ကျင့်ကြံသူသခင်တိုက်ပွဲ (၁)
Vol. 19 Ch. 282
ဘုန်း ဘုန်း
သွေးနီရောင်မြွေမ အနားမကပ်ခင်မှာ လင်းရှန်က သူ့၏ အညှီနံ့ကို ရနေပြီပင်။
လင်းရှန်၏အမူအရာမှာ မပြောင်းလဲပေ။ သူ့လက်ကို အနည်းငယ် မြှောက်လိုက်သည်နှင့် တောက်လောင်နေသော အဖြူရောင်လျှပ်စီးကြောင်း တစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ အက်ကွဲသံနှင့်အတူ သွေးနီရောင်မြွေကို ကောင်းကင်ယံတွင် ပြည့်လျှံနေသော သွေးမှုန်များအဖြစ်သို့ ပေါက်ကွဲပစ်လိုက်သည်။
ဒါကိုမြင်တော့ ရီစုဖန်က အနည်းငယ် ငိုချင်သွားသည်။
သူမ၏ခွန်အားကို အပြည့်အဝအသုံးမပြုသော်လည်း ဤတိုက်ခိုက်မှုသည် ဝိညာဉ်မဏ္ဍိုင်သွေးကြော ခုနစ်ခု သို့မဟုတ် ရှစ်ခုပါရှိသည့် သာမန်တောက်ပသော ဝင်ပေါက်အဆင့် ကျင့်ကြံသူမှ ခံနိုင်ရည်ရှိသော အရာမဟုတ်ပေ။
ထို့အပြင် လင်းရှန်သည် သူ၏ ခွန်အားကို အပြည့်အ၀ အသုံးမချခဲ့ကြောင်း ထင်ရှားသည်။
ဒါတောင် ရီစုဖန်က အရှုံးမပေးရုံသာမကဘဲ စိတ်လှုပ်ရှားနေသည်။
"သူက အမျိုးသမီး ကျင့်ကြံသူ မဟုတ်ပေမယ့် ငါ သူ့ကို ဝိညာဉ်ပုလဲအဖြစ် ပြုပြင်ပြီး ငါ့
ရက်ခ်ရှာဆာ နတ်ဆိုးတွေဆီကျွေးရင် သူတို့ရဲ့ ကျင့်ကြံမှုက နည်းနည်း တိုးလာလောင်တယ်”
မှော်အဆီအနှစ်အရည်ကို ရယူခြင်းအပြင် စုရီဖန်အနေနဲ့ ရွှမ်တုတောင်သို့ လာရသည့် အခြားရည်ရွယ်ချက်တစ်ခုရှိခဲ့သည်။ သူမသည် ကျင်ကြံသူများ၏ ဝိညာဉ်များကို စုဆောင်းကာ ၎င်း၏စွမ်းအားကို မြှင့်တင်ရန်အတွက် ရက်ခ်ရှာဆာကြေးမုံထဲသို့ ထည့်ချင်ခဲ့သည်။
ရွှမ်တုအစည်းအဝေးအတွင်း တောင်တန်းစောင့်ကြပ်ရေး ခင်းကျင်းမှုကို အသက်သွင်းခဲ့သည်။ ရွှမ်တုတောင်ပေါ်ရှိ ကျင့်ကြံသူများသည် လမကုန်မီတွင် တောင်ပေါ်က ထွက်ခွာ၍ မရနိုင်ပေ။ ထို့ကြောင့် များစွာသော လမ်းစဉ်မှား ကျင့်ကြံသူများ သို့မဟုတ် ဒိဌိဂိုဏ်းဝင်များသည် မကောင်းဆိုးဝါးနည်းစနစ်များ သို့မဟုတ် ဒိဌိကိရိယာများကို သန့်စင်ရန် ဝိညာဉ်များရယူဖို့ တောင်ထဲသို့ ဝင်ရောက်ခဲ့သည်။
ရီစုဖန်က သူတို့ထဲက တစ်ယောက်ပင်။
အစောပိုင်းနှစ်များတွင် သူမသည် ရက်ခ်ရှာဆာကြေးမုံဟုခေါ်သော အထူး လက်နက်တစ်ခုကို ရရှိခဲ့သည်။
ဤမှန်ချပ်သည် သက်ရှိလူကို ကျားမမခွဲခြားဘဲ ဝိညာဉ်များကို ထောင်ချောက်ဆင်နိုင်သည်။
လှပသော အမျိုးသမီး ကျင့်ကြံသူ၏ ဝိညာဉ်ကို သိမ်းယူလိုက်လျှင် ၎င်းကို ရက်ခ်ရှာဆာနတ်ဆိုးအဖြစ် သန့်စင်ပြီး တိုက်ပွဲများတွင် အသုံးပြုနိုင်သည်။
သာမာန်အသွင်အပြင်ရှိသော ကျင့်ကြံသူများသည် မှန်ထဲမှ ဝိညာဉ် ပြောင်းလဲခြင်းကန်ထဲသို့ ပစ်ချခံရပြီး ရက်ခ်ရှာဆာနတ်ဆိုးများ စားသုံးရန် ဝိညာဉ်ပုလဲများအဖြစ် သန့်စင်ခံရသည် ။
ရက်ခ်ရှာဆာကြေးမုံ၏အကူအညီဖြင့် ရီစုဖန်သည် ပျံကျကျင့်ကြံသူအဖြစ် နာမည်ကြီးလာခဲ့သည်။
သူမတွင် ဝိညာဉ်မဏ္ဍိုင်သွေးကြောတစ် ဒါဇင်ကျော်သာရှိသော်လည်း ၂၀ကျော်ရှိသော ကျင့်ကြံသူများကိုသတ်ပစ်ခဲ့သည်။
ထို့ကြောင့် လင်းရှန်၏ ထူးကဲသော စွမ်းအားကို ရှာဖွေတွေ့ရှိပြီးနောက် သူမက မဆိုင်းမတွ ဆက်လက်တိုက်ခိုက်ခဲ့သည်။
ဤလူသည် ဂိုဏ်းတပည့် သို့မဟုတ် လှည့်ပတ်ကျင့်ကြံသူဖြစ်ပါစေ၊ ရွှမ်တု တောင်တွင် ကွာခြားမှုမရှိပေ။ သူအသတ်ခံရရင်တောင်မှ သူမလုပ်ခဲ့တာ ဘယ်သူသိမှာလဲ။
အတွေးများ အရှိန်ပြင်းလာသောအခါရီစုဖန်၏ မျက်လုံးများ အေးစက်သွားသော်လည်း သူမ၏ မျက်နှာပေါ်တွင် ချစ်စရာကောင်းသော အပြုံးတစ်ခု ပေါ်လာသည်။
"လူငယ်၊ ငါ့ ရက်ခ်ရှာဆာကြေးမုံကို ကြည့်စမ်း။"
သူမပြောပြီးသည့်အခိုက်တွင် အနက်ရောင်ရောင်ခြည်လှိုင်းများကို ထုတ်လွှတ်သော ရှေးဟောင်းကြေးဝါမှန်လေးတစ်ခုက သူ့လက်ထဲတွင် ပေါ်လာသည်။ သူမ၏ လက်ကောက်ဝတ်သည် ညင်သာစွာ တုန်ခါသွားပြီး လင်းရှန်၏ အမြင်အာရုံသည် ချက်ချင်း မှုန်ဝါးလာသည်။ သတိပြန်ဝင်လာတော့ သူ့ပတ်ဝန်းကျင်မှာ အဖြူရောင် မြူခိုးတွေ ရှိနေပြီဆိုတာ သိလိုက်ရသည်။
လူများသည် မြူခိုးများထဲတွင် ရွေ့လျားနေသည်။ မြူအလွန်ထူထပ်သဖြင့် လူမည်မျှရှိသည်ကို မပြောနိုင်ပေ။
"ဒါက... ထင်ယောင်ထင်မှားတစ်ခုပဲ”
အလားတူ မြင်ကွင်းက လင်းရှန်၏ အမှတ်တရများကို တွေးမိစေခဲ့သည်။
အိုက် ဖန်တီးထားသော ထင်ယောင်ထင်မှားထဲမှာ ပိတ်မိနေသည့် အခြေအနေနဲ့ အတူတူပင်။
လှည့်စားမှုတစ်ခုတွင် ပိတ်မိနေသော်လည်း လင်းရှန်သည် တုန်လှုပ်ခြင်းမရှိပေ။ လက်နှစ်ဖက်ကို နောက်ပစ်ကာ ငြိမ်သက်စွာ ရပ်နေသည်။
"လူငယ်၊ မင်း တော်တော် ရဲရင့်တာပဲ”
ရီစုဖန်၏ ချိုမြိန်သော အသံသည် နေရာတိုင်းမှ ထွက်ပေါ်လာသော်လည်း သူမကို မတွေ့နိုင်ပေ။
“မင်း ငိုပြီး အသနားခံနေတာ မြင်ချင်လိုက်တာ။ ဒီမှာ ငါ့ရက်ခ်ရှာဆာ နတ်ဆိုးတွေပဲ”
ရီစုဖန်က စကားပြောနေစဉ် လင်းရှန်တစ်ဝိုက်တွင် မြူဖြူများ တဖြည်းဖြည်း မှိန်ဖျော့သွားသည်။
ဖြူစင်သော မြူခိုးများ၏ နောက်ကွယ်တွင် မူလက ဝှက်ထားခဲ့သော ရုပ်သွင်သည် တဖြည်းဖြည်း ပေါ်လာသည်။
လင်းရှန်သည် လှပသော အမျိုးသမီး ကျင့်ကြံသူများဖြင့် ဝန်းရံထားခံရသည်။ သူတို့အားလုံးသည် အရောင်အသွေးစုံလင်သော ပိတ်စများကို ၀တ်ဆင်ထားပြီး ၎င်းတို့၏ ဖြောင့်စင်းသော လက်မောင်းများနှင့် ပေါင်များကို လှစ်ဟာထားသည်။ သူတို့အားလုံးသည် ပုံမှန်မဟုတ်ဘဲ ဆွဲဆောင်မှုရှိသောပုံပေါက်သည်။
၎င်းတို့ထဲတွင် အသက်နှစ်ဆယ်ကျော် မိန်းကလေးများ၊ သုံးဆယ်ကျော် အမျိုးသမီးငယ်များနှင့် အသက်လေးဆယ်ကျော် လူလတ်ပိုင်းအမျိုးသမီးများ ပါဝင်သည်။ ၎င်းတို့သည် ပုံသဏ္ဍာန်မျိုးစုံနှင့် အရွယ်အစားမျိုးစုံဖြင့် ရောက်ရှိလာသည်။ သူတို့တစ်ဦးစီတွင် ကိုယ်ပိုင်စတိုင်ရှိသော်လည်း ၎င်းတို့အားလုံးသည် ညစ်ညမ်းသော နတ်ဆိုးအငွေ့အသက်ကို ထုတ်လွှတ်ကြသည်။
လင်းရှန်ကို ဝိုင်းထားစဉ်တွင် သူတို့သည် မှော်လက်နက်များနှင့် လက်နက်မျိုးစုံကို ကိုင်ဆောင်ထားကြသည်။ သူတို့က လေးငါးရာလောက်ရှိမည်ပင်။
ဟား ဟား
ရက်ခ်ရှာဆာ နတ်ဆိုးများသည် ရုတ်တရက် စူးစူးရဲရဲ ရယ်မောကြသည်။
သူတို့က ရယ်မောရင်း လူသတ်ချင်သည့်အရိပ်အယောင်နဲ့ ရှေ့ကို ခုန်တက်သွားသည်။ သူတို့လက်ထဲက မှော်လက်နက်တွေနဲ့ လက်နက်တွေသည် လင်းရှန်အပေါ်ကို မိုးရွာသလို ရွာချလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းရှန်သည် ရာနှင့်ချီသော တိုက်ခိုက်မှုများကြောင့် နစ်မြုပ်သွားခဲ့သည်။
ဖြူဖွေးသည့် မြူခိုးများထဲတွင် ပုန်းနေသော ရီစုဖန်သည် ဒါကိုမြင်လိုက်သောအခါတွင် သူမ၏ နှုတ်ခမ်းများကို ကော့ညွှတ်ထားသည်။
"ဒါပဲလေ…ဒီလို ချောမောတဲ့ မျက်နှာကို ဖြုန်းတီးပစ်နေတာပဲ ။ သူ့ရုပ်ရည်က ပြပွဲလိုပဲ”
ဒါတောင် သူမ အံ့ဩမိသည် ။
ရက်ခ်ရှာဆာကြေးမုံရှိ ရက်ခ်ရှာဆာနတ်ဆိုးများကို သူမသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ သန့်စင်ခဲ့ပြီး သက်ရှိဝိညာဉ်များစွာကို လုံ့လစိုက်ထုတ်ကာ စုဆောင်းခဲ့ရသည်။ သူမ အတော်လေး ကြိုးစားခဲ့တာပင်။
ဤရက်ခ်ရှာဆာနတ်ဆိုးများ အသီးသီးသည်တောက်ပသော ဝင်ပေါက်အဆင့်တွင် ရှိပြီး အမြင့်ဆုံးသည် တောက်ပသော ဝင်ပေါက် အဌမမြောက် အဆင့်သို့ပင် ရောက်ရှိခဲ့သည်။
သူတို့ အသက်ရှင်တုန်းကလည်း ကိုယ်ခံပညာနည်းမျိုးစုံကို ကျင့်ကြံခဲ့သည်။
သူတို့တွင် ဝိညာဉ် ဖြည့်စွက်စာများ မပါရှိတာကြောင့် မှော်စွမ်းအားမသုံးနိုင်သလို စစ်
မှန်သော ဓမ္မရတနာများလည်း မရှိပေ။ ဒါကလွဲရင် ဤရက်ခ်ရှာဆာ နတ်ဆိုးများသည် တောက်ပသောဝင်ပေါက်အဆင့်ကျင့်ကြံသူများနဲ့ မကွာခြားပေ။
ရာက်ခ်ရှာဆာ နတ်ဆိုးလေးငါးရာဖြင့် ဝန်းရံထားမှုနဲ့အတူ ဝိညာဉ်မဏ္ဍိုင်သွေးကြော ခုနစ်ခုမှ ရှစ်ခုရှိသည့် တောက်ပသောဝင်ပေါက်အဆင့်ကျင့်ကြံသူသည် တစ်ချက်တည်းနဲ့ပင် ထိုးနှက်ခြင်းကို ခံနိုင်ရည် ရှိမည်မဟုတ်ပေ။
သို့သော်လည်း ရီစုဖန်က ဒါကို တွေးနေစဉ်မှာပင် မထင်မှတ်ထားသော အရာတစ်ခု ဖြစ်သွားခဲ့သည်။
လင်းရှန် နစ်မြုပ်နေသည့်နေရာတွင် တောက်လောင်နေသော နေရောင်သည် ရုတ်တရက် ထိုးထွက်လာပြီး အကန့်အသတ်မဲ့ လောင်မြိုက်နေသော အပူလှိုင်းများ ချက်ချင်း ထွက်လာသည်။ ၎င်းဖြတ်သွားတိုင်း ရက်ခ်ရှာဆာနတ်ဆိုးတွေက ထိတ်လန့်တကြားအော်ပြီး ပြာဖြစ်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထူထပ်စွာ ပြည့်ကျပ်နေသော ရက်ခ်ရှာဆာနတ်ဆိုးများ ပျောက်ကွယ်သွားခဲ့သည်။
ပူပြင်းသော နေရောင်အောက်တွင် မြူခိုးဖြူများပင် အရည်ပျော်သွားပြီး ရီစုဖန်သည် တခဏချင်း ပေါ်လာသည်။
သို့သော် ယခုအချိန်တွင် သူမကိုယ်သူမ ဖုံးကွယ်ရန် စိတ်မ၀င်စားနိုင်တော့ပေ။ သူမ၏ လှပသော မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားကာ ကြောက်ရွံ့ထိတ်လန့် နေပုံရသည်။
ဘာဖြစ်တာလဲ?
သူမ၏ ရက်ခ်ရှာဆာနတ်ဆိုးများသည် ချက်ချင်း ပျက်သုဉ်းသွားသည်။
ရက်ခ်ရှာဆာနတ်ဆိုးများသည် ရက်ခ်ရှာဆာကြေးမုံကို အားကိုးသည့် ဝိညာဉ်များဖြစ်သည်။ မှန်ထဲမှာ ရှိနေသရွေ့ သူတို့ဒဏ်ရာတွေ ဘယ်လောက်ပြင်းထန်နေပါစေ ၊ မှန်ထဲမှာ ပြန်ကောင်းလာနိုင်သည်။ သူတို့ဝိညာဉ်တွေ ကွဲသွားရင်တောင် အရေးမကြီးပေ ။ ပြန်လည်ရှင်သန်ဖို့ မှန်ထဲက ဝိညာဉ်တွေကို အားကိုးလို့ရသည်။