အသနားခံနေသော နတ်ဆိုးကျင့်ကြံသူသခင်(၁)
Vol. 19 Ch. 285
ဝိညာဉ်မဏ္ဍိုင်သွေးကြော ၇၅ခု
သူ့ခန္ဓာကိုယ်အတွင်း၌ ပိုအားကောင်းသည့် ဝိညာဉ်ရေးရာအနှစ်သာရကို ခံစားလိုက်ရပြီး လင်းရှန်က ရင်ခုန်နေသည်။
ဤနှုန်းဖြင့် ဝိညာဉ်မဏ္ဍိုင်သွေးကြောအရေအတွက် တစ်ရာကျော်သွားသောအခါ သူ၏ ကမ္ဘာကို အံ့ဩစေခြင်း ကိုယ်ပွားကိုပင် အသုံးမပြုဘဲ ကျင့်ကြံသူ သခင်ကို ထိပ်တိုက်တိုက်ခိုက်နိုင်မည်ဖြစ်သည်။
“သတ်ဖြတ်ခြင်းကိုအားပေးတာနဲ့ သန့်စင်သော ယန်စွမ်းအား ခန္ဓာကိုယ် ကိုယ်ပွါးရှိသေးတယ်။ ဘာမှမမှားရင် အနည်းဆုံး ဝိဉာဉ်မဏ္ဍိုင်
သွေးကြော ၁၀၅ခုကို ပေါင်းစည်းနိုင်ပါတယ်”
"ငါ့ရဲ့ သန့်စင်သော ယန်စွမ်းအား ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်က ပိုနေတယ်ဆိုရင်တော့ နောက်ထပ်အနည်းငယ်ရနိုင်မှာ”
လင်းရှန်သည် အလွန်စိတ်လှုပ်ရှားသွားသည်။
ကိုယ်ပွားသုံးကောင် ရှိသေးသည်။
နောက်ဆုံးကိုယ်ပွားသုံးကောင်နှင့် ပေါင်းလိုက်ပြီး သူသည် ကျင့်ကြံသူ သခင်ထံသို့ ရောက်ရှိလာနိုင်ပေလိမ့်မည်။
ခဏအကြာတွင် လင်းရှန်သည် အသိစိတ်ပြန်ဝင်လာပြီး နားလည်မှုနဲ့ အလွန်အမင်း ဉာဏ်ရည်မြင့်မားခြင်းက ထိခိုက်စေသည့် ကိုယ်ပွါများကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ နောက်မှ သူတို့ကို ထပ်ခေါ်လေ၏
သာလွန်ကိုယ်ခံပညာကိုယ်ပွားအပါအဝင် ဤကိုယ်ပွားသုံးကောင်စလုံးသည် သူလိုပင် ဝိညာဉ်မဏ္ဍိုင်သွေးကြော ၇၅ခုအထိရောက်ရှိခဲ့သည်။
ထိုကဲ့သို့ ခွန်အားဖြင့် ၎င်းတို့တွင် အထူးလက်နက်များ မရှိခဲ့လျှင်ပင် ရွှမ်တုတောင်တစ်ခုလုံးရှိ လူအနည်းငယ်သည် ၎င်းတို့၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။
ကျင့်ကြံသူ သခင်နဲ့ ပုံစံတူတဲ့ လူနှစ်ယောက်ကတော့ ခြွင်းချက်ပင်။
"အဲ့ဒီနှစ်ယောက်ရှိသေးလား"
လင်းရှန်သည် ခဏလောက် စဉ်းစားပြီး ထိုအမည်မသိ ကျင့်ကြံသူ သခင်နှစ်ဦးနှင့် မတွေ့မိစေရန် ထိုနေရာမှ ဝေးဝေးနေဖို့ ဆုံးဖြတ်လိုက်သည်။
"ရွှမ်တုအစည်းအဝေးပြီးဆုံးဖို့ ၂၃ ရက်ကျန်ပါသေးတယ်။ နောက်ထပ် မှော်အဆီအနှစ်သစ်သားဝိညာဉ်သုံးခုကို ရှာတွေ့ဖို့ လိုတယ်။ အဲဒါဆို လုံလောက်ပါတယ်။"
လင်းရှန်က သူတွေ့ခဲ့သည့် အမျိုးသမီးငယ်လေးအကြောင်း တွေးလိုက်ပေမယ့် ချက်ချင်းပဲ ခေါင်းယမ်းလိုက်သည်။
သူ့ကို ဂရုမစိုက်ခင် နောက်ဆုံးရက်အနည်းငယ်လောက် စောင့်အုံးမည်။ ဒါမှ အကျိုးကျေးဇူးတွေ ရလာမည်ပင်။
ရွှမ်တုတောင်တွင် ကျင့်ကြံသူများသည် မှော်အဆီအရည်ကိုရရှိပြီးနောက် ဘေးကင်းရန်အတွက် ဝိညာဉ်မဏ္ဍိုင်သွေးကြောများပုံဖော်ဖို့ ၎င်းကိုချက်ချင်းမစားသုံးကြပေ။
နောက်ဆုံးတော့ တခြား ကျင့်ကြံသူတွေက သူ့လိုမဟုတ်ပေ ။ သူ့တွင် ကာကွယ်ရန် ကိုယ်ပွါးများ ရှိရုံသာမက ဝိညာဉ်မဏ္ဍိုင်သွေးကြောကို ပေါင်းစည်းလိုက်သောအခါတွင်ပင် သူ၏ကိုယ်ပွားသည် အပြင်ဘက်ရှိ မှော်အဆီအနှစ် သစ်သားဝိညာဉ်ကို ဆက်လက်ရှာဖွေနေခဲ့သည်။ အချိန်ဖြုန်းစရာ မလိုပေ။
ရွှမ်တုအစည်းအဝေးသည် တစ်လသာကြာသည်။ ရွှမ်တုတောင်သို့ ဝင်ရောက်လာသူတိုင်းသည် မှော်အဆီအနှစ်သစ်သားဝိညာဉ်ကိုရှာဖွေရန်အချိန်လုနေကြရသည်။
လှိုဏ်ဂူမှ ထွက်ခွာပြီးနောက် လင်းရှန်နှင့် သူ၏ကိုယ်ပွါးများသည် ဖြန့်ကျက်ပြီး ဆက်လက်ရှာဖွေခဲ့သည်။
ဝိညာဉ်မဏ္ဍိုင်သွေးကြောအရေအတွက် တိုးလာသည်နှင့်အမျှ ကိုယ်ပွား၏ ရုပ်ပိုင်းဆိုင်ရာ သုံးစွဲမှုသုညအကွာအဝေးသည်လည်း ဆက်လက်တိုးလာသည်။ အခုတော့ ၂ ကီလိုမီတာနီးပါး တိုးလာချေသည်။
၃ ကီလိုမီတာ အကွာအဝေးတွင် တစ်ခုတည်းသော ကိုယ်ပွားတစ်ခု၏ လွတ်လပ်စွာ လှုပ်ရှားချိန်သည် နာရီဝက်ခန့်အထိ တိုးလာသည်။
ဆေးပြားအမြောက်အမြားနှင့် ရွှမ်တု တောင်ရှိ ကြွယ်ဝသောဝိညာဉ်ရေးရာ အနှစ်သာရကို အားကိုး၍ လင်းရှန်သည် သူ၏ကိုယ်ပွားများ၏ အကွာအဝေးကို ၂ ကီလိုမီတာအတွင်း ထိန်းချုပ်နိုင်ခဲ့သည်။ သူ့သုံးစွဲမှုကို လည်း ထိန်းထားနိုင်သည်။
သို့သော် နေ့တစ်ဝက်တိုင်းတွင် သူသည် သူ၏ကိုယ်ပွားများအားလုံးကို ပြန်လည်
ရုပ်သိမ်းပြီး သူ၏ဝိညာဉ်ရေးရာအနှစ်သာရကို ပြန်လည်ရရှိရန် တရားထိုင်ရမည်ဖြစ်သည်။
အချိန်ကုန်တာမြန်လေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ငါးရက်ကြာသွားသည်။
လင်းရှန်နှင့် သူ၏ကိုယ်ပွားများသည် အချင်းဝက် ကီလိုမီတာ ၅၀ ထက်မနည်းရှိသော ဧရိယာကို ရှာဖွေခဲ့ကြသည်။ ကံမကောင်းစွာပဲ သူတို့ဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ကလောက် ကံကောင်းခြင်း မရှိခဲ့ပေ။ သူတို့သည် မှော်အဆီအနှစ်သစ်သားဝိညာဉ်ကို ရှာမတွေ့သော်လည်း သဘာဝရတနာများစွာကို ရှာဖွေတွေ့ရှိခဲ့သည်။ တချို့က နေရောင်ခြည်ကျောက်စိမ်းတွေလို အဖိုးတန်သည်။
ထိုအချိန် တောကြီးထဲမှာတော့
လင်းရှန်သည် မလှမ်းမကမ်းတွင် တောက်ပနေသော မှိုကို ကြည့်ကာ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ဝိညာဉ်ရေးရာအနှစ်သာရ၏သိပ်သည်းဆကို သုံးသပ်ကြည့်လျှင် မှိုသည် အနည်းဆုံး နှစ်
ပေါင်း ၂၀၀၀သက်တမ်းရှိပြီဖြစ်သည်။
၎င်း၏လက်ရှိကျင့်ကြံမှုအဆင့်အတွက် အလွန်အကျိုးမရှိသော်လည်း ဒဏ်ရာများကို ကုသရာတွင် အလွန်ထိရောက်မှုရှိသည်။
“နေရောင်ခြည်ကျောက်စိမ်းနဲ့ မယှဉ်နိုင်ပေမယ့်ပေါ့”
လင်းရှန်က သူ့ဘာသာ ရေရွတ်လိုက်သည်။ သူသည် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ဝိညာဉ်ဆေးဖက်ဝင်အပင်များကို စောင့်ကြပ်နေသည့် သန္ဓေပြောင်းသားရဲများကို မတွေ့ခဲ့ပေ။ ထိုမှသာ သူသည် တောက်ပသော မှိုလေးဆီသို့ လျှောက်သွားခဲ့သည်။
ထိုအချိန်တွင် လူတစ်ယောက်သည် သူ့ရှေ့ တောအုပ်ထဲမှ ရုတ်တရက် ထွက်လာခဲ့သည်။
လင်းရှန်မော့ကြည့်လိုက်တော့ လှပသည့်အမျိုးသမီးတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရသည်။
အမျိုးသမီး၏ မျက်ခုံးမွှေးများသည် စုတ်တံလေးများကဲ့သို့ဖြစ်ပြီး ၎င်းတို့အောက်တွင် လှပသော မျက်လုံးတစ်စုံရှိသည်။ သူမ၏ ရုပ်ရည်က သပ်ရပ်လှပပြီး ဝိညာဉ်ကိုတောင် ဖမ်းစားနိုင်သည့်အထိ ဆွဲဆောင်မှုရှိသည်။
လင်းရှန်က သူမကို တွေ့သလိုပဲ အမျိုးသမီးကလည်း လင်းရှန် ဖြစ်တည်မှုကို သတိထားမိခဲ့သည်။ သူမ၏ ပါးလွှာသော မျက်ခုံးမွှေးများက အနည်းငယ် မြင့်တက်လာသည်။
ထိုစဉ်တွင် သူမ၏အကြည့်များသည် မဝေးလှသောနေရာရှိ တောက်ပနေသော မှိုလေးပေါ်သို့ ရောက်သွားကာ သူမ၏ မျက်လုံးများတွင် ပျော်ရွှင်မှုအရိပ်အမြွက် ထွက်ပေါ်လာသည်။
ရွှမ်
စကားတစ်ခွန်းမှ မပြောဘဲ အမျိုးသမီးက လက်ကို အနည်းငယ် မြှောက်လိုက်သည်။ အဖြူရောင်ပိုးစသည် ပျံထွက်သွားပြီး တောက်ပသော မှိုဆီ ဦးတည်သွားသည် ။
ဒါကိုမြင်တော့ လင်းရှန်က ရယ်မောလိုက်သည် ။ သူသည် အဝေးမှ လက်ချောင်းများဖြင့် လှမ်းထိုးလိုက်ရာ စွမ်းအင် ခုနစ်သွယ်က ချက်ချင်း ထွက်ပေါ်လာသည်။
၎င်းတို့ထဲမှ သုံးခုက အဖြူရောင်ပိုးစကို တိုက်ခိုက်ခဲ့ပြီး ကျန်လေးခုမှာ အမျိုးသမီးကို ပစ်သတ်ခဲ့သည်။
အမျိုးသမီးက စကားတစ်ခွန်းမှ မပြောဘဲ လှုပ်ရှားနေတာကြောင့် သူလည်း ထိန်းထားစရာ မလိုပေ။
ရွှမ်
စွမ်းအင်ကြောင့် အဖြူရောင်ပိုးစသည် ချက်ချင်းပင် အပိုင်းပိုင်းပြတ်သွားသည် ။
အမျိုးသမီး၏ အမူအရာမှာ အေးစက်သွားသည်။ သူမသည် ရုတ်တရက် ပါးစပ်ကိုဖွင့်
လိုက်ပြီး ဓားစွမ်းအင်ကိုတိုက်ခိုက်ရန် အစိမ်းရောင်အမှုန်အမွှားကို ထွေးထုတ်လိုက်သည်။
ဓားစွမ်းအင်နှင့် အစိမ်းရောင် အခိုးအငွေ့တို့သည် လေထဲတွင် တိုက်မိပြီး နှစ်ခုစလုံး ပျက်သုဉ်းသွားခဲ့သည်။
ဒါကိုမြင်တော့ လင်းရှန်က မျက်မှောင်ကြုတ်လိုက်သည်။
"ဝိညာဉ်ရေးရာအနှစ်သာရ”
လင်းရှန်သည် ကျင့်ကြံသူသခင်တစ်ဦးနှင့် တိုက်ခိုက်ဖူးတာ ပထမဆုံးအကြိမ်မဟုတ်ပေ။ ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်တွင် ကျင့်ကြံသူသခင်တစ်ဦး၏ အဓိကတိုက်ခိုက်ရေးနည်းလမ်းမှာ ဝိညာဉ်ရေးရာ အနှစ်သာရကို အသုံးပြုတာဖြစ်ကြောင်း သူကောင်းကောင်းသိသည်။
အမျိုးသမီး ထွေးထုတ်လိုက်သော စိမ်းလန်းသည့် အခိုးအငွေ့သည် ဝူလောင်ကိုယ်ခွဲနှင့် ဝူကျီ အသုံးပြုခဲ့သော ဝိညာဉ်အနှစ်သာရနှင့် အလွန်ဆင်တူသည်။ ဒြပ်ငါးပါးရဲ့ စွမ်းအားတွေသာ ကွဲပြားသွားတာပင်။
လင်းရှန်က ထိုနည်းလမ်းကို တစ်ချက်ချင်း သိမည်ဟု အမျိုးသမီးက မျှော်လင့်မထားပေ။ သူမ၏ ပါးလွှာသော မျက်ခုံးမွှေးများသည် အနည်းငယ် ကြွတက်လာပြီး အံ့အားသင့်စရာ အရိပ်အမြွက် ထွက်ပေါ်လာသည်။
"မင်းက တော်တော် သိတာပဲ”
ထို့နောက် သူမသည် အကြောင်းအရာကို ပြောင်းလိုက်ပြီး သူမ၏ လေသံက အေးစက်လာသည်။
"ငါက ကျင့်ကြံသူ သခင်တစ်ယောက်ဆိုတာ သိတာတောင် ငါ့ကို ဘယ်လိုတိုက်ခိုက်ရဲတာလဲ။ မင်းမှာ သေချင်တဲ့ဆန္ဒရှိတာလား"
ထိုစကားကိုကြားပြီးနောက် လူငယ်သည် ဝိညာဉ်လွင့်မတတ် ကြောက်လန့်သွားလိမ့်မည်ဟု အမျိုးသမီးက ထင်ခဲ့သည်။ သူသည် အခင်းဖြစ်ရာနေရာတွင် အသနားခံကာ ချက်ချင်း ထွက်ပြေးသွားရမည်ပင် ။ သို့သော် ထိတ်လန့်တကြားမဖြစ်ဘဲ အနည်းငယ် ပြုံးနေမိသည်။
လင်းရှန်က အမျိုးသမီးကို ကြည့်လိုက်ပြီး ဖျတ်ခနဲ ပြုံးလိုက်သည်။
"မင်း ဒဏ်ရာ ပြင်းပြင်း ရထားတယ်မလား"
မေးတာဆိုမယ့် သူ့လေသံက အရမ်းတင်းမာနေ၏
အမျိုးသမီး ထွေးထုတ်လိုက်သော အစိမ်းရောင်အမှုန်အမွှားသည် ဝိညာဉ်ရေးရာ အနှစ်သာရ တစ်မျိုးဖြစ်သည်ကို တွေ့ရှိပြီးနောက် လင်းရှန်သည် တစ်စုံတစ်ခု မှားနေပြီဟု စူးရှစွာ ခံစားလိုက်ရသည်။