"လက်သီးတစ်ချက်"
Vol. 53 Ch. 823
"မင်းကများင့ါကို ဒဏ်ရာရအောင်လုပ်ရဲတယ်ပေါ့။ သောက်ဇီးနစ်သားတွေအကုန်သေကြစမ်းကွာ..." သူ၏ဂရုမစိုက်မှုကြောင့် ဒဏ်ရာရသွားခဲ့သည့် အဆင့်သိုင်းဆရာသည် ဒေါသဖြစ်သွား၏။
လေပေါ်တွင် သူ၏လက်ကို၀ှေ့ရမ်းလိုက်ပြီး ကြီးမားသည့်စွမ်းအင်လှိုင်းများသည် အောက်သို့ပျံသန်းလာတော့သည်။ မီးစွမ်းအင်များသည် ဆူတွန်၏ ရွှေရောင်စွမ်းအင်များအားလုံးကို ဖျက်ဆီးပစ်လိုက်၏။
ရွှေရောင်နေမင်းသူရဲကောင်း၏ စွမ်းအားအမြင့်မားဆုံးသိုင်းကွက်သည် ချက်ချင်းပင် ဖျက်ဆီးခံလိုက်ရပြီး သူ၏ စူးရှသည့် သတ္တုဂုဏ်သတ္တိအတွင်းအားစွမ်အင်များသည် နေရောင်အောက်မှ ရေခဲတုံးများလိုပင် အရည်ပျော်သွားတော့သည်။
လေပေါ်သို့ ခုန်တက်သွားခဲ့သည့် ဇီးနစ်အင်ပါယာ၏စစ်သည်တော်၁၆ယောက်သည်လည်း တစ်စုံတစ်ခုနှင့်၀င်တိုက်လိုက်မိသလို အနောက်သို့ လွှင့်ထွက်လာပြီး ပါးစပ်မှသွေးများစီးကျလာ၏။
"ငါတို့ကြားထဲမှ ဒီလောက်တောင်စွမ်းအားခြင်းကွာခြားနေတာလား..." ဤမြင်ကွင်းကိုမြင်လိုက်ရသည့်အချိန်တွင် ခရစ်-ဆူတွန်သည် ဘာမှမတတ်နိုင်ပဲခါးသက်စွာပြုံးလိုက်မိ၏။
သို့သော် သူသည် တွန့်ဆုတ်ခြင်း၊ ရပ်တန့်ခြင်းမရှိပေ။ လေပေါ်သို့ခုန်တက်က ၁၇ကောင်မြောက်ပိုးဖလံအနေဖြင့် ထိုလအဆင့်သိုင်းဆရာအားသတ်ဖြတ်လိုက်သည်။
"ငါသေသွားရင်တောင် ဒီကြောက်စရာကောင်းတဲ့ရန်သူကိုအချိန်ဆွဲထားနိုင်ရမယ်..." သူတွေးလိုက်မိသည်။
သို့သော် မြို့တော်၏ ပင်မဂိတ်တံခါးထံသို့ ပျံသန်းသွားကြသည့် လအဆင့်သိုင်းဆရာနှစ်ယောက်ကိုမူ ဆူတွန်ရပ်တန့်နိုင်သည့်စွမ်းအားမျိုးမရှိပေ။
"ဘုရားသခင်ရဲ့ ကောင်းချီးပေးမှုနဲ့ ဇီးနစ်ဒီအဖြစ်ဆိုးကြီးကို ကျော်လွှားနိုင်ဖို့ပဲ မျှော်လင့်ပါတယ်..." သူတွေးလိုက်မိသည်။
တောက်လောင်နေသည့် မီးစွမ်းအင်များသည် ဤခန့်ညားသည့်ပါးကွပ်သားသူရဲကောင်း၏မျက်နှာပေါ်တွင်ထင်ဟပ်လာပြီး သူ၏ဆံပင်များကို ၀ှေ့ရမ်းသွားစေ၏။
-ခံတပ်နံရံပေါ်တွင်ဖြစ်သည်-
"၀ှစ် ၀ှစ် ၀ှစ် ၀ှစ်"
စွမ်းအင်များစွာပါ၀င်သည့် မှော်မြှားများသည် မုန်တိုင်းအတွင်းမှ မိုးစက်များကဲ့သို့ အဆက်မပြတ်ပစ်လွှတ်နေ၏။
မြှားများပတ်ပတ်လည်တွင် တောက်လောင်နေသည့် မှော်မီးတောက်များသည် ဇီးနစ်စစ်သည်များ၏ ဒေါသဖြစ်နေသော မျက်နှာကိုထင်ဟပ်စေပြီး သူတို့သည် ကောင်းကင်ပေါ်တွင်ပျံသန်းလာနေသည့် နတ်ဆိုးကဲ့သို့သော လူနှစ်ယောက်ကို တစ်စစီစုတ်ဖြဲလိုနေကြသည်။ သို့သော် လီယွန်အင်ပါယာ၏ လအဆင့်သိုင်းဆရာနှစ်ယောက်သည် အလွန်မြန်ဆန်လှသည်။ သူတို့သည် ပုံရိပ်ယောင်များကဲ့သို့ ရှောင်ရှားနေသည့်အတွက်မှော်ဒူးလေးကြီးများကို ထိန်းချုပ်ပစ်ခတ်နေသည့် ကြယ်ငါးလုံးအဆင့်စစ်သည်များသည် သူတို့၏တည်နေရာကိုပင် မြင်နိုင်ခြင်းမရှိကြပေ။
ဤသည်မှာ ဇီးနစ်ရင်ဆိုင်နေရသည့်အခြေအနေပင်။
သူတို့ဘက်တွင်ရန်သူများကို အချိန်ဆွဲထားနိုင်သည့် လအဆင့်သိုင်းဆရာများပင်မရှိဖြစ်နေ၏။ မှော်မြှားများသည် စွမ်းအားမြင့်မားကာ လအဆင့်သိုင်းဆရာများကို သေစေနိုင်သော်လည်း ပစ်မှတ်ကိုထိမှန်အောင်မပစ်နိုင်ဖြစ်နေကြ၏။ ထို့အကြောင့်မြှားများကိုသာ အဆက်မပြတ်ပစ်လွှတ်နေရသည်။
သို့သော် မှော်မြှားတစ်ချောင်းခြင်းစီတိုင်းသည် ပြုလုပ်ရခက်ခဲပြီး ကုန်ကျစရိတ်များပြား၏။ ထို့ကြောင့် များများစားစားမရှိပေ။ သို့သော် ဤကဲ့သိုသောအချိန်မျိုးတွင် သူတို့သည် မြှားများပစ်လွှတ်နေခြင်ကိုရပ်တန့်လို့မရပေ။ အကယ်၍ ရပ်တန့်လိုက်ပါက လီယွန်အင်ပါယာမှ လအဆင့်သိုင်းဆရာနှစ်ယောက်သည် ချက်ချင်းခံတပ်နံရံပေါ်သို့ ရောက်ရှိလာမည်ဖြစ်သောကြောင့်ပင်။
ဇီးနစ်စစ်ပွဲနတ်ဘုရားအာရှဗင်သည် ချက်ချင်းပင် သူ၏ထိုင်ခုံပေါ်မှထရပ်လိုက်သည်။ သူသည် စိုးရိမ်သည့်ပုံမပေါ်သော်လည်း စိတ်ထဲတွင်မူ အတော်လေးကြောက်လန့်စိတ်ပူနေ၏။
လက်ရှိအတိုင်းသာဆိုပါက မြို့တော်၏ပင်မဂိတ်တံခါးသည် မိနစ်အနည်းငယ်အတွင်းမှာပင် ချိုးဖျက်ခံရတော့မည်ဖြစ်သည်။
မှော်မြှားများကုန်ခမ်း၍ ဆက်လက်ပစ်လွှတ်နိုင်ခြင်းမရှိတော့ပါက စိန့်ပီတာစဘာ့တ်အသိမ်းရတော့မည်ဖြစ်သည်။
ဤအခိုက်တန့်တွင် သူသည် တစ်ဖက်သို့လှည့်ကာ မြို့တော်အလည်တွင်ရှိသော တောင်ဘေးတွင်ရှိနေသည့် တော်၀င်နန်းတော်ကိုကြည့်လိုက်သည်။ သူသည် အနည်းငယ်မျှော်လင့်နေသလို ရှက်ရွံ့သလိုလဲခံစားနေရ၏။
ဇီးနစ်အင်ပါယာသည် မြင့်မားသောအတိုင်းတာအသိဖိအားပေးခြင်းခံနေရ၏။ ရောဂါပြင်းထန်နေသည့် အင်ပါယာအရှင်သခင်ယရှင်းသာ ထွက်လာခဲ့ပြီး လီယွန်အင်ပါယာ၏ လအဆင့်သိုင်းဆရာများကို သတ်ဖြတ်လိုက်ပါက လက်ရှိအန္တရာယ်မြင့်မားသည့်အခြေအနေကို ကျော်လွှားနိုင်မည်ဖြစ်သည်။ သို့သော် ရန်သူများဘက်မှ စွမ်းအားအမြင့်မားဆုံးသိုင်းဆရာများသည် ထွက်လာခြင်းမရှိသေးပေ။ သူတို့သည် အင်ပါယာအရှင်သခင်ယရှင်း၏စွမ်းအားအခြေအနေကို သေချာမသိသေးသည့်အတွက်ကြောင့် စောင်းဆိုင်းကာ အကဲခတ်နေကြခြင်းဖြစ်သည်။
အကယ်၍ ရန်သူများသာ ဇီးနစ်အင်ပါယာ၏စွမ်းအားအစစ်မှန်ကိုသိရှိသွားပါက ကြောက်မက်ဖွယ်အကောင်းဆုံးသောတိုက်ခိုက်မှုများသည် အင်ပါယာအပေါ်သို့ ကျရောက်လာလိမ့်မည်ဖြစ်သည်။
ဤအခိုက်တန့်တွင် အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် ချမ်းဘော့ဒ်ဘုရင်အား အာရှဗင်သတိရလိုက်မိသည်။
သူ၏ ဆုံးဖြတ်ချက်ကိုအနည်းငယ် နောက်တရကာ တွေးလိုက်မိသည်။ "ငါတို့ဆက်ဆံရေးသာ ကောင်းနေဦးမယ်ဆိုရင် ဒီမာနထောင်လွှားပေမယ့် စွမ်းအားမြင့်မားတဲ့ကောင်က အင်ပါယာအတွက်ကာကွယ်မှုတစ်ခုတော့ဖြစ်နေဦးမှာပဲ..."
သို့သော် ထိုအတွေးသည် သူ၏ခေါင်းထဲသို့ စက္ကန့်အနည်းငယ်ခန့်သာရောက်ရှိလာ၏။
သူ၏ခေါင်းကို လျှင်မြန်စွာခါရမ်းပြီး တွေးလိုက်မိသည်။ "ငါဘာလို့ ဒီသူပုန်ကောင်အကြောင်းကိုတွေးနေမိတာလဲ...ဒီကောင်လို အရှက်မရှိ၊ မာနထောင်လွှားပြီး အမြင်ကျင်းတဲ့ကောင်က သူ့တိုင်းပြည်ကနေပဲ အင်ပါယာပျက်ဆီးတာကို ထိုင်ကြည့်နေလောက်တယ်...သူက ဇီးနစ်အင်ပါယာပျက်ဆီးဖို့တောင် မျှော်လင့်နေလောက်တယ်...ဘာလို့ ဒီနေရာကိုရောက်လာပြီးတိုက်ခိုက်ပေးမှာလဲ..."
-စိန့်ပီတာစဘာ့တ်အပေါ်ဘက် ကောင်းကင်ပေါ်တွင်-
"ဟုတ်ပြီ ရှင်အခုလှုပ်ရှားတော့ ခံတပ်နံရံအပြင်ဘက်မှာရှိနေတဲ့ လအဆင့်သိုင်းဆရာကို ရှင်းလင်ပြီးတော့ ကောင်းကင်ပေါ်က နှစ်ကောင်ကိုလဲသတ်လိုက်..." ပဲရစ်သည် အခြေအနေအား ခနတာခန့်သုံးသပ်ပြီးနောက်တွင် ဖှေးအားရုတ်တရက်ပြောလိုက်သည်။ ဤအခိုက်တန့်သည် အချိန်ကောင်းဖြစ်သည်ဟုသူမယူဆသည့်အတွက်ပင်။
"အိုကေလေ.."
"ဟီးဟီး ကောင်လေး။ အစပိုင်းမှာ ရှင်စွမ်းအားကုန်ထုတ်မသုံးသေးနဲ့ဦး...ရန်သူတွေထက်စွမ်းအားတစ်ဆင့်နှစ်ဆင့်လောက်ပဲမြင့်နေသလိုဟန်ဆောင်ရမယ်...အဲ့တာကလွဲပြီးတော့ ဖြစ်နိုင်သလောက် မာနထောင်လွှားနေရမယ်..."
ဖှေးသည် [နတ်ဆိုးအမျိုးသမီး]အားကြည့်လိုက်ပြီး သူမ၏အကြံစည်ကို ချက်ချင်းသဘောပေါက်သွားတော့သည်။
"အတော်လေးဉာဏ်များပြီးတော့ ကြောက်စရာကောင်းတဲ့မိန်းကလေးပဲ..." ဖှေးတွေးလိုက်မိသည်။
ခရစ်-ဆူတွန်သည် သွေးများအန်ထွက်လာပြီး ကြိုးပျက်သည့် စွန်တစ်ခုကဲ့သို့အနောက်သို့လွှင့်ထွက်သွားသည်။
လီယွန်အင်ပါယာ၏ လအဆင့်သိုင်းဆရာသည် သူ့အားတစ်ချက်တည်းဖြင့်အနိုင်ယူလိုက်ခြင်းပင်။
မီးစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အားချက်ချင်းလောင်မြိုက်သွားပြီး သူ၏အတွင်းအားစွမ်းအင်စီးကြောင်းများ၊ ကိုယ်တွင်းအင်္ဂါများကို ထိခိုက်သွားစေသည်။ တစ်ခါမမခံစားခဲ့ဖူးသည့် နာကျင်မှုကိုခံစားလိုက်ရပြီး ချွေးများပျံလာကာ သူ၏ခန္ဓာကိုယ်ပေါ်တွင်လည်း အက်ကွဲကြောင်းများထွက်ပေါ်လာတော့သည်။
ရန်သူသည် သူ့အား အတွင်းမှ ဖြေးညှင်းစွာလောင်ကျွမ်းစေပြီး နှိပ်စက်နေခြင်းဖြစ်ကြောင်းကို ဆူတွန်သဘောပေါက်လိုက်သည်။
"ငါ့ရဲ့နောက်ဆုံးအချိန်ရောက်လာပြီလား...ငါကအင်ပါယာအတွက် အသက်ပေးနေရတာပဲ။ မင်းဒါကို မြင်နေရလား မစ်ပဲရစ်။ ငါက ယောက်ျားအစစ်မှန်တစ်ယောက်ပဲ။ ငါ့ရဲ့တာ၀န်ကိုထမ်းဆောင်နေတယ်..သူရဲကောင်းနန်းတော်ကို အရှက်မရစေခဲ့ဘူး။ ရန်သူတွေရှေ့မှာ ဇီးနစ်စစ်သည်တော်တွေရဲ့ ဂုဏ်သရေကိုလည်း မညိုးနွမ်းစေခဲ့ဘူး..မသေခင်မှာ ပဲရစ်ကို တစ်ခါလောက်မြင်တွေ့ခွင့်ရမယ်ဆိုရင် ငါကျေနပ်ပါတယ်..." ဆူတွန်တွေးလိုက်မိသည်။
ဘ၀၏နောက်ဆုံးအချိန်တွင် ဒေါသဖြစ်ကာ ကြောက်လန့်နေခြင်းမရှိပဲ နောင်တသာလျှင်ရနေ၏။
ဆူတွန်သည် သူ့ထက်အသက်အနည်းငယ်ကြီးသည့် [နတ်ဆိုးအမျိုးသမီး]ကို ပထမဆုံးမြင်လျှင်မြင်ခြင်းမှာပင် ချစ်ကြိုက်သွားခဲ့မိသည်။ အစပိုင်းတွင် သူ၏အရည်ခြင်း၊ ရာထူးအရှိန်၀ါနှင့် စွမ်းအားတို့ကြောင့် လိုချင်သည့်အမျိုးသမီးတိုင်းကိုရနိုင်သည်ဟုထင်ခဲ့သော်လည်း ပဲရစ်ကိုမူ မရနိုင်ခဲ့ပေ။
နတ်ဆိုးအမျိုးသမီးပဲရစ်သည် သူ့အား မောင်လေးတစ်ယောက်ကိုသာ ဆက်ဆံခဲ့သည်။ သူ့ကို ချစ်ခင်သော်လည်း မည်သည့်အချိန်ကမှ ယောက်ျားလေးတစ်ယောက်အနေဖြင့် မမြင်ခဲ့ပေ။
"ဟီးဟီးကောင်လေး နင်ကကလေးပဲရှိပါသေးတယ်။ မင်ဘာမှနားမလည်သေးပါဘူး..." ဤသည်မှာ ဆူတွန် ချစ်ရေးဆိုသည့်အချိန်တိုင်းတွင်ပဲရစ်ပြန်ပြောတတ်သည့်စကားတစ်ခွန်းပင်။
ယခင်က ဆူတွန်ထိုစကား၏ အဓိပ္ပါယ်ကို နားမလည်ခဲ့ပေ။
သို့သော် ပဲရစ်သည် ချမ်းဘော့ဒ်တိုင်းပြည်တွင် ရှုံးနိမ့်ခဲ့သည်ဟူသည့်သတင်းကို ကြားခဲ့ရသည့်အချိန်တွင် အယ်ဖာဟုအမည်ရသည့် ဉာဏ်များသည့်အဖိုးကြီးတစ်ယောက်၏ အသုံးချခြင်းကိုခံရပြီး သူသည် ချမ်းဘော့ဒ်ဘုရင်နှင့်တိုက်ခိုက်ခဲ့သည်။
တောင်ညီနောင်ပေါ်တွင် ရှုံးနိမ့်ခဲ့ပြီးသည့်နောက်တွင် သူသည် မောက်မာခြင်း၊ ရန်လိုခြင်းမရှိတော့ပဲ မှန်မှန်ကန်ကန်ကျင့်ကြံခဲ့ရင်း ပဲရစ်စကား၏အဓိပ္ပါယ်ကို နားလည်လာခဲ့သည်။
"ဟားဟား မင်းလိုပုရွတ်ဆိတ်လေးတစ်ကောင်က င့ါကို ဒဏ်ရာရအောင်လုပ်ရဲတယ်ပေါ့။ မင်းကို အနာကျင်ဆုံးနည်းလမ်းသုံးပြီးတော့ ငါသတ်ပြမယ်။ မင်းရဲ့အသားတွေကို အထဲကနေလောင်ကျွမ်းစေပြီးတော့ အရေခွံကိုပဲအကောင်းတိုင်းချန်ထားခဲ့မယ်..." လီယွန်အင်ပါယာ၏ လအဆင့်သိုင်းဆရာသည် ရက်စက်ကြမ်းကြုတ်စွာဖြင့် ရယ်မောရင်းဖြင့် သူ၏လက်ထဲမှ မီးစွမ်းအင်များကိုဆူတွန်ထံသို့ပစ်လွှတ်လိုက်သည်။
ဆူတွန်သည် ကြောက်လန့်ခြင်းမရှိပေ။ ထိုအစားသူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပင်ရှိနေသေးသည်။
သူသည် အကောင်းဆုံးကြိုးစားခဲ့သည်ဖြစ်သည့်အတွက်ကြောင့် မည်သူ့ကိုမှ အကြွေးမတင်သလိုခံစားနေရသည်။
သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး သေရမည့်အချိန်ကိုသာစောင့်လိုက်သည့်အချိန်တွင် ထင်မထားသည့်အရာတစ်ခုဖြစ်ပျက်သွား၏။
နွေးထွေးသည့်လက်တစ်ဖက်သည် သူ၏ကြောပြင်အားဖိလိုက်ပြီး နွေးထွေးသည့်စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အတွင်းသို့စီး၀င်သွားကာ ခန္ဓာကိုယ်အတွင်းထဲတွင် တောက်လောင်နေသည့် မီးစွမ်းအင်များကို ဖျက်ဆီး၍ သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် ဒဏ်ရာများကိုစတင်၍ ပျောက်ကင်းအောင်ကုသနေတာ့သည်။
ဖြစ်သွားသည့်အရာကိုမယုံနိုင်သည့် အတွက်ကြောင့် ဆူတွန်၏မျက်လုံးများဖွင့်လာ၏။
ထို့နောက်တွင် သူ၏အနောက်မှ ရွှေရောင်လက်သီးတစ်ခုထိုးလိုက်သည်ကိုတွေ့လိုက်ရသည်။
စွမ်းအားမြင့်မားသည့်အရှိန်၀ါတစ်စုံတစ်ရာထွက်ပေါ်လာခြင်းမရှိပဲ လီယွန်အင်ပါယာမှသိုင်းဆရာပစ်လွှတ်လိုက်သည့် မီးလက်ဖ၀ါးနှင့် ထိတွေ့လိုက်သည်။
နောက်အခိုက်တန့်တွင် လအဆင့်သိုင်းဆရာ၏မျက်နှာပေါ်မှ ကောက်ကျစ်သည့်အပြုံးသည် အေးစက်သွားပြီး အကြောက်တရားများကြီးစိုးလာသည်ကို ဆူတွန်မြင်လိုက်ရသည်။
ထို့နောက်တွင် ထိုလူသည် တူဖြင့်အရိုက်ခံလိုက်ရသကဲ့သို့ အနောက်သို့လွှင့်ထွက်သွားပြီး သွေးများအန်ထွက်လာတော့သည်။