← Chapters

ကျင့်ကြံသူသခင်တိုက်ပွဲ (၃)

Vol. 19 Ch. 284

ကျင့်ကြံသူသခင်တိုက်ပွဲ (၃)

Vol. 19 Ch. 284

ပတ်ဝန်းကျင်ရှိ စိမ်းလန်းစိုပြေသောသစ်ပင်များနှင့် နှိုင်းယှဉ်ပါက ဤမဲနယ်

အရောင်သည် အထူးသဖြင့် မထင်ရှားပေ။

ဂရုတစိုက် မကြည့်လျှင် လုံးဝ သတိထားမိမှာ မဟုတ်ပေ။

အနီးကပ်ကြည့်လိုက်တော့ အစိမ်းရောင်နွယ်ပင်တွေ၏ အက်ကွဲကြောင်းတွင် ပေါက်နေသော ထူးဆန်းသည့်မြက်ပင်တွေကနေ မဲနယ်ဖျော့ဖျော့ရောင် ထွက်နေတာပင်။

မျိုးပြောင်းမြက်ပင်သည် အရည်အသွေးအမြင့်မားဆုံးသော ကျောက်စိမ်းကဲ့သို့ တောက်ပပြီးရင်း တောက်ပနေသည်။  ကြည့်လိုက်ရုံနဲ့ စိတ်ကို လန်းဆန်းစေသည်။

"ဒါက နေရောင်ခြည်ကျောက်စိမ်းပဲ”

လင်းရှန်က မျက်မှောင်ကျုံ့လိုက်သည်။

နေရောင်ခြည်ကျောက်စိမ်းသည် အလွန် အဖိုးတန်သော သစ်သားအမျိုးအစား ရှားပါးအပင်တစ်မျိုးဖြစ်သည်။ ၎င်းသည် ကျောက်စိမ်းနှင့်တူပြီး အဆိပ်များကို ဖယ်ရှားပေးကာ ဒဏ်ရာများကို ကုသပေးနိုင်သည့် မှော်ဆန်သော အာနိသင်ရှိသည်။

ဒဏ်ရာကြီးကြီးမားမားရနေသော ကျင့်ကြံသူသည် ချက်ခြင်းပြန်ကောင်းလာစေရန် နေရောင်ခြည်ကျောက်စိမ်းကို စားသုံးလို့ရသည်။

သာမာန်လူတစ်ယောက်စကားအရပြောရလျှင် ဒါက သေလွန်သူတွေကို အသက်ပြန်ရှင်စေနိုင်သည့် ရတနာတစ်ခုပင်။

ကျင့်ကြံသူများအတွက် နေရောင်ခြည်ကျောက်စိမ်းသည် အလွန်အဖိုးတန်သော အသက်ကယ်ရတနာတစ်ခုလည်းဖြစ်သည်။

သို့သော် ၎င်းသည် ဝိညာဉ်ရေးရာအနှစ်သာရကြွယ်ဝသည့် နက်ရှိုင်းသောတောင်တန်းများတွင်သာ အမြဲပေါက်ဖွားတတ်သည်။ ထိုအခါတွင်လည်း သာမာန်အပင်များနှင့် ရောနှောရှိနေတတ်သည်။ သေသေချာချာ မကြည့်လျှင် အလွယ်တကူလွတ်သွားမည်ပင်။

နေရောင်ခြည်ကျောက်စိမ်းသည် အလွန်ရှားပါးပြီး ကျင့်ကြံသူ အများအပြားက ၎င်းကို လိုချင်သော်လည်း မတွေ့နိုင်ပေ။

လင်းရှန်သည် နေရောင်ခြည် ကျောက်စိမ်းနှင့် ထိတွေ့ခွင့်ရရန် ဤမျှကံကောင်းမည်ဟု မမျှော်လင့်ခဲ့ပေ။

သူ့အား ပိုအံ့သြစေသည့်အရာမှာ နေရောင်ကျောက်စိမ်းပေါ်တွင် ထိုင်နေပြီး ဝိညာဉ်အနှစ်သာရကို စုပ်ယူနေသည့် မှော်အဆီအနှစ် သစ်သားဝိညာဉ်ပင်ဖြစ်သည်။

“မှော်အဆီအနှစ်သစ်သားဝိညာဉ်နဲ့ နေရောင်ခြည်ကျောက်စိမ်း။ရတနာနှစ်ပါးကို တပြိုင်နက်တွေ့တာပဲ ။ ကြည့်ရတာ ငါ့ရဲ့ ကံကောင်းတဲ့နေ့ပဲ”

လင်းရှန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသော်လည်း နောက်ပိုင်းတွင် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

နေရောင်ခြည်ကျောက်စိမ်းသည် တောင်နံရံပေါ်တွင် ပေါက်နေပြီး ကျောက်စိမ်းပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော သစ်သားဝိဉာဉ်သည် တောင်နံရံပေါ်၌ မှီနေ၏။ သူသည် တောင်နံရံသို့ ချက်ချင်းထွက်ပြေးနိုင်သည်။

လင်းရှန်သည် မည်မျှပင် လျင်မြန်နေပါစေ၊ ထိုအရာမဖြစ်ပေါ်မီတွင် သူသည် 

မှော်အဆီအနှစ်သစ်သားဝိညာဉ်ကို ဖမ်းဆုပ်နိုင်မည်မဟုတ်ပေ။

"ငါ စဉ်းစားရမယ်”

လင်းရှန်သည် ဖြစ်နိုင်ချေရှိသော အစီအစဥ်ကို လျင်မြန်စွာ တွေးတောနေရင်းမှ အဆီအနှစ်သစ်သားဝိညာဉ်ကို စေ့စေ့ကြည့်နေသည်။

သူ ပြင်းပြင်းထန်ထန် တွေးနေချိန်မှာပဲ အဝေးက ဆူညံသည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ဝိညာဉ်ရေးရာအနှစ်သာရ လှိုင်းလုံးကြီးက ကောင်းကင်ကို ဖြတ်သန်းသွားခဲ့သည်။

လင်းရှန်၏ စိတ်နှလုံးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်သည်။

အဝေးမှာတော့ ဝိညာဉ်ရေးရာအနှစ်သာရများပေါ်ထွက်လာပြီး မိုင်ပေါင်းများစွာ အချင်းဝက်ရှိသော တိမ်များကို လွင့်စင်သွားစေသည်။

ဤဧရိယာတွင် အလင်းတန်းနှစ်ခု တိုက်မိသည်ကို ယောင်ဝါးဝါးမြင်နိုင်သည်။

တိုက်မိတိုင်း ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

"ဘယ်လောက်ထိ တုန်လှုပ်စရာကောင်းတဲ့ တိုက်ပွဲလဲ”

လင်းရှန် အံ့သြသွားသည်။

တိုက်ပွဲ၏ ရုန်းရင်းဆန်ခတ်မှုကို ကီလိုမီတာ နှစ်ဆယ်အကွာမှ မြင်တွေ့နိုင်သည်။ဒါက  နှစ်ဖက်စလုံးအင်အားက ဘယ်လောက်ထိ တုန်လှုပ်စရာကောင်းလိုက်သလဲဆိုတာ သိသာစေသည်။ 

လင်းရှန်သည် ဤကဲ့သို့ ရုန်းရင်းဆန်ခတ် ဖြစ်နိုင်မည်မဟုတ်မှန်း သေချာပေါက်သိသည်။

သူ၏ လက်ရှိ ခွန်အားအရ ကျင့်ကြံသူ သခင်အဆင့် အောက် မည်သူမျှ သူ့ပြိုင်ဘက် မဖြစ်နိုင်ပေ။

ကျင့်ကြံသူသခင်သာလျှင် သူ့ထက် မြင့်မားနိုင်သည်ဟု ခံစားရသည်။

"ဒါက ကျင့်ကြံသူ သခင်နှစ်ယောက် တိုက်ခိုက်တာ ဖြစ်နိုင်မလား"

လင်းရှန်က တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်သည်။

သို့သော် မဖြစ်နိုင်ကြောင်း သူချက်ချင်းခံစားလိုက်ရသည်။

ရွှမ်တုတောင်ပေါ်ရှိ အဖိုးတန်ဆုံးအရာမှာ မှော်အဆီအနှစ်အရည်ဖြစ်သည်မှာ သေချာသည်။

သို့ရာတွင် ထိုသို့သောအရာသည် ကျင့်ကြံသူသခင်များအတွက် အသုံးမဝင်ပေ။

ရွှမ်တု အစည်းအဝေးတွင် ဤကဲ့သို့ အသုံးမဝင်သော အရာအတွက် မည်သည့် ကျင့်ကြံသူ သခင်က ၎င်းတို့၏ အဖိုးတန်အချိန်များကို စတေးမည်နည်း။

သူတို့နှစ်ယောက်မပြောပါနဲ့

"ဘာဖြစ်တာလဲ?"

လင်းရှန်က အံ့ဩသွားသည်။ သူသည် စူးစမ်းချင်သော်လည်း ဒုတိယအတွေးအရ ထိုစိတ်ကူးကို စွန့်လွှတ်လိုက်သည်။

အခြေအနေက မသဲကွဲချေ။  စုံစမ်းရန် အရူးအမူးပြေးသွားပါက တိုက်ခိုက်ခံရနိုင်သည်။ အကျိုးဆက်များသည် မှန်းဆ၍မရပေ။

လင်းရှန်သည် သူ၏လက်ရှိခွန်အားဖြင့် ကျင့်ကြံသူ သခင်များထံမှ ကာကွယ်နိုင်သည်ဟု ခံစားမိသော်လည်း မလိုအပ်ဘဲ အန္တရာယ်များကို ရှာဖွေရန် မလိုအပ်ပေ။

အကယ်၍ တိုက်ခိုက်ရေးသမားများသည် ဝိညာဉ်ပျိုးထောင်ခြင်းနှောင်းပိုင်းအဆင့် သို့မဟုတ် မှော်အလင်းအဆင့် ကျင့်ကြံသူများဖြစ်လျှင် သူ့အနေနဲ့ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

သိချင်စိတ်ကြောင့် လူတွေသေကြတာပင်။  လုံခြုံစွာနေတာ ပိုကောင်းသည်။

သူ၏ သိချင်စိတ်ကို နှိမ့်ချကာ လင်းရှန်သည် သူ၏အာရုံကို  မှော်အဆီအနှစ်သစ်သားဝိညာဉ်ဆီသို့ ပြန်လှည့်လိုက်သည်။ သို့သော် မှော်အဆီအနှစ်သစ်သားဝိညာဉ်သည် အဝေးမှ ရုန်းရင်းဆန်ခတ်ကို တွေ့ရှိရခြင်းအတွက် အံ့ဩနေသည်။သူသည်  နေရောင်ခြည်ကျောက်စိမ်းမှ လွတ်ထွက်သွားပြီး ဆယ်မီတာကျော်မြင့်သော သစ်ပင်ကြီး၏ ထိပ်ဆီသို့ ရောက်လာကာ အဝေးကမြင်ကွင်းကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။

ဒါက အခွင့်အရေးကောင်းတစ်ခုပင်။

လင်းရှန်၏ မျက်လုံးများ တောက်ပလာသည်။ မဆိုင်းမတွဘဲ  အရိပ်ခိုခြင်းနည်းစနစ်ကို သုံးကာ သူ့ခြေဖဝါးအောက်ရှိ သစ်ပင်ရိပ်ထဲသို့ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

သူပြန်ပေါ်လာတဲ့အခါ မီတာ (၅၀၀)အကွာမှာရှိသော  မှော်အဆီအနှစ် သစ်သားဝိညာဉ်ရှိသည့် သစ်ပင်အောက်ကို အရိပ်နဲ့ တွားသွားခဲ့သည်။

ဤအခိုက်အတန့်တွင် မှော်အဆီအနှစ် သစ်သားဝိညာဉ်သည် အန္တရာယ်နီးကပ်လာသည်ကို ခံစားလိုက်ရသည်။ သူက အော်ဟစ်ပြီး မဝေးသော တောင်နံရံဆီသို့ ပြေးသွားခဲ့သော်လည်း အချိန်နှောင်းသွားခဲ့သည်။

"အေးခဲစမ်း”

မှော်အဆီအနှစ်သစ်သားဝိညာဉ်သည် လေထဲတွင် ရုတ်တရက် ရပ်တန့်သွားသည်။ ကြောက်လန့်တကြားဖြင့် သူ့မျက်လုံးများကို လှည့်ပတ်ရုံမှတပါး ကြွက်သားများကို မလှုပ်ရှားနိုင်ပေ။

မှော်စွမ်းအားမှ မလွတ်မြောက်ခင်မှာ သွယ်လျသောလက်ဖဝါးတစ်ချောင်းက သူ့ကို လှမ်းဆွဲလိုက်သည် ။

"အား”

မှော်အဆီအနှစ်သစ်သားဝိညာဉ်သည် အရူးအမူးရုန်းကန်ခဲ့သော်လည်း အသုံးမဝင်ပေ။ မကြာခင်မှာပဲ လင်းရှန်က သူ့ကို သားရဲထောင်ချောက်အိတ်ထဲ ထည့်လိုက်သည်။

"ဘယ်လောက်ကံကောင်းလိုက်လဲ”

လင်းရှန်သည် ပြုံးကာ အဝေးကို လှမ်းကြည့်လိုက်သည်။

အကယ်၍ ကျင့်ကြံသူ သခင်နှစ်ယောက်၏ ရုန်းရင်းဆန်ခတ်မှုကသာ တောင်နံရံမှ မှော်အဆီအနှစ်သစ်သားဝိညာဉ်ကို မဆွဲဆောင်နိုင်ခဲ့ပါက လင်းရှန်သည် ဤသူငယ်လေးကို အလွယ်တကူ ဖမ်းမိနိုင်လိမ့်မည် မဟုတ်ပေ။

ငြိမ်သက်သွားပြီးနောက် လင်းရှန်သည် ပြင်းထန်သော တိုက်ပွဲကို အဝေးမှ လှမ်းကြည့်ကာ ဆန့်ကျင်ဘက်သို့ လှည့်ထွက်ခဲ့သည်။

နာရီဝက်အကြာ

ဆိတ်ငြိမ်တဲ့ ဂူထဲမှာတော့

လင်းရှန်သည် မှော်အဆီအနှစ်သစ်သားဝိညာဉ်ကို လွှတ်လိုက်ပြီး ထိုသူငယ်ကို မြေကြီးထဲသို့ ပျောက်ကွယ်သွားစေခဲ့သည်။ သူ့လက်ထဲက ကြွေပုလင်းကို စိုက်ကြည့်ရင်း သူ့မျက်လုံးတွေက တုနှိုင်းမရတဲ့ ပျော်ရွှင်မှုတွေနဲ့ တောက်ပနေ၏

"မှော်အဆီအနှစ်အရည်ခြောက်စက်က  ကိုယ်ပွါးတွေရဲ့ ဝိညာဉ်မဏ္ဍိုင် သွေးကြောတွေကို ကန့်သတ်ချက်အထိ ပေါင်းစပ်ပေးနိုင်တယ်”

လင်းရှန်က အသက်ပြင်းပြင်းရှူပြီး သူ့ရှေ့ရှိ ကမ္ဘာကိုအံ့ဩစေခြင်းကိုယ်ပွားနှင့် သာလွန်ကိုယ်ခံပညာကိုယ်ပွားကို ကြည့်လိုက်သည်။ သူသည် မှော်အဆီအနှစ်အရည်ကို လွှဲပေးကာ ကိုယ်ပွါးနှစ်ခုအား ဝိညာဉ်မဏ္ဍိုင် သွေးကြောတွေကို ပုံဖော်စေသည်။

သူမျှော်လင့်ထားသလိုပဲ ကမ္ဘာကိုအံ့ဩစေခြင်းကိုယ်ပွားသည် မှော်အဆီအနှစ်အရည် တစ်စက်ခွဲခန့်သာ အသုံးပြုခဲ့ပြီး စုစုပေါင်း ဝိညာဉ်မဏ္ဍိုင်သွေးကြောအရေအတွက် (၂၀)အထိ တိုးလာကာ ကန့်သတ်ချက်သို့ရောက်ရှိခဲ့သည်။

ကျန်သော မှော်အဆီအနှစ်အရည်ကို သာလွန်ကိုယ်ခံပညာကိုယ်ပွားသို့ ပေးအပ်ခဲ့သည်။ ထို့အပြင် ဝိညာဉ်ပုံဖော်ခြင်းဆေးလုံးပေါင်း ၂၀ ကျော်ပေးခဲ့ပြီး  သူ၏ စုစုပေါင်း ဝိညာဉ်မဏ္ဍိုင်သွေးကြော အရေအတွက်ကို (၂၀)အထိ တိုးစေခဲ့သည်။

ထို့နောက်တွင် လင်းရှန်သည် ကိုယ်ပွားနှစ်ခုကို ပေါင်းစပ်လိုက်သည် ။ မျှော်လင့်ထားသည့်အတိုင်း သူ၏ ဝိညာဉ်မဏ္ဍိုင်သွေးကြောသည် နှစ်ဆယ်ထိတိုးလာကာ စုစုပေါင်း ၇၅ ခုအထိ ရှိလာခဲ့သည်။

All Chapters