အသနားခံနေသော နတ်ဆိုးကျင့်ကြံသူ(၃)
Vol. 19 Ch. 287
"ခဏလေး”
လင်းရှန်၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်သော်လည်း ဆက်လက် တိုက်ခိုက်ရန် အလျင်စလို မဖြစ်သေးပေ။ သူက ပြုံးပြီးပြောတယ် "ဘာလို့လဲ။ အခု ရှုံးတာကို ဝန်ခံချင်လို့လား"
ထိုအမျိုးသမီး၏ အမူအရာမှာ အေးစက်သွားသည်။ ခုနကပြောခဲ့တဲ့စကားတွေကို ပြန်သတိရတဲ့အခါ မျက်လုံးထဲမှာ ရှက်ရွံ့မှုနဲ့ ဒေါသအရိပ်အယောင်တွေ ပေါ်လာသည်။
သို့သော်လည်း အခြေအနေက သူမကို မျက်နှာသာမပေးပေ။ သူမ နှလုံးသားထဲက ခံစားချက်တွေကို မျိုသိပ်ထားနိုင်ပြီး “မင်းကို ငါကြောက်တယ်လို့တော့ တစ်မိနစ်လောက်တောင် မစဉ်းစားနဲ့နော်။ ငါတကယ်သေတဲ့အထိတိုက်ချင်ရင် မင်းကိုငါနဲ့ဆွဲချသွားလို့ရတယ်”
ခေတ္တနားပြီးနောက် သူမ လေသံကို အနည်းငယ်ပျော့ကာ ဆက်ပြောသည် ။
“ဒါပေမယ့် ငါတို့က ရန်သူတွေမဟုတ်ဘူး။ ဘာလို့သေတဲ့အထိ တိုက်ရမလဲ။ ဒီလိုတောက်ပြောင်တဲ့ မှိုတွေကို မလိုချင်တော့ဘူး။ ငါတို့ဒီမှာ ရပ်ရင် ဘယ်လိုလဲ"
လင်းရှန်က ရယ်ပြီးပြောသည် "မင်းက အရင်တိုက်ခိုက်တဲ့သူပဲ၊ အခုကျလည်း မင်းကအရင်ရပ်ချင်တဲ့သူပဲ။ မင်းအများကြီးပြောနေတယ် မထင်ဘူးလား"
အမျိုးသမီးက “ဒါဆို မင်းဘာဆက်လုပ်မှာလဲ” ဟု အသံနက်ကြီးနဲ့ ပြောသည်။
လင်းရှန်က ပြုံးလိုက်သော်လည်း သူ့စကားက အလွန်အေးစက်နေသည်။
"သေလိုက်တော့”
သူမသည် ကျင့်ကြံသူသခင်တစ်ဦးဖြစ်သည်။ သူနဲ့ ရန်ငြိုးရှိထားသောကြောင့် ပြင်းထန်သောဒဏ်ရာမှ ပြန်လည်ကောင်းမွန်မလာမီတွင် သူမကို မသတ်ခဲ့ပါက နောင်တွင် သေချာပေါက် လက်စားချေလိမ့်မည်။
လင်းရှန်သည် သူမကို မကြောက်သော်လည်း ကျင့်ကြံသူသခင်၏ ပစ်မှတ်ထားခံရခြင်းသည် ပြဿနာ ဖြစ်နေဆဲပင်။
လင်းရှန်၏ စကားကိုကြားတော့ အမျိုးသမီးက စိတ်မသက်မသာဖြစ်သွားပုံရသည်။ သူမက အေးစက်စွာနဲ့ "မင်းကို သေတဲ့အထိ မတိုက်ဝံ့ဘူးလို့ တကယ်ထင်နေတာလား"
“အဲလိုမဟုတ်ဘူး။”
လင်းရှန်သည် သူ့မျက်နှာတွင် ကြောက်ရွံ့မှုမရှိဘဲ ပြုံးပြလိုက်သည်။
"မင်းငါ့ကို ဆွဲချလို့မရဘူးလို့ ငါခံစားရတယ်"
သူပြောသည့်အတိုင်းပင် ပတ်ဝန်းကျင်သစ်တောထဲမှ လူများ ရုတ်ချည်း ထွက်သွားကြသည်။
အမျိုးသမီးသည် အံ့အားသင့်စွာ လှည့်ပတ်ကြည့်ရှုခဲ့ပြီး ထိုလူများအားလုံးသည် လင်းရှန်နှင့် တစ်ထပ်တည်းတူကြောင်း တွေ့ရှိလိုက်ရသဖြင့် ထိတ်လန့်သွားခဲ့သည်။
သူတို့က ခြောက်ယောက်ရှိသည်။
၎င်းတို့သည် ကိုယ်ပွားများလား သို့မဟုတ် အခြားအရာများလား။
အမျိုးသမီးသည် သူမ၏ အံ့အားသင့်မှုကို မျိုသိပ်ကာ အေးစက်စွာပြောခဲ့သည် "ဒီလူတွေဟာ မင်းအားကိုးတဲ့ ကိုယ်ပွားတွေလား"
လင်းရှန်က ပြုံးလိုက်သော်လည်း ဘာမှပြန်မပြော။ သူ့ပတ်ဝန်းကျင်ရှိ လူခြောက်ယောက်သည် တစ်ချိန်တည်းတွင်ပင် အမျိုးသမီးကို ဓားရှည်များဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့သည်။
ကောင်းကင်ကို ပြည့်နှက်နေစေသော ဓားအလင်းသည် မုန်တိုင်းကဲ့သို့ အမျိုးသမီးကို ဖုံးအုပ်ထားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် နစ်မြှပ်သွားခဲ့သည်။
တိုက်ခိုက်သောအခါတွင် အမျိုးသမီး၏ ငြိမ်သက်မှုကို ပြင်းထန်သော ထိတ်လန့်မှုဖြင့် လျင်မြန်စွာ အစားထိုးသွားခဲ့သည်။
ဤကိုယ်ပွားတစ်ခုစီတွင် လင်းရှန်ထက် မနိမ့်ကျသော ကျင့်ကြံမှုအဆင့်ရှိနေသည်ကို သူမ ရုတ်တရက် သိလိုက်ရသည်။
"ဘာတွေဖြစ်နေတာလဲ?"
အမျိုးသမီးက မယုံနိုင်ပေ။
သူမသိရသလောက် တိုက်ပွဲတွင် ပြိုင်ဘက်ကို အနှောင့်အယှက်ဖြစ်စေရန်အတွက် ကိုယ်ပွားများကို အများအားဖြင့် အသုံးပြုကြသည်။ များသောအားဖြင့် ၎င်းတို့သည် ကျင့်ကြံသူ၏ အင်အား ၃၀% မှ ၄၀% အထိသာ ရှိတတ်သည်။
ကျင့်ကြံနည်းစနစ်အနည်းငယ်မှ ပေါင်းစည်းထားသည့် ကိုယ်ပွားများသာလျှင် ကျင့်ကြံသူ၏ ခွန်အားထက်ဝက်ခန့်အထိ ရောက်ရှိနိုင်သည်။
ထိုသို့သော ကျင့်ကြံနည်းစနစ်များအားလုံးသည်လည်း ဂိုဏ်းကြီးများ၏ ထူးခြားသောနတ်ဘုရားစွမ်းအားများဖြစ်သည်။
ဤကိုယ်ပွားများ၏ ခွန်အားသည် ကျင့်ကြံသူနှင့် တူညီလုနီးပါးဖြစ်သည်။ ဓမ္မရတနာများ ကွာခြားမှုအပြင် ကိုယ်ခံပညာ သို့မဟုတ် မှော်စွမ်းအားများသည် တူညီကြသည်။ ဒါဟာ မကြားဖူးတဲ့အရာပင်။
အမျိုးသမီးက ထင်ယောင်ထင်မှားတစ်ခုလို့ ထင်မှတ်လုနီးပါးပင်။
ဒါပေမယ့် မကြာခင်မှာပဲ သူမမှာ ထိတ်လန့်တုန်လှုပ်နေဖို့ အချိန်မရှိတော့ပေ။
နောက်ထပ် လူခြောက်ယောက်ကို တိုက်ခိုက်ဖို့နေနေသာသာ သူမသည် တစ်ခုတည်းသော တိုက်ပွဲတွင်ပင် လင်းရှန်ကို အနိုင်မယူနိုင်လုနီးပါးဖြစ်သည်။
လူခြောက်ယောက်၏ ဝိုင်းရံမှုအောက်တွင် ထိုအမျိုးသမီးသည် ချက်ချင်းပင် အန္တရာယ်အခြေအနေဖြစ်နေပြီး အကြိမ်ပေါင်းများစွာ အသက်ဆုံးရှုံး လုနီးပါးဖြစ်ခဲ့သည်။
လင်းရှန်ကို သတ်ပစ်ချင်နေရင်တောင်မှ သူမတတ်နိုင်တော့ပေ။
သူကိုယ်ပွားတွေနဲ့ အတူတူ ပျက်စီးသွားရင်ရော
ဒါကို တွေးပြီး ထိုမိန်းမက “ခဏလေး ရပ်ပါ။ မင်းအနိုင်ရပါတယ်”
သို့သော်လည်း လင်းရှန်သည် မတုန်မလှုပ်ဘဲ သူမကို ဂရုမစိုက်သလို ကြည့်နေခဲ့သည်။
ဒါကိုမြင်တော့ အမျိုးသမီးက ပိုလို့တောင် စိုးရိမ်လာသည်။ အရေးကြီးသော အခိုက်အတန့်တွင် သူမသည် လှုံ့ဆော်မှုတစ်ခုရရှိပြီး “အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ မှော်အဆီအနှစ်သစ်သားဝိညာဉ်ရှိတဲ့နေရာကို ငါသိတယ်။ နင်ငါ့ကို လွှတ်ပေးရင် အဲဒီနေရာကို ငါပြောပြမယ်”
အနှစ်တစ်ထောင် မှော်အဆီအနှစ်သစ်သားဝိညာဉ်
လင်းရှန်၏အမူအရာသည် နောက်ဆုံးတွင် ပြောင်းလဲသွားသည်။
ယခုအချိန်အထိ သူဖမ်းမိခဲ့သော မှော်အဆီအနှစ်သစ်သားဝိညာဉ်နှစ်ခုသည်
သက်တမ်း နှစ်ရာမှ သုံးရာဝန်းကျင်သာ ရှိသေးသည်။
၎င်းတို့သည် အနှစ်တစ်ထောင်ရှိသော အဆီအနှစ်သစ်သားဝိညာဉ်ထက် များစွာနိမ့်ကျသည်။
အနှစ်တစ်ထောင်သားကို ဖမ်းဆုပ်နိုင်ရင် သူထုတ်လိုက်သည်ြ မှော်အဆီအနှစ်အရည်ဟာ ကျင့်ကြံသူသခင်တစ်ယောက်အဖြစ်
တစ်ချက်တည်းနဲ့ ဖြတ်ကျော်သွားနိုင်လောက်သည်။
ဒါကိုတွေးပြီး လင်းရှန်က သွေးဆောင်ခံလိုက်ရသည် ။ သူသည် သူ၏ကိုယ်ပွားများကို ရပ်တန့်ရန် တောင်းဆိုခဲ့သော်လည်း ၎င်းတို့သည် သူမထွက်ပြေးတာကို တားဆီးရန် အမျိုးသမီးကို ဝိုင်းထားဆဲဖြစ်သည်။
ကိုယ်ပွားများသည် ၎င်းတို့၏တိုက်ခိုက်မှုများကို ရပ်တန့်လိုက်သည်နှင့် အမျိုးသမီးသည် နောက်ဆုံးတွင် အနားယူရန် အခွင့်အရေးရခဲ့သည်။ သူမက သက်ပြင်းတစ်ချက်ချကာ ဖော်ပြရခက်သော အကြည့်ဖြင့် လင်းရှန်ကို ကြည့်လိုက်သည်။
သူမကဲ့သို့ ဂုဏ်သိက္ခာရှိသော ကျင့်ကြံသူ သခင်သည် တစ်နေ့တွင် တောက်ပသော ဝင်ပေါက်အဆင့်ကျင့်ကြံသူထံမှ အသနားခံရတော့မည်ဟု မည်သူထင်မည်နည်း။
လင်းရှန်သည် ထိုအမျိုးသမီး၏ ရှုပ်ထွေးပွေလီသော စိတ်ခံစားမှုများကို ဂရုမစိုက်ပေ။ သူက “အနှစ်တစ်ထောင်ရှိတဲ့ အဆီအနှစ်သစ်သားဝိညာဉ်ကို ဘယ်လိုရှာတွေ့ခဲ့တာလဲ” ဟု တည်ငြိမ်စွာပြောသည်။
အမျိုးသမီးက “ငါ့ဒဏ်ရာအတွက် ရတနာတွေကိုရှာရင်း မတော်တဆ ရှာတွေ့ခဲ့တာ”ဟု ပြန်ဖြေသည်။
"ဒါဆို မင်းကိုယ်တိုင်က ဘာလို့ မဖမ်းတာလဲ။"
“အဲ့ဒီမှော်အဆီအနှစ်သစ်သားဝိညာဉ်က အလွန်သတိရှ်ပြီး ပါးနပ်တယ်။ ငါ ချက်ချင်း မဖမ်းနိုင်ဘူးလေ။ ပြီးတော့ ငါ့ဒဏ်ရာကို ကုဖို့ အလျင်လိုနေတော့ ငါ မတိုက်ခိုက်ဘူး။”
"မင်း အမှန်အတိုင်းပြောတာလို့ ငါဘယ်လိုသိနိုင်မှာလဲ"
"ကျိန်လို့ရတယ်”
အမျိုးသမီးသည် မဆိုင်းမတွ ကျိန်ဆိုခဲ့သည်။
ကျင့်ကြံသူသခင်သည် ကျိန်ဆိုသည်နှင့် ကံတရားသည် တည်လိမ့်မည်ပင်။ သူတို့က မလိမ်ဝံ့ကြပေ ။ ထိုကတိကို ဖောက်ဖျက်ပါက ကြီးမားသောအဖိုးအခကို ပေးဆောင်ရမည်ဖြစ်သည်။
လင်းရှန်သည် ထိုစကားကိုကြားသောအခါ ထိုအမျိုးသမီး၏ စကားအများစုကို ယုံကြည်သွားသည်။
သို့သော်လည်း သူက ခေါင်းခါပြီး “အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ မှော်အဆီအနှစ်သစ်သားဝိညာဉ်က အဖိုးတန်ပေမဲ့ မင်းကို လွှတ်လိုက်တာနဲ့တော့ မထိုက်တန်ဘူးလေ” ဟု ပြောခဲ့သည်။
ဒါအမှန်ပင်။ အနှစ်တစ်ထောင်သက်တမ်းရှိ မှော်အဆီအနှစ်သစ်သားဝိညာဉ် မရှိသည့်တိုင် လင်းရှန်သည် ကျန်အချိန်များတွင် မှော်အဆီအနှစ်အရည်ကို အလုံအလောက်ရှာတွေ့နိုင်မည်ဟု ယုံကြည်ခဲ့သည်။
နှစ်တစ်ထောင်သက်တမ်းရှိ မှော်အဆီအနှစ်သစ်သားဝိညာဉ်နှင့် နှိုင်းယှဉ်ပါက ကျင့်ကြံသူသခင်တစ်ဦး၏ ဖြစ်နိုင်ချေရှိသော ပြဿနာသည် ပို၍ အာရုံစိုက်သင့်သည်။
အမျိုးသမီးက ထိတ်လန့်သွားပြီး “နောင်ကျ မင်းကို ပြဿနာရှာတော့မှာ မဟုတ်ဘူးလို့ ငါ ကတိပြုနိုင်ပါတယ်”
“မလုံလောက်ဘူး။” လင်းရှန်က ခေါင်းခါနေဆဲပင်။
ကျိန်ဆိုခြင်းသည် ကျင့်ကြံသူများအပေါ် ကြီးမားသော ကန့်သတ်ချုပ်ချယ်မှုရှိတာကြောင့် ကျင့်ကြံသူတစ်ဦးက စိတ်ဆုံးဖြတ်လိုက်သရွေ့ ဖောက်ဖျက်ရန် မဖြစ်နိုင်ပေ။ကတိသစ္စာဖောက်ဖျက်မှု၏ ကြီးလေးသောစျေးနှုန်းကို ခံနိုင်ရင်တော့ တစ်မျိုးပင်။
"ဒါဆို မင်းဘာလိုချင်လို့လဲ" အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်သည်။
လင်းရှန်က သူမကို တစ်ချက်ကြည့်လိုက်ပြီး "မင်းက နတ်ဆိုးကျင့်ကြံသူမလား?"
ယခုပင် တိုက်ပွဲအတွင်း အမျိုးသမီး၏ ဝိညာဉ်ရေးအနှစ်သာရသည် ဝူကျီနှင့် ကွဲပြားကြောင်း ယောင်ဝါးဝါး ခံစားမိခဲ့သည်။ ၎င်းတွင် ရိုင်းစိုင်းသောအရိပ်အမြွက်ရှိပြီး
ဝူလောင်၏ ကိုယ်ခွဲနှင့် အနည်းငယ်ဆင်တူသည်။ ထို့ကြောင့် သူသည် ထိုအမျိုးသမီး၏ နောက်ခံအကြောင်းနဲ့ပတ်သက်ပြီး မရေရာသော ခန့်မှန်းချက်တစ်ခု ရှိခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ထိုအမျိုးသမီး၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ သူ မှန်းဆထားတာမှန်သည်။
ဒါကိုမြင်တော့ အမျိုးသမီးက မဖုံးကွယ်တော့ဘူးလို့ ဆုံးဖြတ်လိုက်သည်။ သူမက သွားတွေ အံကြိတ်ကာ “ဒါဆိုရင်ကော ငါက ဘာဖြစ်လို့လဲ”ဟု မေးသည်။
လင်းရှန်က ပြုံးပြီးပြောသည် "ဒါဆို မင်းငါ့နဲ့ ဝိညာဉ် စာချုပ်ချုပ်ထားသရွေ့ မင်းအသက်ကို ငါလွှတ်ပေးမယ်”