"၀က်တစ်ကောင်လိုနေပေမယ့် ကျားကိုစားနိုင်တယ်"
Vol. 53 Ch. 824
"စစ်ကူတွေလား" ဤသည်မှာ ရွှေရောင်နေမင်းသူရဲကောင်း၏ စိတ်ထဲတွင် ပထမဆုံးတွေးလိုက်မိသည့်အရာတစ်ခုပင်။
"ဘယ်သူလဲ။ ဘာလို့သူက ဒီလောက်စွမ်းအားကြီးမားနေရတာလဲ။ ငါ့ကိုတစ်ချက်ထိလိုက်ရုံနဲ့ ကုသပေးပြီးတော့ လအဆင့်သိုင်းဆရာတစ်ယောက်ကို လက်သီး တစ်ချက်ထဲနဲ့ပဲ လွှင့်ထွက်သွားအောင်လုပ်နိုင်တယ်။ အင်ပါယာဆီးနိတ်က လအဆင့်သိုင်းဆရာတွေတောင် ဒီလောက်စွမ်းအားမကြီးဘူး.." သူဆက်တွေးလိုက်သည်။ "ဇီးနစ်အင်ပါယာမှာ ဒီလောက်စွမ်းအားမြင့်မားတဲ့သိုင်းဆရာ ဘယ်တုန်းက ထွက်ပေါ်လာတာလဲ..."
စိန့်ပီတာစဘာ့တ်ထဲတွင်ရှိသည့် နာမည်ကြီးသိုင်းဆရာများ၊ ကျင့်ကြံသူများ၏ နာမည်ကို သူစဥ်းစားကြည့်လိုက်ပြီး ထိုလူများအားလုံးသည် ဤမျှလောက်စွမ်းအားမြင့်မားခြင်းမရှိသည်ကို သူသိလိုက်၏။
"ဘယ်သိုင်းဆရာမှ မဖြစ်နိုင်ဘူး။ မဟုတ်မှလွဲရော တော်၀င်မိသားစုရဲ့ ၀ှက်ဖဲတစ်ခုလား.."
ရွှေရောင်နေမင်းသူရဲကောင်းသည် ပျော်ရွှင်သွားပြီးအနောက်သို့လှည့်ကြည့်လိုက်သည်။ ဤကဲ့သို့သော အရေးကြီးသည့်အချိန်တွင်ရောက်ရှိလာပြီး သူ့အားကယ်တင်ခဲ့သည့်သိုင်းဆရာကို သူမြင်တွေ့လိုသည့်အတွက်ပင်။
လေညှင်းတစ်ခုတိုက်ခတ်သွားပြီး ထိုလူ၏ ကြောပြင်ကိုသာသူမြင်တွေ့လိုက်ရ၏။
ထိုလူသည် အရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည့်အချိန်တွင် ဆူတွန်သည်ကြီးမားသည့်တောင်ကြီးတစ်လုံးသူ့အားဖိလိုက်သလိုခံစားလိုက်ရသည်။
"သူပဲ..."
ထိုလူ၏ နောက်ကြောပြင်ကိုသာတွေ့ရသော်လည်း မည်သူဖြစ်သည်ကို ဆူတွန်ချက်ချင်းသိလိုက်သည်။ ထိုလူသည် သူ၏စိတ်ထဲတွင် ဘယ်တော့မှမေ့နိုင်တော့မည်မဟုတ်သည့် အမှတ်သားတစ်ခုထင်ချန်ခဲ့သောကြောင့်ပင်။
[ကောင်းကင်လက်သီး]ချမ်းဘော့ဒ်ဘုရင်ပင်။
"ချမ်းဘော့ဒ်ဘုရင်ပဲ..." ဆူတွန်သည် ရှုပ်ထွေးသည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
ချမ်းဘော့ဒ်ဘုရင်၏ စွမ်းအားအစစ်မှန်သည် ဆူတွန်ကြားခဲ့ရသည့်သတင်းများနှင့်မတူပဲ သူထင်ထားသည်ထက်ပင် များစွာပို၍မြင့်မားနေ၏။ ချမ်းဘော့ဒ်ဘုရင်နှင့် သူ့အကြားတွင်တည်ရှိသည့် ကွာခြားချက်သည် သူခန့်မှန်းထားသည်ထက်များစွာကျော်လွန်သွားပြီဖြစ်ကြောင်းကိုသိရှိလိုက်၏။ သူအပြင်းထန်ကြိုးစား၍ ချမ်းဘော့ဒ်ဘုရင်အားမှီရန်အတွက် အကောင်းဆုံးကျင့်ကြံခဲ့သော်လည်း သူတို့နှစ်ယောက်၏ ကွာခြားချက်သည် ပို၍ပို၍သာကြီးမားလာ၏။
ယခုအချိန်တွင် ချမ်းဘော့ဒ်ဘုရင်သည် ကျင့်ကြံခြင်းလမ်းကြောင်း၏ မည်သည့်နေရာတွင်ရှိနေသည်ကိုပင် သူမြင်နိုင်စွမ်းမရှိတော့ပေ။
ထိုအချက်သည် လိုက်လံယှဥ်ပြိုင်နေခဲ့သည့် သူ့အား ရှုံးနိမ့်သည့်ခံစားချက်ကိုခံစားရစေပြီး ခံရခက်စေ၏။
သို့သော် နောက်အခိုက်တန့်တွင် သူရုတ်တရက်ပျော်ရွှင်လာခဲ့သည်။
ချမ်းဘော့ဒ်ဘုရင်သည် ကိုယ်ပိုင်အဆင့်တစ်ခုတွင်ရှိနေကြောင်းကို သူသိသည်။ ချမ်းဘော့ဒ်ဘုရင်သည် မြို့တော်၏ကောင်းကင်ပေါ်တွင်ရပ်နေရင်းဖြင့် မင်းသားအာရှဗင်ကို နာမည်တပ်ခေါ်ခဲ့ကာ မကောင်းဆိုး၀ါးကဲ့သို့သော အဖိုးကြီးကိုလည်း တစ်ချက်တည်းဖြင့်အနိုင်ယူခဲ့သည့်အကြောင်းကို စိန်ပီတာစဘာ့တ်ထဲတွင်ရှိသည့်လူတိုင်းသိရှိ၏။
ချမ်းဘော့ဒ်ဘုရင်ကဲ့သို့သော ကြောက်စရာကောင်းသည့်လူတစ်ယောက်ရောက်ရှိလာခြင်းသည် မကောင်းသည့် အရာတစ်ခုမဟုတ်ပေ။
ဖှေးသည် ဇီးနစ်ဘက်မှရပ်တည်သည်ကိုတွေ့လိုက်ရသည့်အတွက်ကြောင့် ဆူတွန်စိတ်အေးသွားသည်။ မြို့တော်၏ခံတပ်နံရံသည် လုံး၀ပင် မပြိုလဲနိုင်တော့သလို ဆူတွန်ခံစားလိုက်ရ၏။
ဖှေးသည် ရွှေရောင်နေမင်းသူရဲကောင်းအား ကယ်တင်ပြီးသည့်အချိန်တွင် အရှေ့သို့ ပြေးထွက်ကာ အနောက်သို့လွှင့်ထွက်သွားသည့် လီယွန်အင်ပါယာမှ လအဆင့်သိုင်းဆရာအား အဆက်မပြတ်တိုက်ခိုက်တော့သည်။
လူရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည့်အချိန်တိုင်းတွင် လက်သီးချက်တစ်ခုထိုးလိုက်၏။
တစ်ဖက်တွင် လီယွန်အင်ပါယာမှ လအဆင့်သိုင်းဆရာ တုန်လှုပ်သွားသည်။ သူသည် ဖှေး၏လက်သီးချက်များထဲတွင် လျို့၀ှက်ထားသည့်စွမ်းအားကိုအာရုံခံလိုက်မိသည့်အတွက်ကြောင့် ပြန်လည်တိုက်ခိုက်ရဲသည့် သတ္တိများပျောက်ဆုံးသွား၏။
လေထဲတွင် သူသည် မျက်နှာပေါ်တွင်စိုးရိမ်သည့်အမူယာတစ်ခုဖြင့် အနောက်သို့ ဆုတ်ခွာနေလျှက်ရှိသည်။ သူသည် ထွက်ပြေးရန်အတွက်ကြိုးစားနေသော်လည်း ဖှေး၏၀ိဉာဥ်စွမ်းအားဖြင့် ပစ်မှတ်ထားခြင်းခံထားရသည့်အတွက်ကြောင့် လွတ်မြောက်နိုင်ခြင်းမရှိပေ။
ထို့ကြော့င် သူသည် ဖှေးအားမယှဥ်ပြိုင်နိုင်သော်လည်း မိမိကိုယ်ကိုခုခံကာကွယ်ရန်အတွက် ပြန်လည်တိုက်ခိုက်နေရ၏။
ရွှေရောင်နှင့်အနီရောင်စွမ်းအင်မီးတောက်များတောက်လောင်နေကြသည်။
ပထမလက်သီးချက်...
ဒုတိယလက်သီးချက်...
တတိယလက်သီးချက်...
တတိယလက်သီးချက်ပြီးသွားသည့်အချိန်တွင် အရာအားလုံးအဆုံးသက်သွားသလိုပင် ဆူညံသံများထွက်ပေါ်လာခြင်းမရှိတော့ပေ။
ဖှေးသူရောက်နေသည့်နေရာမှာပင် ရပ်နေပြီး သူ၏အရှိန်၀ါသည် တောင်ကြီးတစ်လုံးကဲ့သို့ လေးလံတည်ငြိမ်နေ၏။
လီယွန်အင်ပါယာ၏ လအဆင့်သိုင်းဆရာသည် အခြေအနေမကောင်းလှပေ။ သူသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သွေးများသည် သူ၏ပါးစပ်၊ မျက်စိ၊ နား၊ နှာခေါင်းတို့အတွင်းမှ စီးကျလာနေလျှက်ရှိပြီး သူ၏ခန္ဓာကိုယ်သည်လည်း တုန်ယဥ်နေ၏။
သူ၏လက်ကိုမြှောက်နိုင်ရန်အတွက် အနိုင်နိုင်ကြိုးစားလိုက်ပြီး ဖှေးအားလက်ညိုးထိုးမေးလိုက်သည်။ "မင်း...မင်းဘယ်သူလဲ။ ဇီးနစ်မှာ သိုင်းဆရာတွေမရှိတော့ဘူးလေ..မင်းကဘယ်သူလဲ"
"မင်းသိစရာမလိုဘူး..." ဖှေးသည် ထိုလူအားလှည့်ပင်မကြည့်ပဲ ပြန်ဖြေလိုက်သည်။
ဤလအဆင့်သိုင်းဆရာသည် အားနည်းသူများ၏အရှေ့တွင် မောက်မာနေခဲ့ပြီး ပို၍စွမ်းအားကြီးမားသည့်လူ၏အရှေ့တွင်မူ သေးသိမ်နေ၏။
အကယ်၍ ပဲရစ်သည်သာ သူ၏စွမ်းအားများကို ထိန်းချုပ်မထားရန်မှာကြားခဲ့ပါက သူသည် ဤလအဆင့်သိုင်းဆရာအား လက်တစ်ချောင်းလှုပ်ရုံဖြင့်ပင်သတ်ဖြတ်ပစ်နိုင်၏။
ယခုအချိန်တွင် သူသည် မာနထောင်လွှားစွာပြုမူ၍ ရန်သူဘက်မှ အရှိန်၀ါကြီးမားသည့်လူများထွက်လာအောင်ဖျားယောင်းသွေးဆောင်ရမည်ဖြစ်သည်။
"မင်း...မောက်မာလှချည်လား။ ငါက လီယွန်အင်ပါယာရဲ့ ဆွေကြီးမျိုးကြီးတစ်ယောက်ပဲကွ...ငါက..." လီယွန်အင်ပါယာမှ လအဆင့်သိုင်းဆရာ၏စကားမဆုံးသေးခင်မှာပင် သူ၏ မွေးညှင်းပေါက်များအတွင်းမှ သွေးများစီးကျလာပြီး သွေးလူသားတစ်ယောက်ကဲ့သို့ဖြစ်လာ၏။
အကယ်၍ လအဆင့်သိုင်းဆရာများသာ အသက်ပြင်းခြင်းမရှိပါက ဤလူချက်ချင်းပင်သေဆုံးသွားမည်ဖြစ်သည်။
"င့ါကို ကယ်ပါဦး..." ထိုလအဆင့်သိုင်းဆရာသည် ကြောက်လန့်သွားပြီးအနောက်သို့လှည့်ပြေးကာ ကောင်းကင်ပေါ်တွင်ရှိနေသည့် သူ၏အပေါင်းဖော်နှစ်ယောက်ကို အကူညီတောင်းလိုက်သည်။ ဖှေးသည် သူ့နောက်မှ လိုက်လာပြီးသူ့အားသတ်ဖြတ်မည်ကို စိုးရိမ်သည့်အတွက်ပင်။
"ဟားဟားဟား လီယွန်အင်ပါယာက သိုင်းဆရာကလည်း ခွေးလောက်တောင်အသုံးမကျပါ့လားကွ။ လစ်စမ်းကွာ ဒီနေ့တော့ မင်းကိုငါမသတ်ချင်သေးဘူး..." ဖှေးသည် မောက်မာစွာဖြင့် ရယ်မောလိုက်ပြီး သူ၏အသံသည် ကောင်းကင်ပေါ်တွင်ဟိန်းနေ၏။ တကယ်တန်းတွင် သူ၏အသံသည် အလွန်ကျယ်လောင်သည့်အတွက်ကြော့င် တိုက်ပွဲမှထွက်ပေါ်နေသည့် ဆူညံသံများကိုပင် ဖုံးလွှမ်းသွားသည်။
"မင်းကများ ဒီလောက်မောက်မာရဲတယ်ပေါ့...သေစမ်းကွာ"
ကောင်းကင်ပေါ်တွင် မှော်မြှားများကိုရှောင်ရှားရင်း ခံတပ်နံရံအားတိုက်ခိုက်နေသည့် လီယွန်မှ လအဆင့်သိုင်းဆရာနှစ်ယောက်သည် မြေပြင်ပေါ်တွင်ဖြစ်ပေါ်နေသည့်အရာများကို သတိထားမိသွားသည်။ သူတို့လူတစ်ယောက်ထွက်ပြေးနေသည်ကိုမြင်ရပြီး ဇီးနစ်အင်ပါယာမှသိုင်းဆရာ၏ မောက်မာသည့်စကားကိုကြားလိုက်ရသည့်အတွက်ကြောင့် သူတို့နှစ်ယောက်ဒေါသဖြစ်သွားကြသည်။ သူတို့ထဲမှတစ်ယောက်သည် အောက်သို့ ပျံသန်းဆင်းသက်လာပြီး လေထဲတွင်ပုံရိပ်ယောင်များကိုချန်ထားကာ မြင့်မားသောစွမ်းအားများဖြင့်တိုက်ခိုက်လိုက်သည်။
ဤလအဆင့်သိုင်းဆရာ၏ မျက်လုံးထဲတွင် သူ၏လူအား ဒဏ်ရာရရှိအောင်ပြုလုပ်ခဲ့သည့် ဇီးနစ်အင်ပါယာမှစစ်သည်တော်ထံမှ စွမ်းအင်အရှိန်၀ါတစ်စုံတစ်ရာကိုခံစားရခြင်းမရှိပေ။ ထို့အပြင် သူသည် ထွက်ပြေးနေသည့်အပေါင်းဖော်ထက်ပို၍စွမ်းအားမြင့်မားသည့်အတွက်ကြောင့် ရှုံးနိမ့်မြင်ဟု မိမိကိုယ်မိမိမထင်ချေ။
"ဖုန်း..."
ကျယ်လောင်သည့် ရိုက်ခတ်သံများထွက်ပေါ်လာပြီး စစ်သည်တော်စွမ်းအင်များသည် အရပ်မျက်နှာအနှံ့သို့ပျံသန်းသွား၏။
လက်သီးနှစ်ခုထိတွေ့လိုက်မိပြီး အံ့သြသည့်အမူယာတစ်ခုသည် ထိုလအဆင့်သိုင်းဆရာ၏မျက်နှာပေါ်တွင်ပေါ်လာ၏။
သူသည် ရန်သူ၏ စွမ်းအားကိုမြင်နိုင်သည်ဟုထင်ထားခဲ့သည်။
သို့သော် ပထမအကြိမ်တိုက်ခိုက်ပြီးသည့််နောက်တွင် သူ၏လက်မောင်းတွင်ခံစားလိုက်ရသည့် တွန်းကန်အားကြောင့် သူအံ့သြသွားလိုက်မိသည်။ သူ၏ညာလက်ထဲတွင်ရှိသော စွမ်းအင်စီးကြောင်းများဒဏ်ရာရရှိသွား၏။
"ဟားဟား လီယွန်က နောက်ထပ်ခွေးတစ်ကောင်ပါလားဟေ့ မင်းတို့ကောင်တွေအကုန်လုံးကို သတ်ပစ်မယ်..."
ဖှေး ရူးသွပ်နေသည့် ခြေသင်္သေ့တစ်ကောင်ကဲ့သို့ ရူးသွပ်စွာရယ်မောလိုက်ပြီး အရှေ့သို့ ပျံသန်းသွားကာ ရန်သူအားဆက်တိုက်ပင် လက်သီးများဖြင့်ထိုးနှက်တိုက်ခိုက်လိုက်သည်။
"ဖုန်း ဖုန်း ဖုန်း..."
လီယွန်အင်ပါယာမှ လအဆင့်သိုင်းဆရာသည် ကြောက်လန့်ခြင်းမရှိပဲ လက်သီးချက်တစ်ချက်ခြင်းစီတိုင်းအား တုန့်ပြန်တိုက်လိုက်နေလျှက်ရှိသည်။
သူသည် မီးစွမ်းအင်ဂုဏ်သတ္တိအသုံးပြုသည့်အတွက်ကြောင့် သူ၏စွမ်းအင်များကို လက်သီးများအတွင်းသို့ သိပ်သည်းထားပြီး သူထိုးလိုက်သည့်အချိန်တိုင်းတွင် လက်သီးများသည် မီးတောက်များဖြင့်လွှမ်းခြုံသွားမည်ဖြစ်သည်။ ဤသည်မှာ လျို့၀ှက်သိုင်းကွက်တစ်ခုဖြစ်ပြီး သူ၏ မီးစွမ်းအင်များကို ရန်သူ၏ခန္ဓာကိုယ်အတွင်းသို့ လျို့၀ှက်စွာစီး၀င်စေမည်ဖြစ်ပြီး ရန်သူ၏ အတွင်းအားစွမ်းအင်စီးကြောင်းများကို တိတ်ဆိတ်စွာဖြင့် ဖျက်ဆီးပစ်မည်ဖြစ်သည်။
ယခင်ကတိုက်ပွဲများတွင် သူသည် ဤသိုင်းကွက်ကိုအသုံးပြုခြင်းဖြင့် သိုင်းဆရာများစွာကိုအနိုင်ယူခဲ့သည်။
သူ့ထက်များစွာပို၍စွမ်းအားမြင့်မားသည့် လအဆင့်သိုင်းဆရာတစ်ဦးနှင့်တိုက်ခိုက်ခဲ့စဥ်ကပင် သူသည် ဤလျို့၀ှက်သိုင်းကွက်ကိုအသုံးပြုခဲ့သည့်အတွက်ကြောင့် ထိုသိုင်းဆရာ၏ ကိုယ်တွင်းအင်္ဂါများအားလုံးကို လောင်မြိုက်စေကာအနိုင်ယူနိုင်ခဲ့သည်။
ထို့ကြောင့် ရန်သူသည် သူထင်ထားသည်ထက်ပို၍စွမ်းအားမြင့်မားနေသော်လည်း ကြောက်လန့်ခြင်းမရှိပေ။ သူ၏မျက်လုံးထဲတွင် ဇီးနစ်အင်ပါယာ၏ ငယ်ရွယ်သောဆံပင်အနက်ရောင်နှင့်သိုင်းဆရာသည်လည်း ဤသိုင်းကွက်ကြောင့် သေဆုံးတော့မည်ဖြစ်သည်။ ထို့ကြောင့် ဖှေးသည်သူ့အားလက်သီးဖြင့်အဆက်မပြတ်ထိုးနှက်တိုက်ခိုက်သည်ကိုမြင်ရသည့်အချိန်တွင် ပျော်ရွှင်နေလျှက်ရှိသည်။
သူတို့၏လက်သီးများတွေ့ဆုံလိုက်သည့်အချိန်တွင် သူသည် ထိုလျို့၀ှက်သိုင်းကွက်ကိုအသုံးပြုခဲ့သည်။
"ဖုန်း ဖုန်း ဖုန်း"
သူတို့သည် အခြင်းခြင်းလက်သီးချက်ပေါင်းများစွာတိုက်ခိုက်ပြီးသည့်အချိန်တွင် လီယွန်အင်ပါယာမှလအဆင့်သိုင်းဆရာ၏အမူယာသည် ရက်စက်ကြမ်းကြုတ်သည့်ပုံမှအံ့သြသည့်ဟန်သို့ပြောင်းလဲသွား၏။ ထို့နောက်တွင် တစ်စုံတစ်ခုမှားယွန်းနေသည်ဟုခံစားရသည့်အတွက် အနည်းငယ်စိုးရိမ်လာတော့သည်။
လက်သီးချက်များစွာထိုးနှက်ပြီးသည့်အချိန်တွင် သူ၏ရန်သူသည် ကိုယ်တွင်းအင်္ဂါများမရှိတော့သည် လူအရေခွံတစ်ခုအဖြစ်ပြောင်းလဲသွားရမည်ဖြစ်သည်။ သို့သော်လည်း သူ၏ရန်သူသည်ပို၍ပို၍အားကောင်းလာနေပြီး သူ၏လက်မောင်းများပင်ထုံကျင်လာ၏။
ယခုအချိန်တွင် သူ၏ပါးစပ်ထဲတွင် သွေးအရသာကိုခံစားနေရပြီး နှာခေါင်းသွေးများလဲလျံကျလာနေလျှက်ရှိသည်။
"သေစမ်း...ဒီကောင်က ၀က်တစ်ကောင်လိုနေနေပေမယ့် ကျားကိုတောင်သတ်စားနိုင်တဲ့ပုံပဲ..." လီယွန်မှလအဆင့်သိုင်းဆရာသည် ရန်သူ၏စွမ်းအင်မီးတောက်များဖုံးလွှမ်းခြင်းကိုခံထားရပြီး အချိန်မရွေးအသတ်ခံရနိုင်သည်ကို နားလည်သွားပြီးတွေးလိုက်မိသည်။
ထို့ကြော့င်သူသည် ကြုံး၀ါးကာ လေပေါ်သို့ ခုန်တက်လိုက်ပြီး လက်သီးနှစ်ဖက်လုံးဖြင့်ထိုးလိုက်သည်။
"ဖုန်း..."
ကြောက်မက်ဖွယ်စွမ်းအင်များသည် နေရာအနှံ့သို့လွှင့်စင်သွားပြီး ထိုလအဆင့်သိုင်းဆရာသည် ရန်သူ၏ထိန်းချုပ်မှုအောက်မှလွတ်မြောက်သွားပြီဖြစ်သည်။
ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည့်အရိုးများအားလုံး ဖုန်မှုန့်နီးပါးကြေမွေနေသည်ကိုခံစားလိုက်မိပြီး ရန်သူ၏ လက်သီးချက်များထဲတွင်ပါ၀င်သည့်စွမ်းအားသည် ကြောက်မက်ဖွယ်ပင်။
"နေဦး..မင်းဘယ်သူလဲ...မင်းဘယ်ကကောင်လဲကွ.." သူပါးစပ်ဖွင့်ကာမေးလိုက်သည်။ "ဇီးနစ်အင်ပါယာမှာ မင်းလိုသိုင်းဆရာမျိုးဘယ်တုန်းက ရောက်လာတာလဲ"