← Chapters

"ကိုယ့်ဆေးကိုယ်ပြန်စား"

Vol. 53 Ch. 829

"ကိုယ့်ဆေးကိုယ်ပြန်စား"

Vol. 53 Ch. 829

စစ်မြေပြင်တွင် လေညှင်းတစ်ခုသာတိုက်ခတ်နေသည့်အတွက်ကြောင့် တိတ်ဆိတ်နေသည်။ ထို့ကြောင့် ဇီးနစ်သားများ၏ ဆဲဆိုသံကို လူအများစုကြားလိုက်ကြသည်။ အင်ပါယာများ၏ သိုင်းဆရာတိုက်ပွဲများတွ၍် တစ်ယောက်ခြင်းတိုက်ခိုက်သည်သာများသည့်အတွက်ပင်။

သို့သော် သိုင်းဆရာများ သုံးယောက်ငါးယောက်အုပ်စုဖွဲ့ကာ အုပ်စုအခြင်းခြင်းတိုက်ခိုက်ကြသည်များလည်းရှိသည်။

လူများမြင်နေရသည့် သိုင်းဆရာငါးဦးအုပ်စုဖွဲ့ကာ တစ်ယောက်ထဲအား ၀ိုင်း၀န်းတိုက်ခိုက်သည့်ဖြစ်ရပ်မျိုးသည်ရှားပါးလှ၏။ အေဇာရုတိုက်ပေါ်တွင် လူအများစု၏မျက်လုံးထဲတွင် ဤကဲ့သို့သောတိုက်ပွဲသည် တရားမျှတမှုမရှိပဲအဆင့်မရှိသည့် တိုက်ပွဲတစ်ခုပင်။

ထို့ကြောင့် ဇီးနစ်သားများကျိမ်ဆဲနေကြခြင်းဖြစ်သည်။

လအဆင့်သိုင်းဆရာငါးဦးသည် အသက်ရွယ်ခြင်းသိပ်မကွာကြပဲ ယောက်ျားလေး၄ဦးနှင့် အမျိုးသမီးတစ်ဦးပင်။

ဦးဆောင်လာသည့်လူသည် အညိုရောင်မုတ်ဆိတ်မွှေးများနှင့်တောင့်တင်းသည့် ခန္ဓာကိုယ်ရှိသည်။ သူ၏အနောက်တွင်ရှိနေသည့် လူနှစ်ယောက်သည် ပိန်ပိန်ပါးပါးနှင့်ရုပ်ခပ်ဆင်ဆင်ပင်။ သူတို့နှစ်ယောက်ထဲတွင်မတူညီသည့်အချက်မှာ တစ်ယောက်သည် ဆံပင်တိုများနှင့်ဖြစ်ပြီး ကျန်တစ်ယောက်သည်ဆံပင်ရှည်၏။ ထိုလူနှစ်ယောက်၏အနောက်တွင် အရပ်ပုပုနှင့်ဖတ်တီးတစ်ယောက်နှင့် ချောမောလှပသည့်အမျိုးသမီးတစ်ယော်ကလိုက်ပါလာ၏။ ဖတ်တီး၏မျက်နှာပေါ်တွင်အပြုံးတစ်ခုရှိနေပြီးသတ်ဖြတ်လိုသည့်ပုံမပေါ်ပဲ သူသည် ချမ်းသာကြွယ်၀သည့်ဆွေကြီးမျိုးကြီးတစ်ယောက်ဖြစ်ကဲ့သို့ပင်။ သူ၏ဘေးတွင်ရှိနေသည့်အမျိုးသမီးသည် အသက်၂၀အရွယ်ခန့်ရှိပြီး ရေခဲတုံးတစ်ခုကဲ့သို့ပင်အေးစက်နေကာ သူမ၏အရှိန်၀ါတစ်ခုတည်းကပင် ယောက်ျားသားများမချည်းကပ်နိုင်ရန်တားဆီးထား၏။

ကျိမ်ဆဲသံများကိုကြားနေရသော်လည်း သူတို့၏အမူယာများပြောင်းလဲကာ ရှက်ရွံ့သွားခြင်းမျိုးမရှိပေ။

ဤအခိုက်တန့်တွင် ကျယ်လောင်သည့်အသံတစ်ခုသည် လီယွန်စစ်သည်များ၏ အမိန့်ပေးဌာနမှထွက်ပေါ်လာ၏။ မိုက်ကန်းကန်းအသံတစ်ခုဖြင့် ထိုလူပြောလိုက်သည်။ "ဟားဟားဟား ရီစရာကောင်းလိုက်တာ။ သိုင်းဆရာခြင်းတိုက်တဲ့တိုက်ပွဲမှာ အုပ်စုလိုက်တိုက်ခိုက်လို့ရောမရဘူးလား။ ငါတို့မင်းတို့ကို ဆယ်စက္ကန့်အချိန်ပေးမယ် ဇီးနစ်အင်ပါယာဘက်ကလည်း တိုက်ခိုက်ဖို့လအဆင့်သိုင်းဆရာလေးယောက်ကိုစေလွှတ်ရင်လွှတ်လို့ရတယ်...ဟားဟား ငါးယောက်ငါးယောက်တိုက်ခိုက်ကြတာပေါ့"

ထိုကဲ့သို့ပြောလိုက်သည့်အချိန်တွင် ဆဲဆိုနေကြသည့်အသံအများစုရပ်တန့်သွား၏။

ဆဲဆိုခံနေရသည့်အတွက်ကြောင်တောင်တောင်နှင့် ရှက်ရွံ့နေခဲ့ကြသည့်လီယွန်အင်ပါယာမှ စစ်သည်များလည်း ယခုအချိန်တွင် ကျယ်လောင်စွာရယ်မောလိုက်ကြသည်။

လီယွန်တပ်ဖွဲ့၏ ခေါင်းဆောင်သည် ဉာဏ်များရက်စက်သည့်လူတစ်ယောက်ပင်။

ဇီးနစ်အင်ပါယာတွင် ချမ်းဘော့ဒ်ဘုရင်မှလွှဲ၍ တိုက်ခိုက်နိုင်သေးသည့်လအဆင့်သိုင်းဆရာများထက်မံ၍မရှိတော့သည်ကို သူတိသည်။ ထို့ကြောင့် သူသည် တိုက်ပေါ်တွင်ရှိသော ရေးသားမထားသည့်စည်းမျဥ်းများအားလုံးကို လိုက်နာသည့်ဟန်ပြုလိုက်သည်။ ထိုလူသည် အနိုင်ရရန်အတွက် နည်းလည်းမှန်သမျှကိုအသုံးပြုသည့်အရှက်မရှိသည့်လူတစ်ယောက်ဖြစ်သည်ကို ဖော်ပြနေ၏။

"ဟုတ်တယ်။ ငါတို့ငါးယောက်က အမြဲအတူတိုက်ခိုက်နေကျ။ ငါတို့ရဲ့ ရန်သူကနေအဆင့်သခင်တစ်ပါးဆိုရင်တောင် ငါတို့ငါးယောက်ပေါင်းပြီးပဲတိုက်ခိုက်လိမ့်မယ်..." အဖွဲ့၏ခေါင်းဆောင်ဖြစ်ပုံရသည့် မုတ်ဆိတ်နှင့်လူသည် ဖှေးကိုကြည့်၍ မခံချင်အောင်ပြောလိုက်သည်။ "ဟေ့ကောင် မင်းက အင်ပါယာအငယ်စားလေးက လူမိုက်တစ်ယောက်ပါပဲ။ မင်းကြောက်နေပြီဆိုရင် အရှုံးပေးပြီးတော့ မင်းလက်မင်းရိုက်ချိုးလိုက်။ အဲ့လိုဆိုရင် ငါတို့မင်းကိုအသက်ချမ်းသာပေးမယ်"

"ဟီးဟီးဟီး မင်းလက်မင်းမချိုးချင်ဘူးဆိုရင် ဘောင်းဘီချွတ်ပြီး င့ါကိုအဖေလို့ခေါ်။ အဲ့လိုဆိုလည်းရတယ်" မုတ်ဆိတ်နှင့်လူ၏အနောက်တွင်ရပ်နေသည့် ပိန်ပိန်ပါးပါးနှင့်လူမှ ပြောကာရယ်မောလိုက်သည်။

"ဆယ်စက္ကန့်အချိန်ပေးထားတာ ခြောက်စက္ကန့်ရှိနေပြီ။ ဇီးနစ်က သိုင်းဆရာမလွှတ်ဘူးဆိုရင်တော့ ရှင်တစ်ယောက်ထဲပဲ ကျွန်မတို့ငါးယောက်လုံးကို တိုက်ခိုက်ရလိမ့်မယ်။" အသက်၂၀ခန့်အရွယ်ဟုထင်ရသည့်အမျိုးသမီးသည် သူမ၏နှုတ်ခမ်းများကို လျှာဖြင့်သပ်ကာ ရက်စက်ကြမ်းကြုတ်သည့်အပြုံးတစ်ခုကို ပြသလိုက်သည်။

တစ်ဖက်တွင် ဖှေး၏မျက်နှာပေါ်၌လေးနက်သည့်အမူယာတစ်ခုရှိနေပြီး သူသည်တစ်စုံတစ်ခုအားစဥ်းစားနေသလိုပင်။

သူသည် ရန်သူ၏ ပြောဆိုချက်များကို အမှန်တကယ်ပင် ထည့်စဥ်းစားနေသည့်ပုံပေါက်နေ၏။ ဖှေးသည် အသက်ရှင်နိုင်ရန်အတွက် ကိုယ့်လက်ကိုယ်ချိုးရန် သို့မဟုတ်ဘောင်းဘီချွတ်၍အဖေခေါ်ရန်နှစ်ခုထဲမှ တစ်ခုကိုပြုလုပ်ရန်စဥ်းစားနေသည်ဟု လူတစ်ချို့ပင်ထင်လိုက်မိ၏။

"လယ်ဗယ်မြင့်အင်ပါယာတစ်ခုရဲ့သိုင်းဆရာက သေရမှာကြောက်ပြီးတော့ လူအင်အားသာတာကိုပဲအသုံးချချင်နေတဲ့ လူကြောက်တွေပဲ။ ဇီးနစ်ကစစ်သည်တော်တွေက သေရမှာကြောက်တဲ့ကောင်တွေမဟုတ်ဘူး။ အဖွဲ့လိုက်တိုက်ခိုက်မယ်ဟုတ်လား။ ခရစ်-ဆူတွန်ဖြစ်တဲ့ငါက မင်းတို့လောက်စွမ်းအားမမြင့်ပေမယ့် သွေးနဲတဲ့ကောင်တော့မဟုတ်ဘူး။ အဆိုးဆုံးဖြစ်နိုင်တာဆိုလို့ သေရမှာလောက်ပဲရှိတယ်။ မင်းတို့တိုက်ခိုက်ချင်တယ်ဆိုရင် င့ါကိုပါစာရင်းထဲထည့်လိုက်" မြေပြင်ပေါ်တွင်ရှိနေသည့် ရွှေရောင်နေမင်းသူရဲကောင်းမှ အော်ဟစ်လိုက်သည်။

သူပြောလိုက်သည့်အရာသည် ဇီးနစ်အင်ပါယာမှ စစ်သည်များ၏ ဂုဏ်သရေမာနကိုတောက်လောင်စေလိုက်သည်။

ခေါင်းဆောင်ဖြစ်သည့် စစ်ပွဲနတ်ဘုရားအာရှဗင်ဘာမှမပြောရသေးသော်လည်း ဇီးနစ်မှ စစ်သည်များနှင့် အရာရှိများသည် စတင်၍အော်ဟစ်လိုက်ကြသည်။

ရွှေရောင်နေမင်းသူရဲကောင်းပြောသည့်အရာမှာ မှန်သောကြောင့်ပင်။ သူတို့သည် စွမ်းအားမြင့်မားသည့်လူများမဟုတ်ကြသော်လည်း အဆိုးဆုံးကြုံတွေ့နိုင်သည့်အရာသည် သေခြင်းတရားသာဖြစ်သောကြော့င်ပင်။

"မှန်တယ် င့ါကိုပါစာရင်းထဲထည့်လိုက်"

"လအဆင့်သိုင်းဆရာတွေဖြစ်တော့ဘာလုပ်ရမှာလဲ။ သေတာထက်ဆိုး၀ါရှိလို့လား။ င့ါကိုပါထည့်လိုက်"

ဇီးနစ်အင်ပါယာ၌ စစ်မြေတွင်တွင် သေသည်အထိတိုက်ပွဲ၀င်မည့်စစ်သည်များသာရှိပြီး ဖိအားအောက်တွင် အရှုံးပေးတတ်သည့်ခေါင်းဆောင်များမရှိပေ။

"ဟားဟားဟား" လီယွန်အင်ပါယာမှ လအဆင့်သိုင်းဆရာငါးယောက်သည် အထင်သေးစွာဖြင့် ရယ်မောလိုက်ကြသည်။ မုတ်ဆိတ်နှင့်လူသည် မြေပြင်ပေါ်တွင်ရှိနေသည့် ခရစ်-ဆူတွန်နှင့် ခံတပ်နံရံပေါ်တွင်စိတ်အားတက်ကြွနေကြသည့် စစ်သည်များကိုကြည့်ကာ ကမ္ဘာပေါ်တွင်အရယ်ရဆုံးသော ဟာသတစ်ခုကို ကြားလိုက်ရသည့်အတိုင်းရယ်မောလိုက်သည်။ "မင်းတို့။ မင်းတို့ကောင်တွေလား။ မင်းတို့ကဘာကောင်တွေမို့လို့လဲ..သိုင်းပညာအဆင့်တိုက်ပွဲမှာ၀င်ပါဖို့အတွက် မင်းတို့ထဲက ဘယ်သူမှ အရည်ချင်းမမှီဘူး။ မင်းတို့ကောင်တွေအကုန်လုံးပုရွတ်ဆိတ်လို အားနည်းနေတဲ့ကောင်တွေပဲ အဆင့်နိမ့်အင်ပါယာကကောင်တွေကလည်း မာန်မလျှော့ပါလားဟေ့..စောက်ပိန်းတွေပဲ။ မင်းတို့မှာ သေရမှာမကြောက်တာအပြင်ဘာရှိသေးလို့လဲ။"

"မင်း..." ရွှေရောင်နေမင်းသူရဲကောင်းဒေါသဖြစ်သွားသည်။ သို့သော် သိုင်းပညာရှင်အဆင့်တိုက်ပွဲသည် သာမန်စစ်သည်တော်များ၀င်ရောက်တိုက်ခိုက်နိုင်သည့် တိုက်ပွဲမဟုတ်ကြောင်းကို သူသိ၏။

ဤအခိုက်တန့်တွင် တစ်စုံတစ်ခုအကြောင်းကို စဥ်းစားနေသည့်ဖှေးသည် ရုတ်တရက်စိတ်အေးသွားလိုက်၏။ သူရယ်မောကာ ပြောလိုက်သည်။ "နောက်ထပ်လအဆင့်သိုင်းဆရာတစ်ယောက်ဟုတ်လား...ဟားဟား"

ထို့နောက်တွင် သူ၏လက်ချောင်းကိုတောက်လိုက်၏။ ရွှေရောင်စွမ်းအင်မီးတောက်တစ်ခုသည် ခရစ်၏ ခန္ဓာကိုယ်ထံသို့ပျံသန်းသွားတော့သည်။

"ဒါက.." ဆူတွန်တုန်လှုပ်သွားသည်။

နောက်အခိုက်တန့်တွင် အပူစွမ်းအင်တစ်ခု သူ၏ခန္ဓာကိုယ်အတွင်း၌စီးဆင်းနေသည်ကို သတိထားလိုက်မိသည်။

အရိုးများထဲတွင်ခံစားနေရသည့် နာကျင်မှုတို့သည် ပုရွတ်ဆိတ်များစွာသူ့အား အတွင်းမှကိုက်ဖြတ်စားသောက်နေသလိုပင်။ အတွင်းအားစွမ်းအင်စီးကြောင်းများသည် ကျယ်ပြန့်လာသည့်အတွက်ကြောင့် ပါးကွက်သားသူရဲကောင်းသည် နာကျင်စွာအော်ဟစ်လုနီးနီးပင်။

နာကျင်မှုသည် ကြီးမားလှသော်လည်း လျှင်မြန်စွာပြီးဆုံးသွား၏။

နောက်အခိုက်တန့်တွင် ဆူတွန်သည် သူ၏ကျင့်ကြံခြင်းလမ်းစဥ်တွင်ပိတ်ဆို့နေခဲ့သည့် အဆီးတားကြီးတစ်ခုသည် ပွင့်သွားသလိုခံစားလိုက်ရပြီး လျို့၀ှက်ချက်များစွာထွက်ပေါ်လာ၏။ သူ၏မျက်လုံးများထဲတွင် ကမ္ဘာသစ်တစ်ခုကို မြင်လိုက်ရသလိုပင်။

ဆန်းကျယ်သောစွမ်းအားမြင့်မားသည့်အရှိန်၀ါတစ်ခုသည် ဆူတွန်၏ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာတော့သည်။

ထို့နောက်တွင် ငယ်ရွယ်ခန့်ညားသည့်သူရဲကောင်းသည် မြေပြင်ပေါ်မှ တဖြည်းဖြည်းပျံသန်းလာပြီးကောင်းကင်ပေါ်သို့ ရောက်ရှိလာတော့သည်။

လအဆင့်သိုင်းဆရာတစ်ပါးပင်။

ရွှေရောင်နေမင်းသူရဲကောင်းသည် လအဆင့်သို့တက်ရောက်သွားပြီဖြစ်သည်။

လီယွန်အင်ပါယာမှ သိုင်းဆရာငါးယောက်သည် ဤအရာကိုမြင်တွေ့လိုက်ရသည့်အတွက်တုန်လှုပ်သွားသည်။ သူတို့သည် အတွေ့ကြုံရှိသည့်လူများဖြစ်သည့်အတွက်ကြောင့် လက်ရှိဤလူငယ်အဆင့်တက်သွားခြင်းသည် ဖှေးပစ်လွှတ်လိုက်သည့် ရွှေရောင်မီးတောက်စွမ်းအင်နှင့်သက်ဆိုင်သည်ကို နားလည်လိုက်၏။

"လအဆင့်သိုင်ဆရာတစ်ယောက်ကို ဒီလိုလွယ်လွယ်ကူကူဖန်တီးလိုက်တာလား။ တုန်လှုပ်စရာပဲ။ ဒီလိုဆို နတ်ဘုရားတွေရဲ့အဆင့်ကိုတောင်ရောက်နေပြီ" သူတို့တွေးလိုက်မိကြသည်။

လအဆင့်သိုင်းဆရာငါးယောက်သည် စက္ကန့်ပေါင်းများစွာတုန်လှုပ်နေသည့်အတွက်ကြောင့် ဆယ်စက္ကန့်ရေတွက်နေခြင်းပြီးဆုံးသည်ကိုပင်ကျော်လွန်သွား၏။

မုန်ဆိတ်နှင့်လီယွန်အင်ပါယာမှသိုင်းဆရာသည် တုန်လှုပ်နေရာမှပြန်လည်သတိရလာပြီး လှောင်ပြောင်သည့်အပြုံးတစ်ခုနှင့်အတူပြောလိုက်သည်။ "မင်းမှာ ကူညီမယ့်လူတစ်ယောက်ရောက်လာပြီပေါ့။ အဲ့တာဆိုဘာဖြစ်လဲ...အဲ့ကောင်က သဘာ၀တရားစိန်ခေါ်မှုကိုတောင်မရင်ဆိုင်ရသေးဘူး။ ငါတို့မျက်လုံးထဲမှာဆို မွေးခါစကလေးတစ်ယောက်လိုပဲ...ဟားဟားဟား ဆယ်စက္ကန့်ကြာတာတောင် ဇီးနစ်အင်ပါယာက မင်းဘက်ကကူတိုက်ပေးမယ့် သိုင်းဆရာတွေမလွှတ်သေးတော့ သေပေတော့..."

သူ၏စကားဆုံးသည်နှင့်တစ်ပြိုင်နက် ထိုလူသည် လျှပ်စီးအလင်းတန်းတစ်ခုကဲ့သို့ အရှေ့သို့ပျံသန်းလာပြီး ချောင်းမြောင်းတိုက်ခိုက်ရန်အတွက် ကြိုးစားလိုက်သည်။

ယခုအချိန်တွင် ချမ်းဘော့ဒ်ဘုရင်သည် မှော်ဆန်သည့်စွမ်းအားတစ်ခုကိုအသုံးပြု၍သူ့အား ကြယ်ကိုးလုံးအဆင့်မှ လအဆင့်သို့တက်ရောက်နိုင်အောင်ကူညီပေးလိုက်သည်ကို ရွှေရောင်နေမင်းသူရဲကောင်းမှသိရှိသွားပြီဖြစ်သည်။ ဤအခိုက်တန့်တွင် သူ၏ ဖှေးအပေါ်တွင်ထားရှိသောပြိုင်ဆိုင်လိုစိတ်များ ပျောက်ကွယ်သွားပြီး ဘုရင်သည် သူအလေးစားဆုံးသောလူတစ်ယောက်ဖြစ်လာ၏။

မုတ်ဆိတ်နှင့်လူတိုက်ခိုက်သည်ကိုတွေ့ရသည့်အတွက် ဆူတွန်သည် တုန်လှုပ်၍ ၀င်ရောက်တိုက်ခိုက်တော့မည့်အချိန်တွင်...

ကြီးမားသည့်စွမ်းအားတစ်ခုသည် သူ့အားတွန်းထုတ်လိုက်ပြီး ဖှေး၏အသံကိုသူ၏နားထဲတွင်ကြားလိုက်ရသည်။ "မင်းရဲ့စစ်သည်တော်စွမ်းအင်တွေကိုလည်း အာရုံစိုက်ပြီး စီးဆင်းထားဦးခရစ်။ သဘာ၀တရားစိန်ခေါ်မှုအတွက်အသင့်ပြင်ထား။ ငါမင်းကိုကာကွယ်ပေးထားမယ်။ လူအင်အားသာတာနဲ့အနိုင်ယူဖို့ကြံနေတဲ့ ဒီငကြောက်တွေက မင်းနဲ့ငါနှစ်ယောက်ပေါင်းတိုက်ခိုက်လောက်တဲ့ထိ မလိုပါဘူး"

ထိုကဲ့သို့ပြောပြီးသည့်အချိန်တွင် ဖှေးသည်အရှေ့သို့ပျံသန်းကာ တယ်လီပေါ့တ်ပြုလုပ်လိုက်သလို မုတ်ဆိတ်နှင့်သိုင်းဆရာ၏ဘေးသို့ချက်ချင်းရောက်ရှိသွား၏။

အမြန်နှုန်းသည် စိတ်ကူးယဥ်နိုင်သည်ထက်ပင်ကျော်လွန်နေ၏။ ကြည့်နေကြသည့်လူများအားလုံး ပုံရိပ်ယောင်များကိုသာမြင်လိုက်ရ၏။ ဖှေး၏လက်သီးချက်သည် မုတ်ဆိတ်နှင့်သိုင်းဆရာ၏ ရင်ဘက်ပေါ်သို့ကျရောက်သွားတော့သည်။

မုတ်ဆိတ်နှင့်သိုင်းဆရာမတုန့်ပြန်နိုင်သေးခင်မှာပင် ဖှေး၏ ရွှေရောင်စွမ်းအင်မီးတောက်များတောက်ပလာပြီး ထိုလူသည် အစိတ်စိတ်အမွှာမွှာဖြစ်အောင် ပေါက်ကွဲသွားတော့၏။

တစ်ချက်တိုက်ခိုက်ရုံဖြင့် တစ်ယောက်သေဆုံးသွားခြင်းပင်။

လူတိုင်း တုန်လှုပ်သွားကြသည်။

ကျန်ရှိနေသည့် လီယွန်အင်ပါယာမျ လအဆင့်သိုင်းဆရာလေးယောက်မတုန့်ပြန်နိုင်သေးခင်မျာပင် သူတို့၏ခန္ဓာကိုယ်များသည် သံလိုက်စက်ကွင်းတစ်ခုထဲသို့ရောက်ရှိသွားသလို ခံစားလိုက်ရသည်။ သူတို့ပတ်ပတ်လည်တွင်ရှိနေသည့်လေထုသည် ထူထဲလာပြီး လအဆင့်စွမ်းအားများဖြင့်ပင် လှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။

ရုတ်တရက်လိမ္မော်ရောင်စွမ်းအင်မီးတောက်များတောက်လောင်လာတော့သည်။

မည်သည့်အချိန်ကမှန်းမသိသော်လည်း မြေစွမ်းအင်များဖြင့်ပြုလုပ်ထားသည့် မီတာ၁၀၀ကျော်ရှည်လျားပြီး ဓားရိုးမပါသောစွမ်းအင်ဓားကြီးတစ်ခုသည် ဖှေး၏အရှေ့တွင်ပေါ်လာတော့၏။

"ဟားဟားဟား ကိုယ့်ဆေးကိုယ်ပြန်စားကြည့်လိုက်ကြစမ်း...မြေကမ္ဘာဓားသွားသိုင်းကွက်ကွ..." ဖှေး၏အသံတစ်ခုထဲကပင် လူများ၏ ၀ိဉာဥ်ကိုပျက်ဆီးစေလောက်၏။

ထိုအရာသည် မြေကမ္ဘာဓားသွားသိုင်းကွက်ဖြစ်၏။ မြေကမ္ဘာဓားသွားသိုင်းကွက်အစစ်မှန်ပင်။ ရေဗီယာ၏ ကိုယ်ပိုင်သိုင်းကွက်ပင်။

All Chapters