← Chapters

"ဗရမ်းဗတာအခြေအနေ"

Vol. 53 Ch. 818

"ဗရမ်းဗတာအခြေအနေ"

Vol. 53 Ch. 818

လက်ရှိဖှေး၏အမြန်နှုန်းအရ ကီလိုမီတာ၁၀၀၀ကျော်ခန့်ကွာ၀ေးသည့် ချမ်းဘော့ဒ်မှ မြို့တော်စိန့်ပီတာစဘာ့တ်သို့ခရီးအား ဆယ်မိနစ်ခန့်ပင်အရောက်သွားနိုင်၏။

သို့သော် အရှေ့သို့ မြန်မြန်ဆန်ဆန်ပျံသန်းရမည့်အစား ဖှေးသည် လမ်းတစ်လျှောက်တွင် မြေပြင်အခြေအနအား အကဲခက်နေလျှက်ရှိသည်။

သူ၏ ၀ိဉာဥ်စွမ်းအားများကို ဖြန့်ကျက်ထားပြီး ဘုရင်သည် ရေဒါတစ်ခုလိုပင် နေရာတစ်၀ိုက်အား ၀ိဉာဥ်စွမ်းအားဖြင့်ကြည့်ရှုကာ ချမ်းဘော့ဒ်မှ မြို့တော်စိန့်ပီတာစဘာ့တ်လမ်းတစ်လျှောက်တွင်ရှိသော အသေးစားပြောင်းလဲမှုများကို သတိထားကြည့်ရှုနေလျှက်ရှိသည်။

အစပိုင်းတွင် ဘုရင်ထင်ထားသကဲ့သို့ အရာအားလုံးပုံမှန်ဖြစ်နေဆဲပင်။ မြို့တော်စိန့်ပီတာစဘာ့တ်နှင့် ပို၍နီးကပ်လာလေလေရန်သူ၏ပူးပေါင်းတပ်ဖွဲ့များ ပို၍အင်အားကောင်းလာလေလေဖြစ်သည်။ ဇီးနစ်အင်ပါယာ၏ ပိုင်နက်ထဲတွင် အတားဆီးများကိုပင်ပြုလုပ်ထားပြီး ဇီးနစ်အင်ပါယာတပ်ဖွဲ့များကို ပိတ်ပင်၀ိုင်းရံထား၏။

မြို့တော်စိန့်ပီတာစဘာ့တ်နှင့် ၁၀၀ကီလိုမီတာပတ်ပတ်လည်တွင်ရှိသောနေရာအများစုကို အော်မွန်းအင်ပါယာ၊ လီယွန်အင်ပါယာနှင့် ကျန်ရှိနေသည့် အင်ပါယာအနည်းငယ်၏ ပူးပေါင်းတပ်ဖွဲ့များမှထိန်းချုပ်ထား၏။ သာမန်ခြေလျင်တပ်ဖွဲ့များ၊ မြင်းတပ်ဖွဲ့များစွာကိုလည်း လိုအပ်လာပါက စစ်ကူပေးနိုင်ရန်အတွက် အသင့်ပြင်ထားကြသည်။

နေရာတိုင်းတွင် မီးများတောက်လောင်နေပြီး အမဲရောင်မီးခိုးများသည် ကောင်းကင်ပေါ်တွင် ပြည့်နှက်နေလျှက်ရှိသည်။ အလောင်းများသည် တောင်လိုပုံနေပြီး နေရာတစ်ခုလုံးသည်ငရဲပြည်ကဲ့သို့ပင်။

ဇီးနစ်အင်ပါယာစစ်ဘက်ဆိုင်ရာမြို့များမှ တပ်ဖွဲံများ၊ အဖွဲ့၀င်တိုင်းပြည်များမှ တပ်ဖွဲ့များသည် မြို့တော်စိန့်ပီတာစဘာ့တ်သို့ ရောက်၍စစ်ကူမပေးနိုင်ခင်မှာပင် ရန်သူတပ်ဖွဲ့များ ၀ိုင်း၀န်းတိုက်ခိုက်ခံရကာ တစ်ဖွဲ့တစ်ခုလုံးသုတ်သင်ရှင်းလင်းခံနေကြရ၏။

ဤသည်မှာ ပူးပေါင်းတပ်ဖွဲ့၏ ဗျူဟာတစ်စိတ်တစ်ပိုင်းဖြစ်ပုံရသည်။ သူတို့သည် ဇီးနစ်အင်ပါယာမှ တပ်ဖွဲ့များကို တစ်ဖွဲ့ခြင်းသီးခြားရှင်းလင်းနေခြင်းပင်။

ဖှေးအားစိတ်အေးစေသည်မှာ အော်မွန်းအင်ပါယာ၏ တပ်ဖွဲ့များချမ်းဘော့ဒ်တိုင်းပြည်သို့ ချီတပ်လာခြင်းမရှိသေးသည်ကို တွေ့လိုက်ရသည့်အတွက်ပင်။ အော်မွန်းအင်ပါယာ၏ လက်စားခြေခြင်းသည် အကြောင်းပြချက်တစ်ချို့ကြောင့်နှောင့်နှေးနေသည့်ပုံပင်။

လမ်းတစ်လျှောက်တွင် ဘုရင်သည် သနားညှာတာခြင်းမရှိပဲတွေ့သမျှ ကြယ်လေးလုံးအထက်စွမ်းအားမြင့်မားသည့် ရန်သူများကိုသတ်ဖြတ်ခဲ့သည်။

စစ်ပွဲတစ်ခုတွင် ရန်သူအားသက်ညှာပေးခြင်းသည် မိတ်ဆွေများကိုသစ္စဖောက်သလိုပင်။

ဖှေးသည် ကောင်းကင်ပေါ်တွင်ရှိနေသည့် အတွက်ကြောင့် ရန်သူများသည် သူ့အားမြင်နိုင်ခြင်းမရှိပေ။ သူ၏ ၀ိဉာဥ်စွမ်းအားများကိုထုတ်လွှတ်ကာ လက်တစ်ချာင်းလှုပ်စရာမလိုပဲပင် စွမ်းအားကြီးသောရန်သူများကိုသတ်ဖြတ်နေ၏။ ၀ိဉာဥ်စွမ်းအားများသည် အပ်တစ်ချောင်းကဲ့သို့သိပ်သည်းသွားပြီး ရန်သူများထံသို့ ပျံသန်းသွားကာသတ်ဖြတ်ခဲ့ခြင်းပင်။

ဖှေးသည် ရန်သူဘက်မှသိုင်းဆရာလေးဆယ်ခန့်ကို အဆုံးသက်ပေးလိုက်ပြီး ရန်သူများသည် သူတို့၏သိုင်းဆရာများမည်သည့်အတွက်ကြောင့် သေဆုံးသွားခဲ့သည်ကို မသိပဲဖြစ်နေ၏။

ဤအတွက်ကြောင့် ဖှေး၏ပျံသန်းသည့်နှုန်းမှာ နှေးကွေးနေခြင်းဖြစ်သည်။

တစ်နာရီခန့်ကြာသည်အချိန်တွင် ဖှေးသည် မြို့တော်စိန့်ပီတာစဘာ့တ်နှင့် ၃၀ကီလိုမီတာခန့်နီးကပ်လာ၏။

ယခုအချိန်တွင် ရန်သူများပူးပေါင်းတပ်ဖွဲ့မှ စစ်သည်အင်အားသည်မြင့်မားနေပြီး ပုရွတ်ဆိတ်များကဲ့သို့ပင် သိပ်သည်းနေ၏။

မြို့တော်ထံမှ ကြောက်မက်ဖွယ်မှော်စွမ်းအင်အရှိန်၀ါများ၊ အတွင်းအားစွမ်းအင်အရှိန်၀ါများကိုခံ ဖှေးခံစားနေရ၏။ စွမ်းအားမြင့် မှော်ဆရာများ၊ သိုင်းဆရာများတိုက်ခိုက်နေကြသည့်အတွက်ပင်။ တိုက်ပွဲများထံမှထွက်ပေါ်လာနေသည့်အသံလှိုင်းများသည် ၀ေးလှံသည့်နေရာကိုပင်ပြန့်နှံ့နေ၏။

သောင်းနှင့်ချီသည့်လူများ၏ အော်ဟစ်သံကို ဖှေးကြားလိုက်သလိုခံစားလိုက်ရပြီး သွေးမြူဆိုင်များသည် လေထဲသို့ပြန့်နှံ့ကာ မြို့တော်စိန့်ပီတာစဘာ့တ်အပေါ်ဘက်တွင်ရှိသော ကောင်းကင်ကိုအနီရောင်ခြယ်သနေ၏။

သွေးမြူဆိုင်များကြောင့် ကောင်းကင်တစ်ခုလုံးပင်အနီရောင်သန်းနေကာ နေရောင်ကိုပင်ကာဆီးနေ၏။ ဤသည်မှာ ကြောက်မက်ဖွယ်လက်နက်ကြီးများအသုံးပြုသည့် စစ်ပွဲကြီးများတွင်သာဖြစ်ပေါ်တတ်သည့် ကြောက်မက်ဖွယ်ဖြစ်စဥ်တစ်ခုပင်။ ဖှေးထံသို့ စာချွန်လွှာရုံးမှသတင်းရောက်သည်မှာ တစ်ရက်ကြာသွားပြီဖြစ်သောကြောင့် လက်ရှိတွင် ဇီးနစ်အင်ပါယာပတ်ပတ်လည်တွင် သွေးထွက်သံယိုတိုက်ပွဲများစွာဖြစ်ပွားနေမည်ဖြစ်ကြောင်းကို ဖှေးနားလည်လိုက်သည်။

ဖှေးသူ၏အမြန်နှုန်းကိုတိုးမြှင့်တော့မည့်အချိန်တွင် ရုတ်တရက်တစ်စုံတစ်ခုကို အာရုံခံလိုက်မိပြီးငုံ့ကြည့်လိုက်သည်။

"ဟင်...ဒုတိယမင်းသားနဲ့...သူတို့က မြို့တော်ထဲကိုမရောက်ကြသေးဘူး။ လမ်းမှာအခက်ခဲတစ်ခုတွေ့နေတဲ့ပုံပဲ..."

ကျယ်လောင်သည့်အော်ဟစ်သံများနှင့် တိုက်ခိုက်နေသည့် ဆူညံသံများကို မြေပြင်ပေါ်တွင်ရှိသော တောင်ကုန်းတစ်ခုပေါ်မှကြားလိုက်ရ၏။

ချမ်းဘော့ဒ်တိုင်းပြည်သို့သွားခဲ့သည် ဇီးနစ်အင်ပါယာမှ သံတမန်အဖွဲ့သည် ရန်သူတပ်ဖွဲ့များကို ဖြတ်ကျော်နိုင်ခြင်းမရှိသေးပေ။ ယခုအချိန်တွင် သူတို့အဖွဲ့သည်ရန်သူများအ၀ိုင်းခံထားရပြီး တောင်ကုန်းတစ်ခုပေါ်တွင် ပိတ်မိနေ၏။ သူတို့ပတ်ပတ်လည်တွင်ရှိနေသည့် မြေမျက်နှာသွင်ပြင်၊ အလောင်းများကိုသာအသုံးချ၍ အနိုင်နိုင်ခံစစ်ပြင်နေရသည်။

အဖွဲ့ထဲတွင် ချမ်းဘော့ဒ်တိုင်းပြည်သို့လာရောက်စဥ်က စစ်သည်အင်အားသုံးရာကျော်ပါရှိသော်လည်း လက်ရှိတွင်အယောက်၁၀၀ခန့်သာအသက်ရှင်ကျန်တော့သည်။ သို့သော် ရန်သူအင်အားတစ်သောင်းခန့်သည် သူတို့ထံသို့ ချီတပ်ကာသတ်ဖြတ်ရန်အတွက်ကြိုးစားနေကြ၏။

အပေါ်မှကြည့်ပါက အဆုံးမဲ့သည့်ရေလှိုင်းများသည် ကျောက်တန်းတစ်ခုကိုရိုက်ခတ်နေသလိုဖြစ်ပြီး ကျောက်တန်းသည်အချိန်မရွေးပြိုလဲတော့မည်ဖြစ်သည်။

"သေကြစမ်းကွာ..." မုတ်ဆိတ်နီဂရန်နယ်လိုသည် ကြုံး၀ါး၍ သူ၏ဓားကို၀ှေ့ရမ်းကာ ရွှေရောင်ဓားသွားစွမ်းအင်များကိုပစ်လွှတ်လိုက်သည်။

သူ၏ ဓားကွက်များသည် အနုစိတ်လှပြီး ခံတပ်အားဖြတ်ကျော်လာခဲ့သည့် လီယွန်အင်ပါယာမှ သိုင်းဆရာသုံးယောက်ကို လျှင်မြန်စွာသတ်ဖြတ်ပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် ခွန်အားအလွန်ကျွံသုံးလိုက်မိသည့်အတွက်ကြောင့် သူ၏ပခုံးပေါ်တွင်ရှိနေသည့် ပျောက်ကင်းစပြုနေပြီဖြစ်သောဒဏ်ရာသည် ပြန်လည်ပွင့်ဟကာသွေးများစီးကျလာ၏။

ပြင်းထန်သည့်နာကျင်မှုကြောင့် သူသည် မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်လျှက်ကျသွား၏။ လဲကျသွားခြင်းမရှိစေရန်အတွက် သူ၏ဓားကိုအားပြုလိုက်သည်။

သောင်ပြင်ပေါ်သို့ရောက်နေသည့် ငါးတစ်ကောင်လိုပင် သူသည် ပါးစပ်ဖွင့်၍ သွေးနံ့များဖြင့်ပြည့်နှက်နေသည့်လေကို ပြင်းထန်စွာရှူနေလျှက်ရှိ၏။

ယခုအချိန်တွင် ဂရန်နယ်လိုသည် မြို့တော်စိန့်ပီတာစဘာ့တ်၏ အင်ပါယာကင်းလှည့်တပ်ဖွဲ့မှ ခေါင်းဆောင်တစ်ယောက်နှင့်မတူတော့ပဲ။ စွမ်းအားမြင့်မားကာ ခန့်ညားထည်၀ါသည့်ပုံမရှိတော့ပဲ သူသည် ညစ်ပေနေ၏။

ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာပေါင်းအခု၂၀ကျော်ခန့်ရှိနေသည်။ ရှောင်ရှားနိုင်ခဲ့သည့်အတွက်ကြောင့် အရေးကြီးခန္ဓာကိုယ်အစိတ်ပိုင်းများကို ထိခိုက်ခြင်းမရှိသေးသော်လည်း ရရှိထားသည့်ဒဏ်ရာများသည် အလွန်နက်ရှိုင်းလှပြီး အရည်ပြားအောက်တွင်ရှိသောအဖြူရောင်အရိုးများကိုပင်မြင်နေရ၏။ သံမဏိအကောင်းစားဖြင့်ပြုလုပ်ထားသည့် သူ၏ချပ်၀တ်သည်လည်း စုတ်ပြတ်နေ၏။ ချပ်၀တ်ပေါ်တွင် အပေါက်များဖြင့်ပြည့်နှက်နေပြီးခန္ဓာကိုယ်ပေါ်မှ ကွာကျလုနီးနီးပင်။

ဂရန်နယ်လို၏ ခန္ဓာကိုယ်ပေါ်တွင် သွေးများဖြင့်ပေကျံနေပြီး မောပန်းနေ၏။ နှုတ်ခမ်းများသည်ညိုမဲနေပြီး သူတန်ဖိုးထားရသည့် မုတ်ဆိတ်များ၏တစ်စိတ်တစ်ပိုင်းသည်လည်း ပိုင်းဖြတ်ခံထားရသည်။ တကယ်တန်းထိုဓားချက်သည် သူ၏မုတ်ဆိတ်မွေးများကိုသာပိုင်းဖြတ်သွားခဲ့သည်မဟုတ်ပဲ လည်ပင်းပေါ်တွင်နက်ရှိုင်းသည့်ဒဏ်ရာကြီးတစ်ခုကို ချန်ထားခဲ့သည်။ အကယ်၍ သူထိုဓားချက်ကို ရှောင်ရှားနိုင်ခဲ့ခြင်းမရှိပါက ဦးခေါင်းပြတ်သွားစေနိုင်လောက်သည့် ဓားချက်မျိုးပင်။

ဓားကိုတောင်၀ှေးသဖွယ်အားပြု၍ ပြန်ထရန်အတွက် ဂရန်နယ်လို အတတ်နိုင်ဆုံးကြိုးစားလိုက်သည်။

သူ၏အမြင်အာရုံများမှောင်မှိုက်နေပြီး ခန္ဓာကိုယ်သည်လည်း အရှေ့နောက်ယိမ်းယိုင်နေလျှက်ရှိသည်။ မက်တပ်ရပ်နိုင်ရန်ကိုပင် အနိုင်နိုင်ကြိုးစားနေရပြီး မင်းသားဒိုမင်ဂူ၏ဘေးတွင်ရှိသော ကျွမ်းကျင်စစ်သည်များ၏ သုံးပုံနှစ်ပုံခန့်သည် အသတ်ခံလိုက်ရပြီဖြစ်ကြောင်းကိုသိလိုက်သည်။ အသက်ရှင်ကျန်နေသည့် စစ်သည်တော်များသည်လည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိနေပြီး ကိုင်ဆောင်တိုက်ခိုက်နေသည့်လက်နက်များလည်း ကျိုးပဲ့နေကြ၏။

အဖြူရောင်၀တ်စုံနှင့် လှပသည့် နတ်သမီးတစ်ပါးဟုထင်ရသည့် နတ်ဆိုးအမျိုးသမီးပဲရစ်သည်လည်း ညစ်ပေနေသည်။ သူမ၏ခန္ဓာကိုယ်သည် သွေးများဖြင့်ဖုံးလွှမ်းနေသောကြောင့် ၀တ်ဆင်ထားသည့် အဖြူရောင်ဂါ၀န်ပင်အနီရောင်အဖြစ်သို့ပြောင်းလဲနေ၏။ သူမ၏လှပသည့် ခြေတံများ၊ လက်မောင်းများပေါ်တွင် ဒဏ်ရာများစွာဖြင့်ပြည့်နှက်နေပြီး သူမသည်လည်း အတတ်နိုင်ဆုံးကြိုးစားကာ ခုခံနေရ၏။

အင်အားခြင်းအလွန်ကွာခြားနေသည့်အချိန်တွင် ဉာဏ်ကောင်းသည်ဟုနာမည်ကြီးသည့် မိန်းကလေးပဲရစ်ပင် ဘာမှမတတ်နိုင်တော့ပေ။

မင်းသားဒိုမင်းဂူသည် အလည်တွင်ရှိကာ လူပေါင်းများစွာ၏ ကာကွယ်ပေးခြင်းကိုခံနေရသော်လည်း အခြေအနေမကောင်းလှပေ။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးများယိုစိမ့်နေသည့် အပေါက်များစွာရှိနေပြီး ရန်သူများမှ ပစ်လွှတ်လိုက်သည့် ကြောက်မက်ဖွယ်မြှားချက်များကြောင့်ဖြစ်သည်။ မြှားတံများကို မင်းသားမှ ဓားဖြင့်ဖြတ်ပစ်လိုက်ပြီဖြစ်သော်လည်း မြှားခေါင်းများသည် သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေဆဲဖြစ်သည်။ လက်ရှိတွင် ဆွဲနုတ်ဖို့အချိန်မရသေးပေ။ မသန်စွမ်းခွေးကလေးအိုကာသည်လည်း သူ၏ခြေထောက်ရင်းတွင် ကြောက်လန့်နေလျှက်ရှိ၏။

ခန္ဓာကိုယ်ထဲတွင်စိုက်၀င်နေသည့် မြှားများကြောင့် ဒုတိယမင်းသားလှုပ်ရှားလိုက်သည့်အချိန်တိုင်းတွင် တစ်စုံတစ်ယောက်မှသူ၏ခန္ဓာကိုယ်အားဓားဖြင့်လှီးနေသလို ခံစားနေရပြီး သာမန်လူများခံနိုင်လိမ့်မည်မဟုတ်သည့် ၀ေဒနာပင်။

ထိုကဲ့သို့ဖြစ်နေသော်လည်း ဒိုမင်းဂူထံတွင် မြင့်မြတ်တည်ကြည်သည့်အရှိန်၀ါတစ်ခုရှိနေဆဲပင်။ မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့် ရန်သူများကိုခုခံနိုင်ရန်အတွက်စစ်သည်တော်များကိုအမိန့်ပေးနေလျှက်ရှိသည်။ မြှားသုံးချောင်းသည် တစ်ခြားလူ၏ခန္ဓာကိုယ်ထဲတွင်စိုက်၀င်နေသလိုပင်။ မျက်နှာပေါ်တွင်နာကျင်သည့်အရိပ်ယောင်တစ်ခုမှ မမြင်ရပေ။

ဒိုမင်းဂူသည် ဤကဲ့သို့တည်ငြိမ်နေသည့်အတွက်ကြောင့် သူ၏စစ်သည်တော်များသည်လည်း စိတ်ဓာတ်တက်ကြွနေဆဲပင်။

မောပန်းနေသည့်စစ်သည်များသည် ဇီးနစ်အင်ပါယာ၏ ဒုတိယမင်းသားကို လေးစားအားကျသည့်အကြည့်များဖြင့်ကြည့်နေကြသည်။ ရန်သူ၏တိုက်ခိုက်မှုများကိုလည်း သူတို့တတ်နိုင်သလောက်အကောင်းဆုံးခုခံနေကြ၏။ သူတို့ကိုင်ဆောင်ထားသည့်လက်နက်များကျိုးပဲ့ကုန်သော်လည်း ရန်သူများကို လက်ဖြင့်တိုက်ခိုက်တားဆီးနေလျှက်ရှိသည်။ သူတို့သည် အသက်ရှင်နေသ၍ မင်းသားကိုအတတ်နိုင်ဆုံးကာကွယ်ပေးသွားကြမည်ဖြစ်သည်။

ဂရန်နယ်လိုသည် ရှေ့သို့ပြေးသွားလိုက်ပြီး ခံစစ်ကိုဖြတ်ကျော်လာကြသည့်ရန်သူများကို တားဆီးရန်ကြိုးစားနေ၏။

"ကျွန်တော်တို့ညီအကိုတွေဆက်ပြီးတော့ မခံနိုင်တော့ဘူး။ လောလောဆယ်ဆုတ်ခွာမှရမယ်...ကျွန်တော်တို့လက်ရှိအင်အားနဲ့မြို့တော်ထဲကို ထိုးဖောက်၀င်ဖို့မဖြစ်နိုင်ဘူး..." သူသည် အော်မွန်းစစ်သည်ခြောက်ဦး၏ ခေါင်းကိုပိုင်းဖြတ်ရင်းဖြင့် အော်ဟစ်လိုက်သည်။

စစ်သည်၃၀၀သည် အင်ပါယာကင်းလှည့်တပ်ဖွဲ့မှ သူကိုယ်တိုင်ရွေးချယ်ထားသည့် စစ်သည်တော်များဖြစ်ပြီး သစ္စာရှိ၊ ရဲရင့်ကာ အတွင်းအားစွမ်းအင်များပိုင်ဆိုင်သလို စွမ်းအားမြင့်မားကြသည်။ သို့သော်လည်း အင်အားအရေတွက်ခြင်းကွာခြားသည့်အတွက်ကြောင့် သူတို့ဘက်မှလူ၂၀၀ကျော်ကျဆုံးခဲ့သည်။

ဂရန်နယ်လိုသည် ထိုအကြောင်းတွေးလိုက်မိသည့်အချိန်တိုင်းတွင် ကြေကွဲဆို့နင့်သွား၏။

All Chapters