← Chapters

နွေဦးပြည်နယ်သို့

Vol. 009 Ch. 844

နွေဦးပြည်နယ်သို့

Vol. 009 Ch. 844

ယခု ကျောက်ပြည်ထောင် တော်ဝင် နန်းတော်တွင် ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က ပလ္လင်တွင်ထိုင်ကာ သူ့လူများ၏ တင်ပြမှုများကို နားထောင်နေသည်။ သူ၏ အမူအရာများကား အလွန်တရာ အေးစက်နေကာ သတ်ဖြတ်လိုသော အငွေ့အသက်များ တော်ဝင်နန်းတော် တစ်ခုလုံးကို ပျံ့လွင့်နေတော့သည်။

ရီဖူရှင်းက အမှန်ပင် သူ့လူများအား ကျောက်ပြည်ထောင်ကို လာရောက် တိုက်ခိုက်စေသည်။

“အသုံးမကျတဲ့ အကောင်တွေ…” ကျောက်ပြည်ထောင် ဘုရင် အေးစက်စွာ ပြောသည်။ ဝူလျန်ကား ပြည်နယ်ကိုးခု ရှီအဆင့်တွင် ရှိသာဖြစ်ကာ သူ့တွင် အဆုံးမဲ့ ဓားရတနာကိုလည်း ပိုင်ဆိုင်၏။ သူကား ထွက်ပြေးရန်ပင် စွမ်းရည်မရှိဘဲ အသတ်ခံခဲ့ရ၏။

“အရှင်မင်းကြီး ... ကျုပ်တို့ ဘယ်လိုလုပ်မလဲ…” ကျောက်မင်က မေးသည်။

“ကျောက်ပြည်ထောင်က အင်အားစုတွေကို ကျောက်ပြည်ထောင် စစ်တပ်ထဲကို သွင်းလိုက်တော့…” ကျောက်ပြည်ထောင် ဘုရင်က အေးစက်စွာ ပြောသည်။

“နားလည်ပါပြီ…” ကျောက်မင်က ခေါင်းညိတ်သည်။ သို့သော်လည်း သူ၏စိတ်မှာလည်း တည်ငြိမ်ခြင်း မရှိပါချေ။

တော်ဝင်စစ်ပွဲမတိုင်မီက ဤသို့ ဖြစ်လာမည်ဟု မည်သူ တွေးထင်မိမည်နည်း။

***

အရှေ့ဘက်ပြည်နယ်၊ ​ရှီဟွာတောင်။

တောင်ထိပ်တွင် ရှီဟွာတောင် ရှန့်ထိုက မိုးစက်ရှန့်ထိုနှင့် စစ်တုရင် ကစားနေကြသည်။ ထိုအချိန်တွင် လျူကျောင်းနှင့် တန်ခိုးရှင်အချို့က လတ်တလော ကျောက်ပြည်ထောင်မှ သတင်းများအား လာရောက် တင်ပြကြ၏။

“ရီဖူရှင်းက အဆုံးမဲ့နန်းတော်ကို ဖျက်ဆီးဖို့ လူတွေ လွှတ်ခဲ့တယ် … ဟုတ်လား…” ရှီဟွာတောင်ရှန့်ထိုက အံ့အားသင့်ဟန်ဖြင့် ပြောသည်။

“အဆုံးမဲ့နန်းတော် တစ်ခုတည်း မဟုတ်ဘူး… မိုးကြိုးနက်ကလန်နဲ့ သစ်ရွက် တစ်ထောင်ကလန် တို့လည်း ဖျက်ဆီးခံရတယ်… သူတို့ရဲ့ ထိပ်သီး ရှီတန်ခိုးရှင်တွေ တစ်ယောက်မှ​မလွတ်ဘူး… အခု တော်ဝင်စစ်ပွဲမှာ ပါဝင်ခဲ့တဲ့ တခြား အင်အားစုတွေကလည်း ကြောက်ပြီး ကျောက်ပြည်ထောင် နန်းမြို့တော်ကို ပြောင်းရွှေ့ သွားကြပြီ…” အဘိုးအို တစ်ယောက်က ပြောသည်။

ရှီဟွာတောင်ရှန့်ထိုက ပြုံးလျက် စစ်တုရင်ကို ဆက်ကစားသည်။ သူက မိုးစက်ရှန့်ထိုကို ကြည့်ကာ မေးသည်… “မင်း ဘယ်လိုထင်လဲ…”

“ရီဖူရှင်းက နှိမ့်ချတတ်ပုံ ပေါ်တယ်… ဒါပေမဲ့ တကယ်တမ်း သူက အရမ်းကို မာနကြီးတဲ့လူပဲ… သူက အရမ်းကို ပါရမီမြင့်သလို ကြီးမားတဲ့ အရာတွေကို လုပ်နိုင်စွမ်း ရှိတဲ့သူပဲ… ဒီလိုလူက ရန်သူဖြစ်လာရင် ကြောက်စရာ ကောင်းတယ်…” မိုးစက်ရှန့်ထိုက ပြောသည်။

ရှီဟွာတောင်ရှန့်ထိုက ပြုံးလျက် ခေါင်းညိတ်သည်… “ကြည့်ရတာ မင်းက သူ့အပေါ် ကောင်းမွန်တဲ့ အမြင်တွေ ရှိတာပဲ…”

ထို့နောက် သူက လျူကျောင်းကို ပြောသည်… “လျူကျောင်း… မင်းက တန်ခိုးကျင့်တာမှာ အာရုံစိုက်ဖို့လိုတယ်… ပြည်နယ်ကိုးခုရဲ့ လက်ရှိမျိုးဆက်မှာ ထူးခြား ထက်မြက်တဲ့လူတွေ အများကြီးပဲ… မြေရိုင်း ပြည်နယ်တောင်မှ သူတို့ရဲ့ အတားအဆီးတွေကို ကျော်ဖြတ်ပြီး အောင်မြင် လာကြမည့်ပုံရှိတယ်… ပြည်နယ်ကိုးခုရဲ့ နောက်ထပ် မျိုးဆက်မှာ မင်းလည်း သူတို့အားလုံးရဲ့ အပေါ်မှာ ရပ်နေတာမျိုး ငါ မြင်ချင်တယ်…”

“ကျွန်တော်က ဆရာ့ရဲ့ စကားကို မှတ်ထားပါ့မယ်…” လျူကျောင်းက ဦးညွှတ်လျက် ပြောသည်။

ရှီဟွာတောင် တစ်ခုတည်း မဟုတ်ဘဲ တခြား အင်အားစုများစွာ ကလည်း ထိုအကြောင်းများကို ပြောဆို နေကြသည်။

***

ရီဖူရှင်းကား သူ၏ မူလအနေအထားကို တဖြည်းဖြည်း ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကာ လောကဓာတ်နှင့် ပတ်သက်၍လည်း ပိုမို နားလည်လာခဲ့သည်။ သည်ရက်ပိုင်း သူ၏ကျင့်ကြံခြင်းများက အလွန်တိုးတက်မှု မြန်ဆန်ခဲ့ကာ မကြာမီ အဆင့်တက်နိုင်ရန် အပြင်းအထန် ကြိုးစားနေသည်။

သူ တစ်ယောက်တည်းသာ မဟုတ်ပေ၊ တိုက်ပွဲတွင် ပါဝင်ခဲ့သူများ အားလုံးမှာလည်း အနည်းနှင့်အများ သဘောပေါက် နားလည်မှုများ ရှိခဲ့ကြကာ အားလုံးက ကြိုးစား လေ့ကျင့် နေကြပေသည်။

ဓားမိစ္ဆာနှင့် ယန်ဟောင်တို့လည်း ပြန်လာကြပြီ ဖြစ်သည်။ သူတို့၏ အလစ်တိုက်ခိုက်မှုက ကျောက်ပြည်ထောင်အား သတိပေးမှု တစ်ရပ်လည်းဖြစ်ကာ အချိန်ကြာကြာ ဆက်လက် တိုက်ခိုက်ရန်မူကား မဖြစ်နိုင်ပေ။ ကလန်သုံးခု ပျက်စီးခြင်းက ကျောက်ပြည်ထောင်၏ အင်အားကို သိသိသာသာ လျော့ကျ သွားစေခဲ့၏။

ထို့အပြင် ထိုကလန်များ၏ အဆုံးသတ်က ကျောက်ပြည်ထောင်နှင့် ပူးပေါင်းမည့် ကလန်များ အတွက်လည်း သတိပေးမှုတစ်ရပ် ဖြစ်သည်။

“ဖူရှင်း…” ထိုအခိုက်တွင် အသံတစ်သံနှင့်အတူ ဖီးနစ် ရောက်လာသည်။

“ဖီးနစ်…” ရီဖူရှင်းကလည်း လှမ်းခေါ်လိုက်သည်။

“အကြီးအကဲ ထောင်ကျန်း နိုးလာပြီ…” ဖီးနစ်က ရီဖူရှင်းကို ပြောသည်။

ရီဖူရှင်းက ရုတ်တရက် ထရပ်ကာ ပြောသည်… “သွားကြမယ်…”

မကြာမီ တော်ဝင်ကျဲ နန်းတော် တစ်ခုလုံးက သတင်းအား ရရှိကာ တိုက်ခိုက်ရေး ရှီနန်းဆောင်သို့ ဦးတည် သွားကြသည်။

မကြာမီ တိုက်ခိုက်ရေး ရှီနန်းဆောင်၌ အကြီးအကဲများ စုံညီစွာ ရောက်လာ ကြတော့သည်။

နန်းတော်ထဲတွင်ကား ထောင်ကျန်းက တည်ငြိမ် အေးဆေးစွာ ထိုင်နေသည်။ ရီဖူရှင်း ရောက်လာသည်ကို မြင်လျှင် သူက ပြုံးလျက်ခေါ်သည်… “ဖူရှင်း...”

“ဆရာ…” ရီဖူရှင်းက မေးသည်… “အခု ဘယ်လို နေသေးလဲ…”

“အားလုံး အဆင်ပြေတယ်…” ထောင်ကျန်းက ပြုံးသည်။

“ထောင်ကျန်း…” ထိုအချိန်တွင် ဓားမိစ္ဆာ၊ ထို့ကျန်း၊ ယူစီ၊ ဟောင်စီ၊ စုရှမ်းနှင့် တခြားလူများ အားလုံးက ထောင်ကျန်းထံကို ရောက်လာကြသည်။

“ခင်ဗျားတို့ ဘာလာလုပ်ကြတာလဲ…” ထောင်ကျန်းက ထူးဆန်း အံ့အားသင့်ဟန်ဖြင့် မေးသည်။ အားလုံးက သူ့အား ကြည့်နေကြသည်။

“စီနီယာကို ကျေးဇူးတင်ပါတယ်…” ရီဖူရှင်းက ထာဝရ အဘိုးအိုအား ပြောသည်။

“မင်းက နတ်ဘုရား ဆေးကြောသန့်စင်ခြင်း စွမ်းအားကို ခံနိုင်ရည်ရှိမယ်လို့ မထင်ထားခဲ့ဘူး…” ထာဝရ အဘိုးအိုက ပြောသည်… “မင်းရဲ့ စွမ်းအားတွေကို ထုတ်သုံးလို့ မရဘူး…”

“တော်ဝင် အကြီးအကဲက ကျုပ်ကို သတိပေးထားပါတယ်…” ထောင်ကျန်းက ခေါင်းညိတ်သည်။

ထာဝရ အဘိုးအိုက ဆက်ပြောသည်… “မင်းရဲ့ အခြေအနေက အရမ်း ရှားပါးတယ် ဆိုပေမဲ့ ဒါက သမိုင်းမှာ မရှိခဲ့တာတော့ မဟုတ်ဘူး… မင်းခန္ဓာက နတ်ဘုရား ဆေးကြော သန့်စင်ခြင်း ဖြစ်စဉ်ကို ကျော်ဖြတ်ခဲ့တယ် ဆိုပေမဲ့ အပြည့်အဝ မဟုတ်ဘူး... ဒါကြောင့် မင်းက လက်ရှိစွမ်းအားကို ထုတ်လွှတ် လိုက်တာနဲ့ လက်ကျန် နတ်ဘုရား ဆေးကြောသန့်စင်ခြင်း စွမ်းအားက မင်းဆီ ဆင်းသက် လာလိမ့်မယ်…”

“ဆရာ့ရဲ့ အခြေအနေက ဘယ်လိုလဲ... သူက နတ်ဘုရား ပြစ်ဒဏ်ကို ဖြတ်ကျော် နိုင်ပါ့မလား…” ရီဖူရှင်းက မေးသည်။

ထာဝရအဘိုးအိုက ခေါင်းယမ်းကာ ပြောသည်… “ဟင့်အင်း… အဲဒီနေ့က နတ်ဘုရား ပြစ်ဒဏ်ကြောင့် မင်းဆရာရဲ့ ခန္ဓာက ပျက်စီးလုနီးပါး ဖြစ်ခဲ့တယ်… နတ်ဘုရား ဆေးကြော သန့်စင်ခြင်းက ရှန့်ထိုခန္ဓာကိုယ်ကို ပိုင်ဆိုင်တယ် ဆိုပေမဲ့ ဒါက လူသားခန္ဓာကိုယ်ကို ဖျက်ဆီးခြင်း တစ်မျိုးပဲ… ဒါကို မကျော်ဖြတ်နိုင်ရင် သေမှာပဲ… မင်းဆရာရဲ့ အခြေအနေက ရှုပ်ထွေးတယ်… သေချာတာကတော့ လာမည့် ဆေးကြော သန့်စင်ခြင်း ဖြစ်စဉ်ကို သူ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး…”

ရီဖူရှင်း၏ အမူအရာက ရုတ်တရက် ပြောင်းလဲ သွားသည်။

နတ်ဘုရား ဆေးကြော သန့်စင်ခြင်း ဖြစ်စဉ်ကို မကျော်ဖြတ် နိုင်ခြင်းကြောင့် သူက စွမ်းအားများကို ထုတ်ဖော်၍​ မရတော့။ ဤသို့ဆိုလျှင် သာမန်လူ တစ်ယောက်နှင့် မည်သို့ ထူးခြားတော့မည်နည်း။

သည်အရာက လက်ခံနိုင်စရာ မရှိပေ။

“ကျုပ်က မကျော်ဖြတ် နိုင်ရင်လည်း ကြိုးစားကြည့်မယ်…” ထောင်ကျန်းက ဆုံးဖြတ်ချက်ချကာ ပြောသည်။ သူက သည်အဆင့်ထိအောင် ရောက်လာပြီ ဖြစ်သည်။ သူက သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ကြိုးစား ကြည့်ရပေမည်။

“ထောင်ကျန်း… အရင်မလိုနဲ့…” ထို့ကျန်းကလည်း ဝင်ပြောသည်… “မင်းက နတ်ဘုရား ပြစ်ဒဏ်ကို ခံယူထားဖူးပြီးပြီ… ဒါက ဘယ်လောက် ကြောက်စရာ ကောင်းလဲ မင်းသိတာပဲ… မင်းရဲ့လက်ရှိ အခြေအနေကိုထား… အကောင်းဆုံး သန်မာနေတဲ့ အချိန်မှာတောင် မခံနိုင်ခဲ့တာ…”

ပုံမှန်အားဖြင့် ထောင်ကျန်းကလည်း နားလည်ပေသည်။ သို့သော်လည်း သူက မည်သို့ လက်လျှော့ လိုမည်နည်း။

“ဖြေရှင်းဖို့နည်းလမ်း ရှိလား…” ရီဖူရှင်းက ထာဝရ အဘိုးအိုကို မေးသည်။ သူ့ဆရာကား ရှန့်ထိုဖြစ်ရန် ခြေတစ်လှမ်း အလိုဖြစ်သည်။ သူက နောက်ဆုံး သန့်စင်ခြင်း တစ်ဆင့်ကို ကျော်ဖြတ်ပြီးသည်နှင့် ရှန့်ထိုဖြစ်ပေပြီ။ ယခု သူက မိမိစွမ်းရည်များ ကိုလည်း ထုတ်သုံး၍ မရပေ။ ထောင်ကျန်းမည်သို့ ခံစားရမည်ကို သူမသိသော်လည်း ရီဖူရှင်း ကိုယ်တိုင်ပင် လက်ခံရန် ခက်ခဲပေသည်။

“အင်း…” ထာဝရ အဘိုးအိုက ခေါင်းညိတ်သည်။

“ဘယ်လိုလဲ…” ရီဖူရှင်းက ထာဝရ အဘိုးအိုအား ကြည့်သည်။

“ပြညနယ်ကိုးခုက ရှီနဲ့ရှန့်ထိုတွေကို မင်း သိတယ်မလား…” ထာဝရ အဘိုးအိုက မေးသည်။

“ကျွန်တော် သိတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။

“မင်းက ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်၁၂မှာ ရှိတဲ့သူကို သိလား…” ထာဝရ အဘိုးအိုက မေးသည်။

“ရှန့်ထိုကျန့်…” ရီဖူရှင်းက ပြန်ပြောသည်။

“ရှန့်ထိုကျန့်ရဲ့ တခြား နာမည်က ဘာလဲ…” ထာဝရ အဘိုးအိုက မေးသည်။

“သမားတော်ရှန့်ထို… အဆိပ်ဘုရင်ရှန့်ထို…” ရီဖူရှင်းက ပြောသည်။ မှတ်တမ်းများအရ ရှန့်ထိုကျန့်ကား ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်၁၂၌ ရှိကာ သမားတော်ရှန့်ထို သို့မဟုတ် အဆိပ်ဘုရင်ရှန့်ထို ဟုလည်း ခေါ်ကြသည်။

ကောလာဟလများအရ သူအဆိပ်ခတ်ခဲ့သော သူများမှာ သူ ကယ်တင်ခဲ့သော လူများထက် များပေသည်။

နောက်ပိုင်း ရှန့်ထိုကျန့်မှာ အနားယူခဲ့၏။

သူလက်ရှိ စတည်းချသော နေရာမှာကား နွေဦးပြည်နယ်၏ ပြည်နယ်ကိုးခု ကျောင်းတော်၌ ဖြစ်ပေသည်။

“ငါ့တန်ခိုးအဆင့်နဲ့ မင်းဆရာကို ကူညီဖို့ မဖြစ်နိုင်ဘူး… ဒါပေမဲ့ ရှန့်ထိုကျန့်သာ ကူညီမယ်ဆိုရင် ဒါက ဖြစ်နိုင်ဖွယ် ရှိတယ်…” ထာဝရ အဘိုးအိုက ပြောသည်။

ရီဖူရှင်း၏ စိတ်နှလုံးက ပြင်းထန်စွာ တုန်ခါသွားသည်။ ပြည်နယ်ကိုးခု ရှန်ထိုအဆင့်၁၂ ကား သာမန်မဟုတ်ပေ။ ရှီဟွာတောင်ရှန့်ထိုနှင့် ကျောက်ပြည်ထောင် ဘုရင်တို့ပင် သူ့နောက်၌ ရှိပေသည်။

သူက မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော်၏ နန်းတော်သခင် ဖြစ်သည့်တိုင် ရှန့်ထိုကျန့်ထံတွင် တောင်းဆိုရန်မူကား လုံလောက်မည် မဟုတ်ပေ။

တခြားတစ်ဖက်တွင် သူက ရှန့်ထိုကျန့်၏ အကူအညီကို ရခဲ့ပါက သူ၏ဆရာမှာ နောက်တစ်လှမ်းကို တက်ပြီး ရှန့်ထို ဖြစ်နိုင်ပေမည်။

ထို့အပြင် သူက သွားရောက် အကူအညီ မတောင်းပါကလည်း သူ၏ဆရာက နတ်ဘုရားပြစ်ဒဏ်ကို သေချာပေါက် ဆင့်ခေါ်ကာ ကျော်ဖြတ်ရန် အတင်းကြိုးစားမည် ဖြစ်ကြောင်း သူသိနေသည်။

“နွေဦးပြည်နယ်ကို သွားရအောင်…” ရီဖူရှင်းက တွန့်ဆုတ်ခြင်း မရှိတော့ဘဲ ပြောသည်။

***

All Chapters