← Chapters

မိတ်ဆွေဟောင်း

Vol. 78 Ch. 1084

မိတ်ဆွေဟောင်း

Vol. 78 Ch. 1084

ပထမ ခရီးစဉ်နှင့် ခြားနားစွာပင် ဤခရီးစဉ်တွင်တော့ လျူစုယင်မှာ အတော်လေး စကားပြောခဲ့ပေသည်။ သူမနှင့် ဝေ့ဝူယင်တို့မှာ ခေါင်းစဉ်ပေါင်းများစွာကို အသေးစိတ် ကျကျ ဆွေးနွေးခဲ့ကြသည်။ အစပိုင်း၌ ဝေ့ဝယင်မှာ မောက်မာကာ အမြင်ကတ်စရာ ကောင်းသူ တစ်ယောက်ဟု လျူစုယင် ယူဆခဲ့သည်။ သို့သော်လည်း... လူငယ်မှာ စူးစမ်းရှာဖွေမှုကို နှစ်သက်ကာ မဆုတ်မနစ် ကြိုးပမ်းသူ တစ်ယောက် ဖြစ်ကြောင်း သူမ သိရှိလာရသည်။

ဂိုဏ်းချုပ်မှာ သူမအား ဝေ့ဝူယင်၏ သိလိုစိတ်များကို နှိုးဆွပေးရန်နှင့် အာကာသ ခရီးသွားဂိုဏ်းမှ ချီးမြှင့်သော အကျိုးအမြတ်များကို မီးမောင်းထိုးပြရန် အမိန့်ပေးခဲ့သည်။ ပထမ၌ ထိုရှင်းပြမှုကို တာဝန်တစ်ခု အဖြစ်သာ သူမ သဘောထားခဲ့သော်လည်း ထိုငွေရောင် မျက်ဝန်းများနှင့် လူငယ်မှာ ကျင့်ကြံခြင်း၏ ခေါင်းစဉ်များစွာကို စတင်ခဲ့လေသည်။ ထိုအခါ... ဆွေးနွေးပွဲ၏ အဟုန်တစ်ခုလုံးမှလည်း တမုဟုတ်ချင်း ပြောင်းလဲ သွားခဲ့လေသည်။

“တည်ငြိမ် အကာကသတွေက သဏ္ဌာန်နဲ့ တည်ငြိမ်မှုတွေပေါ်ကိုတင် မှီခိုနေတာ မဟုတ်ဘူး... မန်နာ၊ စွမ်းအင်နဲ့ အမတေတွေရဲ့ သိပ်သည်းဆနဲ့ ပေါင်းစပ်မှုပေါ်မှာလည်း မူတည် နေသေးတယ်”

"မန်နာမှာ ဆန္ဒ မရှိဘူး.. ဒါပေမဲ့ အဲဒါကို အာရုံခံလိုက်မယ် ဆိုရင် ထိတွေ့ဆက်ဆံလို့ ရတဲ့ အရမ်းကို သိမ်မွေ့တဲ့ ဗီဇ တစ်ခု ရှိနေတာ တွေ့ရလိမ့်မယ်”

“မူလ အလင်းရင်းမြစ်ကို ပြောင်းလဲလို့ မရဘူးလို့ ဆိုကြတယ်... ဒါပေမဲ့ သီအိုရီ တစ်ခုခု ဒါမှမဟုတ် နည်းလမ်း တစ်ခုခု ပေါ်ထွက်လာသင့်တယ် ကျုပ် ငါထင်တယ်”

ဝေ့ဝူယင် ဘယ်ခေါင်းစဉ်ကို ဆွေးနွေးစေကာမူ သူ၏ ထူးခြားသော အမြင်က သူမ အတွက် အလွန် အကျိုး ရှိလှ၏။ သူမလို လျှို့ဝှက်ဘ အာဏာရှင် အဆင့် တစ်ယောက် အတွက် ဖော်ပြဖို့ ခက်ခဲလှသည့် မန်နာ၏ သိမ်မွေ့သော ဗီဇ ကဲ့သို့သော စကားလုံးများ ရှိပေသည်။ သို့သော်လည်း... ဝေ့ဝူယင်မှာ ထိုစကားလုံးများကို ပြီးပြည့်စုံစွာ ရှင်းပြနိုင်ခဲ့သည်။

အချိန်နှင့် အမျှ သူတို့၏ ဆွေးနွေးဝိုင်းမှာ အမျိုးမျိုးသော အကြံများ၊ ယုံကြည်မှုများနှင့် အတူ ပိုမို အရှိန်မြင့်တက် လာခဲ့၏။ နာရီပေါင်းများစွာ ကြာအောင် သူတို့ နှစ်ယောက်မှာ ဆွေးနွေး ဖလှယ် နေခဲ့ကြသည်။ နေ့ရက်များ ဖြတ်ကျော်သွားသော အခါတွင်တော့ မိန်းကလေး၏ မျကဝန်းများထဲမှ အေးစက်စက် အလင်းတန်းမှာ စိတ်ဝင်စားသည့် အလင်းရောင်များ အဖြစ် ပြောင်းလဲ သွားခဲ့လေသည်။

“ဒါပေမဲ့ အပျက်အစီး အာကာသကတော့ ပျက်စီးခြင်း၊ ကွဲပျက်ခြင်း၊ မတည်ငြိမ်ခြင်း စတဲ့ စွမ်းအားတွေနဲ့ ပြည့်နှက်နေတာ မလား... အဲ့တာက ဘယ်လို ဖြစ်ရတာလဲ...”

မိန်းကလေးမှာ မေးခွန်းများ မေးလာကာ ဆယ်စုနှစ်ချီ ပဟေဠိများကိုပင် အဖြေထုတ်ဖို့ ကြိုးပမ်း လာခဲ့၏။ ပုံမှန်၊ တည်ငြိမ်နှင့် အပျက်အစီး အာကာသ နယ်မြေများ အကြောင်း ရှင်းပြရာ၌ ဝေ့ဝူယင်မှာ ပါမောက္ခ တစ်ယောက် သဖွယ်ပင် ဖြစ်သည်။

“အပျက်အစီးကို ဖြစ်ပေါ်စေခြင်းအားဖြင့် အသုံးချနိုင်တဲ့ နယ်မြေ အသစ်တွေ ဖြစ်ပေါ်လာနိုင်တယ်... ဥပမာ အာကာသရဲ့ အမှတ်နှစ်ခုကို ပြိုလဲစေလိုက်မယ် ဆိုရင် သူတို့ကြားမှာ တည်တည်ငြိမ်ငြိမ် ဖြတ်သန်း သွားလာနိုင်တဲ့ လမ်းကြောင်းတစ်ခု ပေါ်လာလိမ့်မယ်...”

ဝေ့ဝူယင်မှာ အာကာသ ပေါင်းစည်းခြင်း သီအိုရီနှင့် ပတ်သက်ပါက ဆရာသခင် သဖွယ် ဖြစ်သည်။ အထူးသဖြင့် ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်း၊ ဟင်းလင်းပြင် ဂိတ်တံခါး၊ ဟင်းလင်းပြင် ပေါ်တယ် စသည်တို့ အကြောင်း ပြောဆိုချိန်တွင် ဖြစ်သည်။

စကားဝိုင်းမှာ တစ်ဖက်သတ်တော့လည်း မဟုတ်ချေ။ လျူစုယင်မှာ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်သည်။ သူမ၏ အသိပညာ ဗဟုသုတများထဲတွင် အာကာသ ဝေဟင်ဂိုဏ်း၏ အပြောကျယ်လှသော အချက်အလက်များ ပါဝင်နေပေသည်။ သူမ၏ နှုတ်ခမ်းမှ ထွက်ပေါ်လာသမျှ စကားလုံးတိုင်းမှာ အတော်လေး အဖိုးတန်လှပေသည်။

ဥပမာအားဖြင့် လူသား သွေမျိုးနွယ် ကိစ္စ...။

လင်းကျိရန်၏ ဇာတ်လမ်းကို နားထောင်ပြီးနောက်တွင် လူသား သွေးမျိုးနွယ် အကြောင်းကို ဝေ့ဝူယင် အလွန် သိချင်နေခဲ့သည်။ ထိုမိန်းကလေးမှာ ကျင့်ကြံခြင်း ဝိညာဉ်များကို နှစ်ပိုင်းခွဲပစ်နိုင်သည့် မျိုးဆက် တစ်ခုမှ ဆင်းသက်လာခြင်း ဖြစ်သည်။

ကျင့်ကြံခြင်း လောကတွင် ထိုကဲ့သို့ သမာရိုးကျ အစဉ်အလာများကို ဆန့်ကျင်ပစ်နိုင်သည့် မျိုးဆက်များ ရှိနေသည်လား။ သူတို့က လူသား စစ်စစ်များရော ဟုတ်ပါသလား။

ဝေ့ဝူယင် လက်ခံရရှိလိုက်သည်က လူသား သွေးမျိုးဆက်မှာ နတ်ဆိုတစ်ပိုင်း၊ သားရဲတစ်ပိုင်း (ရှို့ရန်) များ ကဲ့သို့ပင် ပြောင်းလွယ်ပြင်လွယ်နှင့် လက်ခံလွယ်ခြင်း ဖြစ်သည်။ မည်မျှပင် ကွဲပြားသည့် အသွင် သဏ္ဌာန်များ ရှိစေကာမူ လူသားနှင့် ဆင်တူပါက ထိုမျိုးနွယ်တွင် လူ့တစ်စိတ်တစ်ပိုင်း ပါဝင်သည်ဟု သတ်မှတ်နိုင်သည်။

ဥပမာအားဖြင့် တရှန်းမှာ ခရမ်းရောင် တောင်တန်း နတ်ဆိုး မျိုးနွယ်ဝင် တစ်ယောက် ဖြစ်သည်။ ထို့အတူ တိုက်တန် မျိုးနွယ်နှင့် လူသား တို့၏ ဝေးကွာလှသော မျိုးဆက် တစ်ခုလည်း ဖြစ်သည်။ ထိုကွဲပြား ခြားနားမှု အတိုင်းအတာမှာ သူမ မွေးဖွားမလာခင် အချိန် အထိ မသေချာခဲ့ချေ။ ၎င်းက သူတို့ သွေးမျိုးဆက်ကို မည်ကဲ့သို့ ရရှိသည် ဆိုသည့် အပေါ်တွင် များစွာ မူတည် နေပေသည်။

ဥပမာအားဖြင့်... ကျူးဟိုင် ကဲ့သို့ လူသားနှင့် ရှေးဟောင်း သားရဲများ ရောနှောထားသည့် ရှို့ရန်များ ရှိနေပေသည်။ သို့သော်လည်း... ကျူးဟိုင်မှာ သားရဲ တစ်ကောင်ထက် လူသား တစ်ယောက်နှင့်သာ ပိုမို ဆင်တူသည်။ အခြားတစ်ဖက်၌... သူ၏ ကျင့်ကြံခြင်း လမ်းစဉ်ကတော့ ရှို့ရန် လမ်းစဉ်သာ ဖြစ်သည်။ ထိုအရာက သူတို့၏ တိုးတက်မှုတွင် မွေးရာပါ ချို့ယွင်းချက်များကို ဖြစ်ပေါ်စေသည်။

‘ငါနဲ့ မတူတာက ကျူးဟိုင်ရဲ့ ကျင့်ကြံခြင်း ဝိညာဉ်ကို သွေးအမတေကနေ ဖန်တီးတဲ့ လျှို့ဝှက် အမှတ်အသားနဲ့ တည်ငြိမ်အောင် လုပ်မထားတာပဲ... ဒါကြောင့်ပဲ ကျင့်ကြံခြင်း လောကရဲ့ သမိုင်းမှာ ရှို့ရန်တွေရဲ့ ကပ်ဘေး အကြောင်း မှတ်တမ်းတွေ မရှိတာလား”

ဝေ့ဝူယင် တိတ်တဆိတ် တွေးလိုက်မိ၏။ နဂါးငွေ့တန်း ကြယ်ကွင်းပြင်၏ နှစ်ပေါင်း ထောင်ချီ သမိုင်းကြောင်း၌ အယ်ဗန်များ၊ နတ်ဆိုးများ၊ လူသားများ အားလုံးမှာ လျှို့ဝှက် အာဏာရှင် အဆင့်ကို ထာဝရ ဧကရာဇ်၏ အကူအညီဖြင့် ရောက်ခဲ့ကြသော်လည်း မည်သည့် ရှို့ရန်ကမှ ထိုစာရင်းထဲတွင် မပါဝင်ခဲ့ပါချေ။

ထာဝရ ဧကရာဇ် မကြိုးစားခဲ့သည်တော့ မဟုတ်ချေ။ သူ ကြိုးစားခဲ့သည်။ ထာဝရ ဧကရာဇ်မှာ ရှို့ရန်များကို သူ၏ စဦး ရှုံးနိမ့်မှုများထဲမှ တစ်ခု အဖြစ် သတ်မှတ်ကာ မနှစ်သက်ကြောင်း၊ သူတို့နှင့် ဝေးဝေးနေခဲ့ကြောင်း ပြောပြခဲ့ဖူးသည်။ ထို့အပြင်... ရှို့ရန်များမှာ တစ်ချိန်တုန်းက ကျင့်ကြံခြင်း လမ်းစဉ် နှစ်ခုကို တစ်ပြိုင်နက်တည်း လျှောက်လှမ်းခဲ့ဖူးကြောင်းလည်း ဝူယုက ပြောပြခဲ့ဖူးသည်။ သို့သော်လည်း... ဘယ်တစ်ခုကမှ သူတို့နှင့် အံမဝင်ခဲ့ပါချေ။

သို့ဖြစ်လေရာ... နောင်အနာဂတ်တွင် ကျူးဟိုင် ရင်ဆိုင်ရမည့် အတားအဆီးများကို ဝေ့ဝူယင် ခံစားမိပြီး ဖြစ်ပေသည်။ သူ ထိုမွေးရာပါ ချို့ယွင်းချက်ကို ဖြေရှင်းရပေလိမ့်မည်။ ကံကောင်း ထောက်မစွာပင် ထိုချို့ယွင်းချက်မှာ အာကာသ ဝေဟင်ဂိုဏ်းအတွင်း လူသိများသည့် အရာတစ်ခု ဖြစ်နေခဲ့ပေသည်။

ဝေ့ဝူယင်နှင့် လျူစုယင်တို့မှာ ထိုချို့ယွင်းချက် မည်ကဲ့သို့ ဖြစ်ပေါ်လာကြောင်း၊ အဘယ်ကြောင့် ဖြစ်ပေါ် လာရကြောင်း ဆွေးနွေး ခဲ့ကြသည်။ ဖြစ်နိုင်‌ချေ ရှိသည့် ချဉ်းကပ်နည်းများနှင့် သီအိုရီများ ထုတ်ခဲ့ကြသည်။ သူမ၏ အဆိုအရ ဆိုလျှင်... အဇူရာ မူလ ကြယ်စင်စု၌ ရှို့ရန်များမှာ ကျွန်ပြုခံထားရသည်ဟု ဆိုသည်။

သူတို့ကို အဆင့်နိမ့် မျိုးနွယ်များ အဖြစ် ယူဆ ထားကြကာ အယ်ဗန်မျိုးနွယ်ဝင်များလည်း အတူတူပင် ဖြစ်သည်။ လူသား၊ တိုက်တန်နှင့် ကောင်းကင်တို့ကတော့ အဆင့်မြင့် မျိုးနွယ်များ ဖြစ်ကြပေသည်။ အယ်ဗန်မျိုးနွယ်ဝင်များအား အဘယ်ကြောင့် သေးနုတ်သည်ဟု ယူဆကြကြောင်း ဝေ့ဝူယင် စဉ်းစား မရချေ။ လျူစုယင်ကို မေးပြန်တော့လည်း သူမတွင် အဖြေ မရှိချေ။ ၎င်းက သူမ အတွက် အရေးမကြီးသည့် ခေါင်းစဉ် တစ်ခု ဖြစ်လေရာ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးချေ။

ထို့အပြင်... အပြင်လောက၌ အခြား အဆင့်နိမ့် မျိုးနွယ် နှစ်ခုလည်း ရှိသေးသည်ဟု ဆိုသည်။ အဆင့်နိမ့် အဆင့်မြင့် မည်ကဲ့သို့ ခွဲခြားကြောင်း မသိရသော်လည်း သူတို့အားလုံးတွင် တူညီသည့် ပြဿနာ တစ်ခုတော့ ရှိပေသည်။ ထိုအရာက ဝိညာဉ် ကျင့်ကြံခြင်း လမ်းစဉ်ကို သုံး၍ လျှို့ဝှက် အာဏာရှင် အဆင့်ကို မတက်ရောက်နိုင်ခြင်း ဖြစ်သည်။

သို့သော်လည်း... ဝေ့ဝူယင် အတွက် တွေးစရာ တစ်ခု ရှိလာခဲ့၏။ အထွတ်အမြတ် အယ်ဗန် ဧကရီမှာ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်ရောက်နိုင်ခဲ့ပေသည်။ ထိုအရာက လွန်ခဲ့သည့် နှစ်ပေါင်း ရှစ်ထောင်ခန့်က ဖြစ်ကာ နောက်ပိုင်း ကာလများတွင်တော့ အယ်ဗန်မျိုးနွယ်ထဲမှ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်မှ ထွက်ပေါ်လာခဲ့ခြင်း မရှိခဲ့ပါချေ။

ဤနေရာတွင် တစ်ခု ထူးခြားသည်က... မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ သမိုင်းကြောင်း၌ အထွတ်အမြတ် အယ်ဗန် ဧကရီ အကြောင်း‌ တစ်ခွန်းတစ်ပါဒမျှ ရေးထိုးထားသည့် မှတ်တမ်းများကို မတွေ့မမြင်ရခြင်း ဖြစ်သည်။

ဝေ့ဝူယင် အထွတ်အမြတ် အယ်ဗန် ဧကရီ အကြောင်း လျူစုယင်ထံတွင် စုံစမ်းခဲ့သေးသော်လည်း မိန်းကလေးထံမှ အဖြေက ဝိုးဝဝါးမျှသာ ဖြစ်သည်။ သူမ သိထားသလောက် ဆိုလျှင် ချိပ်ပိတ် နယ်မြေ၏ သမိုင်းကြောင်းထဲ၌ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းနိုင်ခဲ့သည့် ရှို့ရန်နှင့် အယ်ဗန်မျိုးနွယ်များ မရှိပါချေ။ ထာဝရ လျှို့ဝှက် ခြေချခြင်း ဆေးလုံးပင် သူတို့ကို မကူညီနိုင် ဟု ဆိုသည်။

“...”

ထိုအရာက ဝေ့ဝူယင်ကို စိတ်ရှုပ်ထွေး သွားစေခဲ့သည်။ ထိုဆွေးနွေးဝိုင်းများမှာ လောက၏ လျှို့ဝှက်ချက် အများအပြားကို သူ့အတွက် ဖြေရှင်းပေးခဲ့ပေသည်။ သို့သော်လည်း... တစ်ချိန်တည်း၌ များစွာသော မေးခွန်းများကိုပါ ထပ်မံ မွေးဖွားလာစေခဲ့လေသည်။

‘အဲဒါနဲ့ ဆိုရင်ရော ဘယ်လို ရလဒ် ထွက်မှာလဲ...’

ဝေ့ဝူယင် အထွတ်အထိပ် အဆင့် အရည်အသွေး ရှိသည့် ထာဝရ လျှို့ဝှက် ခြေချခြင်း ဆေးလုံး အကြောင်း တွေးလိုက်မိ၏။ ၎င်းနှင့် ဆိုလျှင်ရော အခက်အခဲများကို ဖြတ်ကျော်နိုင်ပါမည်လော။ ထိုဖြစ်နိုင်ချေကို ကျိန်းသေ စမ်းသပ်ရမည်ဟု သူ ဆုံးဖြတ်ထားလိုက်သည်။

ဝေ့ဝူယင် ထိုအကြောင်းအရာများကို ကောင်းကင် စစ်ဝိညာဉ်ထံတွင် မေးမြန်းကြည့်ခဲ့သေးသည်။ ကံမကောင်းမစွာပင် သူမမှာ အဂ္ဂိရတ် တာအိုအကြောင်း နက်ရှိုင်းစွာ နားလည်ခြင်း မရှိချေ။ ဘယ်လိုပဲ ဖြစ်ဖြစ်... သူမ အသေအချာ ပြောနိုင်သည့် အရာတစ်ခုတော့ ရှိခဲ့ပေသည်။ ၎င်းကား “အဂ္ဂိရတ် တာပိုက အကန့်အသတ် မဲ့တယ်” ဟူ၍ပင်။

ဝမ်... ဝမ်...

ကောင်းကင် သင်္ဘောမှာ မကြာခင် ဆင်းသက်လာခဲ့၏။ နောက်ဆုံးပန်းတိုင်ကို ရောက်ရှိဖို့ အတွက် ၎င်းမှာ ခြောက်ရက်နီးပါး အချိန်ယူခဲ့ရပေသည်။ အဆုံးမဲ့ ကောင်းကင် မြို့တွင်း ခရီးစဉ်နှင့် ယှဉ်ပါက အချိန်တို တစ်ခုသာ ဖြစ်သည့်တိုင် ထိုအတောအတွင်း၌ ဝေ့ဝူယင် များစွာသော အရာများကို သင်ယူနိုင်ခဲ့သည်။ တစ်ချိန်တည်း၌ ချိပ်ပိတ် နယ်မြေ၏ သမိုင်းကြောင်းမှာ အလွန်ပင် ရှုပ်ထွေးကာ လျှို့ဝှက်ချက်များစွာ ရှိနေလိမ့်ဦးမည် ဖြစ်ကြောင်း ရိပ်ဖမ်းသံဖမ်း မှန်းဆနိုင်ခဲ့သည်။

ကောင်းကင် သင်္ဘောမှ ထွက်ခွာလာခဲ့ပြီး နောက်တွင် ဝေ့ဝူယင်မှာ အလွန် မြင့်မားသော မျှော်စင်ကြီး သုံးခုနှင့် အဆောက်အဦကြီး တစ်ခုကို တွေ့လိုက်ရလေသည်။ ထိုအဆောက်အအုံကြီး တစ်ခုလုံးမှာ အဇူရာ အရောင်ဖြင့် ခမ်းနား ထည်ဝါစွာ တောက်ပနေကာ ကြည့်ရှုသူတိုင်းကို အံ့သြတုန်လှုပ်သည့် ခံစားချက် တစ်ရပ် ဖြစ်ပေါ် စေနိုင်စွမ်း ရှိသည်။

အဆောက်အဦ၏ အရွယ်အစားက အလွန် ကြီးမားလှခြင်းတော့ မရှိချေ။ အထဲ၌ မိုင်ပေါင်း အနည်းငယ်လောက်သာ ကျယ်ဝန်းလိမ့်မည် ဖြစ်သည်။ ၎င်း၏ ခြေရင်းတွင်တော့ လှေကားထစ်ပေါင်း ရှစ်ဆယ့်တစ်ထစ် ရှိ၏။

ထိုလှေကားထစ်များ၏ အပေါ်ဆုံးထစ်တွင်တော့ အစောင့် နှစ်ယောက် ရှိနေခဲ့လေသည်။ သူတို့က လှံများကို ကိုင်ကာ ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် ရပ်နေခဲ့ကြ၏။ သူတို့၏ လှံသွားများကတော့ အနည်းငယ် ကွာခြားလှကာ တစ်ခုက လခြမ်း ပုံသဏ္ဌာန် ရှိ၍ အခြားတစ်ခုက ပုဆိန်နှင့်ပင် ပိုမို တူနေသေး၏။

တူညီတာ တစ်ခုကတော့ သူတို့ နှစ်ယောက်မှာ အလွန်ပင် ခမ်းနားလှသည့် အော်ရာများကို ပိုင်ဆိုင် ထားကြခြင်း ဖြစ်သည်။

‘မြေကြီး ရှန့်ထိုတွေ....’

ဝေ့ဝူယင် မျက်လုံးများ ပြူးသွားခဲ့၏၊ မြေကြီး ရှန့်ထို နှစ်ဘောက်ကို တံခါးစောင့်များ အဖြစ် ချမှတ်ထားခြင်း... လျူယင်လန်းက မည်သည့် ကစားပွဲများကို ပြင်ဆင်နေသနည်း။

ဝေ့ဝူယင် အံ့အားသင့် နေစဉ်မှာပင် အဆောက်အဦ၏ တံခါးမကြီးက ပွင့်ဟသွားကာ ပုံရိပ် တစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်... အံ့သြသည့် အာမေဋိတ်သံ တစ်ချို့ပါ နောက်ဆက်တွဲ ပါလာခဲ့လေသည်။

“ဟင်.. အဲဒါက မင်းလား...”

ရင်းနှီးပြီးသား ဖြစ်သည့် အသံကို ကြားလိုက်ရသော အခိုက်၌ ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့လေတော့၏။

***

All Chapters