← Chapters

"ဆရာသမားများ၏တိုက်ပွဲ"

Vol. 53 Ch. 827

"ဆရာသမားများ၏တိုက်ပွဲ"

Vol. 53 Ch. 827

ထိုသန်မာထွားကျိုင်းသည့်လူကိုမြင်လိုက်ရသည့်အချိန်တွင် လီယွန်အင်ပါယာမှစစ်သည်များ စတင်၍ အော်ဟစ်အားပေးကြတော့သည်။

"အဲ့ ညစ်ပတ်တဲ့ ဇီးနစ်ကခွေးသားကိုသတ်ပစ်လိုက် မစ်စတာရေဗီယာ"

"ဟားဟားဟား မစ်စတာရေဗီယာကိုယ်တိုင်တိုက်ခိုက်တော့မှာဆိုတော့ ဇီးနစ်က မောက်မာနေတဲ့ခွေးသားတော့ သေချာပေါက်သေတော့မယ်.."

"သတ်ပစ်..အဲ့ကောင်ကို။ အဆင့်နိမ့်အင်ပါယာမှ စောက်ရူးကိုအရှင်မထားနဲ့"

လီယွန်အင်ပါယာမှစစ်သည်များတိတ်ဆိတ်နေရာမှ ပြန်လည်တက်ကြွလာကြသည်။ သူတို့၏ စိတ်ထဲတွင်အားနည်းသည်ဟုထင်ခဲ့သည့် ဘုရင်သည် လီယွန်အင်ပါယာမှလအဆင့်သိုင်းဆရာသုံးယောက်လုံးကို တစ်ယောက်ပြီးတစ်ယောက်အနိုင်ယူခဲ့သည်။ ထို့ကြောင့် အဆင့်မြင့်အင်ပါယာမှ စစ်သည်တော်များအနေဖြင့် သူတို့၏မာနများရိုက်ချိုးခြင်းခံလိုက်ရသလိုပင်။ သူတို့အားလုံးဒေါသဖြစ်နေကြပြီး ရေဗီယာဟုအမည်ရသည့်လူတစ်ယောက်ထွက်လာသည့်အချိန်တွင် သူတို့၏ဒေါသများကို ဖွင့်ထုတ်သည့်အနေဖြင့် အော်ဟစ်အားပေးနေကြ၏။ ထိုလူအား သူတို့အားလုံးများစွာယုံကြည်လေးစားကြသည်မှာ ထင်ရှားလှသည်။

တကယ်တန်းတွင် ရေဗီယာသည် လီယွန်အင်ပါယာမှ သိုင်းဆရာများထဲတွင်ထင်ပေါ်ကျော်ကြားသည့်လူတစ်ယောက်ပင်။ သူသည် အင်ပါယာထဲမှ စစ်သည်တော်များ၊ သာမန်စစ်သည်များစွာ၏ လေးစားအားကျခြင်းကို ခံထားရသည့်လူတစ်ယောက်ပင်။

ထိုအရာကိုမြင်သည့်အချိန်တွင် ဇီးနစ်အင်ပါယာမှစစ်သည်များသည်လည်း အောက်ကျခံလိမ့်မည်မဟုတ်ပေ။

"ရေဗီယာဟုတ်လား။ ဘယ်ကကောင်လဲကွ။ ငါတို့ချမ်းဘော့ဒ်ဘုရင်ကအဲ့ကောင်ကို လက်တစ်ချောင်းထဲနဲ့တင်ဖျက်ဆီးနိုင်တယ်"

"ဟားဟားဟား ဘာမှမသိသေးတဲ့ကောင်တွေ။ မင်းတို့ကောင်တွေကများချမ်းဘော့ဒ်ဘုရင်ကို ရိုင်းပြရဲတယ်ပေါ့။ မောက်မာတဲ့ လီယွန်သားတွေ မင်းတို့နာမည်တွေကိုသေမင်းကမှတ်ပြီးသွားပြီ"

"ထွီ..လယ်ဗယ်မြင့်အင်ပါယာဆိုလဲဘာဖြစ်လဲ။ အရင်တုန်းကဆိုရင် မင်းတို့အင်ပါယာကသိုင်းဆရာတွေနဲ့ အင်ပါယာအရှင်သခင်ယရှင်းတိုက်ခိုက်ဖူးတာပဲ။ အဲ့တာပြီးတဲ့နောက်မှာ မင်းတို့အင်ပါယာက ဘယ်သိုင်းဆရာမှ အင်ပါယာအရှင်သခင်ယရှင်းကို စိန်မခေါ်ရဲတော့ဘူး။ ဒီနေ့ချမ်းဘော့ဒ်ဘုရင်လည်း အဲ့လိုလုပ်နိုင်တယ်။ သူက ဇီးနစ်အင်ပါယာရဲ့ ကြယ်ပွင့်အသစ်ပဲ ဟားဟား"

"လစ်စမ်းပါ။ အဲ့ကောင်က ချမ်းဘော့ဒ်ဘုရင်ကြည့်ရလောက်အောင်ကိုစွမ်းအားမြင့်တဲ့ကောင်မဟုတ်ဘူး။ ပိုပြီးစွမ်းအားမြင့်တဲ့သိုင်းဆရာတစ်ယောက်ပို့လိုက်စမ်းပါ"

ယခုအချိန်တွင် ဇီးနစ်စစ်သည်များသည် ဖှေးဘက်မှရပ်ကာ လီယွန်မှစစ်သည်များကိုကျိမ်ဆဲနေကြ၏။

စိန့်ပီတာစဘာ့တ်အရှေ့တွင်ဖြစ်ပွားနေသည့်တိုက်ပွဲသည် စစ်သည်များစွာ၏ ရက်စက်ကြမ်းကြုတ်သောစစ်ပွဲကြီးအဖြစ်မှ သိုင်းဆရာအခြင်းခြင်းယှဥ်ပြိုင်တိုက်ခိုက်သည့် စိတ်လှုပ်ရှားစရာကောင်းသောတိုက်ပွဲအဖြစ်ပြောင်းလဲသွား၏။ ရှေးထုံးတမ်းစဥ်လာများအရ စစ်သည်များအားလုံးသည် ယာယီသဘောတူညီချက်ဖြင့် တိုက်ခိုက်နေခြင်းများကို ရပ်တန့်ကာ လက်နက်များသိမ်းကာအနောက်သို့ဆုတ်လိုက်ကြသည်။

ကျဆင်းသွားသည့်ရေလှိုင်းတစ်ခုလိုပင် နှစ်ဖက်လုံးမှစစ်သည်များသည် အနောက်သို့ဆုတ်ကာ သိုင်ဆရာနှစ်ဦးတိုက်ခိုက်ရန်အတွက် ၁စတုရမ်းကီလိုမီတာခန့်ရှိသောနေရာတစ်ခုကို ဖန်တီးလိုက်ကြသည်။

သိုင်းဆရာနှစ်ဦး၏ စိတ်လှုပ်ရှားဖွယ်တိုက်ပွဲစတင်တော့မည်ဖြစ်သည်။

သိုင်းဆရာများသည် စွမ်းအားမြင့်မားကြသည်။ သူတို့သည် တောင်များကိုဖျက်ဆီးနိုင်ပြီး ကောင်းကင်ကိုကွဲအက်စေနိုင်ကာ ရေကန်များကိုအငွေ့ပျံသွားစေနိုင်သည်။ ထို့ကြောင့် တိုက်ပွဲမှထွက်ပေါ်လာသည့်စွမ်းအင်အကြွင်းကျန်များကပင် ထောင်ပေါင်းများစွာသောလူများကိုသေနိုင်၏။ ထို့ကြောင့် သာမန်စစ်သည်များသည် အနောက်သို့ဆုတ်ပေးရခြင်းပင်။ အနောက်သို့မဆုတ်ပါက သူတို့အားလုံးသေဆုံးသွားနိုင်သည့်အတွက်ပင်။

ထို့အပြင် ဤကမ္ဘာမှလူများသည် သိုင်းဆရာများကိုလေးစားကြသည်။ ထို့ကြောင့် သူတို့ကြားမှတိုက်ပွဲကိုလည်း လူတိုင်းလေးစားကြ၏။

လူနှစ်ယောက်သည် ကောင်းကင်ပေါ်တွင်ပျံသန်းနေကြသည်။

"အဆင့်နိမ့်တဲ့ဇီးနစ်သား။ မင်းနာမည်ဘယ်လိုခေါ်လဲ။ ငါက လီယွန်အင်ပါယာရဲ့ ဟာရီကိန်းပင်မတပ်ဖွဲ့ကြီးခေါင်းဆောင် အန်တိုနီ-ရေဗီယာပဲ။ ငါ့ဘ၀တစ်လျှောက်မှာ နာမည်ကြီးတဲ့သိုင်းဆရာတွေအများကြီးကိုသတ်ဖြတ်ဖူးတယ်။ အဲ့တာကြောင့် လူမသိသူမသိကောင်ဆိုရင် ငါ့အချိန်တွေအကုန်ခံမှာမဟုတ်ဘူး" ဆံပင်ရွှေရောင်နှင့် ရေဗီယာမှမေးလိုက်သည်။ သူသည် လီယွန်အင်ပါယာစစ်သည်များသူ့အားအော်ဟစ်အားပေးနေခြင်းကို ကြိုက်နှစ်သက်သည်မှာထင်ရှားလှသည်။

လီယွန်အင်ပါယာ၏ မာနထောင်လွှားနေသည့်ခေါင်းဆောင်သည် ချမ်းဘော့ဒ်ဘုရင်အားမကြားဖူးသေးပေ။

"အန်တိုနီ-ရေဗီယာဟုတ်လား။ ငါမင်းကိုမကြားဖူးသေးဘူး။ အဲ့တာကြော့င် ငါ့နာမည်ကိုလည်း မင်းသိဖို့မထိုက်တန်ဘူး"ဖှေးသည် လေးစားမှုကင်းမဲ့စွာဖြင့် သူ၏ခေါင်းကိုခါရမ်းကာပြောလိုက်သည်။ "လာစမ်းပါ။ မင်းကောင်တွေနဲ့ယှဥ်ရင် မင်းကရော ဘယ်လောက်စွမ်းအားမြင့်မားလဲကြည့်ရသေးတာပေါ့။ ငါ့လက်သီးချက်ဘယ်နှစ်ချက်လောက်ကိုမင်းခံနိုင်မလဲ"

"ကမူးရှူးထိုးနိုင်လှချည်လား"

ဘုရင်၏ သူ့အားဆက်ဆံသည့်ပုံစံကိုတွေ့လိုက်ရသည့်အချိန်တွင် ရေဗီယာဒေါသဖြစ်သွားသည်။ သူသည် ဖှေးအရှေ့သို့ချက်ချင်းရောက်ရှိလာပြီး လိမ္မော်ရောင်အတွင်းအားစွမ်းအင်များတောက်ပနေရင်းဖြင့် ဒေါသဖြစ်နေသည့် ၀က်၀ံကြီးတစ်ကောင်လိုပင်။ သူ၏လက်ကိုမြှောက်ကာ မြေပြင်ကိုကွဲအက်စေနိုင်လောက်သည့်စွမ်းအားဖြင့်တိုက်ခိုက်လိုက်သည်။

သူသည် မြေဂုဏ်သတ္တိစွမ်းအင်အသုံးပြုသည့် လယ်ဗယ်၇သို့မဟုတ်၈အဆင့်မြင့်လ၀က်သိုင်းဆရာတစ်ယောက်ပင်။

သူသည် လပြည့်အဆင့်သို့ရောက်ရှိရန်အတွက် ခြေတစ်လှမ်းလောက်သာလိုတော့သည့်အတွက် မာနထောင်လွှားနေခြင်းဖြစ်သည်။

ဤအချက်သည် လယ်ဗယ်၆လီယွန်အင်ပါယာမည်မျှစွမ်းအားကြီးမားသည်ကိုလည်းဖော်ပြနေ၏။ ပင်မတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးကပင် ဤကဲ့သို့စွမ်းအားကြီမားနေ၏။

ဇီးနစ်အင်ပါယာတွင် အင်ပါယာအရှင်သခင်ယရှင်းနှင့် ဖှေးတို့ကဲ့သို့ ပါရမီရှင်များရှိသော်လည်း ဇီးနစ်အင်ပါယာ၏ သိုင်းဆရာအများစု၏စွမ်းအားများသည် လီယွန်အင်ပါယာကဲ့သို့သောလယ်ဗယ်မြင့်အင်ပါယာများနှုင့်နှိုင်းယှဥ်ပါက အဆင့်နိမ့်နေ၏။ ဇီးနစ်အင်ပါယာ၏ ပင်မတပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်သည် ကြယ်ခြောက်လုံး၊ ၇လုံးခန့်သာအစွမ်းရှိသောကြောင့်ပင်။ လအဆင့်နှင့်အလွန်အလှမ်းဝေးနေ၏။

ဖှေးသူ၏စိတ်ထဲတွင် သက်ပြင်းချလိုက်သော်လည်း အရှိန်နှေးကွေးသွားခြင်းမရှိပေ။

သူသည်အရှေ့သို့ပြေးကာ ရေဗီယာ၏ဦးခေါင်းကို လက်သီးဖြင့်ထိုးလိုက်သည်။

"ဖုန်း"

"ဖုန်း ဖုန်း"

"ဖုန်း ဖုန်း ဖုန်း"

ကြောက်မက်ဖွယ်စွမ်းအင်အနိမ့်မြင့်အတက်ကျလှိုင်းများသည် အရပ်မျက်နှာအနှံ့သို့ပြန့်နှံ့သွားပြီး ပြင်းထန်သည့် လေမုန်တိုင်းများကိုဖြစ်ပေါ်လာစေသည်။

သိုင်းဆရာနှစ်ယောက်ထံမှ စွမ်းအင်အကြွင်းကျန်များသည် မြေပြင်ပေါ်တွင် နက်ရှိုင်းသည့်အက်ကွဲကြောင်းများကိုဖြစ်ပေါ်သွားစေပြီး အချင်းငါးမီတာခန့်ရှိသည့်ကျောက်တုံးကြီးများသည် လေပေါ်သို့လွှင့်ပျံသွားတော့သည်။ ထို့နောက်တွင် ထိုကျောက်တုံများသည် ဖုန်မှု့န်များအဖြစ်သို့ အစိတ်စိတ်အမွှာမွှာကွဲအက်သွားတော့၏။

မြေပြင်သည် ကြောက်လန့်နေသည့်ကလေးတစ်ယောက်လို ပြင်းထန်စွာတုန်ခါနေလျှက်ရှိသည်။

တိုက်ပွဲမြေပြင်၏အစွန်းတွင်ရှိနေကြသည့် စစ်သည်များသည် ပြင်းထန်သည့်လေမုန်းတိုင်းများကိုခံစားလိုက်မိပြီးအနောက်သို့ တွန်းဆုတ်ခြင်းခံလိုက်ရကာ အသက်ရှူရန်ပင်ခက်ခဲနေ၏။ တိုက်ခိုက်နေကြသည့် သိုင်းဆရာနှစ်ယောက်နှင့် မီတာ၅၀၀ခန့်၀ေးသည့်နေရာတွင်ရှိနေသည့် ကြယ်အဆင့်စစ်သည်တော်များပင် သူတို့၏အတွင်းအားစွမ်းအင်များကိုမိုင်ကုန်ထုတ်အသုံးပြု၍ လွှင့်ထွက်လာနေသည့်စွမ်းအားများကိုခုခံနေကြရ၏။

"ဟားဟား ဒီအစွမ်းလောက်နဲ့တော့ မင်းင့ါကိုနိုင်မှာမဟုတ်ဘူး" ဖှေးသည် သူ၏ စွမ်းအားများကိုအဆပေါင်းများစွာနိမ့်ချတိုက်ခိုက်နေရင်းဖြင့် ရယ်မောလိုက်သည်။

ထို့နောက်တွက် ရုတ်တရက်တစ်စုံတစ်ရာကိုတွေးလိုက်မိပြီး ထူးဆန်းသည်သိုင်းကွက်တစ်ခုကိုအသုံးပြုကြည့်လိုက်သည်။

သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင်တောက်လောင်နေသည့် ရွှေရောင်စွမ်းအင်မီးတောက်များသည် ရုတ်တရက်အနီရောင်အဖြစ်သို့ပြောင်းလဲသွားပြီး နေရာတစ်၀ိုက်တွင်ရှိနေသည့် အပူရှိန်များမြင့်မားလာတော့သည်။

ဖှေးထံမှ ပူလောင်သည့်ခံစားချက်တစ်ခုကို ထုတ်လွှတ်နေသည်။

ဖှေး၏ စွမ်းအင်ဂုဏ်သတ္တိသည် မီးအဖြစ်သို့ပြောင်းလဲသွား၏။

ဤပြောင်းလဲမှုသည် ရေဗီယာကိုအံ့သြသွားစေ၏။

သူ ယခုအချိန်ထိရင်ဆိုင်ခဲ့ရသောသိုင်းဆရာများထဲတွင် သူ၏စွမ်းအင်ဂုဏ်သတ္တိကိုဤကဲ့သို့ လွယ်လွယ်ကူကူပြောင်းလဲနိုင်သည့် လူအားမတွေ့ဖူးသည့်အတွက်ကြောင့်ပင်။

သာမန်လူသေမျိုးများ၏ အသက်ရှင်သန်နိုင်ခြင်းသည် နှစ်အကန့်သက်ရှိသည့်အတွက်ကြော့င် စွမ်းအင်တစ်မျိုးထဲကိုသာ လအဆင့်ရောက်သည်အထိကျင့်ကြံရန်ကပင် ခက်ခဲလှ၏။ စူပါပါရမီရှင်များ၊ သို့မဟုတ်ရူးသွပ်နေသည့်လူများသာလျှင် စွမ်းအင်ဂုဏ်သတ္တိနှစ်မျိုးကို လအဆင့်ရောက်သည်အထိကျင့်ကြံတတ်ကြ၏။

"ဒီရန်သူက စူပါပါရမီရှင်တစ်ယောက်ပဲ" ရေဗီယာတွေးလိုက်မိပြီး သူ၏ ရန်သူကိုအထင်သေးရဲခြင်းမရှိတော့ပေ။ တိုက်ပွဲကြာရှည်လာပါက ပြောင်းလဲခြင်းများစွာဖြစ်ပေါ်လာနိုင်သည်ကို သိရှိသည့်အတွက်ကြောင့် မြန်မြန်အဆုံးသက်ရန်ဆုံးဖြတ်လိုက်သည်။

လက်ဖ၀ါးများနှင့်ရိုက်ခတ်၍ သူနှင့်ဖှေးအကြားတွင် အကွာ၀ေးတစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက်တွင် လက်နှစ်ဖက်ကိုစုစည်းကာဆွဲထုတ်လိုက်ပြီး လိမ္မော်ရောင်မြေစွမ်းအင်များသည် မြေပြင်ပေါ်တွင်ရှိနေသည့် အက်ကွဲကြောင်းများထဲမှ ထွက်ပေါ်လာတော့၏။

သိပ်သည်းကျစ်လစ်သည့် စွမ်းအင်လှိုင်းများစွာဖြစ်ပေါ်လာပြီး ထိုစွမ်းအင်လှိုင်းများသည် စွမ်းအားမြင့်မားသောသိုင်းကွက်တစ်ခုအားအသုံးပြုရန်ပြင်ဆင်နေသည့် ရေဗီယာကို ကာကွယ်ပေးလိုက်သည်။ ရေဗီယာ၏အရှေ့တွင်ရှိနေသည့် အဆုံးစမဲ့သောမြေစွမ်းအင်များကို သိပ်သည်းလိုက်ပြီး ၁၀၀မီတာကျော်ခန့်ရှည်လျားသည့်အ၀ါရောင်စွမ်းအင်ဓားတစ်လက်ကို ဖြေးညှင်းစွာဖြင့် ဖန်တီးနေလျှက်ရှိသည်။

ဖှေးသည် ရန်သူပြင်ဆင်နေသည့်အချိန်တွင် အခွင့်ကောင်းယူကာတိုက်ခိုက်ခြင်းမပြုသေးပဲ ရန်သူအား ဂရုတစိုက်လေ့လာ၍ ထိုသိုင်းကွက်အားမည်ကဲ့သို့အသုံးပြုနေသည်ကို စောင့်ကြည့်နေလျှက်ရှိသည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် ရေဗီယာသည် သူ၏သိုင်းကွက်ကိုပြင်ဆင်ပြီးဖြစ်သည်။ မီတာ၁၀၀ကျော်ခန့်ရှည်လျားသည့် ဓားကြီးတစ်လက်ထွက်ပေါ်လာ၏။ ထိုဓားတွင် ဓားရိုးလက်ကိုင်ပါရှိခြင်းမရှိပဲ ရှေးကျသည့် ပုံပေါက်ကာ ရက်စက်သည့်ခံစားချက်တစ်ခုကို သယ်ဆောင်လာ၏။

တောင်တစ်လုံးကဲ့သို့သော ခိုင်မာသည့်အရှိန်၀ါတစ်ခုသည် ရေဗီယာထံမှ ထွက်ပေါ်လာကာ ကြီမားသည့် အ၀ါရောင်၀က်၀ံကြီးတစ်ကောင်၏ ပုံရိပ်ကိုလည်း သူ၏အနောက်မှမြင်လိုက်ရသည်။

"ဟားဟားဟား ပိန်းလှချည်လား။ မင်းဘာမှမသိပါဘူး။ မင်းကင့ါရဲ့သိုင်းကွက်ပြင်ဆင်နေတာကို ဒီတိုင်းရပ်ကြည့်နေတာပဲ။ အဲ့လိုဆိုရင်တော့ အခုချိန်ကမင်းသေရတော့မယ့်အချိန်ပဲ။ မြေကမ္ဘာရဲ့အပြစ်ပေးခြင်းကိုခံယူလိုက်တော့..မြေကမ္ဘာဓားသွား"

ရေဗီယာသည် အ၀ါရောင်နှင့်လိမ္မော်ရောင်စွမ်းအင်မီးတောက်များလွှမ်းခြုံနေပြီး သူ၏ရယ်သံသည် ထူးဆန်းနေ၏။

ရယ်မောရင်း လက်နှစ်ဖက်လုံးဖြင့်ဖိချလိုက်သည်။

ချက်ချင်းပင် မြေကမ္ဘာနတ်ဘုရားတစ်ပါးစိတ်ဆိုးသွားသကဲ့သို့ မြေပြင်တစ်ခုလုံးတုန်ခါလာပြီး ကြောက်မက်ဖွယ်စွမ်းအင်များကိုထုတ်လွှတ်လိုက်သည်။ ရေဗီယာ၏အနောက်တွင်ရှိနေသည့် အ၀ါရောင်၀က်၀ံပုံရိပ်သည်လည်း ဟိန်းဟောက်လိုက်ပြီး မြေကမ္ဘာဓားသွားသည် ကောင်းကင်ပေါ်မှနေ၍ ဖှေးအပေါ်သို့ လျှင်မြန်စွာကျဆင်းလာတော့သည်။ အလွန်လျှင်မြန်လှသည့်အတွက်ကြောင့် ဖြေးညှင်းသည်ဟုထင်ပင်ထင်စရာပင်။

ဖှေးမျက်မှောင်ကြုံ့လိုက်သည်။

မြေကမ္ဘာဓားသွားသည် အမှန်တကယ်ပင် အဆင့်မြင့်သိုင်းကွက်တစ်ခုဖြစ်ပြီး သာမန်ဓားချက်တစ်ခုကဲ့သို့ ရိုးရှင်းခြင်းမရှိပေ။

စွမ်းအင်ဓားသူ့ထံသို့ရောက်မလာမှီ သူရပ်နေသည့်မြေပြင်သည်လည်း သံလိုက်တစ်ခုကဲ့သို့ သူ့အားဆွဲကပ်ထားသည်ကိုခံစားလိုက်ရသည်။ သံလိုက်စက်ကွင်းထဲတွင်ရောက်နေသလိုဖြစ်နေပြီး သူရှောင်ရှားနိုင်ခြင်းမရှိပေ။

သို့သော် ဤမျှသောစွမ်းအင်သည် ဘုရင်အားအန္တရာယ်ပြုနိုင်ခြင်းမရှိပေ။

ရုတ်တရက်ပင် ဖှေး၏ခန္ဓာကိုယ်ပေါ်တွင် လိမ္မော်ရောင်စွမ်းအင်မီးတောက်များတောက်လောင်လာ၏။

"လျို့၀ှက်မီးလက်သီး"

နဖူးပေါ်သို့ ဓားမကျလာခင်အချိန်တွင် ဖှေးသည် သူ၏လက်ကိုမြှောက်၍ ထိုးလိုက်၏။

သူ၏လက်သီးပေါ်တွင်ရှိနေသည့် မှေးမိန်သောအနီရောင်မီးတောက်များသည် အရှိန်၀ါတစ်ခုကိုသယ်ဆောင်ခြင်းမရှိပေ။ ထို့ကြောင့် စစ်သည်တော်စွမ်းအင်ကိုစတင်ရရှိခါစ သိုင်းဆရာတစ်ယောက်နှင့်ပင် တူနေ၏။ မီတာ၁၀၀ခန့်ရှည်လျားသည့် စွမ်းအင်ဓားကြီးနှင့်နှိုင်းယှဥ်ကြည့်ပါက ချမ်းဘော့ဒ်ဘုရင်သည် သေကြောင်းကြံနေသလိုဖြစ်နေ၏။

ကွာခြားချက်သည် ကြောက်မက်ဖွယ်ပင်။

သို့သော် အက်ကွဲသံများစွာထွက်ပေါ်လာ၏။

ပြိုင်ဘက်ကင်းမဲ့သည်ဟုထင်ရသည့် စွမ်းအင်ဓားပေါ်တွင် အက်ကွဲကြောင်းများစွာထွက်ပေါ်လာ၏။ အကျိုးပဲ့လွယ်သည့် ဖန်ခွက်တစ်ခုကဲ့သို့ပင် ချမ်းဘော့ဒ်ဘုရင်၏လက်သီးနှင့်ထိတွေ့လိုက်မိသည့်အချိန်တွင် စွမ်းအင်ဓားသည် စတင်၍အက်ကွဲလာတော့၏။

"၀ုန်း"

ဘုရင်သည် လေပေါ်သို့ခုန်တက်လိုက်ပြီး လျှပ်စီးအလင်းတန်းတစ်ခုလိုပင် မြန်ဆန်နေ၏။ သူ၏ခန္ဓာကိုယ်အား လက်နက်သဖွယ်အသုံးပြု၍အရှေ့သို့ပျံသန်းသွားလိုက်သည်။ သူ၏လက်သီးသည် စွမ်းအင်ဓားကို ကျိုးပဲ့စေကာ ပြိုင်ဘက်ကင်းမဲ့သည်ဟုထင်ရသည့် ရေဗီယာကိုထိုးနှက်လိုက်သည်။

"ဖုန်း"

ရေဗီယာ ထိတ်လန့်သွားပြီး မိမိကိုယ်မိမိခုခံရန်အတွက် ကပျာကယာလက်သီးဖြင့်ထိုးလိုက်သည်။

သူတို့နှစ်ယောက်၏လက်သီးများတွေ့ဆုံလိုက်သည့်အချိန်တွင် အချိန်တစ်ခုလုံးရပ်တန့်သွားသလိုပင်။ ထို့နောက်တွင် သူတို့၏ခန္ဓာကိုယ်များတုန်ခါသွားပြီး ဖှေးသည်အနောက်သို့လွှင့်ထွက်သွားသည်ဟုထင်ရ၏။

မကြာမှီတွင် လွှင့်ပျံနေသည့်ဖုန်မှုန့်များငြိမ်သက်သွားပြီး သူတို့၏ခန္ဓာကိုယ်ပေါ်တွင်ဒဏ်ရာတစ်စုံတစ်ရာတွေ့မြင်ရခြင်းမရရှိပေ။

သို့သော် တိုက်ပွဲအားကြည့်နေကြသည့် အဆင့်မြင့်သိုင်းဆရာတစ်ချို့သည် ထူးဆန်းသည့်အရာတစ်ခုကို သတိထားလိုက်မိသည်။ ရေဗီယာ၏မျက်နှာပေါ်တွင်ရှိနေသည့် အကြောက်တရားများကိုသူတို့ရှင်းလင်းစွာမြင်လိုက်ရသောကြော့င်ပင်။ ထိုလီယွန်အင်ပါယာမှသိုင်းဆရာသည် တုန်ယင်နေပြီး ချမ်းဘော့ဒ်ဘုရင်အား နေ့ခင်းကြောင်တောင်တွင် တစ္ဆေမြင်ရသကဲ့သို့ကြည့်နေ၏။

All Chapters