← Chapters

"၀က်သတ်ခြင်း သီအိုရီ"

Vol. 53 Ch. 825

"၀က်သတ်ခြင်း သီအိုရီ"

Vol. 53 Ch. 825

"မင်းသိစရာမလိုဘူး..." ဖှေးထိုမေးခွန်းအတွက် တူညီသည့်အဖြေကိုပေးလိုက်သည်။ ထို့နောက်တွင် တောက်ပသည့်အပြုံးတစ်ခုနှင့်အတူဆက်ပြောလိုက်သည်။ "၀က်တစ်ကောင်ကိုမသတ်ခင်မှာ နာမည်အရင်မိတ်ဆက်နေတဲ့သားသတ်သမားတစ်ယောက်ကို မင်းတွေ့ဖူးလို့လား..."

"မင်း..." လီယွန်အင်ပါယာမှ လအဆင့်သိုင်းဆရာသည် ဒေါသဖြစ်သား၏။ ဖှေးသည် လက်ရှိအခိုက်တန့်တွင် အလွန်မုန်းတီးစရာကောင်းနေသည့်အတွက်ပင်။ သူသည် သိုင်းဆရာတစ်ယောက်နှင့်မတူပဲ ရန်လိုက်စနေသည့် လူမိုက်တစ်ယောက်လိုပင်။

ထိုလအဆင့်သိုင်းဆရာအော်ဟစ်လိုက်သည်။ "မင်းကစွမ်းအားမြင့်မားတယ်ဆိုပေမယ့် သိုင်းဆရာတစ်ယောက်ရဲ့ ဂုဏ်ရည်ဂုဏ်သွေးမရှိဘူး။ မင်းရဲ့စွမ်းအားက မြင့်မားတဲ့နေမှာရှိနေပေမယ့် ခိုးကြောင်ခိုး၀ှက်နဲ့ ရန်သူကိုမလေးစားတတ်တဲ့ကောင်ပဲ။ ဒါစိတ်ပျက်စရာကောင်းတယ်..."

"လဲသေလိုက်လေ.." ဖှေးကျိမ်ဆဲလိုက်သည်။ "အသတ်ခံရတော့မယ့်၀က်တစ်ကောင်ကို လေးစားမှုပြနေတဲ့သားသတ်သမားတစ်ယောက်ကိုရောမင်းမြင်ဖူးလို့လား..."

ထိုလအဆင့်သိုင်းဆရာ၏ အမြင်အာရုံများမှောင်မှိက်သွားသည်။ သူသည်ဒေါသကြောင့် သွေးတက်လုနီးနီးပင်။

"ဒီကောင်က င့ါထက်အများကြီးပိုစွမ်းအားမြင့်တယ်ဆိုပေမယ့် စောက်ပိန်းတစ်ယောက်လိုပဲ။ သူ့အရှိန်၀ါက သိုင်းဆရာတစ်ယောက်နဲ့မတူပဲ ၀က်ဆိုတဲ့စကားလုံးကိုပါးစပ်ကမချဘူး.." ဘုရင်သည်သူ့အား ၀က်တစ်ကောင်နှင့်နှိုင်းနေသည်ကိုသိသော်လည်း ဤလအဆင့်သိုင်းဆရာသည် မည်ကဲသို့မှ ပြန်လည်တုန့်ပြန်နိုင်ခြင်းမရှိပေ။

သူသည် သွေးများကိုထွေးထုတ်လိုက်ပြီး ကောင်းကင်ပေါ်တွင်ရှိနေသည့် သူ၏သူငယ်ခြင်းကိုလှမ်းအော်ပြောလိုက်သည်။ "ဒီသောက်ပိန်းကောင်ကို အတူ၀ိုင်းတိုက်ပြီး တစ်ခါတည်းသတ်လိုက်ရအောင် လီယို"

မြှားများကိုရှောင်ရှား၍ မြို့တော်စိန့်ပီတာစဘာ့တ်၏ မှော်မြှားများကုန်ခမ်းအောင်ကြိုးစားနေသည့်လအဆင့်သိုင်းဆရာသည် မြေပြင်ပေါ်တွင်ဖြစ်ပျက်နေသည့်အရာများကိုသတိထားမိသွားသည်။ သူ့အပေါင်းဖော်၏ အော်သံကိုကြားလျှင်ကြားခြင်းပင် လေညှင်းတစ်ခုအဖြစ်သို့ပြောင်းလဲသွားပြီး ဖှေးထံသို့ အစိမ်းရောင်ဓားစွမ်းအင်များစွာခြံရံကာ ပျံသန်းလာတော့သည်။

သူသည်လေဂုဏ်သတ္တိစစ်သည်တော်စွမ်းအင်ကိုကျင့်ကြံသည့် လယ်ဗယ်၃လ၀က်အဆင့်စစ်သည်တော်တစ်ယောက်ဖြစ်ပြီး ဒုတိယလအဆင့်သိုင်းဆရာထက်ပင် ပို၍စွမ်းအားမြင့်မား၏။

တတိယမြောက်လအဆင့်သိုင်းဆရာသည် ဖှေးနှင့်တိုက်ခိုက်ကာ အချိန်ဆွဲထားသည့်အတွက်ကြောင့် မြေပြင်ပေါ်တွင်ရှိသော မီးစွမ်းအင်သုံးလအဆင့်သိုင်းဆရာသည် မှော်ဆေးပုလင်းတစ်လုံးကို မော့သောက်လိုက်ပြီး သူ၏ဒဏ်ရာများကို ကုသနေ၏။

သူသည် ရက်စက်ကြမ်းကြုတ်စွာရယ်မောလိုက်ရင်းဖြင့် အပေါ်သို့ခုန်တက်ကာ ဖှေးအားတိုက်ခိုက်ရန်ပြင်လိုက်သည့်အချိန်တွင် တစ်စုံတစ်ခုဖြစ်ပျက်သွားသည်။

ရွှေရောင်စွမ်းအင်မီးတောက်များတောက်ပလာပြီး လူတစ်ယောက်သည် သူ၏အရှေ့သို့ အလွန်လျှင်မြန်စွာရောက်ရှိလာသည့်အတွက် တုန့်ပြန်ရန်အချိန်မရလိုက်ပေ။

ထိုလူသည် ဆံပင်အနက်ရောင်နှင့် ဇီးနစ်အင်ပါယာမှ စစ်သည်တော်လူငယ်ပင်။

မီးစွမ်းအင်သုံးလအဆင့်သိုင်းဆရာတုန်လှုပ်သွားပြီး သူ၏ရင်ဘက်တွင်နာကျင်မှုတစ်ခုကိုခံစားလိုက်ရသည်။ သူအောက်သို့ငုံ့ကြည့်လိုက်သည့်အချိန်တွင် လက်သီးတစ်လုံးသည် သူ၏ရင်ဘက်အတွင်းသို့ ထိုးဖောက်၀င်ရောက်နေသည်ကိုတွေ့လိုက်ရ၏။

"မင်း...မင်း.." ဖှေး၏မျက်နှာပေါ်တွင်ရှိနေသည့်အပြုံးကိုမြင်လိုက်သည့်အချိန်တွင် ထိုလအဆင့်သိုင်းဆရာသည် သူမြင်နေရသည့်အရာကိုယုံနိုင်ခြင်းမရှိပေ။

သူသည် မှော်ဆေးပုလင်းကိုသောက်ပြီးပြီဖြစ်သည်။ ထိုဆေးပုလင်းသည် သူ့အားစွမ်းအားအမြင့်ဆုံးအခြေအနေသို့ချက်ချင်းမရောက်ရှိစေနိုင်သော်လည်း သူ၏ခန္ဓာကိုယ်တွင်ရှိသော ဒဏ်ရာ၇၀ရာခိုင်နှုန်းခန့်ကို ချက်ချင်းပျောက်ကင်းအောင်ကုသပေးခဲ့သည်။

ဤကဲ့သို့ဖြစ်ပြီး ကောင်းကင်ပေါ်တွင်ရှိနေသည့် သူ၏သူငယ်ခြင်းလအဆင့်သိုင်းဆရာသည်လည်း လေစွမ်းအင်ဓားသွားများဖြင့် တိုက်ခိုက်နေသော်လည်း မာနထောင်လွှားနေသည့် ဆံပင်အနက်ရောင်နှင့်လူငယ်သည် သူ့အနားသို့ရောက်ရှိလာခဲ့ပြီး သူ၏နှလုံးသားကိုဖျက်ဆီးပစ်နိုင်ခဲ့သည်။ သူ့အားတုန့်ပြန်နိုင်သည့်အချိန်ကိုပင် မပေးခဲ့ပေ။

"ဒါ..ဒါဆိုရင် ဒီဆံပင်အနက်ရောင်နဲ့ ဇီးနစ်သားက ငါ့ထက်အများကြီးပိုစွမ်းအားမြင့်မားတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ငါနဲ့တိုက်ခိုက်တုန်းက သူစွမ်းအားကုန်ထုတ်မသုံးခဲ့ဘူး။ ဘယ်လိုဖြစ်ပြီးတော့လဲ..." အရာအားလုံးကိုပြန်တွေးကြည့်နေရင်းဖြင့် ဤလအဆင့်သိုင်းဆရာ၏စိတ်ထဲတွင် အကြောက်တရားများသာကြီးစိုးလာ၏။

သူ၏နှလုံးသားကို သံမဏိကဲ့သို့သော လက်တစ်ဖက်က ဆုပ်ကိုင်၍ ခြေမွပစ်လိုက်သည်ကို အသေးစိတ်ခံစားလိုက်ရသည်။ ထို့ကြောင့် သူ၏ကျန်ရှိနေသေးသည့် စွမ်းအင်များအားလုံးကိုအသုံးပြု၍ သူငယ်ချင်းအားသတိပေးရန်အတွက် အာခေါင်ခြစ်အော်ဟစ်ရန်ပြင်လိုက်သည်။ သို့သော် သူသည် စွမ်းအားကင်းမဲ့သွားပြီး လအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်သည့်တိုင် စကားလုံးတစ်လုံးပင်ပြောနိုင်ခြင်းမရှိတော့ပေ။ ထို့နောက်တွင် သေခြင်းတရားသည် သူ့ထံသို့ လျှင်မြန်စွာရောက်ရှိလာတော့၏။

"ဟားဟားဟား င့ါကို နှစ်ယောက်တစ်ယောက်၀ိုင်းချမယ်ပေါ့။ ဒါမျိုးဘယ်အဖြစ်ခံပါ့မလဲ..မင်းလို အားနည်းတဲ့၀က်တစ်ကောင်ကိုအရင်သတ်ပြီးမှ နောက်တစ်ကောင်ကို ထပ်သတ်မယ်..." နတ်ဆိုးတစ်ကောင်ကဲ့သို့ပင် ဖှေးသည် မောက်မာစွာရယ်မောလိုက်ပြီး သူ၏ညာလက်ကို ခါရမ်းလိုက်သည်။ ကြောက်မက်ဖွယ်စွမ်းအားများသည် ညာလက်အတွင်းမှထွက်ခွာသွားပြီး မီးစွမ်းအင်သုံးလအဆင့်သိုင်းဆရာအား အစိတ်စိတ်အမွှာအမွှာဖြစ်အောင်ဖျက်ဆီးလိုက်၏။ ထို့နောက်တွင် သူတစ်ဖက်သို့လှည့်ကာ ထိုးနှက်လိုက်သည်။ ရွှေရောင်စွမ်းအင်မီးတောက်များတောက်ပလာပြီး အစိမ်းရောင်ဓားစွမ်းအင်များကို သာမန်လေစွမ်းအင်များအဖြစ်သို့ပြန်လည်ပြောင်းလဲလိုက်ပြီး ဖှေးနှင့် တတိယောက်လအဆင့်သိုင်းဆရာတို့ကြားထဲတွင် လေဟာနယ်တစ်ခုဖြစ်ပေါ်လာတော့သည်။

"ကောင်းလှချည်လား.." ရွှေရောင်နေမင်းသူရဲကောင်း ခရစ်-ဆူတွန်အော်ဟစ်လိုက်မိသည်။ သူ၏ သွေးများဆူပွက်နေသလို ခံစားလိုက်ရ၏။

"ဒါကချမ်းဘော့ဒ်ဘုရင်ပဲ။ သောက်ခွေးသား...မောက်မာတဲ့အရှင်သခင်တစ်ယောက်။ သွေးဆာနေတဲ့လူသတ်သမားတစ်ယောက်ပဲ။ တကယ်လို့ မင်းသာသူ့ရဲ့ရန်သူဆိုရင် တစ်ခါမှမကြုံဖူးသေးတဲ့ အကြောက်တရားနဲ့ နာကျင်မှုတွေကိုမင်းခံစားရလိမ့်မယ်။ ဒါပေမယ့် သူကမင်းသူငယ်ချင်း၊ မင်းဘက်ကလူဆိုရင်တော့ ရန်သူတွေအတွက် အိမ်မက်ဆိုးယူဆောင်လာတာကို ကြည့်ပြီး နတ်ပြည်ရောက်နေသလိုခံစားရလိမ့်မယ်...အဲ့တာကမ္ဘာပေါ်မှာ အကောင်းဆုံးအရာတစ်ခုမဟုတ်ဘူးလား..." သူတွေးလိုက်မိသည်။

ချမ်းဘော့ဒ်ဘုရင်သည် လက်ရှိအခိုက်တန့်တွင် သူ၏စွမ်းအားအစစ်မှန်ကို ဖုံးကွယ်ထာားဆဲဖြစ်သည်ကိုလည်းတွေ့နေရသည့်အတွက်ကြောင့် ဆူတွန်သည် လီယွန်အင်ပါယာ၏ လေစွမ်းအင်သုံးလအဆင့်သိုင်းဆရာအတွက်ပင် စိတ်မကောင်းဖြစ်မိနေ၏။

"ကောင်းတယ်..သေစမ်း..သေစမ်း..."

"အဲ့လီယွန်က ခွေးကိုသတ်ပစ်.."

ခံတပ်နံရံ၏အပြင်ဘက်တွင်ရှိနေသည့် ဇီးနစ်အင်ပါယာမှ စစ်သည်တော်များစိတ်လှုပ်ရှားစွာအော်ဟစ်လိုက်ကြသည်။ လက်ရှိတွင်ဖြစ်ပျက်သွားခဲ့သည့်အရာများကြောင့် သူတို့အားလုံးစိတ်ဓာတ်တက်ကြွလာကြ၏။

သူတို့မျှော်လင့်ချက်မဲ့နေသည့်အချိန်တွင် လျို့၀ှက်သည့် စွမ်းအားမြင့်မားသော သိုင်းဆရာတစ်ယောက်ရောက် ပုန်းအောင်းနေရာမှထွက်လာလိမ့်မည်ဟုသူတို့မထင်ခဲ့ကြပေ။ အိမ်မက်ထဲတွင်ပင် ထည့်မက်ဖူးခြင်းမရှိပေ။

ယခုအချိန်တွင် သူတို့သည် ကြီမားသည့် ရင်ခုန်လှိုက်မောခြင်းခံစားချက်တစ်ခုကို ခံစားနေရ၏။ ဇီးနစ်အား လှောင်ပြောင်နေခဲ့သည့် လီယွန်မှလအဆင့်သိုင်းဆရာများသည် ဇီးနစ်အင်ပါယာမှသိုင်းဆရာတစ်ယောက်၏လက်ချက်ကြောင့် လွယ်လွယ်ကူကူပင်သေဆုံးသွားခဲ့သည့်အတွက်ပင်။ ပို၍ သဘောကျနှစ်သက်အားရဖွယ်ကောင်းသည့်အရာ ကမ္ဘာပေါ်တွင်မရှိတော့သလိုပင်။

ဇီးနစ်အင်ပါယာမှစစ်သည်များ၏ ကျဆင်းနေခဲ့သည့် စိတ်ဓာတ်များသည် ယခုအချိန်မှစ၍ ပြန်လည်မြင့်မားစပြုလာတော့၏။

......

"ညစ်ပတ်တဲ့ သောက်ဇီးနစ်သား။ ငါမင်းကို သတ်မယ်..."

သူ၏ဘော်ဒါတစ်ယောက်သည် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားပြီးတစ်ယောက်သည် သေဆုံးသွားခဲ့သည့်အတွက်ကြောင့် လေစွမ်းအင်သုံးလအဆင့်သိုင်းဆရာသည် လွန်စွာဒေါသဖြစ်နေ၏။ သူသည် သုံးယောက်ထဲတွင် စွမ်းအားအမြင့်မားဆုံးဖြစ်သည့်အတွက်ကြောင့် သူ၏ဂုဏ်သရေအား စိန်ခေါ်ခံရသလိုခံစားလိုက်ရပြီး မိတ်လိုက်ဖော်လိုက်ဖက်အမအား အလုခံလိုက်ရသည့် ခြင်္သေ့တစ်ကောင်ကဲ့သို့ပင် ဒေါသဖြစ်လာတော့သည်။

သူသည် မှော်မြှားများပစ်လွှတ်နေသည့်နေရာမှ အ၀ေးသို့ပျံသန်းသွားလိုက်ပြီး အစိမ်းရောင်လေဂုဏ်သတ္တိစွမ်းအင်များသည် သူ၏ဘေးပတ်ပတ်လည်တွင် လှည့်လည်စီးဆင်းနေ၏။ အစိမ်းရောင်မီးတောက်များကဲ့သို့ပင်။

ထိုသိုင်းဆရာ သူ၏လက်ကို၀ှေ့ရမ်းလိုက်သည့်အချိန်တွင် အစိမ်းရောင်မီးတောက်များသည် အရှေ့သို့ ပျံသန်းသွားပြီး သေစေနိုင်သည့်လက်နက်အမျိုးမျိုးအဖြစ်သို့ပြောင်းလဲသွားကာ ဖှေးထံသို့ လက်နက်မုန်တိုင်းကြီးတစ်ခုလိုပင်ရောက်ရှိလာတော့သည်။

ဖှေးသည် စွမ်းအင်လက်နက်မျိုးစုံ၏ လွှမ်းခြုံခြင်းကိုခံလိုက်ရတော့၏။

"ဟားဟားဟား လယ်ဗယ်နိမ့်တဲ့အင်ပါယာတစ်ခုက အားနည်းလွန်းပါတယ်။ မင်းကအဆင့်နိမ့်တဲ့ပိုးမွှားကောင်တစ်ကောင်ပါပဲ။ လီယွန်အင်ပါယာကို မင်းဘယ်လိုယှဥ်နိုင်မှာလဲ။ မင်းသေကြောင်းကြံနေတာပဲ။ ဒီနေ့မင်းကို သတ်ပြီးတော့ မြို့တော်ကိုသိမ်းပိုက်မယ်...ဇီးနစ်သားမှန်သမျှကိုလည်းငါအကုန်သတ်ပစ်မယ်...ဟားဟား..."

လီယွန်အင်ပါယာ၏ လေစွမ်းအင်သုံးလအဆင့်သိုင်းဆရာသည် ကောင်းကင်ပေါ်တွင်ရယ်မောနေ၏။

အတွေ့ကြုံအရ သူ၏ လက်နက်မုန်တိုင်းအတွင်းမှ လွတ်မြောက်ဖူးသည့်လူမရှိသေးသည့်အတွက်ပင်။

"ဒီကောင့်အစွမ်းက င့ါထက်နှစ်ဆမြင့်မယ်ဆိုရင်တောင် မလွတ်နိုင်ပါဘူး..." သူတွေးလိုက်မိသည်။

အင်ပါယာနှစ်ခုလုံး၏ စစ်သည်များသည် တစ်ဖက်နှင့်တစ်ဖက်ပြင်းထန်စွာတိုက်ခိုက်နေခဲ့ကြသည်။ သို့သော် လက်ရှိတွင်ဖြစ်ပွားနေသည့် လအဆင့်သိုင်းဆရာများ၏ တိုက်ပွဲကြောင့် သူတို့သည် တိုက်ခိုက်နေခြင်းအားယာယီရပ်တန့်၍ တိုက်ပွဲကိုသာအာရုံစိုက်ကြည့်နေကြ၏။

သူတို့ဘက်မှသိုင်းဆရာအားသာနေသည်ကိုတွေ့ရသည့်အတွက်ကြောင့် လီယွန်အင်ပါယာမှစစ်သည်များသည် ကျယ်လောင်စွာအော်ဟစ်အားပေးလိုက်ကြ၏။

တစ်ဖက်တွင် ဇီးနစ်အင်ပါယာမှစစ်သည်များသည် စိုးရိမ်စိတ်ပူကာ မျှော်လင့်ချက်မဲ့လာကြ၏။ တိုက်ပွဲသည်တိုတောင်းလှသည့်အတွက်ကြော့င် သူတို့သည် ဖှေး၏သရုပ်မှန်ကိုမသိကြသေးပေ။ ယခုအချိန်တွင် သူတို့အားလုံးတွေးနေကြ၏။ "အဲ့သိုင်းဆရာရဲ့ ဇာတ်လမ်းကဒီမှာပဲပြီးသွားပြီလား"

ရွှေရောင်နေမင်းသူရဲကောင်းဆူတွန်သာလျှင် ဖှေး၏သရုပ်မှန်ကိုသိသည့်အတွက်ကြောင့် စိုးရိမ်ခြင်းမရှိပေ။

သူသည် ယခင်ကလည်းချမ်းဘော့ဒ်ဘုရင်၏ စွမ်းအားကိုကြုံတွေ့ဖူးသည့်အတွက်ကြောင့် လီယွန်အင်ပါယာမှ သိုင်းဆရာသည် ဘုရင်အားအန္တရာယ်မပေးနိုင်သည်ကို သိနေ၏။

All Chapters