← Chapters

အကန့်အသတ်ကို ဖြတ်ကျော်ခြင်း (၃)

Vol. 19 Ch. 281

အကန့်အသတ်ကို ဖြတ်ကျော်ခြင်း (၃)

Vol. 19 Ch. 281

သူ၏ယခင်အစီအစဉ်အရ ကိုယ်ပွား၏ဝိညာဉ်မဏ္ဍိုင်သွေးကြောများကို ကန့်သတ်ချက် အထိ ပုံဖော်ပြီးနောက် သူနှင့် ပေါင်းစပ်ဖို့ပင်။ 

ဝိညာဉ်မဏ္ဍိုင် သွေးကြော၄၅ ခုသို့ ရောက်ပြီးနောက် လင်းရှန်သည် ဆက်လက် ပေါင်းစပ်ပါက ဘာဖြစ်မည်ကို မသိနိုင်ပေ။

အသက်ပြင်းပြင်းရှူရင်း  လင်းရှန်သည် အာရုံပျံ့လွင့်နေသော အတွေးများကို ထိန်းကာ သူ့စိတ်ကို အာရုံစိုက်လိုက်သည်။ အတွေးတစ်ခုဖြင့် သူသည်  နားလည်မှုကိုယ်ပွါးကို သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းထည့်လိုက်သည်။

နောက်တစ်စက္ကန့်တွင် ရုတ်တရက် တုန်လှုပ်သွားပြီး သူ့ခန္ဓာကိုယ်မှ လေးနက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

မရပ်တန့်မီ ဆယ်ကြိမ်တိုင်တိုင် အသံထွက်ခဲ့သည်။

လင်းရှန် အာရုံစိုက်လိုက်တော့ သူ့ခန္ဓာကိုယ်ထဲမှာ နောက်ထပ် ဝိညာဉ်မဏ္ဍိုင် သွေးကြောဆယ်ခုရှိနေပြီဆိုတာ သဘောပေါက်သွားပြီး စုစုပေါင်း(၅၅)ခု ရှိသွားချေပြီ။  

"မျှော်လင့်ထားသလိုပဲ ဆက်ပြီးတိုးလာနိုင်တယ်။"

လင်းရှန် ဝမ်းသာသွားသည် ။

သူ့အရင်ထင်ကြေးက မှန်နေ၏

၄၅ခုသည် အခြားကျင့်ကြံသူများ၏ ကန့်သတ်ချက်ဖြစ်သော်လည်း ၎င်း၏ကန့်သတ်ချက်တော့ မဟုတ်သေးပေ။

ကိုယ်ပွါး၏ပေါင်းစပ်မှုသည် ဤကန့်သတ်ချက်ကို ချိုးဖျက်ရန် နည်းလမ်းတစ်ခု ဖြစ်သည်။

သို့သော် တစ်ခုတည်းသောဝမ်းနည်းစရာမှာ ကိုယ်ပွားများ၏ ဝိညာဉ်မဏ္ဍိုင်သွေးကြောများနှင့် ပေါင်းစပ်လိုက်သောအခါတွင် ပမာဏတိုးလာမှု အချိုးသည် တစ်ခုချင်းမဟုတ်တော့ဘဲ နှစ်ခုမှ တစ်ခုသာဖြစ်လာတာပင်။

နားလည်မှုကိုယ်ပွါး၏ ဝိညာဉ်မဏ္ဍိုင်သွေးကြောနှစ်ဆယ်သည် သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ပြီးနောက် ဆယ်ခုအထိ လျော့သွားခဲ့သည်။

သို့သော် သူသည် ကန့်သတ်ချက်ကို ကျော်လွန်နေတာကြောင့် ဝိညာဉ်မဏ္ဍိုင် သွေးကြောကို ပေါင်းစည်းရန် အခက်အခဲသည် အဆမတန် တိုးလာမည်မှာ သေချာသည်။ ဒီလိုအခြေအနေမျိုး ဖြစ်သွားတာ အံ့သြစရာတော့ မဟုတ်ပေ။

"နှစ်ခု တစ်ခုအချိုးက ငါးခုတစ်ခု၊ ဆယ်ခုတစ်ခုထက်တော့ ပိုကောင်းပါတယ်။ ဒါမှမဟုတ်  ဘာမှမရတာထက်စာရင်ပေါ့”

လင်းရှန်၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏

အခြားသော  ကိုယ်ပွါးများသည် နားလည်မှုကိုယ်ပွါးနှင့် ဆင်တူသော အရည်အချင်းများရှိသည်။ ကန့်သတ်ချက်သည် ဝိညာဉ်မဏ္ဍိုင်သွေးကြော ၂၀ထိသာ ဖြစ်သည်။

ဤခန့်မှန်းချက်ကို အခြေခံရလျှင် ၎င်းတို့အားလုံးကို ပေါင်းစပ်ပြီးနောက် သူ၏ ဝိညာဉ်

မဏ္ဍိုင်သွေးကြော စုစုပေါင်း အရေအတွက်သည် ၁၀၅ သို့ ရောက်ရှိသင့်သည်။

ခဏ

လင်းရှန်က ရုတ်တရက် သတိရသွားသည်။

ထိုအချိန်တွင်  ကိုယ်ပွားများအားလုံးသည် ပထမဆုံးဝိညာဉ်မဏ္ဍိုင်သွေးကြောကို ပေါင်းစည်းရန်  ဝိညာဉ်ပုံဖော်ခြင်းဆေးသုံးခုကို အသုံးပြုခဲ့ရသည်။  သန့်စင်သော ယန်

ခန္ဓာကိုယ် ကိုယ်ပွါးအတွက် ဆေး၏စွမ်းအားက အဲ့လောက် မကုန်ဆုံးပေ။

ဤရှုထောင့်မှကြည့်လျှင် သန့်စင်သော ယန်ခန္ဓာကိုယ် ကိုယ်ပွါး၏ အရည်အချင်းသည် အခြားသော ကိုယ်ပွါးများထက် ပိုကောင်းသင့်သည်။

ဝိညာဉ်မဏ္ဍိုင်သွေးကြော၏ ကန့်သတ်ချက်သည်လည်း အခြားသော ကိုယ်ပွါးငါးခုထက် ပိုမိုမြင့်မားသင့်သည်။

"ဘာပဲဖြစ်ဖြစ် အဆုံးမှာ ပေါင်းလိုက်တဲ့ ဝိညာဉ်မဏ္ဍိုင်သွေးကြော အရေအတွက်က ၄၅ ခုထက်တောင် ကျော်လွန်သွားနေပြီ။ အဲ့ဒီဝိညာဉ်မဏ္ဍိုင်သွေးကြောအဆင့်... အဲဒါကို အစွန်းရောက် ပထမတန်းဝိညာဉ်မဏ္ဍိုင်သွေးကြောလို့ ခေါ်သင့်လား” 

"ဒီလို ဝိညာဉ်မဏ္ဍိုင်သွေးကြောနဲ့ ကျင့်ကြံသူသခင်တစ်ဦးအဖြစ်  အဆင့်တက်လိုရင် ငါ့ရဲ့ အခြေခံအုတ်မြစ်က အတော်လေးခိုင်မာမှာ”

လင်းရှန်၏ မျက်နှာပေါ်တွင် အနှိုင်းမဲ့ ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာသည်။

ဝိညာဉ်မဏ္ဍိုင်သွေးကြောအဆင့်သည် ကျင့်ကြံသူသခင်၏  တိုးတက်မှု အလားအလာကို ကိုယ်စားပြုပြီး ပိတ်ဆို့မှုကို ဖြတ်ကျော်ပြီးနောက် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို ဆုံးဖြတ်ပေးသည်။

ပထမတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြောနဲ့ ကျင့်ကြံသူ သခင်များသည် တူညီသော ကျင့်ကြံမှု အဆင့်ရှိသည့် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များကြားတွင် ပြိုင်ဘက်ကင်းသူဟု ဒဏ္ဍာရီတွင် ဆိုထားသည်။ ပထမတန်း ဝိညာဉ်မဏ္ဍိုင် သွေးကြောထက် သာလွန်ကောင်းမွန်သော ကျင့်ကြံသူ သခင် ဖြစ်သွားပြီးနောက် လင်းရှန်သည် မည်သို့ဖြစ်လာမည်နည်း။

တူညီသော ကျင့်ကြံမှုအဆင့်ရှိသည့် ကျင့်ကြံသူများကြားတွင် သူသည်  ပြိုင်ဘက်ကင်းသူ ဖြစ်လာမည် မဟုတ်လော။

လင်းရှန်၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် ကွေးသွားကာ စိတ်လှုပ်ရှား လာသည်။

အချိန်အတော်ကြာပြီးနောက်  ငြိမ်သက်သွားကာ ကမ္ဘာကိုအံ့ဩစေခြင်းကိုယ်ပွားကို ကြည့်လိုက်သည် ။

သူသည် ကျန်ရှိသော  မှော်အဆီအနှစ်အရည်သုံးစက်ကို ထိုကိုယ်ပွါးအား ပေးခဲ့သည်။ ထို့နောက် ဝိညာဉ်မဏ္ဍိုင်သွေးကြောဆယ့်ငါးခုကို အောင်မြင်စွာ ပုံဖောါကာ စုစုပေါင်း ဝိညာဉ်မဏ္ဍိုင်သွေးကြောအရေအတွက် ဆယ့်ခြောက်ခုသို့ ရောက်စေခဲ့သည်။

"နောက်ထပ်  မှော်အဆီအနှစ်အရည် တစ်စက်တစ်ဝက်နဲ့ဆို ကမ္ဘာကိုအံ့ဩစေခြင်း ကိုယ်ပွါးက ဝိညာဉ်မဏ္ဍိုင်သွေးကြောနှစ်ဆယ်ကို ပုံဖော်ပြီး ကန့်သတ်ချက်ကို ရောက်ရှိတော့မှာပေါ့”

လင်းရှန်သည် ကျန်ရှိသော ကိုယ်ပွါးများကို ၎င်းတို့၏ ကန့်သတ်ချက်များသို့ ရောက်စေလိုလျှင် မှော်အဆီအနှစ်အရည်အနည်းဆုံး ၂၃စက်မှ ၂၄စက် အထိ လိုအပ်မည်ဟု ခန့်မှန်းရသည်။

နောက်ထပ်  မှော်အဆီအနှစ် သစ်သား ဝိညာဉ်လေးခုမှ ငါးခုအထိ ဖမ်းယူပြီးနောက် ၎င်းကို အောင်မြင်နိုင်မည်ဖြစ်သည်။

ရွှမ်တုအစည်းအဝေး ပြီးဆုံးဖို့ (၂၈)ရက် ကျန်သေးသည်။ သူ ကံကောင်းလျှင် သူလုပ်

နိုင်မည်ပင်။ 

"ဆက်ရှာရမယ်။"

လင်းရှန်က မတ်တပ်ရပ်လိုက်သည်။

လွန်ခဲ့သည့် နှစ်ရက်အတွင်း အခြားကိုယ်ပွားများသည် နေ့ရောညပါ ရှာဖွေခဲ့ကြသည်။ ကံမကောင်းစွာနဲ့ သူတို့သည် သစ်သားဝိညာဉ်၏ခြေရာလက်ရာများကို ရှာမတွေ့ခဲ့ချေ။

ထိုအချိန်တွင်  သန့်စင်သော ယန်စွမ်းအား ခန္ဓာကိုယ်သည် ပျံကျကျင့်ကြံသူ သုံးဦးကိုလည်း ကြုံတွေ့ခဲ့ရသည်။

ကျင့်ကြံသူများသည်  ကိုယ်ပွါး တစ်ယောက်တည်း မြင်သောအခါ ချက်ချင်းပင် လောဘကြီးလာပြီး ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ကြသည်။

ရလဒ်က ထင်ရှားပါသည်။ သူတို့သုံးဦးသည် မြေဆီလွှာတွင် ဓာတ်မြေသဩဇာဖြစ်သွားပြီး လင်းရှန်အား ဝိညာဉ်ပုံဖော်ခြင်းဆေးပြား ဆယ်ပြားကျော် လှူဒါန်းခဲ့ရသည်။

ဤအဖြစ်အပျက်ပြီးနောက်  လင်းရှန်သည် ပို၍မသိနားမလည်သောလူများက သူ့ကိုယ်ပွါးများကို တိုက်ခိုက်ကြရန် မျှော်လင့်လာသည်။

နောက်ဆုံးတွင် ရွှမ်တုအစည်းအဝေးသို့လာရောက်ကြသူများအားလုံးသည် ဝိညာဉ်

မဏ္ဍိုင်သွေးကြောများကို ပုံဖော်ထားသော ကျင့်ကြံသူများဖြစ်သည်။ ၎င်းတို့တွင်  ဝိညာဉ်ပုံဖော်ခြင်းဆေးအနည်းနှင့်အများ ရှိကြသည်။

လူတစ်ဦးထံမှ စစ်ပွဲရလဒ်များသည် များစွာမဟုတ်သော်လည်း စုဆောင်းမိသောအခါတွင် လင်းရှန်သည် ဝိညာဉ်ပုံဖော်ခြင်းဆေးပြား အနည်းငယ်ကို ရရှိလာမည်ဖြစ်သည်။

ကံမကောင်းစွာပဲ ထိုသို့သောလူများသည် လူနည်းစုသာဖြစ်သည်။

ကျင့်ကြံသူအများစု၏ ပထမဆုံးတုံ့ပြန်မှုသည် တောထဲတွင် တစ်ယောက်တည်း လမ်းလျှောက်နေသည်ကို တွေ့သောအခါ သတိထား၍ ဝေးဝေးနေရန်ဖြစ်သည်။

ရွှမ်တုတောင်တွင် တစ်ယောက်တည်း လှုပ်ရှားဝံ့သူများမှာ တစ်ဇောက်ကန်းသမားများ သို့မဟုတ် ပြင်းထန်သော တိုက်ခိုက်ရေးသမားများ ဖြစ်သည်ဟု သူတို့ယူဆကြသည်။

ဒါက လင်းရှန်ကို အနည်းငယ် ဝမ်းနည်းသွားစေသည်။

ကမ္ဘာကိုအံ့ဩစေခြင်းကိုယ်ပွားကို ပြန်လည်ရုပ်သိမ်းပြီးနောက် လင်းရှန်နဲ့ နားလည်မှုကိုယ်ပွါးသည် ဂူပေါက်ဝတွင် ခွဲခွာကာ လမ်းကြောင်းအမျိုးမျိုးသို့ လျှောက်သွားခဲ့သည်။

အတန်ကြာအောင် လမ်းလျှောက်ပြီးနောက် ကြည်လင်သော စမ်းချောင်းတစ်ခုမှာ ရပ်တန့်သွားကြသည်။ လင်းရှန်သည် စမ်းချောင်းကိုဖြတ်ကူးခါနီးတွင် အဝေးမှရွေ့လျားနေသောတစ်စုံတစ်ဦးကို ရုတ်တရက်တွေ့လိုက်ရသည် ။ကြည့်လိုက်တော့  တစ်ဖက်ကမ်းမှာ အလင်းတန်းတွေ စီးဆင်းနေတာကို တွေ့လိုက်ရသည်။

အလင်း ပျောက်ကွယ်သွားတော့ ကျက်သရေရှိပြီး ဆွဲဆောင်မှုရှိသော ရုပ်သွင် ပေါ်လာသည်။

ချောမောလှပသော မိန်းမပျိုလေးသည် မြူဆွယ်သောမျက်လုံးတစ်စုံဖြင့် သူ့ကိုကြည့်နေသည်။

လင်းရှန်က သူမကို ချက်ချင်းမှတ်မိသည်။

သူမသည် လောင်ဝေ့က သူ့အား မိတ်ဆက်ပေးခဲ့သော ပျံကျ ကျင့်ကြံသူ သုံးဦးထဲမှ တစ်ဦးဖြစ်သည်။ သူ့နာမည်က ရီစုဖန်ဆိုတာကို သတိရသွားသည်။

လင်းရှန်သည် သူမနှင့် သူငယ်ချင်းဖွဲ့ရန် ရည်ရွယ်ချက်မရှိပေ။ သူသည် အဝေးကိုကြည့်ကာ မြစ်ကိုဖြတ်မကူးမီ တစ်ချက်ကြည့်လိုက်သည်။

တစ်ဖက်တွင် ရီစုဖန်က အံ့အားသင့်သွားသည် ။

သူမရဲ့ ခွန်အားနဲ့ လှပမှုကြောင့်  ကျင့်ကြံသူများကြားမှာ အတော်လေး နာမည်ကြီးသည်။

တရားဝင်ဂိုဏ်းခွဲများမှ တပည့်များစွာပင် သူမကို သိကြသည်။

ထိူလူများက သူမကိုမြင်သောအခါ သတိထားမိကြသည် သို့မဟုတ် ရန်လိုကြသည်။

ပျံကျ ကျင့်ကြံသူများသည် သူမကိုတွေ့သည်နှင့် ရှောင်ပြေးသွားကြပြီး သူ့လိုအေးအေးဆေးဆေး လျစ်လျူမရှုဝံ့ပေ။

သူမကို မသိသည့် ကျင့်ကြံသူတွေက သူမရုပ်ရည်ချောမောတာကို မြင်တဲ့အခါ မကြာခဏဆိုသလို သူမထံ ချဉ်းကပ်လေ့ရှိသည်။  အနည်းဆုံးတော့ သူတို့က သူ့ကို နွေးနွေးထွေးထွေး ဆက်ဆံသည်။ လင်းရှန်ပုံစံအတိုင်း လုပ်တာကို တွေ့ရခဲသည်။

ကြည့်ရတာတော့ သူမကို သိပ်အထင်မကြီးတာ သိသာသည်။

ရမက်စွမ်းရည်ကိုပြောင်းပြီးကတည်းကဒီလိုလူ…အထူးသဖြင့် ယောက်ျားတစ်ယောက်နဲ့ တွေ့ရခဲသည်။

ရီစုဖန်သည် သူမ၏ ခွန်အားကို ယုံကြည်မှုရှိပြီး ဂိုဏ်းများမှ တပည့်များကိုပင် အလေးအနက်ထားလေ့မရှိပေ။

လင်းရှန်အနေနဲ့ တစ်ယောက်တည်း သတ္တိရှိရှိ သွားလာနေကတည်းက အင်အားကြီးလောက်မည်ဟု သူမ မှန်းဆထားသော်လည်း ၎င်းကို စိတ်ထဲတွင် မထားပေ။

သို့သော်လည်း လင်းရှန်၏ တုံ့ပြန်မှုသည် သာမန် ကျင့်ကြံသူများနှင့် အလွန်ကွာခြားပြီး သူမ၏ စိတ်ဝင်စားမှုကို ခံရသည်။ သူမက တခစ်ခစ်ရယ်နေသည်။

"ဘယ်လောက် စိတ်ဝင်စားစရာကောင်းတဲ့လူလဲ”

သူမ၏ လေသံသည် ချိုသာပြီး နူးညံ့သော်လည်း စကားပြောသည့်အခါတွင် သူမ၏ သွယ်လျသော လက်ကို မြှောက်လိုက်သည် ။ ပိုးအနီရောင်အစသည် သူမ၏လက်မှ ပျံထွက်သွားပြီး လေထဲတွင် သွေးနီရောင်စပါးအုံးမြွေကြီးအဖြစ် ပြောင်းလဲသွားသည်.. ၎င်းက အနီရောင်လျှာကို ညှစ်ထုတ်ကာ လင်းရှန်ဆီကို ပြင်းပြင်းထန်ထန် ခုန်အုပ်လိုက်လေသည်။

All Chapters