← Chapters

နောက်ဆုံးရယ်မောပါ (၁)

Vol. 19 Ch. 291

နောက်ဆုံးရယ်မောပါ (၁)

Vol. 19 Ch. 291

ရုတ်တရက် ပြောင်းလဲမှုသည် တောင်ထိပ်ပေါ်ရှိ ချိန်ခွင်လျှာကို ရိုက်ခတ်သွားခဲ့သည်။

ဂိုဏ်းတပည့်ဖြစ်စေ နယ်လှည့်ကျင့်ကြံသူဖြစ်စေ တစ်ချိန်တည်းမှာပင် ရန်ဘက်များကို စွန့်လွှတ်ကာ ရွှေလှောင်အိမ်ဆီသို့ ပြေးသွားကြသည်။

အလောင်းကောင်ဂိုဏ်း၏ တပည့်များသည် ရှေ့သို့ အလျင်အမြန် သွားခဲ့ကြသည်။ ခေါင်းဆောင်က သူ့လက်ကို ဆန့်တန်းပြီး လှောင်အိမ်ကို ဖမ်းလိုက်သည်၊

ပစ်မှတ်ကို လက်ထဲမှာကိုင်ထားပြီး တပည့်က ဝမ်းသာအားရနဲ့ အော်လေသည်။

"သွားကြရအောင်”

သူတို့ သုံးယောက်သည် မဆိုင်းမတွ လှည့်ကာ တောင်ပေါ်မှ ပြေးဆင်းသွားကြသည်။

"ဘယ်ကိုသွားနိုင်မယ် ထင်လဲ"

ပျံသန်းခြင်းတိမ်တိုက်ဂိုဏ်း တပည့်တွေက သူတို့ကို ဖမ်းထားပြီးသားပင်။ သူတို့ သုံးယောက်က ဓားရှည်တွေကို ထုတ်ပြီး အလောင်းဂိုဏ်း၏ နောက်ကျောကို ဓားနဲ့ထိုးလိုက်သည်။

အနောက်မှလာသော ချွန်ထက်သည့် ဓားစွမ်းအင်ကို အာရုံခံမိတော့ အလောင်းဂိုဏ်း၏ တပည့်သုံးဦးသည် အနည်းငယ် ကြောက်ရွံ့သွားပြီး တိုက်ခိုက်မှုကို တားဆီးရန် လှည့်ကြည့်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

ဒီလိုနှောင့်နှေးမှုနဲ့အတူ တခြားသူတွေကပါ ချက်ချင်းဝိုင်းလာပြီး သူတို့သုံးယောက်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြသည်။ 

အရင်ကလို မြင်ကွင်းက ထပ်ပြီး ဖြစ်ခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ပစ်မှတ်က အလောင်းဂိုဏ်း၏ တပည့်တွေဆီကိုပင်။

ကြေးရုပ်အလောင်းခြောက်လောင်း၏အကူအညီဖြင့်ပင် အလောင်းဂိုဏ်းတပည့် သုံးဦးကို လူတိုင်း ယှဉ်နိုင်ရန်အလှမ်းဝေးနေသေးသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့မြေပြင်ကို ထိန်းမနိုင်သိမ်းမရဖြစ်သွားပြီး အန္တရာယ်ကြီးစွာနဲ့ ရင်ဆိုင်ခဲ့ရသည်။

ထိုအချိန်တွင် လေနုအေးသည် ရုတ်တရက် ဖြတ်တိုက်လာသည်။ ရွှေလှောင်အိမ် ကိုင်

ထားသည့် အလောင်းဂိုဏ်း၏ တပည့်က သူ့လက်ပေါ်က အလေးချိန် လျော့သွားတာကို ခံစားလိုက်ရသည်။  အောက်ကိုငုံ့ကြည့်လိုက်တော့ ရွှေလှောင်အိမ် မရှိတော့တာကို တွေ့လိုက်ရသည်။

“မဟုတ်ဘူး…တစ်စုံတစ်ယောက်က လုယူသွားတယ်” 

သူ့အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မီတာတစ်ရာအကွာမှ လေပြင်းတစ်ချက်ကို လျင်မြန်စွာ တွေ့ရှိခဲ့သည်။ လေထဲတွင် ပိန်ပိန်ပါးပါးပုံစံကို သူ ယောင်ဝါးဝါးမြင်နေရသည်။

"ရန်ရှင်းပင်း”

အလောင်းကောင်ဂိုဏ်း၏ တပည့်သည် အော်ဟစ်ပြီး ပြင်းထန်စွာ ရိုက်လိုက်သည်။ တခဏချင်းမှာပဲ သွေးအလင်းတန်းတွေ လင်းလက်လာပြီး သူ့ရှေ့က လမ်းကို ပိတ်ဆို့နေသည့် ပျံကျကျင့်ကြံသူတစ်ယောက်သည် ချက်ချင်း ခြောက်သွားသည့် အလောင်းကြီး ဖြစ်သွားပြီး မြေပေါ်လဲကျသွားသည်။

တပည့်သည် လူသေကို တစ်ချက်မျှပင် မသနားပေ။ ထက်မြက်သောဓားကဲ့သို့ ရန်ရှန်းပင်းနောက်သို့ လိုက်လေ၏။

တခြားသူတွေကလည်း ဒီအချိန်မှာ ဖြစ်ပျက်ခဲ့တာကို သဘောပေါက်ပြီး ရန်ရှန်းပင်းကို တိုက်ခိုက်ကြသည်။ 

"ကောင်းပြီ၊ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ မှော်အဆီအနှစ်သစ်သားဝိညာဉ်ကို ငါရပြီ “

ရန်ရှန်းပင်း၏ အရှိန်သည် လေကဲ့သို့ မြန်ပြီး လမ်းတစ်လျှောက်တွင် ကျေနပ်စွာ ရယ်မောသံများ ချန်ထားခဲ့လေသည်။

သို့သော် ပျော်ရွှင်မှုသည် ဝမ်းနည်းမှုအဖြစ်သို့ အလွယ်တကူ ပြောင်းလဲသွားနိုင်ကြောင်း လက်တွေ့တွင် သက်သေပြခဲ့သည်။ နောက်အခိုက်အတန့်တွင် ရယ်မောသံများ ရုတ်ခြည်း ရပ်တန့်သွားပြီး ဆူညံသော ညည်းတွားသံတစ်ခု ထွက်ပေါ်လာသည်။

ရန်ရှန်းပင်းသည် ရုတ်​တရက်​ရပ်​သွားပြီး သူ့ခန္ဓာကိုယ်​​ပေါ်ရှိ အလင်း​ရောင်​အလွှာသည်​ သာမန်​မျက်​စိဖြင့်​မြင်​နိုင်​သည့်​အရှိန်​ဖြင့်​ အလျင်​အမြန်​မှိန်​သွားသည်​။ သူ့ရင်ဘတ်ကို လှမ်းကိုင်လိုက်တော့ တောက်ပမှု လုံးဝမပျောက်ကွယ်မီ  သွေးများကို ဆုပ်ကိုင်လိုက်မိသည်။

အနီးကပ်လေ့လာကြည့်လျှင် အလင်းတန်းသည် အမှန်တကယ်ပင် တုနှိုင်းမရနိုင်သော ပြင်းထန်သည့် အဆိပ်ရှိသော အင်းဆက်ဖြစ်ကြောင်း တွေ့ရှိနိုင်ပေလိမ့်မည်။

ရန်ရှန်းပင်းက သူ့လက်ချောင်းတွေကို ဖျစ်လိုက်ပြီး အဆိပ်ရှိသည့် အင်းဆက်ကို ချက်ချင်း အသေသတ်ပစ်လိုက်သည်။

နောက်တစ်ကြိမ် မျှော်ကြည့်သောအခါတွင် မျက်နှာက ဖြူဖျော့ပြီး မျက်နှာအမူအရာမရှိသော လူသုံးယောက်သည် သူ့လမ်းကြောင်းကို ပိတ်ဆို့ထားကာ သူ့ကို တိုက်နေမှန်း သိလိုက်သည်။

"သွေးပင်လယ်ဂိုဏ်း”

အဆိပ်ရှိသော အင်းဆက်သည် သွေးပင်လယ်ဂိုဏ်း၏ ကျော်ကြားသော သွေးချည်မျှင်ကောင်ဖြစ်သည်ကို ရန်ရှန်းပင်က ရုတ်တရက် သဘောပေါက်

လိုက်သဖြင့် မျက်လုံးများပြူးကျယ်သွားသည်။

သူ့၏ သာလွန်အဆင့် မှော်လက်နက်ကိရိယာတစ်ခုဖြစ်သော ဝတ်ရုံက ချက်ချင်းပျက်စီးသွားသည်မှာ အံ့သြစရာမဟုတ်ပေ။

ရန်ရှန်းပင်းသည် ပျက်စီးသွားသော ၀တ်ရုံအတွက် ဝမ်းနည်းနေရန် အချိန်မရှိပေ။ သူသည် သွေးပင်လယ်ဂိုဏ်း၏ တပည့်သုံးယောက်ကို တိုက်ခိုက်ရန် ဓားရှည်ကို အမြန်ထုတ်လိုက်သည်။

သူသည်  ပျံကျကျင့်ကြံသူဖြစ်သော်လည်း အစွမ်းထက်သည်။ သူသည် နှစ်များစွာအတွင်း ဝှက်ဖဲများစွာကို စုဆောင်းထားခဲ့ပြီး တဦးချင်းတိုက်ပွဲတွင် လူသုံးဦးနှင့် ရင်ဆိုင်ရမည်ကို မကြောက်ခဲ့ပေ။

သို့သော်လည်း သူသည် ၎င်းတို့ သုံးဦးလုံးကို တိုက်ခိုက်ရန် လိုအပ်ပြီး  သူ၏ အစွမ်းထက် ကျော်လွန်သွားခဲ့သည်။

သူ့မျက်လုံးထောင့်ကနေ တခြားသူတွေလည်း ရောက်လာတာကို သူမြင်လိုက်ရသည်။  ရန်ရှန်းပင်းက ရင်တုန်သွားသည်။ လွတ်မြောက်ရန် အကောင်းဆုံးအခွင့်အရေးကို လွတ်သွားကြောင်း သူသိသည်။

သူသည် ရက်စက်ကြမ်းကြုတ်သော ကျင့်ကြံရေးလောကတွင် ရှင်သန်နိုင်သည့်ပျံကျ ကျင့်ကြံသွားသူဖြစ်ပြီး စေ့စပ်သေချာကာ ထက်မြက်သူဖြစ်ရမည်။ အခြေအနေကို အလှည့်အပြောင်းမလုပ်နိုင်တာကြောင့် သွားများအံကြိတ်ကာ လှောင်အိမ်ကို လွှင့်ပစ်လိုက်သည်။

သူကကွမ်ကျိုး၏ ဦးတည်ရာကို ပစ်ချလိုက်သည်။

ဒါကိုမြင်တော့ ကွမ်ကျိုးက ကျိန်ဆဲပြီး လှောင်အိမ်နဲ့ ဝေးအောင် နောက်ဆုတ်သွားသည်။

ရန်ရှန်းပင်းက ထက်မြက်ပေမယ့် ကွမ်ကျိုးလည်း မမိုက်မဲပေ။   ပျံကျကျင့်ကြံသူအနေနဲ့ လူတိုင်း၏ ဝိုင်းရံမှုအောက်မှာ အနှစ်

တစ်ထောင်ရှိသည့် မှော်အဆီအနှစ်သစ်သားဝိညာဉ်ကို ဖမ်းဆုပ်နိုင်မှာ မဟုတ်ဘူးဆိုတာ သူကောင်းကောင်းသိသည်။ သူ၏တစ်ခုတည်းသော မျှော်လင့်ချက်မှာ ပျက်စီးမှုရလဒ်ကို အခွင့်ကောင်းယူရန်ဖြစ်သည်။

ကွမ်ကျိုးဆုတ်ခွာသွားသောအခါ ရွှေလှောင်အိမ်သည် ပျံကျ ကျင့်ကြံသူအနည်းငယ်နှင့် ချက်ချင်းထိတွေ့သွားသည်။

ဒီလူတွေက အခြေအနေကို နားလည်ပေမယ့် လောဘဇောက နောက်ဆုံးမှာတော့ သူတို့၏ ဆင်ခြင်တုံတရားကို မျိုသိပ်ပစ်သည်။

ရွှေလှောင်အိမ်ကြီး ပျံဝဲနေတာကိုမြင်တော့ သူတို့က မလိုလားအပ်ဘဲ ပြေးလိုက်သွားကြသည်။

နောက်အခိုက်အတန့်တွင် စူးရှသောအသံတစ်ခုထွက်ပေါ်လာသည်။ ဓားစွမ်းအင် အစီအစဥ်များစွာသည် လျှပ်စီးကြောင်းကဲ့သို့ တိုက်ခိုက်ခဲ့ပြီး ပျံကျကျင့်ကြံသူများအား ထိုးဖောက်ဝင်ရောက်ခဲ့သည်။

ဓားစွမ်းအင်များထဲမှ တစ်စင်းသည် လေထဲတွင် လှည့်ပတ်ကာ ရွှေလှောင်အိမ်ထိပ်ရှိ ချိတ်ကိုဖြတ်ကာ  ပျံသန်းခြင်းတိမ်တိုက်ဂိုဏ်း၏ တပည့်လက်သို့ ရောက်သွားခဲ့သည်။

က်ထဲတွင် လှောင်အိမ်နဲ့အတူ ပျံသန်းခြင်းတိမ်တိုက်မှ တပည့်သုံးယောက်က ပျော်

ရွှင်သွားကြသည်။ အဲဒီလူတွေကို သတ်ပြီးရင် သူတို့ နည်းနည်းလေးမှ သနားစရာ မရှိချေ။

ဆွဲဆောင်မှုရှိသော အကျိုးခံစားခွင့်များနှင့် ရင်ဆိုင်ရသောအခါတွင် ပျံသန်းခြင်းတိမ်တိုက်ဂိုဏ်းဝင်များသည် ပျံကျ ကျင့်ကြံသူများကို နွေးထွေးစွာ ဆက်ဆံလေ့ရှိသော မျက်နှာဖုံးများကို ဆုတ်ဖြဲကာ အစွယ်များကို ပြကြလေသည်။

ပျံကျကျင့်ကြံသူများ သေဆုံးခြင်းနှင့်အတူ ဤဖရိုဖရဲတိုက်ပွဲသည် အပြင်းထန်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ဂိုဏ်းကြီးများမှ တပည့်များ၊ ဂိုဏ်းငယ်များမှ တပည့်များနှင့် ပျံကျကျင့်ကြံသူများ အချင်းချင်း အပြင်းအထန် တိုက်ခိုက်ကြသည်။

လူတိုင်းက တစ်ချိန်တည်းမှာ တိုက်ခိုက်နေတာပင်။

လှောင်အိမ်သည် အချိန်တိုအတွင်း ခုနစ်ကြိမ် သို့မဟုတ် ရှစ်ကြိမ်လောက် လက်ပြောင်းခဲ့သည်။

လက်ပြောင်းလိုက်တိုင်း လှောင်အိမ်ရရှိသူသည် လူတိုင်း၏ ပူးပေါင်းတိုက်ခိုက်မှု ပစ်မှတ်ဖြစ်လာမည်ဖြစ်သည်။

တောင်ထိပ်ပေါ်တွင် ဓားစွမ်းအင်၊ မှော်ပညာနှင့် ဓမ္မရတနာများသည် အဆုံးမရှိ ပျံ့နှံ့သွားသည်။ ရောင်စုံမီးလုံးများသည် မြင့်တက်လိုက် ပြိုကျလိုက် ကောင်းကင်၏အရောင်ကို ပြောင်းလဲစေသည်။

လျှို့ဝှက်ထောင့်တစ်ခုတွင် မြောင်ယိုသည် ထူးဆန်းသောအမူအရာဖြင့် အဝေးမှ တိုက်ပွဲကို ကြည့်လိုက်သည်။

ရွှေလှောင်အိမ်ဆီသို့ အပြေးအလွှားသွားကာ တောင်ထိပ်ပေါ်ရှိ ချိန်ခွင်လျှာကို တစ်ချက်တည်းချိုးဖျက်ပြီး လူတိုင်းကို ဖရိုဖရဲတိုက်ပွဲထဲသို့ ရောက်သွားစေသည့် ကိုယ်ပွါးတစ်ကောင်အား လင်းရှန်ဆင့်ခေါ်လိုက်သည်ကို သူမမြင်လိုက်ရသည်။

သူမအနေနဲ့ လင်းရှန် သည် အနှစ်တစ်ထောင်သက်တမ်းရှိ မှော်အဆီအနှစ်သစ်သားဝိညာဉ်ကို မည်သို့ရယူမည်ကို ကြည့်ချင်ခဲ့သည်။ ဒီလိုမျိုး အသုံးချမယ်လို့ သူမ မထင်ခဲ့ချေ။

All Chapters