ကျင့်ကြံသူသခင် တိုက်ပွဲ (၂)
Vol. 19 Ch. 283
ရက်ခ်ရှာဆာနတ်ဆိုးများသည် ကွဲအက်သွားခြင်းမရှိပါက ၎င်းတို့၏ ဝိညာဉ်များသည် ကွယ်ပျောက်သွားမည် မဟုတ်ပေ။
ထို့ကြောင့် ရက်ခ်ရှာဆာနတ်ဆိုး၏သေဆုံးမှုသည် ရီစုဖန်ကို အလုံးစုံ ဝမ်းနည်းစေမည်
မဟုတ်ပေ။ လင်းရှန်ပြသခဲ့သော ခွန်အားသည် သူမကို အမှန်တကယ် ထိတ်လန့်စေခဲ့သည်။
တစ်ချက်တည်းနဲ့ နတ်ဆိုးလေးငါးရာကို သတ်နိုင်တဲ့အထိ သူမည်မျှပြင်းထန် ခဲ့သနည်း။
သတိပြန်ရလာသောအခါ ရီစုဖန်သည် ချက်ချင်းပင် အသက်ရှုကြပ်လာသည်။ သူသည် မှားယွင်းတဲ့လူနဲ့ ရောနှောမိကြောင်း မည်သို့ ကြိုသိနိုင်ပါ့မည်နည်း။
လင်းရှန်တွင် ဝိညာဉ်မဏ္ဍိုင်သွေးကြော ဆယ်ခုမှ နှစ်ဆယ်ခုလောက်သာ ရှိသည်ဟု သူမ မှန်းဆတာ မှားချေပြီ။
အဲဒီလို ခွန်အားတွေက …ဝိညာဉ်မဏ္ဍိုင်သွေးကြော ၃၀ ကျော်ရှိသည့် ဂိုဏ်းကြီးတစ်ခုရဲ့ တပည့်တောင်မှ ဒီလူငယ်ထက် နိမ့်ကျနေသည်။
"ဒီလူက ဘယ်ကလာတာလဲ"
ရီစုဖန်အံ့သြသွားသည်။
ထိုအချိန်တွင် လင်းရှန်သည် လှည့်ကာ သူမကို ကြည့်နေသည်။ တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာဖြင့် ဖုံးအုပ်ထားသော သူ၏ထက်မြက်သည့် မျက်လုံးများသည် ချွန်ထက်သော ဓားရှည်များကဲ့သို့ ထိုးဖောက် ဝင်ရောက်လာသည်။
ရီစုဖန်သည် အိပ်မက်မှ နိုးထလာသကဲ့သို့ တုန်လှုပ်သွားသည်။ သူမက မဆိုင်းမတွ လှည့်ကာ အဝေးသို့ ပြေးသွားခဲ့သည်။
ထိုလူငယ်သည် တစ်ချက်တည်းနဲ့ ရာနှင့်ချီသော နတ်ဆိုးပညာရှင်များကို သတ်ပစ်နိုင်ခဲ့သည်။ သူမ၏အကောင်းဆုံးအချိန်မှာတောင် သူ့ပြိုင်ဘက် မဟုတ်ခဲ့ပေ။
ထို့အပြင် ယခုရက်ခ်ရှာဆ နတ်ဆိုးများ သုတ်သင်ခံရပြီး သူမ၏ အပြင်းထန်ဆုံးသော ဝှက်ဖဲကို ဆုံးရှုံးခဲ့ရသည်။ ဒီလူနဲ့ ပြိုင်ဘက်ဖြစ်ဖို့က သူမအတွက် ပိုလို့တောင် မဖြစ်နိုင်ပေ။
ကံမကောင်းစွာနဲ့ပဲ သူမ အဝေးကို မလွတ်မြောက်ခင်မှာ လင်းရှန်က သူ့လမ်းကို ပိတ်ဆို့ထားပြီး သူမကို အေးအေးဆေးဆေး ကြည့်နေသည်။
ရီစုဖန်က ရုတ်တရက်ရပ်သွားပြီး သူမ၏အမူအရာပြောင်းသွားသည်။ သူမသည် ရုတ်တရက် ချစ်စရာကောင်းသော အပြုံးကို ထုတ်ဖော်ပြီး ဆွဲဆောင်မှုရှိသော ပုံစံဖြင့် ကြည့်လိုက်သည်။
"အချစ်လေး၊ ငါက မင်းကိုစနေတာ။ ကျေးဇူးပြုပြီး ဒီတစ်ခါတော့ ခွင့်လွတ်ပေးပါ။ ဒီလိုလုပ်ရင် မင်းအတွက် ဘာမဆိုလုပ်ပေးပါ့မယ်”
စကားပြောနေစဉ် ရီစုဖန်သည် လင်းရှန်ကို စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
သူမ၏ ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း လိမ်သွားကာ ဆွဲဆောင်မှု ရှိသော သူမ၏လည်ပင်းပေါ်ရှိ အသားအရေကိုပင် မြင်နေရသည်။
ကံမကောင်းစွာပဲ လင်းရှန်က ဒါကို သတိမထားမိဘဲ ပြုံးရုံသာ ပြုံးနေခဲ့သည်။
"စတာလား။ ငါလည်း မင်းကို စအုံးမယ်။ တစ်ချက်တည်းနဲ့ ငါ ရိုက်တာကို ခံနိုင်ရည်ရှိမယ်ဆိုရင် မင်းကို ငါလွှတ်ပေးလိုက်
မယ်”
ရီစုဖန်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။
သို့သော် သူမ၏ ကျက်သရေရှိမှု ထပ်မံအသုံးမပြုမီတွင် မီးပုံစံများဖြင့် ရေးထွင်းထားသော ဓားရှည်တစ်စင်းသည် လင်းရှန်၏လက်ထဲတွင် ထွက်ပေါ်လာပြီးဖြစ်သည်။ သူသည် ဓားကို မြှောက်လိုက်ပြီး သူမကို ထိုးလိုက်သည်။
ရီစုဖန်က ချက်ချင်းဆိုသလို ဦးရေပြား ထုံသွားသလို ခံစားလိုက်ရသည်။ ထို့နောက် ထိတ်လန့်တကြား အော်ဟစ်ကာ နောက်ဆုတ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမသည် လက်များကို အကြိမ်ကြိမ်ဝှေ့ယမ်းကာ သူမ၏အင်္ကျီလက်များမှ ပိုးနီရောင်အစကို ထုတ်လိုက်ပြီး သွေးနီရောင် စပါးအုံးမြွေများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကံမကောင်းစွာပဲ အစွယ်တွေ ထောင်နေသည့် ဧရာမစပါးအုံးမြွေကြီးတွေက တိုက်ခိုက်မှုကို ခဏလောက်တောင် မရပ်တန့်နိုင်ပေ။ ။သန့်စင်သော ယန်စွမ်းအား အဆောင်ဓားကို မထိမီ တောက်လောင်နေသော ဓားအလင်းတန်းများကြောင့် ပျက်သုဉ်းသွားခဲ့ရသည်။ ၎င်းက ထောပတ်ကိုဖြတ်သည့် ဓားတစ်လက်ကဲ့သို့ ရီစုဖန်ကို တည့်တည့် ချိန်ရွယ်ထားသည်။
အရေးကြီးသောအခိုက်အတန့်တွင် ရီစုဖန်၏ရှေ့၌ ပန်းရောင်အခိုးအငွေ့များ ရုတ်တရက် ထွက်ပေါ်လာသည်။
ဓားသည် ပန်းနုရောင် မြူခိုးများပေါ်သို့ ကျရောက်သွားပြီး ရီစုဖန်၏ ပခုံးကို ထိုးမိကာ ဘေးဘက်သို့ ရုတ်တရက် ရွေ့သွားသည်။
ချက်ချင်းပင် သနားစရာကောင်းသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး လှပသောလက်မောင်းသည် ကောင်းကင်သို့ ပျံတက်သွားသည်။
ရီစုဖန်သည် ပန်းရောင်အခိုးအငွေ့များဖြင့် ဖုံးအုပ်ပြီး လျင်မြန်စွာ ရွေ့လျားသွားခဲ့သည်။ ပြတ်သွားသည့် လက်မောင်းကိုပင် ပြန်ယူဖို့တောင်မလုပ်ဘဲ လျှပ်စီးလက်သလို အဝေးကို ပျံသန်းသွားသည် ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူမသည် တောအုပ်ကြီးထဲသို့ ပျောက်ကွယ်သွားသည်။
လင်းရှန်က သူ့နောက်ကို မလိုက်ပေ။ သူက ပြုတ်ကျနေသည် လက်ကို အေးအေးဆေးဆေး ဖမ်းပြီး သိုလှောင်လက်ကောက်ကို ယူလိုက်သည်။
လင်းရှန်သည် ရီစုဖန်ကိုသတ်ရန် ရည်ရွယ်ချက်မရှိပေ။ မဟုတ်ရင် ရီစုဖန်က သူမ၏ဝှက်ဖဲကို နောက်ဆုံးမှာ သုံးခဲ့ရင်တောင် သူ့ဆီကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပေ။
သိုလှောင်လက်ကောက်ကိုဖွင့်လိုက်ပြီး လင်းရှန်က အမြန်စစ်ဆေးသည်။ သူ့အတွက် စိတ်ပျက်စရာက အထဲမှာ မှော်အဆီအနှစ်အရည် ရှိမနေတာပင်။
သို့သော်လည်း မကြာမီတွင် သူသည် ဝိညာဉ်ပုံဖော်ခြင်းဆေးအများအပြားကို ရှာဖွေတွေ့ရှိခဲ့သည်။ အကြမ်းဖျင်းအားဖြင့် ငါးဆယ်ထက်မနည်းရှိနေသည်။
၎င်းတို့သည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ရီစုဖန်ရရှိခဲ့သော တိုက်ပွဲ၏ ရလဒ်များ ဖြစ်နိုင်သည်။
သူမသည် ရွှမ်တုတောင်တွင် တစ်ယောက်တည်းဖြစ်သောကြောင့် ဆေးသောက်ရန် အချိန်မရှိခဲ့ပေ။ အခုက သူ့အလှည့်ပင်။
"မှော်အဆီအနှစ်အရည်မရှိပေမယ့် ဒီဝိညာဉ်ပုံဖော်ခြင်းဆေးတွေကလည်း မဆိုးပါဘူး။"
လင်းရှန်က ပြုံးပြီး ဝိညာဉ်ဆေးပြားများကို ဖယ်ထုတ်လိုက်သည်။ ထို့နောက် သံလိုက်အိမ်မြှောင်နှင့်တူသော အရာတစ်ခုကို ထုတ်ယူလိုက်သည်။
ဤအရာကို လျန်ရှီထံမှရရှိခဲ့သည်။ လင်းရှန်ကို ရှာဖွေရန်နှင့် ခြေရာခံရန် ဤအိမ်မြှောင်ကို အားကိုးခဲ့ကြသည်။
တကယ်တော့ သံလိုက်အိမ်မြှောင်က တော်တော်ထိရောက်သည်။ သို့သော် ကိုယ်ပွါးတွေရှိနေသည့် လင်းရှန်အပေါ် တော့သက်ရောက်မှု သိပ်မရှိခဲ့ပေ။
ရီစုဖန်က လွတ်မြောက်သွားသော်လည်း အခင်းဖြစ်ပွားရာနေရာ၌ အရောင်အဝါအမြောက်အမြား ကျန်နေသေးသည်။ လင်းရှန်က သံလိုက်အိမ်မြှောင်ကို ပြန်မထည့်ခင် အထဲတွင် အရောင်အဝါကို သိမ်းလိုက်သည်။
ဤသံလိုက်အိမ်မြှောင်နဲ့ဆို ရီစုဖန်သည် ရွှမ်တုတောင်တွင်ရှိနေသရွေ့ သူမကို အချိန်မရွေးတွေ့နိုင်သည်။
အဲ့တာက အခုမလိုသေးပေ။
လက်ပြတ်သွားသည့် ဒဏ်ရာက ရီစုဖန်လို ကျင့်ကြံသူအတွက် ဘာမှမဖြစ်ပေ။ သူပြနကောင်းလာဖို့ အချိန်ကြာမှာ မဟုတ်ပေ။
ထို့နောက်တွင် ရီစုဖန်သည် မှော်အဆီအနှစ်အရည်ကို ဆက်လက်ရှာဖွေနေမည် ဖြစ်သည်။
လင်းရှန်အတွက်တော့ ရီစုဖန်ကို ရှာမတွေ့ခင် ခဏလောက် စောင့်နေဖို့ပင်။ ထိုအခါမှ သူ့အမြတ်အစွန်းအားလုံးကို သူယူနိုင်လိမ့်မည်ပင်။
ဆိုရိုးစကားအတိုင်း ပိုးမွှားများသည် ပုစဉ်းရင်ကွဲကိုသာ ချောင်းကြည့်နေပြီး နောက်ကွယ်မှ ငှက်ကို သတိမထားမိဘူးဆိုသလိုပင်။
ဒါမှမဟုတ် ပိုရှင်းအောင်ပြောရရင် သူက သူမပစ္စည်းတွေကိုယူဖို့ပင်။
သူ့အသက်ကို လိုချင်တဲ့သူအတွက် သူဘာပဲလုပ်ရလုပ်ရ ၊ ဝန်ထုပ်ဝန်ပိုးဖြစ်မှာ မဟုတ်ပေ။
မှော်အဆီအနှစ်အရည်ကိုရှာဖွေရာတွင် သူနှင့်သူ၏ကိုယ်ပွားများသည် အနည်းငယ်နှေးကွေး နေသေးသည်။ အခုတော့ဘသူ့ဝန်ထုပ်ဝန်ပိုးကို ခွဲဝေပေးမယ့်သူရှိလို့ ပျော်ရသည်။
ထိုအချိန်တွင် လင်းရှန်၏ အမူအရာ ပြောင်းသွားသည်။
တစ်ကီလိုမီတာအကွာတွင် သာလွန်ကိုယ်ခံပညာကိုယ်ပွားမှ မှော်အဆီအနှစ် သစ်သားဝိညာဉ်၏ ခြေရာလက်များကို ရှာဖွေတွေ့ရှိခဲ့သည်။
နှောင့်နှေးမှုမရှိဘဲ ထိုနေရာဆီသို့ ချက်ချင်းထွက်ခွာသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း အဝေးကို ခရီးနှင်ပြီး တောင်တံတိုင်းတစ်ခုအနီးသို့ ရောက်လာသည်။
သာလွန်ကိုယ်ခံပညာကိုယ်ပွါးသည် မီတာ ၅၀၀ အကွာရှိ တောင်နံရံကို စိုက်ကြည့်ရင်း သစ်ပင်တစ်ပင်၏ နောက်ကွယ်တွင် ပုန်းနေခဲ့သည်။
ထူထပ်စိမ်းလန်းသော စပျစ်နွယ်ပင်များသည် တောင်ထိပ်မှ ပြုတ်ကျကာ တောင်နံရံတစ်ခုလုံးနီးပါး ဖုံးလွှမ်းနေသည်။
သူကြည့်ရာ နေရာတိုင်းတွင် စိမ်းမြသော အရာတစ်ခုရှိနေသည်။
သို့သော် ပြိုးပြိုးပြက်ပြက်ဖြစ်နေသော မြစိမ်းရောင်ထဲတွင် မဲနယ်ဖျော့ဖျော့ အရိပ်အယောင်များ ရှိနေသည် ။