← Chapters

"အင်ပါယာကို စစ်ကူပေးခြင်း"

Vol. 53 Ch. 817

"အင်ပါယာကို စစ်ကူပေးခြင်း"

Vol. 53 Ch. 817

ဖှေးမြို့တော်ကိုလှည့်ပတ်ကြည့်ရင်းဖြင့် စိတ်ကျေနပ်သလိုခံစားလိုက်ရသည်။

ထို့နောက်တွင် သူသည် အုပ်ချုပ်ရေးဌာနချုပ်သို့သွားလိုက်ပြီး အဆင့်မြင့်အရာရှိများအားလုံးကိုဆင့်ခေါ်ကာ တိုင်းပြည်ကာကွယ်ရေးနှင့်ပတ်သက်သည့်တင်ပြချက်များကိုနားထောင်၍ အကြံပြုချက်တစ်ချို့ပေးလိုက်သည်။

ထို့နောက်တွင် ချမ်းဘော့ဒ်မြို့တော်ထဲမှထွက်ခွာ၍ ရွှမ်းကယ်ဆင်းသက်ထားရာတောင်ပေါ်သို့လာခဲ့တော့သည်။

ဤတောင်သည် မက်စောက်ခြင်းမရှိသော်လည်း ဖှေးသည် ထောင်ထိပ်အားမျက်နှာပြင်ညီညာစေရန်အတွက် ဓားသွားစွမ်းအင်ဖြင့်ပိုင်းဖြတ်ခဲ့သည့်အတွက်ကြောင့် ပို၍မက်စောက်သည်ဟုထင်ရ၏။

ယခုအချိန်တွင် တောင်စောင်းများသည် မီတာရာပေါင်းများစွာမြင့်မား၍ မက်စောက်နေသည်။ ကြယ်၇လုံးအဆင့်မရှိသေးသောသိုင်းဆရာများနှင့် ကြယ်လေးလုံးအဆင့်မရှိသေးသောမှော်ဆရာများသည် ဤတောင်ထိပ်မှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ရွှမ်းကယ်နှင့် သင်္ဘောကျွန်၁၀၀ခန့်ကို ဤတောင်ထပ်တွင် ခေတ္တထိန်းသိမ်းထားသည်ဟုဆိုနိုင်၏။

ဖှေးရောက်ရှိလာသည့်အချိန်တွင် ကိန်းနှင့်အာကာရာတို့တီထွင်ထားသည့် အခြေခံတယ်လီပေ့ါတ်မှော်အစီရင်ကို နေရာချထားပြီးပြီဖြစ်သည်။ ဤအခြေခံတယ်လီပေါ့တ်မှော်အစီရင်သည် ရူးသွပ်သောသိပ္ပံပညာရှင်များ၏ ဓာတ်ခွဲခန်းမှထုတ်လုပ်လိုက်သော နောက်ဆုံးပေါ်ပစ္စည်းများထဲမှတစ်ခုပြီး သယ်ဆောင်ရအဆင်ပြေသလို အသုံးပြုရန်လဲလွယ်ကူလှသည်။ မှော်အစီရင်အကြောင်းအခြေခံသိသည့် သာမန်စစ်သည်များပင် ဤအစီရင်ကိုအသုံးပြုနိုင်၏။

ဖှေး၏အရှေ့တွင်ရှိနေသည့် မှော်အစီရင်အား မှော်တလင်းကျောက်များဖြင့်စွမ်းအားပေးထားပြီး အစိတ်ပိုင်းခြောက်ခုဖြင့်ပြုလုပ်ထားသည့် စက်၀ိုင်းပုံစင်နိမ့်တစ်ခုလိုပင်။ ထိုစက်၀ိုင်းပုံစင်မှ သုံးမီတာခန့်အမြင့်ရှိသည့်အလင်းတန်းတစ်ခုကို ထုတ်လွှတ်ထားပြီး တစ်ကြိမ်တွင်လူလေးယောက်ကို တစ်နေရာမှတစ်နေရာသို့ ကူးပြောင်းပို့ဆောင်ပေးနိုင်၏။

သို့သော် ထိုအစီရင်နားတွင် ဒဏ်ရာရရှိကာ ကြိုးများဖြင့်တုတ်နှောင်ခြင်းခံထားရသည့် သင်္ဘောကျွန်ခြောက်ယောက်ရှိနေ၏။

"ဘာဖြစ်တာလဲ..." ဖှေးမျက်မှောင်ကြုံ့ကာမေးလိုက်သည်။

ရော်ဘင်ပြန်မဖြေနိုင်သေးခင်မှာပင် စပဲရိုးနှင့်ဘာဘိုဆာတို့ပြေးလာပြီး ရှင်းပြရန်ကြိုးစားလိုက်သည်။ "အရှင်မင်းကြီး...အရှင်ကနာမည်ကြီးနေတဲ့ချမ်းဘော့ဒ်ဘုရင်ကိုး...ဟားဟား ကျွန်တော်တို့ဂုဏ်ယူပါတယ်။ အော်မွန်းအင်ပါယာမှာ ရှိနေကတည်းက ကျွန်တော်အရှင့်နာမည်ကိုကြားခဲ့ဖူးတယ်။ ရက်စက်တဲ့အော်မွန်းသားတွေတောင် အရှင့်စွမ်းအားတွေအကြောင်းကို ပြောနေကြတယ်..ဟားဟား ကျွန်တော်တို့က..."

"င့ါအချိန်တွေကို မဖြုန်းနဲ့တော့ ပြောစရာရှိတာပြော..." ဖှေးမျက်မှောင်ကြုံ့၍ စိတ်မရှည်စွာပြောလိုက်သည်။ သူ၏ အရှိန်၀ါသည် ချက်ချင်းပင်နေရာတစ်၀ိုက်အား ဖိနှိပ်လိုက်၏။

စပဲရိုးပါးစပ်ဖွင့်လိုက်သည်။ သို့သော် ဤအခြေအနေအားမည်ကဲ့သို့ လျှောက်တင်ရမည်ကို စဥ်းစားနေဆဲပင်။

ထိုကဲ့သို့ဖြစ်နေသည့်အချိန်တွင် ဘာဘိုဆာ၀င်လာပြီး ပြုံးကာပေါ့ပေါ့ပါးပါးလျှောက်တင်လိုက်သည်။ "အရေးကြီးကိစ္စမဟုတ်ပါဘူး။ ဒီကောင်တွေကနည်းနည်းစိတ်တိုလွယ်တော့ ချမ်းဘော့ဒ်ကစစ်သည်တွေနဲ့ နည်းနည်းစကားများခဲ့ကြတာပါ။ အဲ့တာကြောင့် အဲ့ကောင်တွေကို ကြိုးတုတ်ထားတာ။ မစိုးရိမ်ပါနဲ့အရှင်မင်းကြီး ဂျက်နဲ့ကျွန်တော်အဲ့ကောင်တွေကို ကောင်းကောင်းမွန်မွန်ပြုမူလာအောင်ဆုံးမပေးပါမယ်.."

ဖှေးသူ၏ခေါင်းကိုခါရမ်းလိုက်ပြီး ဘာဘိုဆာပြောသည်ကိုနားမထောင်ပဲ ရော်ဘင်ထံသို့သာသွားလိုက်သည်။

ရော်ဘင်၏အဖြေသည်အမြဲတန်းတိကျမြန်ဆန်သည့်အတွက်ကြောင့် သူလျှောက်တင်လိုက်သည်။ "ဒီသင်္ဘောကျွန်တွေက ရုတ်တရက်တိုက်ခိုက်ပြီးတော့ တယ်လီပေါ့တ်မှော်အစီရင်ကို အပိုင်သိမ်းဖို့ကြိုးစားခဲ့ကြတယ်...အစားသောက်လာပို့တဲ့ စစ်သည်တွေကို ပြန်ပေးစွဲပြီးတော့ ဒီကနေထွက်ပြေးဖို့ကြိုးစားခဲ့တာပါ...အဲ့တာကြောင့် ကျွန်တော်ဒီကောင်တွေကို ဖမ်းထားပြီးတော့ အရှင်မင်းကြီးအလာကိုစောင့်နေခဲ့တာပါ..."

သင်္ဘောကျွန်များသည် ကြမ်းတမ်းသည့် လူများဖြစ်ပြီး လွယ်လွယ်ကူကူဖြင့်သစ္စာခံကြလိမ့်မည်မဟုတ်ပေ။ သူတို့အား ဖှေး၏စွမ်းအားများဖြင့်တုန်လှုပ်စေကာ အကြင်နာတရားပြသခဲ့သော်လည်း တစ်ချို့ထံတွင် မကောင်းသည့်အကြံစည်များရှိနေကြဆဲပင်။ ဥပဒေပြုအရာရှိများသည် အားနည်းသည့်လူများမဟုတ်ကြသော်လည်း ချောင်းမြောင်းတိုက်ခိုက်ခြင်းခံခဲ့ရသည်။ ဥပဒေပြုအရာရှိတစ်ယောက်ဆိုလျှင် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားခဲ့၏။ ကံကောင်း၍သာ အချိန်မှီကယ်တင်နိုင်ခဲ့ပြီး အသက်သေဆုံးခြင်းမရှိခဲ့ပေ။

ဖြစ်ပျက်ခဲ့သမျှကိုကြားပြီးသည့်အချိန်တွင် ဖှေးအလွန်စိုးရိမ်သွားသည်။ အမှားကြီးတစ်ခုအား ကျူးလွန်လိုက်မိသလို သူရုတ်တရက်ခံစားလိုက်ရ၏။

ချမ်းဘော့ဒ်တိုင်းပြည်သည် စိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်နေရသည်။ အင်အားကြီးသည့် အော်မွန်းအင်ပါယာမှတပ်ဖွဲ့ကြီးများသည် ဤနေရာသို့ အချိန်မရွေးရောက်ရှိလာနိုင်၏။

ဤကဲ့သို့သောအခြေအနေတွင် သင်္ဘောကျွန်များ၏ခေါင်းဆောင်နှစ်ယောက်သည် ဂျက်စပဲရိုးနှင့် ဘာဘိုဆာတို့နှင့်တူသည့်အတွက်ကြောင့် သူသည် သင်္ဘောကျွန်များကို ခေါ်ဆောင်ထားရန်ဆုံးဖြတ်ခဲ့မိသည်။

သင်္ဘောကျွန်များသည် မသေချာမရေရာပဲ အရေးကြီးသည့်အချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်အား ကြီးကြီးမားမားဒုက္ခပေးနိုင်သည်ကို ယခုအချိန်တွင် ဖှေးသဘောပေါက်သွား၏။ ဖြစ်လာတော့မည့်တိုက်ပွဲတွင် ချမ်းဘော့ဒ်တိုင်းပြည်အား ရှုံးနိမ့်စေကာ ဖြစ်ရပ်ဆိုးကြီးတစ်ခုကို ဖန်တီးနိုင်၏။

တိုင်းပြည်၏ ဘုရင်တစ်ပါးအနေဖြင့် သူသည် အရာရာကို စဥ်းစားချင့်ချိန်ရမည်ဖြစ်ပြီး အမှောင်ခေတ်ထဲတွင် ပေါ့ပျက်ပျက်ကလေးဆန်နေ၍မရတော့ပေ။

သူသည် ဖမ်းဆီးခံထားရသည့် သင်္ဘောကျွန်ခြောက်ယောက်ကိုကြည့်လိုက်သည်။ ထိုလူများသည် အပေါ်ယံတွင် ကြောက်လန့်နေသည့်ပုံရှိသော်လည်း သူတို့၏မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်မှုနှင့်အမုန်းတရားတို့ကို ဖှေးမြင်လိုက်ရသည်။ ထိုလူများသည် ကျေးဇူးတရားမသိတတ်သည့်လူများဖြစ်သည်ကို သိလိုက်သည့်အတွက် သူချက်ချင်းပင်အမိန့်ပေးလိုက်သည်။ "ကွက်မျက်စေ"

"မလုပ်ပါနဲ့..."

"ရပ်လိုက်..."

"ငါတို့ညီအကိုတွေကိုမသတ်နဲ့..."

စပဲရိုး၊ ဘာဘိုဆာနှင့် သင်္ဘောကျွန်တစ်ချို့မှ ကပျာကယာအော်ဟစ်လိုက်သည်။

သို့သော် သူတို့၏စကားမဆုံးသေးခင်မှာပင် ရော်ဘင်သည်သူ၏ဓားကိုဆွဲထုတ်လိုက်ပြီး တောက်ပသည့်ဓားစွမ်းအင်တစ်ခုပျံသန်းလာကာ သင်္ဘောကျွန်ခြောက်ဦး၏ခေါင်းများသည် မြေပြင်ပေါ်သို့ ပြုတ်ကျကုန်တော့သည်။

သွေးများသည် သူတို့၏လည်ပင်းမှပန်းထွက်လာပြီး ရော်ဘင်၏အညှာကင်းမဲ့စွာကွက်မျက်ခြင်းကို ခံလိုက်ရ၏။

"မင်း..." စပဲရိုးနှင့် ဘာဘိုဆာတို့သည် ကွက်မျက်ခံလိုက်ရသည့် သင်္ဘောကျွန်များနှင့် ရင်းနှီးခြင်းမရှိသော်လည်း ထိုကျွန်များ၏အဆုံးသက်သည် သူတို့၏ကံကြမ္မာကိုဖော်ပြနေသလိုခံစားလိုက်ရသည်။

သူတို့တစ်ခုခုပြောရန်ပြင်လိုက်သည့်အချိန်တွင် မျက်နှာများအရောင်ပြောင်းလဲသွားပြီး ခန္ဓာကိုယ်များတုန်ခါလာတော့သည်။

ချမ်းဘော့ဒ်ဘုရင် သူတို့အားကြည့်နေသည်ကိုတွေ့လိုက်ရသည့်အတွက်ပင်။ သူ့ထံမှထွက်ပေါ်လာနေသည့် သတ်ဖြတ်လိုသောအရိပ်ယောင်များသည် ခံနိုင်ရန်ခဲယဥ်းလှ၏။ မနေ့က ချမ်းဘော့ဒ်ဘုရင်သည် သူတို့အားခြိမ်းခြောက်နေခြင်းသာဖြစ်သော်လည်း ယနေ့အချိန်တွင်မူ အမှန်တကယ်ပင် သူတို့အားကွပ်မျက်ရန်စဥ်းစားနေခြင်းပင်။

စပဲရိုးနှင့် ဘာဘိုဆာတို့သည် ဉာဏ်ကောင်းသည့်လူများဖြစ်သည့်အတွက် သင်္ဘောကျွန်ခြောက်ယောက်၏ပုန်ကန်မှုကြောင့် ဘုရင်ငယ်သည် သူတို့အားမည်ကဲ့သို့ကိုင်တွယ်ရန်စဥ်းစားနေသည်ကို သူတို့သိလိုက်သည်။ သူတို့၏ ကံကြမ္မာကို စက္ကန့်ပိုင်းအတွင်းမှာပင် ဆုံးဖြတ်ချက်ချတော့မည်ဖြစ်သည်။

သေခြင်းတရား၏ရှေ့မှောက်တွင် စပဲရိုးနှင့် ဘာဘိုဆာတို့သည် အမှန်တကယ်ပင်ကြောက်လန့်လာကြ၏။

"ဖက်..." သူတို့နှစ်ယောက်လုံး မြေပြင်ပေါ်တွင် ဒူးထောက်ကာတုန်ခါနေကြ၏။ စကားပြောရဲခြင်းမရှိပဲ သူတို့၏အပြုမူကိုသာ ခွင့်လွှတ်ပေးရန်တောင်းပန်နေကြ၏။

ဤအခိုက်တန့်တွင် သူတို့နှစ်ယောက်သည် ဆန္ဒရှိရှိပင် အရှုံးပေးနေကြပြီး တစ်ခြားဘာအတွေးမှမရှိတော့ပေ။ သူတို့၏အရှေ့တွင်ရှိသည့်ဘုရင်ကို ကြောက်လန့်နေသည့်အတွက်ကြောင့် ပုန်ကန်ရန်အတွေးများသည်လည်း ပြတင်းပေါက်မှလွှင့်ထွက်ကုန်တော့၏။

ကျန်ရှိနေသည့် သင်္ဘောကျွန်များသည်လည်း ဤအရာကိုမြင်တွေ့လိုက်ရပြီး တစ်စုံတစ်ရာမှားယွန်းနေကြောင်း သတိထားမိလိုက်၏။ ဘုရင်ထံမှထွက်ပေါ်လာနေသည့် အေးစက်မှုများသည် သူတို့အားကြောက်လန့်စေသည့်အတွက်ကြောင့် လိုက်ပါ၍ ဒူးထောက်လိုက်ကြ၏။

ဖှေး၏ အမူယာသည် ပြန်လည်တည်ငြိမ်လာ၏။

သင်ခန်းစာမပေးပဲသတ်ဖြတ်ခြင်းသည် အကြမ်းဖက်မှုသာဖြစ်သည်။

ပုန်ကန်ခဲ့သည့် သင်္ဘောကျွန်ခြောက်ယောက်ကို ကွပ်မျက်ရန်အတွက် ဖှေးအမိန့်ပေးခဲ့သော်လည်း ထိုလူများသည် သူတို့အမှားကိုသူတို့မသိသည့်အတွက်ကြောင့်သာဖြစ်သည်။

ဖှေးသည် လူများကိုဆန္ဒရှိသလိုသတ်ဖြတ်တတ်သည့် ဘုရင်တစ်ပါးမဟုတ်ပေ။ တိုင်းပြည်အား ရန်ရှာလာသည့်ရန်သူများကို သတ်ဖြတ်မည်ဖြစ်သော်လည်း လူများကိုအကြောင်းပြချက်မရှိပဲ သတ်ဖြတ်တတ်သူမဟုတ်ပေ။

"ဒီတောင်ပတ်ပတ်လည်ကို ပိုပြီးတော့ ကင်းလှည့်လိုက်။ နောက်ပြီး ဒရော့ဂ်ဘာနဲ့ ပီးရာ့စ်တို့ကို ခေါ်ပြီး ဒီခွေးသားတွေကို လေ့ကျင့်ပေးလိုက်။ ဒီကောင်တွေကို ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ ဥပဒေကိုရှင်းပြပြီးတော့ သူတို့အတွက်စီစဥ်ထားတဲ့ငါတို့အစီစဥ်ကိုပြောပြလိုက်။ ငါတို့အစီစဥ်ထဲမှာမပါ၀င်ချင်တဲ့လူတွေကို ချမ်းဘော့ဒ်မြို့နဲ့ ၂၀ကီလိုမီတာ၀ေးတဲ့စီကိုပို့ပေးလိုက်ကျ။ အဲ့လူတွေချမ်းဘော့ဒ်မြို့အနီးကိုရောက်လာခဲ့မယ်ဆိုရင် ချက်ချင်းကွပ်မျက်ပစ်။ ငါတို့နဲ့ ပူးပေါင်းဖို့ နေခဲ့ချင်တဲ့လူတွေကို ဟော့ခ်ဆေးပုလင်းတိုက်လိုက်။ ပုန်ကန်ဖို့ကြိုးစားတဲ့လူဘယ်သူ့ကိုမဆို ချက်ချင်းကွပ်မျက်ပစ်လိုက်..." ဖှေးအမိန့်ပေးလိုက်သည်။

ရော်ဘင်ခေါင်းငြိမ့်ကာ အမိန့်ကို ထမ်းဆောင်ရန်အတွက် ထွက်သွားလိုက်သည်။

တစ်ဖက်တွင် ဖှေးသည် ဤကိစ္စနှင့်ပတ်သက်၍ အချိန်မဖြုန်းတော့ရန်တွေးလိုက်၏။

ရုတ်တရက်သူရွှေရောင်စွမ်းအင်များကို ထုတ်လွှင့်လိုက်ပြီး ဓားငါးလက်တောင်တန်းထံသို့ ပျောက်ကွယ်သွားတော့သည်။

နေမင်းကြီးသည် ကောင်းကင်ပေါ်တွင် ပြန်လည်ထွက်ပေါ်လာနေပြီဖြစ်သည်။

ဖှေးသည် နတ်ဘုရားဘုရင့်နန်းတော်၏ ပြတင်းပေါက်မှရပ်ကာ ရင်သပ်ရှုမောဖွယ်ရှုခင်းကို ကြည့်နေလျှက်ရှိသည်။

လှပသည့်ဇနီးနှစ်ယောက်နှင့်အတူ မနက်စာစာပြီးနောက်တွင် သူသည် ကောင်းကင်မြို့တော်မှထွက်လာခဲ့တော့၏။

သူသည် ချမ်းဘော့ဒ်မြို့တော်ထဲသို့မ၀င်ခဲ့ပေ။ ထိုအစားသူသည် တောင်ဘက်သို့ ဦးတည်ကာ ပျံသန်းလိုက်၏။ သူသည် မြို့တော်စိန့်ပီတာစဘာ့တ်သို့သွားနေခြင်းပင်။

သူသည် ဇီးနစ်အင်ပါယာအား စစ်ကူပေးရန်သွားနေခြင်းဖြစ်သည်။

မြို့တော်တွင် ချမ်းဘော့ဒ်တိုင်းပြည်၏ မိတ်ဆွေများလဲရှိနေသည့်အတွက်ပင်။

လမ်းခရီးသည် အလောင်းများဖြင့်ပြည့်နှက်နေမည်မှာ အမှန်ပင်ဖြစ်ပြီး ချမ်းဘော့ဒ်ဘုရင်ဟူသည့်နာမည်သည် ထွက်ပေါ်လာနေသည့် မနက်ခင်းနေမင်းကဲ့သို့ပင် တောက်ပတော့မည်ဖြစ်၏။

All Chapters