← Chapters

နောက်ဆုံးရယ်မောပါ (၃)

Vol. 19 Ch. 293

နောက်ဆုံးရယ်မောပါ (၃)

Vol. 19 Ch. 293

ရန်ရှန်းပင်းနဲ့ တခြားနှစ်ယောက် ပြေးလာတာကိုမြင်တော့ အလောင်းကောင်ဂိုဏ်း၏ တပည့်နှစ်ယောက်က မထိတ်လန့်ပေ။  ယင်းအစား သူတို့မျက်နှာပေါ်တွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာသည်။

ပျံသန်းခြင်းတိမ်တိုက်ဂိုဏ်းနှင့် သွေးပင်လယ်ဂိုဏ်းကိုအနိုင်ယူဖို့တောင် သူတို့၏ဝှက်ဖဲများကို အသုံးပြုထားတာဆိုတော့ ဤလူသုံးယောက်ဆီမှ ကာကွယ်ရန် နည်းလမ်းမရှိပဲ ဘယ်နေပါ့မလဲ။

အေးစက်သော ရယ်မောသံနဲ့အတူ ဘယ်ဘက်ရှိလူက သူ့လက်ကောက်ဝတ်ကို လှန်လိုက်ရာ သူ့လက်ဖဝါးတွင် အခြားအရိုးကျောက်ပြားတစ်ခု ပေါ်လာသည်။ ပုံစံက အရင်ပုံစံနဲ့ အတူတူပင်။

ရန်ရှန်းပင်းနှင့် အခြားနှစ်ယောက်တို့သည် အရိုးကျောက်ပြားကို အံ့ဩစွာကြည့်ရင်း လမ်းတွင် ရပ်သွားကြသည်။

ဒါက အရင်ရုပ်အလောင်းတွေနဲ့ အတူတူပဲဖြစ်မလား။

လူသုံးယောက်၏ ထိတ်လန့်တုန်လှုပ်သော အကြည့်များအောက်တွင် အရိုးကျောက်ပြားသည်  အနက်ရောင်မြူဘောလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းက အရင်ကနဲ့အလွန်ဆင်တူပြီး ထွားကျိုင်းသည်။ ရုပ်သေးရုပ်က ခုန်ထွက်လာပြီး သူတို့ သုံးယောက်ကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ခဲ့သည်။

ရန်ရှန်းပင်းနှင့် အခြားနှစ်ယောက်က အံ့သြသွားကြသည်။

သွေးပင်လယ်ဂိုဏ်းနှင့် ပျံသန်းခြင်းတိမ်တိုက်ဂိုဏ်း၏ တန်ခိုးကြီးသော တပည့်ခြောက်ယောက်စလုံးသည် ထိုရုပ်သေးရုပ်ကြောင့် ရှုံးနိမ့်သွားကြသည်။ သူတို့သုံးယောက်က ဘယ်လိုလုပ် ပြိုင်ဘက်ဖြစ်နိုင်မလဲ။

စကားတစ်ခွန်းမှ မပြောဘဲ သူတို့က လှည့်ထွက်ပြေးသွားကြသည်။

ဒါကိုမြင်တော့ အလောင်းကောင်းဂိုဏ်းက တပည့်တွေက သူတို့ကို မလိုက်ပေ။ သူတို့၏ ပန်းတိုင်မှာ အနှစ်တစ်ထောင်သက်တမ်းရှိ မှော်အဆီအနှစ် သစ်သားဝိညာဉ်သာဖြစ်သည်။ ထိုပျံကျ ကျင့်ကြံသူတွေက အရေးမကြီးပေ။

အခြေ အနေက သိသိသာသာ ပြောင်းလဲသွားသည်။  မျက်စိတစ်မှိတ်အတွင်းမှာပဲ အလောင်းကောင်ဂိုဏ်းက အသာစီးရသွားသည်။  ၎င်းတို့သည် ပြင်းထန်စွာဒဏ်ရာရသည်အထိ သို့မဟုတ် ထွက်ပြေးသွားသည့်အထိ အခြားသူများကို ရိုက်နှက်ခြင်းဖြင့် အခြေအနေကို လုံးလုံးထိန်းချုပ်ထားပြီးဖြစ်သည်။

ဘေးနားက တိုက်ပွဲကို စောင့်ကြည့်နေကြသည့်တပည့်တွေနဲ့ ပျံကျ ကျင့်ကြံသူတွေက တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ရင်တွင်းထဲ သက်ပြင်းချရင်း နောက်ဆုံး မျှော်လင့်ချက် အနည်းငယ် ဆုံးရှုံးသွားကြသည်။

ဤအနှစ်တစ်ထောင်သက်တမ်းရှိ မှော်အဆီအနှစ်သစ်သားဝိညာဉ်သည် အလောင်းကောင်ဂိုဏ်းဆီသို့ ရောက်သွားပုံရသည်။

အလောင်းကောင်ဂိုဏ်းတပည့် သုံးယောက်က ပြုံးနေကြသည်။ တယောက်က လက်ကိုဆန့်ပြီး ဝှေ့ယမ်းလိုက်သည်။  ခြေလှမ်းအနည်းငယ် အလှမ်းဝေးတွင်ရှိသောသော ရွှေလှောင်အိမ်သည် မြေပြင်သို့လိမ့်ကာ သူ့ဆီသို့ ဖြည်းညှင်းစွာ ပျံသန်းသွားခဲ့သည်။

တိုက်ပွဲပြီးဆုံးသွားပြီဟု လူတိုင်းက ထင်နေကြချိန်တွင် လူတစ်ဦးသည် ကျောက်ဆောင်တစ်ခုအောက် အရိပ်ထဲမှ ခုန်ဆင်းလာသည်။

သူသည်  အလောင်းကောင်ဂိုဏ်း၏ တပည့်များနှင့် ရွှေလှောင်အိမ်ကြားတွင် ရပ်တည်နေခဲ့သည်။ သူ့လက်ကို ဆန့်တန်းပြီး ဆုပ်ကိုင်လိုက်သည်။

ထို့နောက် ချက်ချင်းပင် မဆိုင်းမတွ တောင်ပေါ်မှ ခုန်ဆင်းလိုက်သည်။

ဒီလိုဖြစ်လာမယ်လို့ ဘယ်သူမှ မျှော်လင့်မထားပေ။ သူတို့အားလုံး ထိတ်လန့်သွားကြသည်။

အလောင်းကောင်ဂိုဏ်းမှ တပည့်များ၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။

"သူ့ကို တားလိုက်”

အမိန့်ကိုကြားသောအခါ ထွားကျိုင်းသော ရုပ်သေးရုပ်သည် လှုပ်ရှားသွားပြီး ထိုလူဆီသို့ ခုန်ဆင်းသွားသည်။ တိုက်ခိုက်နေစဉ် ၎င်း၏လက်သီးသည် အနက်ရောင်ဓာတ်ငွေ့များ သယ်ဆောင်လာသည်။

ပြင်းထန်သော ထိုးချက်အား မြင်လိုက်ရသဖြင့် ထိုလူသည် လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။ တခဏချင်းမှာပဲ ဆယ်မီတာကျော်ရှည်သည့် ရွှေရောင်လက်ဖဝါးကြီးသည် ကောင်းကင်မှာ ပေါ်လာပြီး ထွားကျိုင်းသည့် ရုပ်သေးရုပ်ကို ပေါက်ကွဲသံကြီးနဲ့ အတူ လွင့်သွားစေသည်။

ဒီမြင်ကွင်းက လူတိုင်းကို အံ့အားသင့်သွားစေပြီး မျက်လုံးတွေ ပြူးကျယ်သွားသည်။

အလောင်းကောင်ဂိုဏ်း၏ ဒေါသကြီးသော တပည့်များပင် ထိုနေရာတွင် ကြောင်နေလေသည်။

အနှိုင်းမဲ့ အစွမ်းထက်သော ရုပ်သေးရုပ်ကို ထိုလူက တစ်ချက်တည်းတိုက်ထုတ်လိမ့်မည်ဟုမည်သူမျှ မမျှော်လင့်ထားပေ။

အလောင်းကောင်ဂိုဏ်း၏ တပည့်သုံးယောက်သည် အလွန်အံ့ဩသွားသဖြင့် ထိုလူကို လိုက်ရန်မေ့သွားကြသည်။ အာရုံတွေပြန်ရတဲ့အခါ အဲဒီလူဟာ အဝေးကို ပျောက်ကွယ်သွားပြီဆိုတာ သိလိုက်ရသည်။

သူတို့မျက်နှာတွေ ပြာဝေသွားကာ မျက်လုံးတွေက ဒေါသတွေနဲ့ တောက်လောင်နေသည်။

အနှစ်တစ်ထောင်သက်တမ်းရှိ မှော်အဆီအနှစ်သစ်သားဝိညာဉ်ကိုရရှိရန် မလွယ်ကူသော်လည်း တစ်စုံတစ်ယောက်သည် လမ်းခုလတ်တွင် ဝင်ရောက်စွက်ဖက်ခဲ့သည်။ သူတို့အနေနဲ့ ဘယ်လို ဒေါသမထွက်ဘဲ နေကြမလဲ။

သို့သော်လည်း သူတို့ ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ ၊ အဲဒီလူနောက်ကို မလိုက်ရဲကြချေ။

အနက်ရောင်ငွေရုပ်သေးရုပ်၏ ကျင့်ကြံမှုအဆင့်သည် ကျင့်ကြံသူသခင်တစ်ဦးနှင့် နီးစပ်သော်လည်း ထိုလူသည် ထိပ်တိုက်ရင်ဆိုင်မှုတွင် ၎င်းကို အနိုင်ယူနိုင်သည်။ အဲဒါ က မယုံနိုင်လောက်အောင်ပင်။ သူ့ကို လိုက်ဖမ်းလျှင် ကိုယ့်ကိုကိုယ် သတ်သေတာနဲ့အတူတူပင်။ 

အကယ်၍ ၎င်းတို့သည် အနက်ရောင်ငွေရုပ်သေးကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ရင်တော့ အနိုင်ရရန် အခွင့်အလမ်း ရှိသေးသည်။

ဂိုဏ်းအသေးမှ တပည့်များနှင့်  ပျံကျကျင့်ကြံသူများသည် ပြာကျနေသည့် မျက်နှာနဲ့ အလောင်းကောင်ဂိုဏ်း၏ တပည့်များကို ကြည့်ကာ အားလုံး အံ့သြသွားကြသည်။

ထိုလူသည် ရုတ်တရက် ခုန်ထွက်ပြီး အလောင်းဂိုဏ်း၏ တပည့်များထံမှ အနှစ်

တစ်ထောင်သက်တမ်းရှိ မှော်အဆီအနှစ်သစ်သားဝိညာဉ်ကို အောင်မြင်စွာ ဖမ်းယူနိုင်လိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားပေ။

အခု သူတို့ တွေးကြည့်တော့ ရုတ်တရက် ဟန်ချက် ပျက်သွားတာလည်း ထိုလူကြောင့်ပင် ဖြစ်နိုင်သည် ။

ပုစဉ်းရင်ကွဲတွေကို လိုက်ရှာနေသည့် ပိုးမွှားတစ်ကောင်အဖြစ် သူတို့အားလုံး အသုံးပြုခံခဲ့ရချေသည်။

သွေးပင်လယ်ဂိုဏ်းနှင့် ပျံသန်းခြင်းတိမ်တိုက်ဂိုဏ်းမှ တပည့်များသည် ထိုအချိန်တွင် အသိဝင်လာကြသည်။ သူတို့သည် အလောင်းကောင်ဂိုဏ်း၏ တပည့်များကို လှောင်ပြောင် ရယ်မောကာ ကြည့်နေကြသည် ။

၎င်းတို့သည် အနှစ်တစ်ထောင်သက်တမ်းရှိ မှော်အဆီအနှစ်သစ်သားဝိညာဉ်ကို မပိုင်ဆိုင်လိုက်ရသောကြောင့် အလောင်းကောင်ဂိုဏ်းအနေနဲ့ ဆုံးရှုံးသွားတာကိုလည်း သဘောကျကြနေကြသည်။

ထိုအချိန်တွင် သွေးပင်လယ်ဂိုဏ်းတပည့်တစ်ဦး၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေ၏ သူသည် ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ စီနီယာဖြစ်သူ၏ အနားသို့ ရောက်လာသည်။

“စီနီယာ အစ်ကို ချိုင်လျန့် အဲဒီလူကအရည်ပျော်ခြင်းကို သုံးလိုက်ပုံရတယ်။”

ချိုင်လျန့်သည် တခဏမျှ တုံ့ဆိုင်းသွားပြီး "ဟုတ်တယ်၊ အဲဒါ ဖြစ်နိုင်တယ်"

နေကိုးစင်းဂိုဏ်း၏ ရန်သူများအနေနှင့် နေကိုးစင်းဂိုဏ်း၏ ထူးခြားသော ကိုယ်ခံပညာဖြစ်သည့် အရည်ပျော်ခြင်းကို သိကြသည်။

သို့သော်  လမ်းကြောင်းအဆင့် အရည်ပျော်ခြင်းကိုအသုံးပြုသောအခါ လက်ဖဝါးကြီးသည် အနီရောင်ဖြစ်ပြီး ယခုလက်ဖဝါးသည် ရွှေဝါရောင်ဖြစ်နေသည်။ နှစ်ခုက အနည်းငယ် ကွဲပြားသည်။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် နည်းစနစ်က အလွန်ဆင်တူသည်။ ဒါကလည်း အရည်ပျော်ခြင်း ဖြစ်ရမည်။

"အခုစဉ်းစားကြည့်တော့ အဲဒီလူက ချွီခယ်ဘေးမှာ အရင်က ရပ်နေတဲ့  နေကိုးစင်းဂိုဏ်းတပည့်နှစ်ယောက်ထဲက တစ်ယောက်မဟုတ်လား"

နောက်ထပ် သွေးပင်လယ်ဂိုဏ်း၏ တပည့်တစ်ဦးသည် မျက်မှောင်ကြုတ်ကာ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

“ဒါပေမယ့် ဒါမဖြစ်နိုင်ဘူး။ အဲဒီလူက  ချွီခယ်ထက်ငယ်တယ်။ ဒီလို ထိတ်လန့်တုန်လှုပ်

စရာကောင်းတဲ့ ခွန်အားကို သူ ဘယ်လို ပြနိုင်မှာလဲ”

ချိုင်လျန့်နှင့် အခြားလူများမှာလည်း အနည်းငယ် အံ့သြသွားကြသည်။

ကျင့်ကြံသူသခင်အဆင့်အောက် အားကောင်းမောင်းသန် အတွင်းပိုင်းဂိုဏ်းဝင် တပည့်အားလုံးကို မှတ်မိသော်လည်း ထိုလူကို မသိပေ။

သူတို့ မှားသွားပြီလား? ထိုလူသည် နေကိုးစင်းဂိုဏ်းမှ မဟုတ်တာ ဖြစ်နိုင်လား။

"စီနီယာအစ်ကိုချိုင်၊  ကျွန်တော်တို့ ချွီခယ်နဲ့ တခြားသူတွေကို ရှာကြမလား။"

ချိုင်လျန့်က တုံ့ဆိုင်းသွားသည်။

၎င်းတို့သည် မှော်အဆီအနှစ်သစ်သားဝိညာဉ်ကို ရှာဖွေခြင်းအပြင် နေကိုးစင်းဂိုဏ်း တပည့်များကိုလည်း ရှာဖွေခဲ့ကြသည်။ ကံမကောင်းစွာပဲ ရွှမ်တုတောင်သည် ကြီးမားလွန်းသဖြင့် သူတို့ ဘာမှ ရှာမတွေ့သေးပေ။

အခုအချိန်မှာ သဲလွန်စတစ်ခုအရတော့ အဲဒီလူက အတော်လေးကြောက်ဖို့ကောင်းသည်။  အကယ်၍ ထိုလူသည်  နေကိုးစင်းဂိုဏ်း၏ တပည့်သာ ဖြစ်ပါက သူနောက်သို့ လိုက်သွားခြင်းသည် ကျားပါးစပ်ထဲကို သိုးငယ်ပို့လိုက်သလိုပင်။

ချိုင်လျန့်သည် မျက်မှောင်ကြုတ်ကာ ခဏလောက် စဉ်းစားနေလိုက်သည်။ သူစကားပြောခါနီးမှာ တစ်ခုခုမှားနေပြီဆိုတာ ရုတ်တရက် သိလိုက်ရသည်။ ထို့နောက် ခေါင်းကို မော့ပြီး ဘယ်ဘက်ကို ကြည့်လိုက်သည်။  အဲဒီမှာ တစ်စုံတစ်ယောက် ပေါ်လာတာကို တွေ့ရတော့ သူ အံ့ဩသွားသည်။

တခြားသူတွေကလည်း တစ်ခုခုမှားနေပြီဆိုတာသိပြီး မြန်မြန်သဘောပေါက်ပြီး သတိနဲ့ကြည့်လိုက်သည်။ 

ထိုလူသည် အသက် (၃၀)မှ (၄၀)ဝန်းကျင်ခန့်ရှိပြီး ကြမ်းတမ်းသော အသွင်အပြင်ရှိသည်။ မေးစေ့အောက်မှ မုတ်ဆိတ်မွေးက အပ်နဲ့တူပြီး ထွားကျိုင်းတဲ့လူပင်။ သူသည် သာမာန် ကျင့်ကြံသူ သခင်တစ်ယောက်လို မဟုတ်ဘဲ ဖိနှိပ်ချုပ်ချယ်သော အရိပ်အယောင်ဖြင့် ထိုနေရာတွင် ရပ်နေခဲ့သည်။

All Chapters