတတ်နိုင်ဆုံးကြိုးစားပြီး အသံကို ပုံမှန်အတိုင်း ထိန်းချုပ်ကာ ပြောလိုက်တယ်..။
"တကယ်လား..ဒါဆို ကောင်းတယ်.."
နစ်ဖီ သူ့ရဲ့ လက်ကို ဆွဲယူလိုက်ပြီး မျက်လုံးကို မှိတ်ထားခဲ့တယိ..။ဆန်နီ သူ့ဆီကို စွမ်းအင်တစ်ချို့ စီးဆင်းလာတာကို ခံစားနေရပါတယ်..။ဒါက သူ သူမကို ကြယ်အလင်း အကာအကွယ် ပေးအပ်တုန်းက အချိန်နဲ့ အတူတူပါပဲ..။
[ သင်ဟာ မှတ်သားမူ တစ်ခု ရရှိပါသည် : ညသန်းခေါင် အမြုတေ..]
'ဟင်..နာမည်ကောင်းပဲ..'
သူ ချက်ချင်းပဲ..လက်နက်သစ်ရဲ့ ဖော်ပြချက်ကို ..ထုတ်ပြီးကြည့်လိုက်တယ်..။
မှတ်သားမူ : ညသန်းခေါင်း အမြုတေ
မှတ်သားမူ အဆင့် : န်ိုးထမူ
မှတ်သားမူ အမျိုးအစား : လက်နက်
ဖော်ပြချက် : [ ကျဆုံးသွားတဲ့ ကြယ်တစ်ပွင့်၏ အမြုတေဖြင့် ထုဆစ်ထားခဲ့သည်..။ဒီဓားက နောက်ဆုံး လက်ကျန်သွေးတစ်စက် အထိ တိုက်ခိုက်ပြီး အရှုံးပေးခြင်း ဆိုတာ ဘာမှန်း မသိသော သူအတွက် ပို၍သင့်တော်သည် ]
'စိတ်ဝင်စားစရာပဲ..'
အချိန်ဖြုန်းမနေတော့ပဲ ဆန်နီဟာ ညသန်ခေါင်အမြုတေကို ထုတ်ကြည့်လိုက်တယ်..။ချက်ချင်းပဲ..ထည်ဝါတဲ့ ဓားတစ်ချောင်းက သူ့လက်ထဲမှာပေါ်လာခဲ့ပါတယ်..။
ဒီဓားက အဇူရားဓားနဲ့ဆင်တူတယ် ဆိုပေမယ့် အသွားတစ်ဖက်တည်းသာ ပါပြီး..ဓားရိုးက ရှည်တဲ့အတွက် လက်နှစ်ဖက်နဲ့ဆုပ်ကိုင်လို့ အဆင်ပြေပါတယ်..။ဒါက ကြေးခွံနတ်ဆိုးရဲ့ အကာအကွယ်အရောင်နဲ့ တစ်ပုံစံတည်းတူပြီးဟတောက်ပနေခဲ့တယ်..။
ဒီဓားက အတော်လေးကို ထက်တာပါ..။
ဒီဓားအတွက် ထူးထူးခြားခြား အလှဆင်ထားတာ မျိုးတွေ ရှိမနေခဲ့ပေ..။ဒီဓားက ရိုးရှင်းပြီး..တိုက်ပွဲတစ်ခုအတွက်ပဲ သင့်တော်တဲ့အရာပါ..။
သူ ဓားကို ကိုင်လိုက်တာနဲ့ ဒီဓားမှာ ချိုးဖျကိလို့ မရနိုင်တဲ့ စိတ်စွမ်းအားတွေ ပိုင်ဆိုင်ထားသလိုတောင် ခံစားလိုက်ရပါတယ်..။
ဆန်နီ ရဲ့ လက်နဲ့ ထိတွေးလိုက်တာနဲ့ ဒီဓားထဲမှာ စိတ်ဆန္ဒ စွမ်းအင်တစ်ခု ပုန်းကွယ်နေတာကို ခံစားနေမိပ်တယ်..။သူ ဒီစွမ်းအားကို ဘယ်လို လက်ခံရမလဲဆိုတာကတော့ အခုထိ နားမလည်သေးပေ..။သို့ပေမယ့် ဒါက လုံးဝကို အစစ်အမှန်ါတိုင်းပါပဲ..။
'ငါထင်တာတော့ သူ့ရဲ့ အသိအမှတ်ပြုမူကို အရင်ရအောင် လုပ်ရမယ် ထင်တယ်..။ဒါပေမဲ့ ငါက ဘယ်လိုသွားလုပ်ရမှာလဲ..။ဟင်း..နောက်မှပဲ စမ်းသပ်တော့မယ်.."
သူ့ရဲ့ လက်နက်အသစ်က်ို သဘောကျနေတဲ့ ဆန်နီဟာ နစ်ဖီကိုကြည့်ကာပြောလိုက်တယ်..။
"ငါတောင်မှ ဒီဓားက ဘာဓားလဲ ဆိုတာကို သိတယ်..။ဒါက ကတ်တနာ တစ်ခု ဟုတ်တယ်မလား.."
သူမ ညသန်းခေါင် အမြုတေကို လေ့လာပြီး ဖြေလိုက်တယ်..။
"ပုံမှန်အရတော့ ဒါက တချီပဲ..။ဒါက တတ်တာနာ ထပ်ပိုပြီး ရှေးကျတယ်။ဓားသွားချင်းက မတူပေမယ့် အတော်လေးတော့ ဆင်တူပါတယ်.."
တချီလား..ကောင်းပြီ..ဒီအသံကလည်း မဆိုးပါဘူး..။သူ အဇူရာဓားနဲ့ သင်ယူထားတဲ့ နည်းစနစ်တွေ အကုန်လုံးကို ဒီဓားနဲ့လည်း အသုံးပြုလို့ ရပါသေးတယ်..။
ရုတ်တရက် ဆန်နီအတွေးတစ်ခု ပေါ်လာခဲ့တယ်..။သူ နစ်ဖီကိုကြည့်လိုက်ပြီး လည်ချောင်းရှင်းကာ ပြောလိုက်တယ်..။
"အာ..ဒါက အတော်လေးကို ကောင်းမွန်တဲ့ လက်နက်ပဲ..။အဆင့်သုံး အောက်မရောက်ဘူး..။နင် ဒီဓားကို မသိမ်းထားချင်တာ သေချာရဲ့လား.."
ဘာပဲဖြစိဖြစ် ပြောင်းလဲနေတဲ့ကြယ်ပွင့်က သားရဲကို နောက်ဆုံးသတ်ဖြတ်ခဲ့တဲ့ သူပါ..။ဒီ မှတ်သားမူကလည်း သူမပိုင်ဆိုင်သင့်ပါတယ်...။ဒါတောင်မှ ဆန်နီဟာ သူမ ပြန်လက်မခံဖို့မျှော်လင့်နေခဲ့တယိ..။
နစ်ဖီ ခေါင်းခါယမ်းလိုက်ပြီး..
"ငါ့မှာ သင့်တော်တဲ့ဓားရှိနေပြီးပြီလေ.."
ဆန်နီ သက်ပြင်းချပြီး စိတ်သက်သာရာရသွားခဲ့ပါတယ်..။
'ကောင်းတယ်'
သူတွေးလိုက်တာပါ..။သူမ ပိုင်ဆိုင်ထားတဲ့ လက်နက်ကို ..အဆင့်သုံး ဓားရှည်နဲ့တောင် မပြောင်းလဲချင်ဘူးဆိုတော့ သူမရဲ့ ငွေရောင်ဓားက ဘယ်အဆင့်ရှိတာလဲဆိုတာကို သူမသိပါဘူး.။
.
ပြောင်းလဲနေတဲ့ကြယ်ပွင့်က သူ့ကို လက်နက်အမျိုးမျိုးကို အသုံးပြုတဲ့ နည်းလမ်းတွေရှင်းပြခဲ့တဲ့လူတစ်ယောက်ပါ..။ဒီတော့ ညသန်ခေါင်အမြုတေကို သူမအသုံးပြုပြီး ငွေရောင်ဓားကို ဆန်နီကို ပေးလိုက်တာက ပြသနာတစ်ခုမဟုတ်ပါဘူး..။
ထပ်ပြောရရင်..နစ်ဖီက သူမရဲ့ နာမည်အရင်းက်ို ဘယ်လိုရခဲ့လဲ ဆိုတာကို သိချင်ပါသေးတယ်..။ဆန်နီ နာမည်အရင်း ရခဲ့တာက နိုးထမူ နတ်ဆိုးကို သတ်ခဲ့လို့ပါ..။သူမလည်း ဒီလိုသားရဲမျိုူကို သတ်ခဲ့တာလား..။
ဒါမှမဟုတ် ဒီထက်အဆင့်မြင့်တဲ့ သားရဲကို သတ်ခဲ့တာလား..
သို့ပေမယ့် သူ ထပ်ပြီးတွေးတောဖို့အတွက်တောင် ပင်ပန်းနေခဲ့ပါပြီ..။
အရင်တစ်ခေါက် ကြေးခွံသားရဲခေါင်းဆောင်ရဲ့ အသားတွေကို လာယူတဲ့ ထူးဆန်တဲ့ တောင်ပံသားရဲတွေ ပြန်ရောက်လာမှာစိုးတာကြောင့် သူတို့က နတ်ဆိုး အလောင်းကို ကျွန်းရဲ့ အစွန်းတစ်ဖက်ဆီ ရွေ့ပြောင်းလိုက်ကြတယ်..။သူတို့ကတော့ သစ်ပင်ကြီးရဲ့ ပင်စည်နားမှာပဲ ပုန်းနေခဲ့လိုက်ကြပါတယ်..။
ကောင်းကင်က ဘယ်အရာကမှ ပေါ်မလာတဲ့ အချိန်ကျမှ..သူတို့ရဲ့ ပင်ပန်း နွယ်နယ်မူတွေကို ခွင့်ပြုပြီး အိပ်လိုက်ကြပါတယ်..။ဆန်နီ နောက်ဆုံးတော့ ပျော်ရွှင်စွာပဲ အိပ်မောကျသွားခဲ့ပါပြီ..။
သို့ပေမယ့် ဒီတစ်ကြိမ်တော့ ထူးဆန်းတဲ့အရာတစ်ခု ဖြစ်လာခဲ့တယ်..။
သူ အမှန်တကယ်ပဲ အိပ်မက်မက်ခဲ့တာပါ..။
'ထူးဆန်းတယ် '
ဆန်နီတွေးလိုက်တယ်။
'အိပ်မက်ကမ္ဘာထဲမှာ အိပ်မက်မက်စရာ အကြောင်း မရှိဘူးမလား..'
ယင်းနောက် သူ့မှာ ထပ်ပြီးတွေးတော နေဖို့အချိန်မရှိတော့ပေ..။