အိပ်မက်အပိုင်းအစ
Vol. 5 Ch. 75
#ဘာသာပြန် = စနိုးဝှိုက်
ဆန်နီ သူ့အရိပ်ရဲ့ လှုံးဆော်မူကြောင့် နိုးလာခဲ့တယ်..။သူ မျက်လုံးကို အတင်းဖွင့်ဖို့ ကြိုးစားပြီး ထလိုက်ပါတယ်..။
'ဘာ..ဘာဖြစ်လို့လဲ..'
သူကြည့်လိုက်တဲ့ အချိန်မှာတော့ အရိပ်ဟာ ကြောက်ရွံ့တဲ့အမူအရာနဲ့ တစ်နေရာကို ဆက်တိုက်ညွှန်ပြနေတာကို တွေ့လိုက်ရပါတယ်..။
'ပြသနာ ရှိနေတာလား.'
ဆန်နီ အပေါ်ကို မော့ကြည့်လိုက်ပေမယ့်..သစ်ကိုင်းတွေ သစ်ရွက်တွေကိုသာ မြင်နေရတယ်..။ကောင်းကင်ကို မမြင်ရပေမယ့် အပေါ်မှာ နေ ရှိနေသေးတယ်ဆိုတာကိုတော့ ကောင်းကောင်းပြောနိုင်ပါတယ်..။ကြည့်ရတာတော့ သူ နာရီအနည်းငယ် ကြာအောင် အိပ်ပျော်သွားခဲ့တဲ့ ပုံပါပဲ..။
သူ့မြင်ကွင်းထဲမှာတော့..အန္တရာယ်ဖြစ်စရာ ဘာမှမရှိပေ..။
'မင်းက ဘာကို တွေ့လို့လဲ...'
အရိပ်ဟာ နောက်ထပ်တစ်ကြိမ် ညွှန်ပြလိုက်တယ်..။သူ့ကြည့်ရတာ ဆန်နီရဲ့ တုံးအမူကြောင့် စိတ်အနှောက်ယှက်ဖြစ်နေတဲ့ ပုံပါပဲ..။ဆန်နီ မျက်တောင်ခတ်လိုက်ပြီး နောက်တစ်ကြိမ် ကြည့်လိုက်တယ်..။
'သစ်ပင်ပေါ်မှာလား...ပိုမြင့်တာလား..ကောင်းကင်ပေါ်မှာပေါ့...'
နောက်ဆုံးတော့ ကျေနပ်သွားတဲ့အမူအရာနဲ့ အရိပ်ဟာ လက်ပိုက်နေခဲ့တယ်..။
'ကျွန်းရဲ့ အပေါ်မှာ အန္တရာယ်ရှိတဲ့ တစ်ခုခု ရှိနေတာလား...'
သူ စစ်ဆေးဖို့လိုအပ်ပါတယ်..။သို့ပေမယ့် သူဘာလို့ တစ်ခုခုကို မေ့နေသလို ခံစားနေရတာလဲ..။
ဆန်နီ ဒီ မေ့လျော့မူက ဘယ်ကလာတာလဲဆိုတာကို နားလည်ဖို့ကြိုးစားနေခဲ့ပါတယ်..။ဘာ လွဲမှားစရာ ရှိလို့လဲ...။
အိပ်ပျော်တာ..
ရုတ်တရက် ဆန်နီ သူ မက်ခဲ့တဲ့ အိပ်မက် အပိုင်းအစတွေကို ပြန်သတိရလိုက်တယ်..။အနည်းဆုံးတော့ အဲတာက အိပ်မက်နဲ့ တူနေခဲ့ပါတယ်..။လူတွေက ပုံမှန်အားဖြင့် အိပ်မက်ကမ္ဘာထဲမှာ အိပ်မက်မမက်ကြပေ..။သူသိသလောက်တော့ ကတ်စီတစ်ယောက်တည်း အိပ်မက်မက်တာပါ..။
သူ ဒီအိပ်မက်အကြောင်းကို သိပ်ပြီး မမှတ်မိတော့ပဲ..လက်ကျန် အပိုင်းအစလေးတွေတောင် သူ့ မှတ်ဥာဏ်ထဲက ကွယ်ပျောက်စ ပြုနေခဲ့ပါပြီ..။
အိပ်မက်ထဲမှာ..မိန်းမတစ်ယောက်က သူ့ရဲ့ ပုခုံးကို ဆုပ်ကိုင်ထားပြီး..မျက်နှာပေါ်မှာ ထိပ်လန့်ကြောက်ရွံ့တဲ့ အမူအရာရှိနေခဲ့ပါတယ်..။သူမက တစ်ခုခု ပြောနေခဲ့ပေမယ့် သူကတော့ ဒါကိုမကြားနိုင်ခဲ့ပါဘူး..။
မဟုတ်ဘူး..မိန်းမတစ်ယောက်မဟုတ်ဘူး..။ဒါက..ဒါက ကတ်စီ မဟုတ်ဘူးလား..။ဟုတ်တယ် ..သူမပဲ...။ပြီးတော့ သူမ ပြောနေတာက....
ဆန်နီ သူ့မှတ်ဥာဏ်ထဲက အပိုင်းအစလေးတွေ မပျောက်ကွယ်သွားခင်မှာ တစ်ခုခုကို ဆက်စပ်ကြည့်ဖို့ တွေးတော့ နေခဲ့ပါတယ်..။
'ဟုတ်တယ်...သူမပြောနေတာက...အာ...'
ရုတ်တရက် သူ ကတ်စီရဲ့ ထိပ်လန့်ပြီး ကြောက်ရွံ့နေတဲ့ အမူအရာနဲ့ သူ့ကို ပြောနေတာကို မှတ်မိလိုက်တယ်..။သူမက တောင်းပန်နေတဲ့ အသံနဲ့ တစ်ကြောင်းတည်းကို ထပ်ခါထပ်ခါပြောနေခဲ့တာပါ..။
"....နင်မှတ်ထားရမယ် ဆန်နီ ,နံပါတ် ငါး ....အဲတာက နံပါတ်ငါး ပဲ..။နင် မှတ်ထားမှ ဖြစ်မယ်..အဲတာက နံပါတ် ငါး ပဲ..."
'ဘယ်လို ထူးဆန်းတဲ့ အိပ်မက်လဲ...'
ဆန်နီ နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ ကတ်စီကို လှမ်းကြည့်ပြီး ခေါင်းခါယမ်းလိုက်တယ်..။ဒီအရာက အိပ်မက်လား..ထူးဆန်းတဲ့ မြင်ကွင်းလား ဆိုတာကိုတော့ သူ သေချာမသိပါဘူး..။
' ကောင်းပြီ...သူတို့ နိုးလာတဲ့ အချိန်မှ..ပြောပြ...'
သူ့ရဲ့အတွေးတွေကို ..အရိပ်ရဲ့ စိတ်မရှည်ပဲ လက်ဝေ့ယမ်းပြမူတွေက ကြားဖြတ်ဝင်လာခဲ့ပါတယ်..။
'အိုး ဟုတ်သားပဲ..ကောင်းကင်ပေါ်မှာ ခြိမ်းခြောက်မူ ရှိနေတယ်..'
ချက်ချင်းပဲ ဆန်နီ ထူးဆန်းတဲ့ မှတ်ဥာဏ်တွေကို မေ့သွားခဲ့တယ်..။တကယ်တော့ သူက ဒီအရာက ထူးဆန်းသလို အရေးလည်းကြီးနိုင်တယ် ဆိုတာကို မေ့နေခဲ့တာပါ..။
မတ်တတ်ရပ်နေရင်းကနေ ဆန်နီဟာ ညသန်းခေါင် အမြုတေကို ထုတ်လိုက်တယ်..။သူ့ရဲ့ တိတ်တဆိတ် လှုပ်ရှားမူအောက်မှာပဲ နစ်ဖီဟာ န်ိုးလာခဲ့ပါတယ်..။သူမဟာ သူ့က်ို မေးခွန်းထုတ်တဲ့ အကြည့်တွေနဲ့ ကြည့်လိုက်တယ်..။
ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး..
"ငါလည်း မသိသေးဘူး..။ငါ စစ်ဆေးလိုက်မယ် နင် ကတ်စီ နဲ့ နေပေးလိုက်.."
မိန်းကလေးတွေကို ထားခဲ့ပြီး ဆန်နီ ထွက်သွားခဲ့တယ်..။သူက ကျွန်းရဲ့ တစ်ဖက် သစ်ပင်ကြီးရဲ့ အကိုင်းတွေနဲ့လွတ်ပြီး ကောင်းကင်ကို မြင်ရတဲ့ နေရာကို သွားနေခဲ့တာပါ..။
ပုံမှန်အားဖြင့် သူကိုယ်တိုင်ထွက်လာမယ့် အစား အရိပ်ကို ထွက်ခိုင်းလို့ရပါတယ်..။သ်ို့ပေမယ့် အန္တရာယ်အခြေအနေတွေမှာ အသုံးပြုလို့ရအောင် ဆန်နီဟာ အရိပ်ကို ဘေးနားမှာသာ ထားထားခဲ့တယ်..။
သူ အရှေ့ဘက်အစွန်းကို ရောက်တာနဲ့ သစ်ပင်ရိပ်နဲ့ ကွယ်ပြီး ကောင်းကင်ကို လှမ်းကြည့်လိုက်ပါတယ်..။
ကျယ်ပြန့်တဲ့ အညိုရောက် ကောင်းကင်ထက်မှာတော့ သေးငယ်တဲ့ အနက်ရောင်အစက်ကလေး တစ်စက်ဟာ ကျွန်းအထက်မှာ လှည့်ပတ်ပျံသန်းနေခဲ့တယ်..။
ဆန်နီ စိတ်တွေလေးလံလာခဲ့တယ်..။ဒီတောင်ပံ သားရဲတွေ ပထမဆုံးပေါ်လာတုန်းကလည်း ဒီအတိုင်းပါပဲ..။
သူ အရိပ်ကို ဆက်ပြီး စောင့်ကြည့်ခိုင်းထားကာ ကတ်စီနဲ့ နစ်ဖီ တို့ဆီ ပြန်လာခဲ့တယ်..။
"အခုတောါ သူက ကောင်းကင်ထက်မှာ ပျံသန်းနေတယိ..။ဒါက အဲ့တုန်းက သားရဲနဲ့ တူတူပဲလား..ပြီးတော့ ဘယ်အချိန် ကျွန်းပေါ်ကို ဆင်းမှာလဲ ဆိုတာကိုတော့ ငါလည်းမသိဘူး.."
ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ မျက်မှောင်ကျုတိလိုက်တယ်..။
"ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက သူက သက်ရှိတွေကို လိုက်မရှာခဲ့ဘူး..။သူက သားရဲတွေကိုပဲ စားတာဖြစ်နိုင်တယ်..။ဲဒါကြောင့် သူက ကြေးခွံနတ်ဆိုးရဲ့ အလောင်းကိုပဲ စိတ်ဝင်စားလောက်တယ်.."
ကတ်စီ သူမရဲ့ အမြင်ကိုပြောလိုက်တယ်..။
"ဖြစ်နိုင်တာက ငါတို့က အရမ်းအားနည်းလို့အာရုံမခံနိုင်တာလား..။ဘာပဲဖြစ်ဖြစ် သူက ငါတို့တစ်ခြား သတ်ခဲ့တဲ့ ကြေးခွံသားရဲအလောင်းတွေဆီကို တစ်ခါမှ မလာခဲ့ဘူးလေ.."
ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။
"အရင်တစ်ခေါက်လာတုန်းက ကြေးခွံသားရဲခေါင်းဆောင်အတွက်လာခဲ့တာလေ..။ဒါပေမဲ့ သူ ပြန်တဲ့ အချိန်မှာ ကြေးခွံသားရဲတွေကိုပါ ယူသွားခဲ့တယ်..။ဒီတော့ သူက ငါတို့ကိုလည်း မစားပါဘူးလို့ တွေးလို့မရဘူး.."
နစ်ဖီ စဥ်းစယးပြီးပြောလိုက်တယ်..။
"ဟုတ်တယ်..အကောင်းဆုံးကတော့ ကြေးခွံနတ်ဆိုး နဲ့ ဝေးဝေးမှာနေဖို့ပဲ..။ပြီးတော့ သူ ဆင်းလာတဲ့ အချိန်မှာ ပုန်းနေကြရမယ်.."
ယင်းနောက် သူမ ထပ်ပြောလိုက်ပါတယ်..။
"ဒါပေမဲ့ အဲတာက အရင်တစ်ခေါက်တုန်းက သားရဲပဲလား ဆိုတာကို ငါတို့အတည်ပြုဖို့လိုတယ်လေ.."
ဒီ လောဂျစ်က ငြင်းခုန်စရာ အကြောင်းမရှိပါဘူး..။ဒီတော့ ဆန်နီဟာ သူ့အရိပ်ရှိတဲ့နေရာကို ဦးဆောင်ခေါ်သွားလိုက်တယ်..။သူတို့ ထိုင်ချလိုက်ပြီး ကောင်းကင်မှာလှည့်ပတ် နေတဲ့ အစက်ကလေးကို စောင့်ကြည့်နေကြပါတယ်..။
ဒီအစက်အပျောက်ကလေး အောက်ကို ရောက်လာရင် ဒီဟာက သူတို့တွေခဲ့တဲ့ သားရဲအမျိုးအစားပဲလားဆိုတာကို သေချာမြင်တွေ့ကြရမှာပါ..။သို့ပေမယ့် သူက သစ်ပင်ကြီးနားကို လုံးဝ ကပ်မလာခဲ့ပဲ..အောက်ကိုဆင်းလာဖို့အတွက် တွေဝေနေတဲ့ပုံပါပဲ..။
ပိုဆိုးတာက နာရီတွေ ကြာသွားတဲ့အချိန်မှာ နောက်ထပ်သားရဲ နှစ်ကောင်က ထပ်ရောက်လာခဲ့ပါတယိ..။အခုတော့ အစက်ကလေး သုံးခုဟာ ကောင်းကင်မျာ ဝဲပျံနေခဲ့ပြီး ဆန်နီကို ရင်တွေ တဒိတ်ဒိတ်ခုန်နေစေခဲ့တယ်..။
ဒီသားရဲတွေ ကြေးခွံသားရဲခေါင်ေဆာင်ရဲ့ ကြေးခွံကို ဘယ်လိုမျိုး အလွယ်လေး ဆွဲခွာခဲ့လဲဆိုတာ အခုထိ မှတ်မိနေတုန်းပါပဲ..။ဒီသားရဲတွေက အနည်းဆုံးတော့ ကြေးခွံနတ်ဆိုးလောက် ခွန်အားရှိနိုင်ပြီး အဲ့ထက်တောင်ပိုနိုင်ပါသေးတယ်..။
ပြီးတော့ အခုက သုံးကောင်တောင် ရှိနေခဲ့ပါပြီ..။
'သေချာ ပုန်းနေမှဖြစ်တော့မယ်..'
ဆန်နီ ချွေးပျံလာပြီး တွေးလိုက်တာပါ..။
သို့ပေမယ့် ဒီပျံသန်းနေတဲ့ မွန်းစတားတွေက အဖြူရောင်တောင်ကုန်းဆီ ကပ်လာဖို့ အတားအဆီးဖြစ်နေကြတဲ့ပုံပါပဲ..။သူတို့က လှည့်ပတ် ပျံသန်းနေကြပြီး တစ်ခါတစ်လေ အနားကပ်ဖို့ ကြိုးစားကြပေမယ့် ခနကြာရင် အမြင့်ကို ပြန်ပြန်ရောက်သွားကြတာပါ..။သူတို့ရဲ့ အပြုအမူတွေက အတော်လေးကို ထူးဆန်းပါတယ်..။
အချိန်တစ်ချိုကြာပြီးနောက်မှာ ကတ်စီ တိတ်တဆိတ်ပြောလိုက်တယ်..။
"သူတို့ ဗိုက်မဆာတာလည်း ဖြစ်နိုင်ပါတယ်..။
ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။အိပ်မက်ဆိုးသားရဲတွေက ဗိုက်မဆာသေးဘူးဆိုတာ ဖြစ်နိုင်ပါ့မလား..
တစ်ဖက်မှာ သူကတော့...
"ဒီ ပန်းရောင်ကြက်တွေတော့ မသိဘူး..ငါကတော့ ဗိုက်အရမ်းဆာနေပြီ.."
ဒါကအမှန်တရားပါ..။သူတို့သုံးယောက်စလုံး မနေ့ညကတည်းက ဘာမှမစားရသေးပါဘူး.။ဆန်နီ အနေနဲ့ကတော့..ဒီသားရဲတွေ ကျွန်းပေါ်ကို ဆင်းလာတဲ့ အချိန်မှာ သူ့ဗိုက်က မြည်လာပြီး သူတို့ရဲ့ တည်နေရာကို တွေ့သွားမှာ စိုးရိမ်နေခဲ့တာပါ..။
နစ်ဖီ သူ့ကိုကြည့်ပြီး မေးလိုက်တယ်..။
" ကြက်ကင် မစားချင်ဘူးလား..."
ဆန်နီ မျက်လုံးပြူးကျယ်သွားခဲ့တယ်..။
"အဲတာကို စိတ်တောင်မကူးနဲ့.."
သူမဟာ သူ့ကိုစိုက်ကြည့်လိုက်ပြီး ပြုံးကာ တစ်ဖက်ကို လှည့်သွားခဲ့ပါတယ်..။
'ဒါက...ဟာသ ပြောတာလား..။သူမက ဟာသ ပြောတတ်တယ်လား...'
အဆုံးမတော့ သူတိုထိပ်လန့်နေတဲ့ အရာက ဖြစ်မလာခဲ့ပေ..။နေဝင်ခါနီး အချိန်ရောက်လာတဲ့ အခါမှာတော့ ကောင်းကင်ပေါ်က သားရဲသုံးကောင်ဟာ ဆုံးဖြတ်ချက်ချလိုက်ပြီး အနောကမဘက်က်ို ပျံသန်းသွားလိုက်ကြပါတယ်..။သူတို့က ကျွန်းရဲ့အနီးနားလေးကိုတောင် နိမ့်ပြီး ပြန်မလာခဲ့ပေ..။
"သူတို့သွားပြီ.."
မျက်မမြင်မိန်းကလေးဟာ ဒါကိုကြားမှ စိတ်သက်သာရာရသွားခဲ့ပါတယ်..။
"ကောင်းကင်ဘုံကို ကျေးဇူးတင်ပါတယ်..။ဒီမှာ ထိုင်စောင့်နေရတာက ချောက်ကမ်းပါးမှာ တွေ့တဲ့ တစ်ကောင်ကို ပုန်းနေရတာထက် ငါးဆလောက် ပိုပြီး ဆိုးဝါးတယ်.."
အကြောင်းပြချက်တစ်ချို့ကြောင့် ဆန်နီ ပြန်မေးလိုက်တယ်..။
"ဘာ...ဘာပြောလိုက်တာ.."
"ငါပြောတာက သူတို့အောက်ကို ဆင်လာမလား စောင့်နေရတာက ပိုပြီး ပင်ပန်းတယ်လို့.."
သူ ဘာလို့ ထူးဆန်းသွားရတာလဲ ဆန်နီကိုယ်တိုင် တောင် မသိခဲ့ပေ..။သူမက်ခဲ့တဲ့ အိပ်မက်က ကတ်စီပြောလိုက်တဲ့ နံပါတ် ငါးနဲ့ တူနေလို့လား.."
"အိုး ဟုတ်တယ်.."
ယင်းနောက် သူ နစ်ဖီဘက်ကို လှည့်လိုက်ပြီး..
"ငါတို့အခုဘာလုပ်ကြမလဲ.."
ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ အစက်ကလေးတွေ ပျောက်ကွယ်သွားတဲ့ အနောက်ဘက် အရပ်ကို ကြည့်နေခဲ့တယ်..။
"ကျွန်းရဲ့ အနောက်ဘက်ကို စစ်ဆေးပြီး နောက်ထပ် အမြင့်တစ်နေရာကို ဆုံးဖြတ်ကြရအောင်.."
ဆန်နီ ဘာမှ ကန့်ကွပ်စရာ မရှိခဲ့ပေ..။
ကတ်စီပြုံးလိုက်ပြီး..
"အကြံကောင်းပဲ..ဘယ်သူသိမှာလဲ..။ဖြစ်န်ိုင်တာက ငါတို့ နောက်ဆုံးမှာ ရဲတိုက်ရဲ့နံရံတွေကိုတောင် လှမ်းမြင်နိုင်လောက်တယ်လေ.."
***
မကြာခင်မှာပဲ သူတို့ ကျွန်းကို ဖြတ်သွားပြီး အနောက်ဘက် အစွန်းနားကို ရောက်လာခဲ့ကြတယ်..။
ပထမဆုံး နစ်ဖီက တက်သွားတာကြောင့် အမြင့်ကို အရင်ရောက်သွားခဲ့ပါတယ်..။
ဆန်နီ သူ့နောက်မှနေပြီး တစ်ခုခု မှားယွင်းနေတာကို ခံစားလိုက်ရတယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ အမူအရာက ထူးဆန်းနေပြီး..ရုတ်တရက် ကျောက်တုံးတစ်တုံးဖြစ်သွားသလိုပါပဲ..။
အပေါ်ကို ရောက်တဲ့ အချိန်မှာတော့..သူ နစ်ဖီ ရဲ့ မချိပြုံးပြုံးနေတဲ့ မျက်နှာကို စိုးရိမ်စွာကြည့်လိုက်တယ်..။သူမ ဒီလိုဖြစ်နေတာကို သူ အရင်တုန်းက တစ်ခါမှ မမြင်ဖူးပါဘူး..။
သူခေါင်းကို လှည့်ပြီး အနောက်ဘက်ကို ကြည့်လိုက်တဲ့ အခါမှာတော့ မျက်လုံးတွေ ကျဥ်းမြောင်းသွားခဲ့ပါပြီ..။သူ့ မျက်နှာက ချက်ချင်းပဲ မဲနက်သွားခဲ့တယ်..။
ဆန်နီ အံကိုကြိတ်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့ပါတယ်..။သူ့ခေါင်းထဲမှာတော့ စကားလုံး တစ်ခုတည်းသာ ဆက်တိုက်ထွက်ပေါ်လာခဲ့တယ်..။
'ချီးပဲ..ချီးပဲ...ချီးပဲ..'