← Chapters

"ပြိုင်ဘက်ကင်းမဲ့ခြင်း"

Vol. 53 Ch. 828

"ပြိုင်ဘက်ကင်းမဲ့ခြင်း"

Vol. 53 Ch. 828

"ဒါမဖြစ်နိုင်ဘူး။ မင်းဘယ်သူလဲ။ ဘယ်လိုကြောင့် [နီယွန်ရဲ့လျို့၀ှက်မီးလက်သီး]သိုင်းကွက်ကိုမင်းသိနေရတာလဲ။" ရေဗီယာ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်စုံတစ်ရာကိုမတွေ့ရသော်လည်း သူ၏အမူယာသည် သေမင်းနှင့်တွေ့လိုက်ရသလိုပင်။ သူ၏ခန္ဓာကိုယ်ပျော့ပြောင်းသွားသည့်အချိန်တွင် အမဲရောင်မီးခိုးငွေ့များသည် မျက်လုံးများ၊ နှာခေါင်း၊ နားနှင့် ပါးစပ်တို့မှထွက်လာတော့၏။ ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုပေ။ သူ၏ခန္ဓာကိုယ်ထဲတွင် မီးလောင်နေသလိုပင်။

သို့သော် သူ၏စကားမဆုံးသေးခင်မှာပင် ကြောက်မက်ဖွယ်အရာတစ်ခုထက်မံ၍ဖြစ်ပျက်သွားသည်။

လေပြေတစ်ခုတိုက်ခတ်သွဦးသည့်အချိန်တွင် ရေဗီယာ၀တ်ဆင်ထားသည့်အမဲရောင်၀တ်ရုံသည် ပြာမှုန်များအဖြစ်သို့ပြောင်းလဲကာ လေနှင့်အတူပါသွားပြီး သူ၏ခန္ဓာကိုယ်ကိုပြသလိုက်သည်။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်မွှေးညှင်းပေါက်များအတွင်းမှလည်း အမဲရောင်မီးခိုးငွေ့များထွက်ပေါ်လာ၏။

မကြာမှီတွင် မီးခိုးငွေ့များစွာသည် သူ၏ခန္ဓာကိုယ်အတွင်းမှထွက်လာကာ ခန္ဓာကိုယ်တစ်ခုလုံးကိုလွှမ်းခြုံသွားတော့သည်။

သုံးစက္ကန့်အတွင်းမှာပင် အမဲရောင်မီးခိုးငွေ့များသည် နေရာတစ်၀ိုက်တွင်ပြန့်နှံ့သွား၏။

ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုဖြစ်ပျက်သွားသည်။

လီယွန်အင်ပါယာ ဟာရီကိန်းတပ်ဖွဲ့ကြီး၏ ခေါင်းဆောင်ချုပ်၊ လယ်ဗယ်၈အဆင့်မြင့်လ၀က်သိုင်းဆရာတစ်ယောက်လဲဖြစ်သူသည် ကောင်းကင်ပေါ်မှပြုတ်ကျလာတော့သည်။ ထူးဆန်းသည်မှာ သူသည် သစ်ရွက်လေးတစ်ရွက်ကဲ့သို့ လေပေါ်တွင်၀ှေ့ရမ်း၍ ဖြေးညှင်းစွာကျဆင်းလာနေခြင်းပင်။ သူ့ထံတွင် ခန္ဓာကိုယ်အလေးချိန်မရှိတော့သလိုပင်။

လူများသေချာကြည့်လိုက်သည့်အချိန်တွင် ရေဗီယာ၏အလောင်းသည် အရေခွံသာကျန်တော့သည်ကိုတွေ့လိုက်ရ၏။ သူ၏ကိုယ်တွင်အင်္ဂါများ၊ အရိုးများ၊ အသားများ၊ အဆီများသည် မီးလောင်ခြင်းခံရ၍ ပြာမှုန်အဖြစ်သို့ပြောင်းလဲသွားပြီး အရေခွံသာလျှင်အကောင်းတိုင်းကျန်တော့၏။

ဤသည်မှာ ပထမဆုံးဖှေးနှင့်တိုက်ခိုက်ခဲ့သည့် လီယွန်အင်ပါယာ၏ လအဆင့်သိုင်းဆရာနီယွန်၏ ထူးခြားသည့် သိုင်းကွက်တစ်ခုပင်။ လျို့၀ှက်မီးလက်သီးသိုင်းကွက်သည် လူတစ်ယောက်၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည့်အရာရာကိုလောင်ကျွမ်းစေနိုင်ပြီး အရေခွံကိုမူအကောင်းပတိအတိုင်းချန်ထားခဲ့လိုက်မည်ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သည့်သိုင်းကွက်တစ်ခုဖြစ်၏။

ရေဗီယာသည် မယုံနိုင်ပဲသေဆုံးသွားခဲ့ရသည်။ ရန်သူသည် မည်သည့်အတွက်ကြောင့် လီယွန်အင်ပါယာမှသိုင်းဆရာတစ်ယောက်၏သိုင်းကွက်ကိုအသုံးပြုနိုင်ခဲ့သည်ကို သူနားမလည်နိုင်ခဲ့ချေ။

"နီယွန်ကိုယ်တိုင်တောင် င့ါကိုအဲ့သိုင်းကွက်နဲ့အနိုင်ယူနိုင်မှာမဟုတ်ဘူး။ နောက်ပြီး င့ါရဲ့မြေကမ္ဘာဓားသွားကိုလည်း ဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ ဒီကောင်က ဘယ်နည်းနဲ့ငါ့ခန္ဓာကိုယ်ထဲကို မီးစွမ်းအင်တွေစိမ့်၀င်စေလိုက်တာလဲ။ မီးစွမ်းအင်ကအားကောင်းတော့ ငါ့ခန္ဓာကိုယ်ကိုစက္ကန့်အနည်းငယ်အတွင်းမှာပဲ လောင်ကျွမ်းသွားတယ်..." ဤအရာများသည် ရေဗီယာ၏ ခေါင်းထဲတွင်နောက်ဆုံးရှိခဲ့သည့်အတွေးများပင်။

မြင်လိုက်ရသည်ကိုမယုံနိုင်သည့် တစ်ခြားလူများမှာ လီယွန်အင်ပါယာမှစစ်သည်များပင်။

အင်ပါယာအတွက် နယ်မြေများစွာချဲ့ထွင်ပေးခဲ့ပြီး ပြိုင်ဘက်ကင်းမဲ့ကာ နောက်လိုက်တပည့်တပန်းများစွာရှိသည့် လီယွန်အင်ပါယာ၏ နာမည်ကြီးခေါင်းဆောင်ချုပ်သည် အဆင့်နိမ့်အင်ပါယာတစ်ခုမှ နာမည်မသိသည့်လူငယ်တစ်ယောက်၏ လက်ချက်ကြောင့်သေဆုံးသွားခဲ့သည်။ ဤအချက်သည် လီယွန်အင်ပါယာမှစစ်သည်များ၏ စိတ်ဓာတ်ကိုများစွာကျဆင်းသွားစေ၏။

တစ်ဖက်တွင် ဇီးနစ်သားများသည် စိတ်လှုပ်ရှားပျော်ရွှင်နေလျှက်ရှိသည်။

ခံတပ်နံရံပေါ်တွင် နာရီသုံးဆယ်ကျော်ခန့်တိုက်ပွဲ၀င်လာရပြီး ကျူးကျော်လာသူများ၏ ဓားသွားအောက်တွင် သူတို့ရဲဘော်များကျဆုံးသွားခဲ့သည်ကိုကြည့်ရင်းဖြင့် ဒဏ်ရာရရှိကာ မောပန်းနေခဲ့ကြသည့် ဇီးနစ်အင်ပါယာမှစစ်သည်များပျော်ရွှင်လာကြ၏။ မူလကစိတ်ဓာတ်ကျဆင်းကာ စွမ်းအင်ကုန်ခမ်းနေသည့်စစ်သည်များသည် ယခုအချိန်တွင် အာနိသင်ပြင်းသည့် အားဆေးတစ်ခုထိုးလိုက်သကဲ့သို့ ခုန်ပေါက်အားပေးနေကြ၏။

သူတို့၏အသံများသည် တောင်များကိုပင် တုန်ခါစေနိုင်လောက်သည်။

"ပြိုင်ဘက်ကင်းတယ်ကွ"

"ချမ်းဘော့ဒ်ဘုရင်က ပြိုင်ဘက်ကင်းတယ်။ ဇီးနစ်ကမကျဆုံးနိုင်ဘူး"

မြို့တော်စိန့်ပီတာစဘာ့တ်၏ ခံတပ်နံရံပေါ်တွင် သာမန်စစ်သည်များနှင့် အဆင့်မြင့်အရာရှိများအားလုံးအော်ဟစ်အားပေးနေကြသည်။ မြှားများသယ်ဆောင်ရွေ့ပြောင်းပေးရသည့် စစ်သည်မဟုတ်သောသာမန်အလုပ်သမားများပင် အော်ဟစ်ပျော်ရွှင်နေကြကာ သူတို့၏စိတ်ခံစားချက်များကိုဖွင့်ထုတ်နေကြသည်။

ချမ်းဘော့ဒ်ဘုရင်သည် သိုင်းဆရာလေးယောက်နှင့်တိုက်ခိုက်ခဲ့ပြီး လအဆင့်သိုင်းဆရာနှစ်ဦးကိုသတ်ဖြတ်ခဲ့သည်။ ဤအချက်သည် ညစ်ပတ်သည့်မြို့ခံများဟု ရန်သူများခေါ်ကြသည့် ဇီးနစ်သားများကို ဂုဏ်ယူစွာဟစ်ကြွေးနိုင်ရန်အတွက် လုံလောက်၏။

ဖှေးလေပေါ်တွင်ရပ်နေသည်။

သူ၏အပေါ်တွင် အမဲရောင်မီးခိုးများနှင့် အနီရောင်သွေးမြူစိုင်များသည်ကောင်းကင်ပေါ်သို့ ပျံတက်၍ နေရောင်ကိုပိတ်ဆို့ထားနေလျှက်ရှိသည်။

သူ၏အောက်တွင် စစ်သည်များ၏အလောင်းများသည် စိုက်ပျိုးမြေများပေါ်တွင်ပြည့်နှက်နေ၏။ အလောင်းများမှစီးကျနေသည့်သွေးများသည် မြေပြင်အားအနီရောင်စွန်းထင်းစေနေလျှက်ရှိသည်။

လေပြေသည် ဖေး၏အနက်ရောင်ဆံပင်ရှည်များကိုလေထဲတွင်လွှင့်ပျံသွားစေပြီး ရေတံခွန်တစ်ခုကဲ့သို့ပင်။ ဤအခိုက်တန့်တွင် ပြိုင်ဘက်ကင်းမဲ့သည့်နတ်ဘုရားသမား ဇီးနစ်ပင်မဂိတ်တံခါးကိုကာကွယ်ပေးနေသလို ဇီးနစ်သားများခံစားလိုက်ရသည်။ သေမျိုးတစ်ယောက်မဟုတ်ပေ။

"ဟားဟားဟား ဒီလိုအမှိုက်သရိုက်ကောင်က အဆင့်မြင့်အင်ပါယာတစ်ခုက သိုင်းဆရာတဲ့လားကွ။ အားနည်းလိုက်တာ..လာကြလေ..ထပ်လာခဲ့ကြစမ်း။ ဘယ်ကောင်ငါနဲ့တိုက်ခိုက်ရဲသေးလဲ.." ဖှေးအော်ဟစ်လိုက်သည်။

ရန်လိုသည် ဖိတ်ခေါ်မှုသည် ကောင်းကင်ပေါ်တွင်ပဲ့တင်သွားပြီး နတ်ဘုရားများကောင်းကင်ပေါ်မှကြိမ်းမောင်းနေသလိုပင်။ ကြောက်မက်ဖွယ်အသံလှိုင်းများသည် အရပ်လေးမျက်နှာသို့ပြန့်နှံ့သွားပြီး ဖုန်မှုန့်များကိုပင် လေပေါ်သို့ ပျံသန်းသွားစေသည်။

တကယ်တန်းတွင် အသံလှိုင်းများသည်စွမ်းအားပြင်းထန်လှသည့်အတွက်ကြောင့် လီယွန်အင်ပါယာမှစစ်သည်များပင် အနောက်သို့ဆုတ်ခွာသွားရ၏။

လီယွန်တပ်ဖွဲ့၏အနောက်တွင်ရှိနေသည့် အမိန့်ပေးဌာနပင်တိတ်ဆိတ်ငြိမ်သက်သွား၏။

-ကောင်းကင်ပေါ်တွင်-

[နတ်ဆိုးအမျိုးသမီး]ပဲရစ်သည် [ကစဥ့်ကလျားပုလ္လင်]ပေါ်တွင်အမြန်ထရပ်လိုက်၏။ လျို့၀ှက်သည့် ပုလ္လင်၏ စွမ်းအားများကြောင့် သူမသည် ကောင်းကင်ပေါ်တွင် ကိုယ်ယောင်ဖျောက်နေနိုင်၏။ နေအဆင့်သခင်တစ်ပါးပင် သူမ၏တည်နေရာကိုရှာတွေ့နိုင်မည်မဟုတ်ပေ။

သို့သော် ပဲရစ်ကမူ ဖြစ်ပျက်နေသည်များကို ရှင်းလင်းစွာမြင်နိုင်၏။

သူမ၏ ဘေးပတ်ပတ်လည်တွင်မည်သူမှမရှိတော့သည့်အတွက်ကြောင့် ပဲရစ်ဟန်ဆောင်စရာမလိုတော့ပေ။

သူမ၏လှပသည့်မျက်လုံးများ၀ေ၀ါးသွားပြီး ရန်သူသိုင်းဆရာများစွာသတ်ဖြတ်ခဲ့ပြီး မောက်မာစွာပြုမူနေသည့် ယောက်များတစ်ယောက်၏ ဖမ်းစားခြင်းကိုခံလိုက်ရသည်။

ဖှေးသည် သူမ၏အကြံပြုချက်အတိုင်း စွမ်းအားအစစ်မှန်ကိုအသုံးပြုခြင်းမရှိပဲ မောက်မာစွာပြုမူနေသည်ကိုတွေ့ရသည့်အချိန်တွင် ပဲရစ် ကြည်နူးမိသလိုခံစားရသည်။

ချမ်းဘော့ဒ်အရှေ့ဘက်တောင်တန်းပေါ်တွင် သူတို့နှစ်ယောက်စတွေ့ခဲ့စဥ်က တစ်ယောက်နှင့်တစ်ယောက်အထင်သေးသည့်မျက်လုံးများဖြင့်ကြည့်ခဲ့ကြသည်။ သို့သော် ဖှေးသူမအား ဘုံဆိုင်တစ်ခုတွင် စပါတပ်အင်ပါယာ၏ လုပ်ကြံသတ်ဖြတ်ခြင်းမှကယ်တင်ပေးခဲ့သည်မှစ၍...

ဤဉာဏ်များသည့်ကောင်မလေးသည် ဖော်ထုတ်ပြသခြင်းမရှိသော်လည်း ဘုရင်ငယ်အပေါ်တွင်ထားရှိသည့် ခံစားချက်များပြောင်းလဲလာခဲ့သည်။

လေပြေတစ်ခုတိုက်ခိုက်သွားပြီး ပဲရစ်၏ဆံနွယ်များကိုလွှင့်ပျံသွားစေသည်။

သူမ၏ခေါင်းကိုညင်သာစွာခါရမ်းလိုက်ပြီး ထိုစိတ်ခံစားချက်များကို သူမ၏ ခေါင်းထဲမှထုတ်လိုက်သည်။ တွေ၀ေနေရာမှ နိုးထလာပြီး လီယွန်သားများသည်တိုက်ပွဲအပြီးတွင် ဖှေးအားအာရုံစိုက်နေသည်ကို သူမသတိထားလိုက်မိသည်။ ပို၍ အန္တရာယ်များသည့် စိန်ခေါ်မှုများနှင့်စတင်ရင်ဆိုင်ရတော့မည်ဖြစ်သည်။

"တိုက်ခိုက်လိုက်တော့ကောင်လေး...ရှင့်ရဲ့ခေတ်စတင်တော့မယ်"

......

ခနတာတိတ်ဆိတ်သွာပြီးနောက်တွင် လီယွန်သားများသည်လည်း ဖှေး၏စိန်ခေါ်မှုကိုတုန့်ပြန်လိုက်ကြတော့သည်။

"ဒုံး ဒုံး ဒုံး"

မြေပြင်တစ်ခုလုံးကွဲအက်တော့မလို ကျယ်လောင်သည့်ဗုံသံများထွက်ပေါ်လာပြီး မိုးခြိမ်းသံကဲ့သို့ပင် ကျယ်လောင်နေ၏။ ထိုဗုံသံများသည် စိတ်ဓာတ်ကျဆင်းနေမှုများကိုဖျက်ဆီး၍ လီယွန်စစ်သည်များကို အားဖြည့်ပေးနေသလိုပင်။

ဤသည်မှာ လီယွန်တော်၀င်ဗုံသံဖြစ်သည်။ လီယွန်အင်ပါယာမှ ရဲရင့်သည့်စစ်သည်များကြားလိုက်သည့်အချိန်တွင် သူတို့၏နှလုံးသားထဲတွင်ယုံကြည်ချက်များပြန်လည်မွေးဖွားလာတော့၏။

သူတို့၏စိတ်ဓာတ်များပြန်လည်တက်ကြွလာကြသည်။

လီယွန်သားများ ဒုက္ခရောက်နေသည့်အချိန်တွင် လီယွန်တော်၀င်ဗုံသံများထွက်ပေါ်လာမည်ဖြစ်ပြီး လီယွန်သားများကို အောင်မြင်ခြင်းလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေမည်ဖြစ်သည်။

မကြာမှီတွင် လီယွန်စစ်သည်များ၏အနောက်ဘက်မှ အလင်းတန်းငါးခုထွက်ပေါ်လာပြီး တိုက်ပွဲမြေပြင်သို့ ဦးတည်ကာပျံသန်းလာ၏။

လအဆင့်သိုင်းဆရာငါးယောက်ထက်မံ၍ ရောက်ရှိလာတော့သည်။

အလင်းတန်းများသည် ကောင်းကင်ပေါ်တွင်ပျံသန်းနေရင်းဖြင့် ကြောက်မက်ဖွယ်အရှိန်၀ါများကိုထုတ်လွှတ်နေ၏။ လီယွန်တော်၀င်ဗုံသံများသည် ရှေးမျိုးနွယ်သားရဲကောင်ကြီးများကို ဆင့်ခေါ်လိုက်သလိုပင် သူတို့၏ကြောက်မက်ဖွယ်အရှိန်၀ါများသည် စစ်မြေပြင်တွင်ရှိနေသည့်လူများအားလုံးကို ကြောက်လန့်တုန်ခါစေ၏။

ဤလအဆင့်သိုင်းဆရာငါးဦးသည် ပို၍စွမ်းအားမြင့်မား၏။

စကားပြောခြင်းမရှိပဲ သူတို့သည် သားကောင်အားအမဲလိုက်နေသည့် ခြင်္သေ့မားကဲ့သို့ဖှေးထံသို့ ပျံသန်း၀င်ရောက်လာကာ သူတို့၏စွမ်းအားများကိုထုတ်လွှတ်လိုက်သည်။ သူတို့သည် စွမ်းအားအမြင့်ဆုံးသိုင်းကွက်များအား ချက်ချင်းထုတ်သုံးတော့မလိုပင်။

"ဒီကောင်တွေအရှက်မရှိဘူးပဲ တိုက်ပွဲမှာ နောက်ထပ်လအဆင့်သိုင်းဆရာတွေအများကြီးထုတ်လာပြီ" မြို့တော်စိန့်ပီတာစဘာ့တ်၏ ခံတပ်ပေါ်တွင်တစ်ချို့လူများစတင်၍ ကျိမ်ဆဲလိုက်ကြ၏။

All Chapters