← Chapters

"ရက်စက်သောတိုက်ပွဲ"

Vol. 53 Ch. 820

"ရက်စက်သောတိုက်ပွဲ"

Vol. 53 Ch. 820

နတ်ဆိုးအမျိုးသမီးပဲရစ်သည် ဒုတိယမင်းသားဒိုမင်းဂူ၏အဖွဲ့တွင် အရေးကြီးသည့်လူတစ်ယောက်ဖြစ်ပြီး သူမသည် အရေးကြီးသည့်အချိန်များတွင်အကောင်းဆုံးဆုံးဖြတ်ချက်များကိုချနိင်သည့်အရည်ခြင်းရှိပြီး မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ရှိသည့် မင်းသား၏လူများကို အမိန့်ပေးအုပ်ချုပ်နိုင်သည့် အာဏာလဲရှိသည်။

ဗရမ်းဗတာဖြစ်နေခဲ့သည့် အင်အားစုများကို အမိန့်ပေးစနစ်ကျရောင်လုပ်ခြင်းသည် အန္တရာယ်ကျရောက်နေသည့်အင်ပါယာကို ကယ်တင်ကောင်းကယ်တင်နိုင်မည်ဖြစ်သောကြော့င်ပင်။

ထို့အပြင် မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ကျန်ရှိခဲ့သည့် မင်းသားဒိုမင်းဂူ၏ အင်အားစုများသည် ယခုကဲ့သို့သောအချိန်တွင် ဉာဏ်ပညာရှိသည့်ခေါင်းဆောင်ကောင်းတစ်ယောက်လဲလိုအပ်နေ၏။

"ကောင်းပြီလေ။ ဒါဆိုဒီလိုပဲလုပ်ကြတာပေါ့။ အချိန်လဲသိပ်မရှိဘူး အဲ့တာကြောင့် မြန်မြန်အကောင်ထည်ဖော်ကြရအောင်။ အရှင့်သားကိုကူညီဖို့အတွက် ချမ်းဘော့ဒ်တိုင်းပြည်ကနေ သိုင်းဆရာတစ်ယောက်လဲစေလွှတ်ပေးပါမယ်..." ဖှေးသည် အစီစဥ်အား သဘောတူလိုက်ပြီး ပြောလိုက်သည်။

ဘုရင်သည် မင်းသားဒိုမင်းဂူအား မြို့တော်၏ အပြင်ဘက်တွင် ကြီးမားသည့်တပ်ဖွဲ့ကြီးတစ်ခုကို စုဆောင်းစေလိုသည်။ သူတို့သည် အခြေအနအား ပြောင်းပြန်မလှန်နိုင်စေကာမူ မြို့တော်စိန့်ပီတာစဘာ့တ်နှင့် ချမ်းဘော့ဒ်တိုင်းပြည်တို့ကြားထဲတွင်အဆီးတားတစ်ခုဖြစ်လာစေမည်ဖြစ်ပြီး ချမ်းဘော့ဒ်တိုင်းပြည်အား ပြင်ဆင်မှုများမပြီးသေးမှီ စစ်ပွဲထဲမ၀င်ရောက်ရစေရန်ကာကွယ်ပေးထားမည်ဖြစ်သည်။

ထို့ကြောင့် ချမ်းဘော့ဒ်တိုင်းပြည်သည် မင်းသားဒိုမင်းဂူအား အဖက်ဖက်မှ အကူညီအထောက်ပံ့များပေးရမည်ဖြစ်သည်။

တောင်ထိပ်တွင် ဖှေးကဲ့သို့သောစွမ်းအားမြင့်မားသည့်သိုင်းဆရာတစ်ယောက်ရှိနေသည့် အတွက်ကြောင့် ပူးပေါင်းတပ်ဖွဲ့များသည် အနီး၁၀၀မီတာသို့ပင်ကပ်လာနိုင်ခြင်းမရှိပေ။ ဘုရင်၏ ရွှေရောင်စွမ်းအင်အကာရံသည် နေရာတစ်၀ိုက်ကို လွှမ်းခြုံထားသည့်အတွက်ပင်။

ဤအချိန်တွင် ဖှေးသည် ဒိုမင်းဂူ၊ ဂရန်နယ်လိုနှင့် ကျန်ရှိနေသည့် စစ်သည်များကို ဒဏ်ရာများပျောက်ကင်းအောင်ကုသရာတွင်ကူညီပေးလိုက်သည်။ ထို့နောက်တွင် တပ်ဖွဲ့အားဦးဆောင်၍ ဤအခြေအနေမှ လွတ်မြောက်နိုင်ရန်အတွက် ကူညီလိုက်သည်။

သူ၏လက်သီးကို ၀ှေ့ရမ်းလိုက်သည့်အချိန်တွင် သွေးလမ်းကြောင်းတစ်ခုထွက်ပေါ်လာ၏။ သူတို့ထံသို့ ပြေး၀င်လာနေသည့် လီယွန်အင်ပါယာမှစစ်သည်များသည် ချက်ချင်းပြာမှုန်များအဖြစ်သို့ပြောင်းလဲသွားကြတော့သည်။

"စွမ်းအား..စွမ်းအား..." အသက်ရှင်ကျန်နေသေးသည့် မင်းသားဒိုမင်ဂူ၏ စစ်သည်များသည် ဤအရာကိုမြင်ရသည့်အချိန်တွင်ကြုံး၀ါးအော်ဟစ်လိုက်ကြသည်။

ဖှေး၏ ပြိုင်ဘက်ကင်းမဲ့သည့်အရှိန်၀ါသည် လီယွန်အင်ပါယာမှစစ်သည်များကို ကြောက်လန့်စေသည့်အတွက်ကြောင့် ထိုစစ်သည်များအနောက်သို့ ကပျာကယာဆုတ်ခွာနေကြသည်။ ထို့နောက်တွင် စစ်သည်တော်စွမ်းအင်များ၊ မှော်စွမ်းအင်များလွှမ်းခြုံထားသည့်သိုင်းဆရာများသည် ရန်သူတပ်ဖွဲ့များထဲမှ ခုန်ထွက်လာကြတော့၏။ သူတို့သည် ဖှေးအားရပ်တန့်လိုသော်လည်း ဖှေးလက်ချောင်းတစ်ချောင်းလှုပ်ရှားလိုက်သည့်အချိန်တွင် လေပေါ်မှာပင်ပေါက်ကွဲကုန်ကြတော့၏။ သူတို့အားလုံးအနောက်သို့ ပြန်လှည့်ရန်ပင် အခွင့်ရေးမရလိုက်ကြပေ။

ထိတ်လန့်၍ အချက်ပေးခရာသံများထွက်ပေါ်လာသည်။ လီယွန်အင်ပါယာမှ တပ်ဖွဲ့များသည် အနောက်သို့လျှင်မြန်စွာဆုတ်ခွာ၍ ဖှေးနှင့် သူတို့ကြားထဲတွင် အကွာ၀ေးတစ်ခုကို သက်မှတ်လိုက်သည်။

ဖှေးသည် ဒိုမင်ဂူတို့တပ်ဖွဲကာကွယ်ပေးရင်းဖြင့် လုံခြုံရာသို့ ရွေ့ပြောင်းပေးနေလျှက်ရှိသည်။ ရန်သူများသည် သူတို့အနောက်မှလိုက်ပါရဲခြင်းမရှိပဲ သူတို့ထိန်းချုပ်ထားသည့်နေရာမှ ဖှေးတို့အဖွဲ့လမ်းလျှောက်ထွက်သွားသည်ကိုသာ ရပ်ကြည့်နေကြရ၏။

ဒိုမင်ဂူနှင့် သူ၏လူများလုံခြုံရာသို့ရောက်သွားသည့်အချိန်တွင် ဖှေးသည် တစ်ဖက်သို့လှည့်ကာ ပဲရစ်နှင့်အတူ မြို့တော်စိန့်ပီတာစဘာ့တ်သို့ ပျံသန်းသွားတော့သည်။

"ရက်စက်မှုတွေ စစ်ပွဲတွေကပဲ သူရဲကောင်းတွေရဲ့ စိတ်ရင်းအမှန်ကိုစမ်းသပ်လိမ့်မယ်...ချမ်းဘော့ဒ်ဘုရင်က စွမ်းအားမြင့်မားလွန်းပြီးအမိန့်မနာခံတတ်လို့ အင်ပါယာအတွက် အန္တရာယ်တစ်ခုဖြစ်လာနိုင်တယ်လို့ လူတွေကပြောကြတယ်...ဒါပေမယ့် အင်ပါယာအတွက် အန္တရာယ်ဖြစ်လာတဲ့အချိန်မှာ ပထမဆုံးရပ်တည်ပေးတာ ချမ်းဘော့ဒ်ဘုရင်ပဲ...ဒီလိုစွမ်းအားမြင့်မားတဲ့ဘုရင်တစ်ပါးရှိနေတာက အင်ပါယာအတွက်ကံကောင်းခြင်းတစ်ခုပဲ..." ဖှေးနှင့် ပဲရစ်သို့ ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ပြောင်းလဲ၍ ပျံသန်းသွားသည်ကို ကြည့်ရင်းဖြင့် မင်းသားဒိုမင်းဂူတွေးလိုက်မိသည်။

မုတ်ဆိတ်နီ ဂရန်နယ်လိုသည်လည်း တိတ်ဆိတ်နေ၏။ သူသည် တစ်ခြားအရာတစ်ခုကို စဥ်းစားကြည့်နေခြင်းဖြစ်သည်။ ခနတာတွန့်ဆုတ်သွားပြီးသည့်နောက်တွင် သူမေးလိုက်သည်။ "အရှင့်သား ဘာလို့ ပဲရစ်ကို မြို့တော်ထဲထည့်ပေးလိုက်တာလဲ...ပဲရစ်က..."

ဖှေးရောက်လာသည့်အချိန်တွင် ပဲရစ်၏အမူယာပြောင်းလဲသွားခဲ့သည်ကို လူတိုင်းမြင်တွေ့လိုက်ရသည်။ ဒိုမင်းဂူနှင့် ဂရန်နယ်လိုတို့သည် ဉာဏ်ကောင်းသည့်လူများဖြစ်သည့်အတွက်ကြောင့် အရိပ်ကဲနားလည်ကြ၏။

"ပဲရစ်ငါနဲ့အတူရှိနေတာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ဒါပေမယ့် သူလဲ မိန်းကလေးတစ်ယောက်ပဲလေ..." ဂရန်နယ်လိုဆိုလိုသည်ကို ဒိုမင်းဂူနားလည်သည့်အတွက်ကြောင့် ပြုံးကာရှင်းပြလိုက်သည်။ "လူတိုင်းက ပဲရစ်ကို ငါပိုင်တယ်ပဲထင်နေကြတယ်...ပဲရစ်က င့ါရဲ့အမျိုးသမီးပေါ့။ ဒါပေမယ့် အဲ့လိုမဟုတ်ပါဘူး...သူမသာ ယောက်ျားတစ်ယောက်ကို ချစ်ကြိုက်မိတယ်ဆိုရင်...ငါကဘာလို့ ဟန့်တားနေရမှာလဲ...ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒားက သူမရဲ့အချစ်နဲ့ထိုက်တန်တဲ့လူတစ်ယောက်ပါပဲ.."

မင်းသား၏စကားကိုကြားသည့်အချိန်တွင် ဂရန်နယ်လို တုန်လှုပ်သွားသည်။

"မင်းလဲအတူတူပဲလေ...မင်းလဲငါနဲ့အတူရှိတာနှစ်ပေါင်းများစွာကြာခဲ့ပြီ။ ငါ့ကိုလုပ်ကြံသတ်ဖြတ်မှု အခု၂၀လောက်ကနေ မင်းကာကွယ်ပေးခဲ့တယ်..မင်းခန္ဓာကိုယ်မှာလည်း င့ါကိုကာကွယ်ပေးရင်းရရှိလာခဲ့တဲ့ အမာရွတ်တွေအများကြီးရှိတယ်။ ငါတို့အင်ပါယာကြီး ဒီအမှောင်ခေတ်ကို ကျော်လွှားပြီးသွားရင်တော့ မင်းအနားယူသင့်တယ်..အနည်းဆုံးမိန်းမကောင်းတစ်ယောက်နဲ့ လက်ထပ်ပြီးတော့ မိသားစုတစ်ခုတည်ထောင်သင့်တယ်...မင်းရဲ့မျိုးဆက်ကို ချန်ခဲ့ရမှာပေါ့..." ဒိုမင်းဂူ အပြုံးတစ်ခုနှင့်ပြောလိုက်သည်။

ဂရန်နယ်လိုသည် သူ့လက်အောက်တွင် အချိန်ကြာအမှုထမ်းခဲ့ပြီး ရာထူးအရှိန်၀ါကြီးမားသည့်လူတစ်ယောက်ဖြစ်သော်လည်း အိမ်ထောင်ကျခြင်းမရှိသေးပေ။ မြို့တော်ထဲတွင် မတူညီသောအင်အားစုများ၏ အားပြိုင်တိုက်ခိုက်မှုများသည် ပြင်းထန်ကာ အန္တရာယ်များသည့်အတွက်ပင်။

ကောင်းကင်ပေါ်တွင် တောက်ပနေသည့်နေမင်းကိုကြည့်ရင်းဖြင့် သူတို့နှစ်ယောက်လုံးတိတ်ဆိတ်သွားကြသည်။

ဖှေးနှင့်ပဲရစ်တို့သည် ကစဥ့်ကလျားပုလ္လင်ပေါ်တွင်ရပ်ကာ ကိုယ်ယောင်ဖျောက်ထားကြသည်။ သူတို့သည် ရန်သူ၏ပူးပေါင်းတပ်ဖွဲ့မှ သိုင်းဆရာများ၏ ရှာဖွေမှုကိုရှောင်ရှား၍ စိန့်ပီတာစဘာ့တ်အနီးသို့ရောက်လာကြသည်။

ရေလည်ခေါင်တွင်ရှိသော ကျွန်းတစ်ကျွန်းကဲ့သို့ ရေတွက်၍မရနိုင်သည့် ရန်သူများစွာ၏ ၀ိုင်းထားခြင်းကိုခံထားရသည့်မြို့တော်ကိုမြင်ရသည့်အချိန်တွင် စာအုပ်ပေါင်းများစွာဖတ်ရှုခဲ့ဖူးပြီး ဉာဏ်ပညာကြီးမားသည့်ပဲရစ်တစ်ယောက်ပင် တုန်လှုပ်သွား၏။

ကြောက်မက်ဖွယ် စစ်ပွဲကြီးတစ်ခုပင်။

အလွန်ကြီးမားသည့် လိမ္မော်ရောင်မှော်စွမ်းအင်အကာရံကြီးတစ်ခုသည် စိန့်ပီတာစဘာ့တ်ကိုလွှမ်းခြုံကာ မြို့တော်တစ်ခုလုံးကိုကာကွယ်ပေးထားသည်။ ရန်သူများဘက်မှလဲ မှော်စွမ်းအင်အကာရံအား မိုးစက်များကဲ့သို့ စွမ်းအင်အမျိုးမျိုးဖြင့် ပစ်လွှတ်တိုက်ခိုက်ကာ ထိုးဖောက်ရန်ကြိုးစားနေကြလျှက်ရှိသည်။ အ၀ါရောင်လှိုင်းများပေါ်လာပြီး စွမ်းအင်အကာရံကြီးတစ်ခုလုံးသည် ပြင်းထန်စွာတုန်ခါနေ၏။ အချိန်မရွေးပြိုကျတော့မည့်အတိုင်းပင်။

တစ်ယောက်ခြင်းတိုက်ခိုက်သည့်တိုက်ပွဲများတွင် လအဆင့်မှော်ဆရာများသည် အားသာချက်မရှိသော်လည်း စစ်ပွဲများတွင်မူ မှော်စွမ်းအင်သည် စစ်သည်တော်စွမ်းအင်ထက်များစွာပို၍အသုံး၀င်၏။

အဆင့်နိမ့်မှော်ဆရာများသာရှိစေကာမူ အရေတွက်တစ်ခုသို့ရောက်ပါက စစ်မြေပြင်တွင်သက်ရောက်နိုင်သည့် ဖျက်ဆီးနိုင်မှုစွမ်းအားသည် တူညီသည့်အရေတွက်နှင့် စစ်သည်တော်များထက်များစွာပို၍သာလွန်၏။

လိမ္မော်ရောင်မှော်စွမ်းအင်အကာရံသာမရှိပါက မြို့တော်စိန့်ပီတာစဘာ့တ်သည် မှော်စွမ်းအင်တိုက်ခိုက်မှုများကြောင့် ပြာပုံဖြစ်နေလောက်ပြီးဖြစ်သည်။

သို့သော် စွမ်းအင်အကာရံသည် မှော်စွမ်းအင်ကိုသာကာကွယ်ပေးနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများကို ကာရံပေးနိုင်ခြင်းမရှိပေ။

ယခုအချိန်တွင်စိန့်ပီတာစဘာ့တ်ပတ်ပတ်လည်တွင်ရှိသည့် ကျုံးများပေါ်တွင် အလောင်းများ သွေးများဖြင့်ပြည့်နှက်နေ၏။ အ၀ါရောင်ချပ်၀တ်များ၀တ်ဆင်ထားသည့် စစ်သည်များသည် သူတို့အပေါင်းဖော်များ၊ ရန်သူများ၏အလောင်းများကို နင်းကာ သိမ်းပိုက်ခြင်းယန္တရားများကို ရှေ့သို့တွန်း၍ မှော်စွမ်းအင်စက်လုံးအကာရံကို ဖြတ်ကျော်နေလျှက်ရှိသည်။

သူတို့သည် မြို့တော်၏ ခံတပ်နံရံအားတိုက်ခိုက်နေကြ၏။

သာမန်စစ်သည်များအပြင် ကြယ်အဆင့်စစ်သည်များသည်လည်းအရှေ့သို့ ပြေးကာလေပေါ်သို့ ခုန်တက်လိုက်ကြသည်။ သူတို့သည် မီတာပေါင်းများစွာမြင့်မားသည့် စိန့်ပီတာစဘာ့တ်၏ခံတပ်နံရံပေါ်သို့ စက္ကန့်အနည်းငယ်အတွင်းမှာပင် ရောက်ရှိသွားပြီး ဇီးနစ်အင်ပါယာမှ စစ်သည်များကိုအညှာတာကင်းမဲ့စွာသတ်ဖြတ်နေလျှက်ရှိသည်။

ဇီးနစ်အင်ပါယာမှ သိုင်းဆရာများလည်းပြန်လည်တိုက်ခိုက်နေကြပြီး အညှာတာကင်းမဲ့သည့်တိုက်ပွဲများသည် ခံတပ်နံရံအတွင်းနှင့် အပြင်တို့တွင် အဆက်မပြတ်ဖြစ်ပွားနေလျှက်ရှိသည်။

တောက်လောင်နေသည့်မီးခိုးများနှင့် အေးစက်နေသည့်အလောင်းများသည် နေရာအနှံ့ပင်။

အကယ်၍ မြို့တော်စိန့်ပီတာစဘာ့တ်၏ ခံတပ်နံရံများသည်သာ မြင့်မားခြင်းမရှိပါက စုပုံနေသည့်အလောင်းများကိုပင် လှေကားကဲ့သို့အသုံးပြု၍ ခံတပ်နရံပေါ်သို့ရန်သူများတက်ရောက်လာနိုင်၏။

တိုက်ပွဲထဲတွင်ပါ၀င်တိုက်ခိုက်နေကြသည့် လအဆင့်သိုင်းဆရာများလည်းရှိနေကြသည်။ သူတို့သည် တိုက်ပွဲ၏ရလဒ်ကို လျှင်မြန်စွာပြောင်းလဲနိုင်ခြင်းမရှိသော်လည်း နှစ်ဖက်လုံးတွင်ကြီးမားသည့်အဆုံးရှုံးများကို ဖြစ်ပေါ်စေနိုင်သည့် ဓားသွားများပင်။

လအဆင့်သိုင်းဆရာအရေတွက်ခြင်းနှိုင်းယှဥ်ကြည့်ပါက ဇီးနစ်အင်ပါယာသည် အားနည်းနေ၏။

အချိန်အများစုတွင် ဇီးနစ်အင်ပါယာသည် ကြီးမားသည့် ခံတပ်နံရံ၊ ကြီးမားသည့်မှော်ဒူးလေးကြီးများ၊ ကြီးမားသည့် မှော်အမြှောက်များကိုသာအသုံးပြု၍ ရန်သူများဘက်မှလအဆင့်သိုင်းဆရာများကိုခုခံနေကြရသည်။ သိပ်အသုံးမ၀င်လှသော်လည်း ရန်သူအတွက် အခက်ခဲဖြစ်နေစေ၏။

ကောင်းကင်ပေါ်တွင် ထူထဲသည့်မီးခိုးများဖြင့်ပြည့်နှက်နေပြီး စူးရှသည့် သွေးရနှံ့တို့မှာ လေထုထဲတွင်ပြည့်နှက်နေသည်။ သွေးများသည် မြစ်များကဲ့သို့စီးဆင်းနေပြီး အလောင်းများတောင်လိုပုံနေလျှက်ရှိသည်။ နှစ်ဖက်လုံးမှစစ်သည်များသည် ပုရွတ်ဆိတ်များကဲ့သို့ဖြစ်နေပြီး စစ်သည်တော်စွမ်းအင်များ၊ မှော်စွမ်းအင်များတောက်ပသွားသည့်အချိန်တိုင်းတွင် စစ်သည်ရာပေါင်းများစွာသေဆုံးသွား၏။ ဤအရာများအားလုံးသည် အိမ်မက်ဆိုးတစ်ခုလိုပင်။

ဤသည်မှာ ပထမဆုံးအနေဖြင့် ကြီးမားသည့်စစ်ပွဲကြီးတစ်ခုအား ဖှေး၏မျက်လုံးများဖြင့်မြင်တွေ့ဖူးခြင်းဖြစ်သည်။

လူ့အသက်များသည် ကောက်ရိုးမျှင်မျှပင်အသုံး၀င်ခြင်းမရှိပဲ သာမန်လူများ၏မျက်လုံးထဲတွင် အရှိန်၀ါကြီးမားသည့် ကြယ်အဆင့်စစ်သည်များသည် ပို၍သန်မာသည့် ပုရွတ်ဆိတ်များသာဖြစ်၏။ သူတို့၏ကံကြမ္မာကိုပင် ကိုယ်တိုင်ထိန်းချုပ်နိုင်ခြင်းမရှိပဲ လွယ်လွယ်ကူကူပင်သေဆုံးနေကြသည်။

နေရာတစ်၀ိုက်အား သေခြင်းတရားများလွှမ်းခြုံသွားပြီး စစ်ပွဲသည်ဆက်လက်ဖြစ်ပွားနေသည်။

မြို့တော်စိန့်ပီတာစဘာ့တ်ကို ဇီးနစ်သားများထိန်းချုပ်နိုင်သေးသည်မှာ ကံကောင်းသည်ဟုဆိုရမည်ဖြစ်သည်။ စစ်ပွဲစတင်သည်မှာ တစ်နေ့ခွဲခန့်ကြာပြီဖြစ်ပြီး ဖှေးထင်ထားသလို သိမ်းပိုက်ခံရခြင်းမရှိသေးပေ။

စစ်ပွဲထဲတွင် ဇီးနစ်တော်၀င်မိသားစုနှစ်၂၀ခန့်ပြင်ဆင်ထားခဲ့သည့်အရာများသည် အရေးပါလာခဲ့၏။

နာရီပေါင်းသုံးဆယ်ကျော်ခန့် အပြင်းထန်တိုက်ခိုက်သိမ်းပိုက်ခြင်းခံနေခဲ့ရသော်လည်း စိန့်ပီတာစဘာ့တ်သည် ကြံ့ကြံ့ခံနိုင်နေခဲ့သည်။

ဤသည်မှာ အော်မွန်းသားများနှင့် လီယွန်သားများထင်မထားခဲ့သည့်အရာများဖြစ်ပြီး ရလဒ်အနေဖြင့် သူတို့လည်းကြီးကြီးမားမားပေးဆပ်လိုက်ရ၏။

ကောင်းကင်ပေါ်မှငုံ့ကြည်နေရင်းဖြင့် နာရီ၃၀အတွင်းမှာပင် အော်မွန်းအင်ပါယာနှင့် လီယွန်အင်ပါယာတို့မှ ပူးပေါင်းတပ်ဖွဲ့စစ်သည်အင်အား တစ်သိန်းကျော်ခန့်ဆုံးရှုံးခဲ့သည်ကို ဖှေးနှင့် ပဲရစ်တို့ခန့်မှန်းလိုက်မိကြသည်။

"ငါတို့ဘာလုပ်သင့်လဲ...မြို့တော်ထဲကိုပဲ၀င်ကြမလား...ရန်သူတွေကိုပဲသတ်ကြမလား.." ဖှေးရယ်မောကာ သူ၏လက်သီးများကို ဆုပ်လိုက်သည်။

All Chapters