စာကြည့်တိုက်မှူးများ
Vol. 78 Ch. 1089
ဝေ့ဝူယင် ဘာမှ ပြန်မပြောပဲ ချိယုံယွမ်၏ အိတ်ဆီကိုသာ လက်လှမ်းလိုက်၏။ ထို့နောက် သူ့ကိုယ်ပိုင် ပစ္စည်းများ အလား ဘယ်ရီသီး လက်တစ်ဆုပ်ကို နှိုက်ယူလိုက်သည်။ ပြီးသည်နှင့် ပါးစပ် အတွင်း တစ်လုံးချင်း ပစ်ထည့်ကာ ချိုမြိန်မှုကို ခံစားလိုက်တော့၏။ အေးမြသည့် ရေအငွေ့အသက်များက သူ့ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားကာ စိတ်ကို လန်းဆန်းသွားစေသည်။
“ဆောင်းဦး သစ်စေ့တွေ မရှိတော့ဘူးလား...”
ဝေ့ဝူယင် မေးလိုက်၏။ ဆောင်းဦး သစ်စေ့ ဆိုသည်မှာ မြေကြီးဓာတ် စွမ်းအင် အလွန်အမင်း ကြွယ်ဝကာ အလယ်အလတ် အဆင့် မြေကြီး ရည်ရွယ်ချက်ကို သယ်ဆောင်ထားသည့် အခွံမာသီးများပင် ဖြစ်လေသည်။
ချိယုံယွမ်က အကူအညီ ကင်းမဲ့ဟန်ဖြင့် သက်ပြင်းချလိုက်၏။
“မင်း အကုန်စားသွားတာလေ... ကောင်လေး... မင်းရဲ့ အစားကျူးတဲ့နှုန်းက ငါ့ထက် ဆိုးနေပြီ... အစားကျူးသူ ဆိုတဲ့ ငါ့ရဲ့ ဘွဲ့ထူးဂုဏ်ထူးကို မင်းကို လွှဲပေးရတော့မယ် ထင်တယ်”
လူအိုကြီး၏ စကားလုံးများက မကျေနပ်ခြင်းများနှင့် ပြည့်နှက် နေပေသည်။ သို့သော်လည်း... သူ အမှန်တကယ် စိတ်မရှိကြောင်း ဝေ့ဝူယင် ပြောနိုင်ပေသည်။
ယင်းကဲ့သို့ ထူးထူးဆန်းဆန်း အရာဝတ္ထုများအား သူ့ကဲ့သို့ စားသုံးနိုင်သူ တစ်ယောက် ရှာတွေ့ရန်မှာ အလွန်ပင် ခက်ခဲလွန်းလှသည်။ လျှို့ဝှက် အာဏာရှင် အဆင့် အချို့ပင် အစာချေဖျက်ရ ခက်ခဲသော သဘာဝကြောင့် စားသုံးရန် ဝေးဝေးရှောင်လိမ့်မည် ဖြစ်သည်။ ချွင်းချက် အနေဖြင့် ခန္ဓာကိုယ် အလွန် သန်မာကာ ရုပ်ပိုင်းဆိုင်ရာ သန့်စင်လှသော လူများသာလျှင် ၎င်တို့ကို စားသုံးနိုင်ပေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဝေ့ဝူယင် အတွက်တော့ ၎င်းတို့က အရသာ ရှိသည့် သစ်သီး ဝလံများသာ ဖြစ်ပေသည်။
ဝေ့ဝူယင်က နောက်ထပ် လက်တစ်ဆုပ် ထပ်နှိုက်လိုက်၏။ ချိယုံယွမ် ပိုင်ဆိုင်ထားသည့် အိတ်များ၊ ကယားများမှာ လွတ်လပ်သည့် အာကာသ ဟင်းလင်းပြင်များ ဖြစ်ကာ များပြား လှစွာသော အစားအစာများ၊ ပစ္စည်းများကို သိုလှောင်ထားနိုင်ပေသည်။ ထိုကဲ့သို့ ရတနာ အချို့ ကိုယ်ပိုင် ဖန်တီးရမည် ဟု ဝေ့ဝူယင် စိတ်ထဲမှ တွေးလိုက်မိ၏။
နေသွေးနီနီဂိုဏ်းမှာ ရှိတုန်းက ဆိုလျှင် အစားအသောက်ကောင်းများ၊ ဝိုက်တစ်ခွက်နှင့် မကြာခဏ ဆိုသလို သူ အနားယူလေ့ ရှိခဲ့သည်။ ၎င်းမှာ သူ့ဘဝ တစ်လျှောက် အခမ်းနားဆုံးသော ပျော်ရွှင်မှုများထဲမှ တစ်ခု ဖြစ်သည်။ အမှောင် ဟင်းလင်းပြင်ထဲတွင် ခြောက်နှစ်တာ ကျင်လည်ခဲ့သော နေ့ရက်များတွင်တော့ သူ အလွန်တရာ စားခဲ၊ သောက်ခဲ ခဲ့သည်။ အဂ္ဂိရတ် ထုတ်ကုန်များကိုသာ စားသုံးကာ ဖြစ်သလို နေခဲ့သည်။ အစားအသောက် မရှိသော နေ့ရက်များက အတော်လေး ပျင်းစရာ ကောင်းလွန်းလှပေသည်။
“မင်း ချိပ်ပိတ် မျှော်စင်ကို သွားတော့မလို့လား...”
ချိယုံယွမ်က အားကျမခံ ဘယ်ရီသီးများကို ပါးစပ်အတွင်း ပစ်ထည့်ရင်း ပလုပ်ပလောင်းဖြင့် မေးလိုက်၏။ မရေမတွက်နိုင်သော လူများ၏ စူးစမ်းသော အကြည့်များ အောက်တွင်ပင် သူတို့ နှစ်ယောက်မှာ နည်းနည်းလေးမျှ အစားပျက်ခြင်း မရှိပါချေ။
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ လက်ရှိ၌ သူ၏ ဒုတိယမြောက် စိတ်မှာ အချိန်ပေးကာ စာအုပ်၊ စာလိပ်နှင့် ဝိညာဉ် ကျောက်စိမ်း တစ်ခုချင်းစီကို ဖတ်ရှု လေ့လာနေခဲ့ပေသည်။ သူ လုပ်ရန် လိုအပ်သမျှက ဒုတိယမြောက်စိတ်နှင့် ဆက်သွယ်ကာ အချက်အလက်များကို လက်ခံ ယူလိုက်ရုံသာ ဖြစ်သည်။
“ကောင်းပြီလေ... ငါ လှမ်းပြီး အကြောင်းကြား လိုက်ဦးမယ်...”
ချိယုံယွမ်က ပြောလိုက်ရင်း သူ၏ အဇူရာလ သင်္ကေတကို ထိလို်က၏။ ၎င်းက နူးညံ့သော အလင်းတန်းများနှင့် စတင်ကာ လင်းလက်လာသည်။
“ငါ့နေရာ အတွက် လူစားထိုး လာဖို့ ခဏ စောင့်ရဦးမယ်...”
ဝေ့ဝူယင်၏ စူးစမ်းလိုသော အကြည့်ကြောင့် ချိယုံယွမ်က ရှင်းပြလိုက်၏။
“ရပါတယ်... ဒါနဲ့ ကျုပ် ခင်ဗျားကို မေးစရာ နည်းနည်း ရှိတယ်ဗျ”
ဝေ့ဝူယင်ထံတွင် မြို့သုံးမြို့နှင့် ၎င်းတို့၏ မှီတင်းနေထိုင်သူများ၊ ရည်ရွယ်ချက်များ အကြောင်း မေးစရာ များစွာ ကျန်ရှိနေဆဲ ဖြစ်သည်။ ထိုအချက်အလက်များမှာ လွတ်လပ်သော လေ့လာခန်း အတွင်းတွင် ရှိမနေပါချေ။ အလွှာကြားက လောက၏ နှစ်ပေါင်း ရှစ်သောင်း သမိုင်းကြောင်းနှင့် ဆက်စပ်သည့် မည်သည့် အရာကိုမှ သူ ရှာဖွေ မတွေ့ခဲ့ချေ။
“မေးပါ...”
ချိယုံယွမ်က ကြိုဆိုလိုက်၏။ အဇူရာလ စာကြည့်တိုက်မှူး တစ်ယောက် အနေဖြင့် သူ၏ တာဝန်က ဝေ့ဝူယင်၏ လိုအပ်ချက်များ၊ မေးခွန်းများကို ဖြည့်ဆည်းပေးရန် ဖြစ်ပေသည်။
“အဇူရာလ စာကြည့်တိုက်မှူး ဆိုတာ ဘာလဲဗျ...”
ဝေ့ဝူယင်က ပထမဆုံး မေးခွန်းကို မေးလိုက်၏။ လွတ်လပ်သော လေ့လာခန်း အတွင်းရှိ သန်းပေါင်းများစွာသော ဗဟုသုတ ရင်းမြစ်များကို ရှာဖွေပြီး ဖြစ်သည့်တိုင် ထိုအချက်အလက်ကို သူ ယခုတိုင် မတွေ့ရှိရသေးပါချေ။ လျူယင်လန်း ပေးအပ်ခဲ့သည့် ဝိညာဉ်ကျောက်စိမ်းထဲတွင်လည်း ထိုအချက်အလက်များ မပါရှိချေ။
"မင်းသိတယ်လို့ ငါထင်နေတာ...”
ချိယုံယွမ်က အနည်းငယ် ရယ်မောလိုက်၏။
“ငါတို့က အထွတ်အမြတ် စာကြည့်တိုက်ရဲ့ ထိန်းသိမ်းသူ၊ စီစဉ် ညွှန်ကြားသူတွေ ပေါ့ကွာ...လွတ်လပ်တဲ့ လေ့လာခန်းနဲ့ ချိပ်ပိတ် မျှော်စင်တွေထဲမှာ ငါတို့က အာဏာ အပြည့်ရှိတယ်... ခရီးသွား မျှော်စင်နဲ့ ကာကွယ်သူ မျှော်စင်တွေတော့ မပါဘူးပေါ့... ခရီးသွား မျှော်စင်ကို သွေးရောင်လ စာကြည့်တိုက်မှူးတွေက ကွပ်ကဲပြီး ကာကွယ်သူ မျှော်စင်ကိုတော့ ငွေရောင်လ စာကြည့်တိုက်မှူးတွေက ကွပ်ကဲကြရတယ်”
“မှားယွင်းလို့ပဲ ဖြစ်ဖြစ်... တမင်သက်သက်ပဲ ဖြစ်ဖြစ်... လွတ်လပ်တဲ့ လေ့လာခန်းနဲ့ ချိပ်ပိတ်မျှော်စင်တွေမှာ တန်ဖိုးကြီးတာ တစ်ခုခု တွေ့ရလို့ ရှိရင် ငါတို့က သွေးရောင်လ စာကြည့်တိုက်မှူးတွေဆီကို ပို့ရတယ်... သူတို့က တန်ဖိုးရှိ မရှိ ထပ်ဆုံးဖြတ်ပြီး ငွေရောင်လ စာကြည့်တိုက်မှူးတွေဆီကို ထပ်ပို့ကြတယ်...”
ချိယုံယွမ်၏ ရှင်းပြမှုများမှာ အတော်လေး နားလည် လွယ်လှပေသည်။ ချိပ်ပိတ် မျှော်စင်နှင့် လွတ်လပ်သော လေ့လာခန်းတို့ကို လိုက်ပြဖို့ အဘယ်ကြောင့် လူအိုကြီးအား တာဝန် ပေးအပ်ခဲ့ကြောင်း နောက်ဆုံး၌ သူ နားလည်ခဲ့ပြီ ဖြစ်သည်။ ချိယုံယွမ်ထံတွင် ထိုနေရာများကို လွှမ်းခြုံရန် သြဇာ ရှိပေသည်။
“ဆိုတော့ ခင်ဗျားလို လူမျိုး ၃၂၇ ယေက် ရှိတာလား...”
ဝေ့ဝူယင်က မေးလိုက်၏။ ချိယုံယွမ်မှာ မကြာသေးခင်ကမှ အဇူရာလ စာကြည့်တိုက်မှူး တစ်ယောက် ဖြစ်လာကြောင်း လျူစုယင် ပြောတာကို သူ ကြားမိပြီး ဖြစ်သည်။ သူက ၃၂၇ ယောက်မြောက် အဇူရာလ စာကြည့်တိုက်မှူး ဖြစ်လေရာ အနည်းဆုံး ၃၂၇ ယောာက်လောက် ရှိပေလိမ့်မည်။
"ဘယ်ကမပါ့ မလဲ...”
ချိယုံယွမ်က ဖြေလိုက်၏။ ထို့နောက် သူက တစ်စုံတစ်ခုကို ပြန်လည် အမှတ်ရလိုက်သည့် အလား အနည်းငယ် ပြုံးလိုက်၏။
“၃၂၈ ယောက်မြောက်ကိုတောင် မင်း တွေ့ပြီးပြီလေ... လွန်ခဲ့တဲ့ ငါးနှစ်က အသစ်ခန့်လိုက်တဲ့ တစ်ယောက်ပေါ့...”
“ကျုပ် တွေ့ဖူးတယ်...”
ဝေ့ဝူယင် အနည်းငယ် အံ့အားသင့် သွားခဲ့သည်။
“ဟုတ်တယ်... သူက...”
ချိယုံယွမ်က စတင်ကာ ရှင်းပြလိုက်၏။ ထို့နောက်တွင်တော့... မိစ္ဆာ စစ်ပွဲ လောကနယ်မြေတွင် တွေ့ဆုံခဲ့ရသည့် ပိန်ပိန်လှီလှီနှင့် လူအိုကြီးကို ဝေ့ဝူယင် ပြန်လည် သတိရသွားသည်။ သူက ဟယ်ယန်းလဲ့၏ ဓမ္မ ကာကွယ်သူ ဖြစ်ကာ ဝေ့ဝူယင် လက်ချက်ဖြင့် သေအံ့မူးမူး ဖြစ်နေသည့် ဟယ်ယန်းလဲ့ကို ကယ်ထုတ်သွားခဲ့သည်။ ထိုအချိန်မှ စ၍ သူ့ကို မမြင်ရတော့သလို သူ့ အကြောင်း ကြားလည်း မကြားရတော့ချေ။ ဟယ်ယန်းလဲ့ကို ကယ်တင်ခဲ့သည့် အတွက်လည်း ဝေ့ဝူယင် စိတ်မရှိပါချေ။ အရှက်မရှိသည့် အပျက်မ ဝိညာဉ် လမ်းလျှောက်သူနှင့် ခြားနားစွာပင် ထိုလူအိုကြီးမှာ သူ့အလုပ်ကိုသာ သူလုပ်ခဲ့ခြင်း ဖြစ်သည်။
"ဆိုတော့... ခင်ဗျားတို့ အားလုံးက သေမျိုးတစ်ပိုင်း အရှင် အဆင့်တွေပေါ့...”
ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်ရင်း မေးလိုက်၏။ အဇူရာလ စာကြည့်တိုက်မှူးများ ပင်လျှင် သေမျိုး တစ်ပိုင်း အရှင် အဆင့်များ ဆိုလျှင် သွေးရောင်လ စာကြည့်တိုက်မှူးများက မြေကြီး ရှန့်ထိုများ ဖြစ်နေမည်လား။ ငွေရောင်လ စာကြည့်တိုက်မှူးများကရော...။ လောကရှန့်ထိုများလား။
“ဟုတ်တယ်... ဒါပေမဲ့ သေမျိုးတစ်ပိုင်း အရှင် အဆင့်ဆိုတာက အဇူရာလ စာကြည့်တိုက်မှူး တစ်ယောက် ဖြစ်ဖို့ အခြေခံ အဆင့်မှာပဲ ရှိသေးတာ... သူ့အောက် အဆင့်ကိုတော့ ရဲ့ တွေလို့ ခေါ်ကြတယ်... အခြေခံ ဝန်ထမ်းတွေ ပေါ့လေ... ဒါပေမဲ့ သူတို့ကို အထင်မသေးနဲ့... သူတို့ အားလုံးက လျှို့ဝှက် အာဏာရှင် အဆင့်တွေ ချည်းပဲ... လျှို့ဝှက် ကြယ်တာရာ အဆင့်တောင် မဟုတ်ဘူး... လျှို့ဝှက် ဝိညာဉ် အဆင့်တွေနော်... ငါလည်း ရဲ့ တစ်ယောက် ဖြစ်ဖူးတာပဲ... အရေအတွက် အရမ်းများတာကြောင့် သူတို့မှာ လွတ်လပ်တဲ့ အချိန်တွေ အရမ်း ပေါတာပေါ့ကွာ”
ချိယုံယွမ်က အတိတ်ကို ပြန်လည် လွမ်းဆွတ်ဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။ ဝေ့ဝူယင်နှင့် ချိယုံယွမ်တို့ နှစ်ယောက်မှာ အဇူရာ စာကြည့်တိုက်မှူးများ အကြောင်း ဆက်လက် ဆွေးနွေး နေခဲ့ကြလေသည်။ ချိယုံယွမ်၏ အဆိုအရ ဆိုလျှင် သွေရောင်လ စာကြည့်တိုက်မှူးများမှာ မြေကြီးရှန့်ထိုများ ဖြစ်ကြသည်။ သို့သော်လည်း... အရေအတွက် အားဖြင့်တော့ ဆယ့်ရှစ်ယောက်သာ ရှိပေသည်။
ငွေရောင် စာကြည့်တိုက်မှူးကတော့ တစ်ယောက်သာ ရှိ၏။ ဝေ့ဝူယင် ထင်မှတ်ထားသည်နှင့် ခြားနားစွာပင် ငွေရောင် စာကြည့်တိုက်မှူး ဖြစ်ရန် အဓိက လိုအပ်ချက်မှာ လောကရှန့်ထို အဆင့် ကျင့်ကြံခြင်း အခြေခံ မဟုတ်ပါချေ။ အထွတ်အမြတ် စာကြည့်တိုင် အတွင်း အချိန်ကာလ များစွာကို ရင်းနှီး မြှုပ်နှံခဲ့ကာ အခြား စာကြည့်တိုက်မှူးများနှင့် မြို့သုံးမြို့ ထိပ်တန် အဖွဲ့ဝင်များ၏ မဲပေး ရွေးချယ်မှုကို ရရှိထားသော သူပင် ဖြစ်သည်။ မဲပေးခွင့် ရှိသူများထဲတွင် လျူယင်လန်းလည်း အပါအဝင်ပင် ဖြစ်သည်။
“ခင်ဗျားကို မြင်တည်းက ကျုပ် စဉ်းစားမရတာ တစ်ခု ရှိနေတယ်ဗျ...”
ဝေ့ဝူယင်က ချိယုံယွမ်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
“ဟုတ်လား...” အစားကျူးသည့် စာကြည့်တိုက်မှူးက မျက်ခုံး ပင့်လိုက်၏။ “ခန့်မှန်းကြည့်ရအောင်... ငါ မိစ္ဆာ စစ်ပွဲ လောကနယ်မြေထဲကို ဘယ်လို ရောက်နေလဲ ဆိုတာ မင်း သိချင်နေတာ မလား”
ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။ လျူယင်လန်း ပေးအပ်သည့် ဝိညာဉ်ကျောက်စိမ်းထဲမှ အချက်အလက်များ အရ ဆိုလျှင် အလွှာကြားက လောကသားများ အပြင်ကို ထွက်ခွာရန်မှာ အလွန်ပင် ခက်ခဲလှသော အလုပ် ဖြစ်သည်။ အဆုံးမဲ့ မြို့တော်၌ အဆုံးမဲ့ တွေ့ရသော ကောင်းကင်မျိုးနွယ်များကို ပြင်ပ လောကတွင် တစ်စွန်းတစ်စမျှ မတွေ့ မမြင်ရခြင်းက အကောင်းဆုံး သက်သေပင် ဖြစ်သည်။ ယုတ်စွ အဆုံး ကောင်းကင်မျိုးနွယ်များ အကြောင်း မှတ်တမ်းတင်ထားသည့် စာအုပ်များပင် မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် မရှိချေ။
ထို့အပြင်... ပိုမို၍ စိတ်ဝင်စားစရာ ကောင်းတာ တစ်ခုက အာကာသ ဝေဟင်ဂိုဏ်းမှာ အလွှာကြားက လောက အတွင်း တစ်ခုတည်းသော အုပ်စိုးသူ မဟုတ်ခြင်း ဖြစ်လေသည်။ ၎င်း၏ သြဇာအာဏာနှင့် ဆုံးဖြတ်ခွင့်တို့ကို အဆုံးမဲ့ မြို့တော် အတွင်းတွင်သာ ကန့်သတ်ထားဟန် ရသည်။
တစ်ချိန်တည်း၌.... အာကာသ ဝေဟင်ဂိုဏ်း လက်ထောက်ဂိုဏ်းချုပ် လျူစုယင် တစ်ယောက် လေးစား ညွှတ်တွားမှုများကို ထင်သလောက် မရရှိခြင်းကလည်း သံသယ ဖြစ်စရာ တစ်ချက် တစ်ချက် ဖြစ်ပေသည်။
***