← Chapters

တောင်ထိပ်ပေါ်မှ ဖရိုဖရဲ တိုက်ပွဲ (၂)

Vol. 19 Ch. 289

တောင်ထိပ်ပေါ်မှ ဖရိုဖရဲ တိုက်ပွဲ (၂)

Vol. 19 Ch. 289

လင်းရှန်သည် ဘေးတွင် စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။

တစ်နာရီခန့်ကြာသောအခါ မြောင်ယိုသည် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူမ၏ နဂိုက ဖြူဖျော့သော မျက်နှာသည် ယခုအခါ အရောင်အသွေး အနည်းငယ် ရှိလာသည်။

သူမသည် အပြည့်အဝ ပြန်လည်ကျန်းမာလာဖို့ လိုသေးသော်လည်း အနည်းဆုံးတော့ မည်သူမဆို သူမကို သတ်နိုင်သည့် အားနည်းသော အခြေအနေတွင် မဟုတ်တော့ပေ။

လင်းရှန် မအံ့ဩပေ။ နေရောင်ခြည် ကျောက်စိမ်းသည် ပြင်းထန်စွာ ဒဏ်ရာရနေသော ကျင့်ကြံသူ သခင်ကို တစ်ရက်အတွင်း လုံးလုံး တိုးတက်လာစေနိုင်သည်။ 

သူသည် အနှစ်တစ်ထောင်သက်တမ်းရှိ မှော်အဆီအနှစ်သစ်သားဝိညာဉ်ကို ရှာဖွေဖို့ မြောင်ယို ခွန်အားပြန်လည်ရရှိရန်သာလိုအပ်သည်။

ဒါကို မြောင်ယိုက သဘာဝကျကျ နားလည်သည်။ ပြန်ကောင်းလာပြီးနောက် သူမက စကားတစ်ခွန်းမှ မပြောဘဲ လမ်းကို လျှောက်သွားခဲ့သည်။

လင်းရှန်က တိမ်တိုက်နဂါးကို စီးစဉ်တွင် သူမသည် သူမ၏ ဝိညာဉ်ရေးရာအနှစ်သာရကို အသက်သွင်းပြီး လေထဲတွင် ပျံသန်းသွားခဲ့သည်။ သူတို့နှစ်ယောက်လုံးသည် လျင်မြန်စွာ ရွေ့လျားကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တောင်အနည်းငယ်ကို ဖြတ်ကျော်သွားကြသည်။

လမ်းတွင် မြောင်ယို၏အမူအရာမှာ ဒေါသဖြစ်နေသည်။ သူမဘာတွေ တွေးနေလဲဆိုတာ ဘယ်သူမှမသိပေမယ့် ရံဖန်ရံခါမှာတော့ သူမဟာ လင်းရှန်ကို စူးစူးရဲရဲ အမူအရာနဲ့  စိုက်ကြည့်နေခဲ့သည်။

ဒါကို လင်းရှန်က သတိထားမိသည်။ သူက သူမကို လျစ်လျူရှုပြီး ဂရုစိုက်မနေတော့ပေ။

သူ၏ ခွန်အားနှင့် ဝိညာဉ် စာချုပ်အရ မြောင်ယိုဒုက္ခပေးမည်ကို စိတ်ပူစရာ မလိုပေ။

သိပ်မကြာခင်မှာ သူသည် ကျင့်ကြံသူသခင်ထံ တက်လှမ်းနိုင်တော့မည် ဖြစ်၍ စိုးရိမ်စရာ မလိုတော့ပေ။

သူတို့နှစ်ယောက်သည် ငြိမ်သက်ပြီး အရှိန်အဟုန်နဲ့ သွားနေကြသည်။

နှစ်နာရီခန့်အကြာတွင် မြောင်ယိုသည်  လင်းရှန်နှင့်အတူ တောင်စောင်းတွင်ရပ်ကာ လက်ပြလိုက်သည်။

“အဲဒီ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ မှော်အဆီအနှစ်သစ်သားဝိညာဉ်က တောင်ထိပ်ပေါ်မှာ ပုန်းအောင်းနေတာ။ ဒါပေမဲ့ အဲ့တာက  ပုံမှန်မဟုတ်ဘဲ ပါးနပ်ပြီး အနည်းငယ် လှုပ်ရှားရုံနဲ့ လွတ်မြောက်လိမ့်မယ် ။ ဖမ်းဖို့ မလွယ်မှာကို ငါကြောက်

တယ်”

"အဆင်ပြေပါတယ်" လင်းရှန်က တည်ငြိမ်စွာပြောသည်။ "မင်းငါ့ကို သူပုန်းအောင်းတဲ့နေရာကို ခေါ်သွားပေး”

မြောင်ယိုက သူမနှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ အနှစ်တစ်ထောင်သက်တမ်းရှိ မှော်အဆီအနှစ်သစ်သားဝိညာဉ်ကို ၎င်းတို့နှစ်ဦးတည်းဖြင့် ဖမ်းယူခြင်းထက် ပြောတာက လွယ်ကူသည်ဟု ပြောလိုတာပင်။

သို့သော်လည်း သူမသည် လင်းရှန်၏ အနှိုင်းမဲ့ ထူးဆန်းသော ကိုယ်ပွားခြောက်ကောင်ကို ရုတ်တရက် တွေးလိုက်ပြီး သူမ၏ ပါးစပ်မှ ထွက်တော့မည့် စကားလုံးများကို မျိုချလိုက်သည်။

အနှစ်တစ်ထောင်သက်တမ်းရှိ မှော်အဆီအနှစ်သစ်သားဝိညာဉ်သည် မည်မျှပင် ပါးနပ်နေပါစေ၊ ကျင့်ကြံသူ ခုနစ်ဦးမှ ရှစ်ဦးတို့ အတူတကွ လုပ်ဆောင်သရွေ့ ၎င်းကို လဝက်အတွင်း ဖမ်းဆုပ်နိုင်မည်ဖြစ်သည်။

လင်းရှန်နှင့် လူခြောက်ယောက်တို့သည် ချောမွေ့စွာ အတူတကွ လုပ်ဆောင်ကြမည်ဖြစ်သည်။ အနှစ်တစ်ထောင်သက်တမ်းရှိ မှော်အဆီအနှစ် သစ်သားဝိညာဉ်ကို ဖမ်းယူခြင်းသည် အချိန်ကာလတစ်ခုသာ ကြာမည် ဖြစ်သည်။

လင်းရှန်သည်  မြောင်ယို ဘာတွေတွေးနေမှန်းမသိပေ။ သူမကို လမ်းဆက်လျှောက်ဖို့ အချက်ပြတော့မယ့်အချိန်မှာ သူ့အမူအရာက ရုတ်တရက်ပြောင်းသွားပြီး တောင်ထိပ်

ဘက်ကို လှမ်းကြည့်လိုက်သည်။

မြောင်ယိုသည် သူမ၏ ပြင်းထန်သော ဒဏ်ရာများမှ အပြည့်အဝ ပြန်လည်ကောင်းမွန်မလာသေးတာကြောင့် တုံ့ပြန်မှုသည် အနည်းငယ် နှေးကွေးခဲ့သည်။ သူမသည် တောင်ထိပ်ကို မျှော်ကြည့်ကာ ပါးလွှာသော မျက်ခုံးမွှေးကို အနည်းငယ် ပင့်တင်လိုက်သည်။

“တစ်ယောက်ယောက်က တောင်ထိပ်မှာ တိုက်ခိုက်နေတယ်။ ရုန်းရင်းဆန်ခတ် ဖြစ်မှုကို အကဲဖြတ်ရရင် လူငါးယောက်ထက် ပိုမယ်ထင်တယ်။”

မြောင်ယို၏ စိတ်ထဲတွင် အတွေးတစ်ခု ချက်ချင်း ပေါ်လာသည်။

အနှစ်တစ်ထောင် မှော်အဆီအနှစ်သစ်သားဝိညာဉ်ကို ရှာဖွေတွေ့ရှိခဲ့ပြီ။

ထိုသို့သော ရတနာအတွက် ကျင့်ကြံသူ အများအပြားက တိုက်ပွဲဝင်မည်ဖြစ်သည်။

လင်းရှန်၏ အမူအရာမှာ မပြောင်းလဲဘဲ တောင်ပေါ်သို့ တည်ငြိမ်စွာ ပြေးတက်သွားခဲ့သည်။

"သွားကြည့်ရအောင်။"

မြောင်ယိုသည် ယခုအခိုက်အတန့်တွင် နောက်သို့ အမြန်လိုက်သွားခဲ့သည်။

တောင်ထိပ်သို့ နီးကပ်လာသည်နှင့်အမျှ တိုက်ပွဲများ ပြင်းထန်လာသည်။

လျင်မြန်သော လှုပ်ရှားမှုများနှင့် ပေါက်ကွဲသံများက လေထဲတွင် တဟုန်ထိုး တုန်ခါနေသည် ။

တောင်ထိပ်သို့ ရောက်သောအခါ လင်းရှန်နှင့် မြောင်ယိုတို့သည် ချက်ချင်း မထွက်ကြပေ။ အဲဒီအစား ပုန်းမဲ့နေရာကို ရှာပြီး စောင့်ကြည့်ကြသည်။

တစ်ချက်ကြည့်လိုက်တော့ လင်းရှန် အံ့သြသွားသည်။

သူထင်ထားသလိုပဲ တောင်ထိပ်ပေါ်က တိုက်ပွဲဟာ အနှစ်တစ်ထောင်သက်တမ်းရှိ မှော်အဆီအနှစ်သစ်သားဝိညာဉ်ကြောင့် ဖြစ်ပေါ်လာတာပင်။

လင်းရှန် အရင်ကမြင်ဖူးသည့် လက်ဖဝါးအရွယ် မှော်အဆီအနှစ်သစ်သားဝိညာဉ်နဲ့ ယှဉ်ရင် အနှစ်တစ်ထောင်သက်တမ်းရှိသည့် မှော်အဆီအနှစ် သစ်သားဝိညာဉ်က  ပိုပြီးကြီးမားတာ သေချာသည်။

မတ်တတ်ရပ်လျှင် တစ်မီတာလောက် မြင့်နိုင်သည်။ 

သူသည် လူသားကလေးတစ်ယောက်လိုပင် ဖြစ်နေပြီး အလွန်ချစ်စရာကောင်းသည်။

သို့သော်လည်း ယခုအချိန်တွင် အနှစ်တစ်ထောင်သက်တမ်းရှိ မှော်အဆီအနှစ်သစ်သားဝိညာဉ်သည် သံလှောင်အိမ်ထဲတွင် အကျဉ်းချခံနေရသည်။

သံလှောင်အိမ်သည် ရွှေရောင်ဖြစ်ပြီး အမည်မသိသတ္တုဖြင့် ပြုလုပ်ထားသည်။  သံတန်းများသည် လက်နှစ်ချောင်းခန့်သာ ကျယ်ပြီး ထိပ်ရှိ ချိတ်သည် သစ်ကိုင်းပေါ်တွင် ချိတ်ဆွဲထားသည်။ နှစ်တစ်ထောင်သက်တမ်းရှိ မှော်အဆီအနှစ်သစ်သားဝိညာဉ်သည် မည်သို့ပင် ရုန်းကန်ခဲ့ရပါစေ၊ သံလှောင်အိမ်အား ယိမ်းနွဲ့စေရုံမှတပါး၊  သူသည် မလွတ်မြောက်နိုင်ပေ။

“ဒါက သီးခြားရွှေလှောင်အိမ်။ အဲ့တာက အနှစ်သာရကို ခွဲထုတ်နိုင်စွမ်းရှိပြီး အတော်လေးမာကျောတယ် ။ ဒီလှောင်အိမ်ထဲမှာ ပိတ်မိနေသမျှ အနှစ်တစ်ထောင်သက်တမ်းရှိတဲ့  မှော်အဆီအနှစ်သစ်သားဝိညာဉ်ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် မြေအောက်မှာ မြှပ်နေနိုင်မှာ မဟုတ်ဘူး” 

မြောင်ယိုအသံကိုကြားတော့  လင်းရှန်က ခေါင်းညိတ်ပြီး တခြားနေရာကို ဆက်ကြည့်

သည် ။

အနှစ်တစ်ထောင်ကြာ မှော်အဆီအနှစ်သစ်သားဝိညာဉ်ကပဲ သူ၏ အံ့အားသင့်စရာ အကြောင်းပြချက် မဟုတ်ပေ။ အနှစ်တစ်ထောင်ကြာ မှော်အဆီအနှစ် သစ်သားဝိညာဉ်အတွက် တိုက်ပွဲဝင်နေသူတွေက တကယ့် အံ့အားသင့်စရာပင်။

ယခုအချိန်တွင် တောင်ထိပ်၌ တိုက်ပွဲဖြစ်ပွားသူ ၂၀ ကျော်ရှိနေပြီဖြစ်သည်။

တော်တော်များများက ရင်းနှီးတဲ့ မျက်နှာတွေပင်။

အလောင်းကောင်ဂိုဏ်း၊  ပျံသန်းခြင်းတိမ်တိုက်ဂိုဏ်းနှင့် သွေးပင်လယ်ဂိုဏ်း၏ တပည့်များပင်။

ရင်ရှန်းပင်း၊ ကွမ်းကျိုးနှင့် ရီစုဖန်တို့လည်း ထိုနေရာတွင် ရှိနေသည်။

လောင်ဝေ့ပြောခဲ့သော ကျွမ်းကျင်သူအားလုံးနီးပါးသည်း ဤနေရာတွင် စုရုံးခဲ့ကြသည်။

ထို့အပြင် အခြား ကျင့်ကြံသူ ဆယ်ဦးကျော် ရှိခဲ့သည်။

လောင်ဝေ့နဲ့ သူ့အနားက လူငယ်နှစ်ယောက်ပါပါသည်။

“လူတိုင်း ဒီမှာပါလား”

လင်းရှန်က သူ့ဘာသာ ရေရွတ်လိုက်သည်။

နှစ်တစ်ထောင်သက်တမ်းရှိ မှော်အဆီအနှစ်သစ်သားဝိညာဉ်  ဆိုတဲ့အတိုင်းပင်။ရွှမ်တု အစည်းအဝေးတွင် ကျွမ်းကျင်သူအားလုံးနီးပါးကို စုစည်းနိုင်လောက်အောင် ဆွဲဆောင်မှုရှိသည်။

လင်းရှန်း၏ဓားဖြင့် ဖြတ်တာခံရသော ရီစုဖန်၏ညာလက်သည်ပင် ပြန်လည်သက်သာနေပြီဖြစ်သည်။ ထိုအချိန်တွင် သူမသည် အနီရောင် ပိုးကြိုးရှည်ကြီးကို ဝှေ့ယမ်းကာ ကျင့်ကြံသူနှစ်ယောက်ကို တစ်ယောက်တည်း တိုက်ခိုက်နေသည်။

တစ်ဖက်တွင် အလောင်းကောင်ဂိုဏ်း၏ တပည့် သုံးဦးနှင့် ပျံသန်းခြင်းတိမ်တိုက်ဂိုဏ်းမှ သုံးဦးတို့သည် ပြင်းထန်သော တိုက်ပွဲတစ်ခုတွင် ပါဝင်ခဲ့ကြသည်။

အလောင်းကောင်ဂိုဏ်းမှ သုံးဦးသည် ၎င်းတို့ဘာသာ မတိုက်ခိုက်ခဲ့ပေ။ သူတို့သည် ဘေးနားတွင် ရပ်ကာ ပြိုင်ဘက်များကို တိုက်ခိုက်ရန် ထွားကျိုင်းပြီး ကြေးရောင်အရေခွံ့နဲ့ ရုပ်သေးခြောက်ယောက်အား  ထိန်းချုပ်ထားသည်။

အဲဒါတွေက အလောင်းကောင်ဂိုဏ်း၏ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရုပ်သေးရုပ်တွေပင်။

ပုံသဏ္ဍန်အားဖြင့် ၎င်းတို့သည် အလောင်းကောင်ဂိုဏ်း၏ ကြေးနီအလောင်းများ ဖြစ်သည်။  လင်းရှန်က သူ့ဘာသာ တွေးနေမိသည်။

သက်ရှိထင်ရှားရှိစဉ် အလောင်း၏ ကျင့်ကြံမှုအဆင့်နှင့် သန့်စင်မှုနည်းပညာအဆင့်ပေါ်မူတည်၍ အလောင်းဂိုဏ်း မှ သန့်စင်ထားသော ရုပ်သေးရုပ်များကို အဆင့်အမျိုးမျိုး ခွဲခြားထားသည်။

အပျော့ဆုံးကို ကျွန်အလောင်းကောင်လို့ခေါပြီး  ချီအသွင်ပြောင်းခြင်း အဆင့်မှာသာရှိသည်။

၎င်းတို့အထက်သည် သံအလောင်းဖြစ်သည်။ အလွန်အားကောင်းပြီး စိတ်ချရသည်။

အဲဒီအထဲက အပျော့ဆုံးက ကြာရှည်စွာအသက်ရှုခြင်း ပထမအဆင့်မှာ ရှိသည်။

All Chapters