ဝိညာဉ်မဏ္ဍိုင်သွေးကြော ၁၀၈ခု (၁)
Vol. 19 Ch. 294
"ဟိုမှာဘယ်သူလဲ?" ချိုင်လျန့်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
လူတိုင်းကလည်း မော့ကြည့်ကာ ဖော်မပြနိုင်သော မျက်လုံးများဖြင့် ကြည့်ကြသည်။
၎င်းတို့သည် လှည့်ဖြားခြင်းခံခဲ့ရပြီးဖြစ်သောကြောင့် ရုတ်တရက်ပေါ်လာသည့် မည်သူကိုမဆို သတိထားကြသည်။
သူတို့သားကောင်ကို လုယက်ခံခဲ့ရသည့်အလောင်းကောင်ဂိုဏ်း၏ တပည့်တွေဟာ အနှိုင်းမဲ့ ဒေါသထွက်ခဲ့ကြသည်။ တောင်ထိပ်ကို လူတစ်ယောက် တိတ်တဆိတ်ရောက်လာတာကိုမြင်တော့ ခေါင်းဆောင် ယွီယိုချွမ်က ချက်ချင်း အေးစက်စွာ အော်လိုက်သည်။ သူသည် အရိုးလက်သည်းကိုထုတ်ပြီး မြှားကဲ့သို့ ကြမ်းတမ်းသောလူကို ပစ်လိုက်သည်။
သူ၏ ကျိန်စာတိုက်ထားသော အရိုးလက်သည်းသည် သာလွန်အဆင့် မှော်
လက်နက်တစ်ခုဖြစ်သည်။ သူ၏ ကျင့်ကြံမှုအဆင့်ဖြင့် သာမန် တောက်ပသော ဝင်ပေါက် နဝမအဆင့် ကျင့်ကြံသူသည် ၎င်းကို ထိပ်တိုက်ရင်မဆိုင်ဝံ့ကြပေ။
သို့သော် ထွားကျိုင်းသောလူသည် လုံးဝရှောင်တိမ်းခြင်းမရှိပေ။ အနည်းငယ် ရယ်မောလိုက်သည်။ ကျိန်စာတိုက်ထားသော အရိုးလက်သည်းများ ချဉ်းကပ်လာသောအခါတွင် သူသည် ရုတ်တရက် ပါးစပ်ကိုဖွင့်ကာ အနီရောင် မြူခိုးများ ထွက်လာခဲ့သည်။
ကျိန်စာတိုက်ထားသည့် အရိုးလက်သည်းနဲ့ အနီရောင် မြူခိုးတွေက ရုတ်တရက်ထိမိသွားသည် ။ ထိုအခါ သတ္တုချင်းတိုက်မိသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင် အနီရောင် မြူခိုးများက ရုတ်တရက် လှည့်ပတ်ကာ မျက်လုံးတစ်မှိတ်အတွင်း ကျိန်စာတိုက်ထားသော အရိုးလက်သည်းကို ပျက်ဆီးစေခဲ့သည်။
ဒါကိုမြင်တော့ လူတိုင်း ရင်တွေ တုန်သွားသလို ခံစားလိုက်ရသည်။
ဝိညာဉ်ရေးရာအနှစ်သာရ။
ထိုလူသည် ကျင့်ကြံသူ သခင်ဖြစ်သည်။
ယွီယိုချွမ်လည်း ထိတ်လန့်သွားသည်။ ဝဝနဲ့လူက သူ့ကိုကြည့်နေတာကိုမြင်တော့ ဦးရေပြားထုံသွားသလို ခံစားလိုက်ရပြီး ညည်းညူမိလေသညိ။
သူဘာလို့ ဒီလောက် ခေါင်းရှုပ်နေရတာလဲ။ သူသည် ထိုလူ၏ ခွန်အားနှင့် ကျင့်ကြံမှုကိုပင် မသိဘဲ အရူးအမူး တိုက်ခိုက်ခဲ့သည်။
ကျင့်ကြံသူသခင်ကို စော်ကားခြင်းသည် ဟာသမဟုတ်ပေ။
သူ အံ့သြသွားသလို ထွားကျိုင်းသောလူ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။ သူ၏ အေးစက်သော အကြည့်များက လူတိုင်းကို ဖြည်းညှင်းစွာ ဖြတ်ကျော်သွားသည်။
"အလောင်းကောင်ဂိုဏ်း၊ သွေးပင်လယ်ဂိုဏ်းနဲ့ ပျံသန်းခြင်းတိမ်တိုက်ဂိုဏ်း။ အရှေ့ပင်လယ်လမ်းရဲ့ အကျော်ကြားဆုံး ဂိုဏ်းကြီးသုံးခုက ဒီကို တပြိုင်နက် စုရုံးလာကြတယ်။ ဒါက ဘယ်လောက်အသက်ဝင်လိုက်လဲ”
ယွီယိုချွမ်သည် သူ၏ ထိတ်လန့်မှုကို ထိန်းထားပြီး ငြိမ်သက်ဟန်ဆောင်သည်။ "မင်းနာမည်ကို သိလို့ရမလား"
ထွားကျိုင်းသောလူက သူ့ကို ငုံ့ကြည့်ကာ အေးစက်စွာပြောသည် "မင်းဒါကိုသိဖို့ အဲ့လောက်အရေးမပါဘူး”
ယွီယိုချွမ်၏မျက်နှာသည် ချက်ချင်းနီမြန်းသွားသည်။ သူ့စိတ်ထဲတွင် ဒေါသတကြီး ဖြစ်နေသော်လည်း သူစကားမပြောမီတွင် ကြမ်းတမ်းသော မျက်နှာထားနဲ့လူက သူ့လက်ကို မြှောက်ထားသည်ကို တွေ့လိုက်ရသည်။ အလင်းတန်းတစ်ခုသည် လျှပ်စီးကဲ့သို့ ချက်ချင်းပင် လင်းထိန်သွားသည်။ သူ မတုံ့ပြန်နိုင်ခင်မှာ ရုတ်တရက် သူ့ရင်ဘတ်ထဲကို ဝင်သွားပြီး ပျောက်သွားသည်။
ယွီယိုချွမ်အမူအရာက ပြောင်းလဲသွားပြီး အော်ဟစ်နေသည်။
"မင်းငါ့ကို ဘာလုပ်လိုက်တာလဲ"
ထွားကျိုင်းသောလူက သူ့ကို ဂရုမစိုက်ပေ။ သူသည် သူ့လက်ကို ထပ်ခါထပ်ခါ မြှောက်လိုက်ပြီး တခဏချင်းမှာပဲ အလင်းတန်း မှိန်မိန်ဆယ်စင်းကျော်သည် တစ်ယောက်ပြီးတစ်ယောက်ကို ပစ်ခတ်ကာ အခြားသူများကို တိုက်ခိုက်လေသည်။
ထိတ်လန့်တကြား ရှောင်တိမ်းရင်း လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားသည်။
မည်သို့ပင်ဆိုစေကာမူ အလင်းရောင်ကို ရှောင်ခြင်းမှ မလွတ်မြောက်နိုင်ပေ။
ကိုယ်ခံပညာနှင့် ဓမ္မရတနာများသည်ပင် မှိန်ဖျော့ဖျော့အလင်းရောင်ကို ခံနိုင်ရည်မရှိပေ။
မကြာမီ လူတိုင်းကို ထိမှန်သွားပြီး မှိန်ဖျော့ဖျော့အလင်းရောင်သည် သူတို့၏ရင်ဘတ်ထဲသို့ နစ်မြုပ်သွားခဲ့သည်။
သူတို့ အံသြသွားသလို သနားစရာကောင်းတဲ့ အော်သံကို ကြားလိုက်ရသည်။
လှည့်ကြည့်လိုက်တော့ ယွီယိုချွမ်က မြေပြင်ပေါ်မှာ လဲနေတာကို တွေ့လိုက်ရသည် ။ သူ့တစ်ကိုယ်လုံး ပြုတ်ထားသော ပုဇွန်ဘောလုံးတစ်လုံးအဖြစ် ကွေးကောက်သွားသည်။ မျက်နှာ၊ လည်ပင်းနှင့် လက်မောင်းတို့မှ အပြာရောင်သွေးပြန်ကြောများ ထွက်လာသည်။ သူ့အရေပြားအောက်မှာ တစ်ခုခု တဖျပ်ဖျပ်ခတ်နေသလိုမျိုး တွန့်လိမ်နေသည်။
"မင်းတို့အားလုံး ငါ့ရဲ့ ဝိညာဉ်တိုက်စားမှု အင်းဆက်တွေရဲ့ ဒဏ်ကို ခံရပြီ”
ကြမ်းတမ်းသောလူ၏ အေးစက်သောအသံသည် ငရဲမှဆင်းသက်လာသကဲ့သို့ ခံစားရပြီးအားလုံးကို ရင်တုန်စေသည်။
“ငါ့အထင် မင်းရဲ့ခန္ဓာကိုယ်ထဲက အင်းဆက်ပိုးကောင်တွေက စတင်လုပ်ဆောင်ပြီး မင်းရဲ့ဝိဉာဉ်မဏ္ဍိုင်သွေးကြောတွေကို ကိုက်စားလိမ့်မယ်။ အဲ့ဒီအခါ မင်းနာကျင်မှုကို ခံရရုံသာမကပဲ ဝိဉာဉ်သွေးကြောကိုလည်း ဆုံးရှုံးရမှာ။ ပြန်
စုစည်းဖို့ကြိုးစားရင်တောင် ပြန်မရနိုင်တော့ဘူး”
ဒီစကားကို ပြောပြီးတာနဲ့ အားလုံးမျက်နှာတွေ နီရဲသွားသည်။
ဝိညာဉ်မဏ္ဍိုင်သွေးကြောတစ်ခုဆုံးရှုံးပြီး ဘယ်သောအခါမှ ပြန်လည် မရရှိနိုင်ခြင်းသည် ၎င်းတို့ကျင့်ကြံမှုအဆင့်၏ တိုးတက်နိုင်သည့် ကန့်သတ်ချက်ကို လျှော့ချခြင်းနှင့် ညီမျှသည်။
နာကျင်မှုနဲ့ ယှဉ်ရင် ဒါက ပိုပြီး ထိတ်လန့်စရာကောင်းမှာ သေချာသည်။
နောက်ဆုံးတွင် သူတို့သည် ဝိညာဉ်မဏ္ဍိုင်သွေးကြောများကို ပုံဖော်ရန်အတွက် မှော်အဆီအနှစ်အရည်ကိုရယူရန် ရွှမ်တုအစည်းအဝေးသို့ လာခဲ့ကြသည်။ ဝိညာဉ်
မဏ္ဍိုင်သွေးကြော၏ အမြင့်ဆုံးကန့်သတ်ချက်ကို လျှော့ချလိုက်သည့်
အချက်အား ၎င်းတို့ မည်သို့ ခံနိုင်ပါ့မလဲ။
အင်းဆက်တွေ နောက်ထပ်အကြိမ် တိုးပွားလာပါက သူတို့တစ်သက်လုံး ကျင့်ကြံသူသခင်များ ဖြစ်မလာနိုင်တော့ပေ။
ထိုလူက သူတို့ကို လိမ်တာပဲဖြစ်ဖြစ် ၊ ဖြစ်နိုင်ချေက အရမ်းနည်းသည်။ ယွီယိုချွမ် ပြန်လည်ကောင်းမွန်လာပြီးနောက် သူ့ဝိညာဉ် မဏ္ဍိုင်သွေးကြော အမှန်တကယ် လျော့နည်းသွားခြင်း ရှိမရှိကို သိနိုင်မည်ဖြစ်သည်။
သူ အသိပြန်ဝင်လာသောအခါ ချိုင်လျန်က "အကို၊ ကျွန်တော်တို့က အလောင်းဂိုဏ်းထဲက လူသုံးယောက်နဲ့ အတူတူမဟုတ်ပါဘူး”
သူဆိုလိုသည်မှာ “ အကို့ကို စော်ကားတာအလောင်းကောင်ဂိုဏ်းပဲ။ တစ်ယောက်ယောက်ကို အပြစ်ပေးချင်ရင် သူတို့သုံးယောက်ကို အပြစ်ပေးပါ။ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး။”
သို့သော်လည်း ထွားကျိုင်းသောလူက သူ့ကို စိုက်ကြည့်ကာ ရယ်မောလိုက်သည်။ “လူသားနဲ့ နတ်ဆိုးတွေက ညှိနှိုင်းလို့မရပါဘူး။ ငါမင်းကို သတ်ရင်တောင် ငါ ဖြောင့်မတ်တယ်လို့ ခံစားရတယ်။”
ဒါကိုကြားတော့ လူတိုင်း အံ့ဩသွားကြသည်။ ဘာကိုဆိုလိုသည်ကို သူတို့သိလိုက်သောအခါတွင် သူတို့၏မျက်နှာများသည် အရောင်ဖျော့သွားကြသည်။
သူ့ရှေ့ကလူက တကယ်ပဲ နတ်ဆိုး ကျင့်ကြံသူလို့ သိလိုက်ရသည်။
လူသားများနှင့် နတ်ဆိုးများသည် တစ်ဦးနှင့်တစ်ဦး အမြဲတမ်း သဘောမကျခဲ့ကြပေ။ နတ်ဆိုးကျင့်ကြံသူ၏လက်သို့ ကျရောက်ခဲ့မည်ဆိုလျှင် ကောင်းစွာ အဆုံးမသတ်ဖူးဆိုတာကို သူတို့သိသည်။
ဒါကို တွေးလိုက်တိုင်း လူတိုင်း၏နှလုံးသား နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။
ဤအခိုက်အတန့်တွင် ထွားကြိုင်းသောလူက ရုတ်တရက် ချိုင်လျန့်ကို လက်ညှိုးထိုးပြပြီး “မင်း ဒီမှာ ဘာဖြစ်တာလဲ ငါ့ကို ပြောပြပါ” ဟု အေးစက်စွာ ပြောလိုက်သည်။
ချိုင်လျန့်သည် သတိလစ်နေပြီဖြစ်သော ယွီယ်ုချွမ်ကို ကြည့်လိုက်သည်။ သူက တံတွေးမျိုချလိုက်ပြီး ဇာတ်လမ်းကို နာခံစွာ ပြောပြတော့သည်။
ဒီစကားကိုကြားတော့ လူကြမ်းကြီးက မျက်မှောင်ကြုတ်သွားသည်။
သူသည် ဤနေရာတွင် မြောင်ယိုကျန်ခဲ့သော အရောင်အဝါနောက်သို့ လိုက်လာခဲ့တာပင်။ မြောင်ယိုက ဒီလူတွေကို ဒဏ်ရာရစေခဲ့တယ်လို့ သူထင်ခဲ့ပေမယ့် ချိုင်လျန့်ဖော်ပြချက်အရတော့ ဒီလို မဟုတ်ပေ။
အနှစ်တစ်ထောင်သက်တမ်းရှိသော မှော်အဆီအနှစ်သစ်သားဝိညာဉ်ကို လုယူခဲ့သော ကျင့်ကြံသူသည် လူငယ်တစ်ဦးဖြစ်ပြီး အမျိုးသမီးတစ်ဦး မဟုတ်ပေ။ ထို့အပြင် သူ၏ ကျင့်ကြံမှုသည် ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်သို့ မရောက်သေးပေ။
“ဒါပေမယ့် ဒီဧရိယာမှာ မြောင်ယိုရဲ့ အရိပ်အယောင်တွေ ရှိနေတယ်။ အဲဒီလူက သူနဲ့ ကြံရာပါ ဖြစ်နိုင်မလား"
ထိုလူ၏မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ပင်။
မြောင်ယိုနောက်ကို တလမ်းလုံး လိုက်ခဲ့ပေမဲ့ ကြံရာပါကို မတွေ့ခဲ့ချေ။
သို့သော် ထိုလူသည် ဤရက်အနည်းငယ်အတွင်း သူမ ထိန်းချုပ်ခဲ့သော ကျင့်ကြံသူ ဖြစ်နိုင်သည်။
အမှန်တော့ သူသည်သာ လူသားကျင့်ကြံသူများကို နှောင့်ယှက်နှိမ်နှင်းနိုင်သူ မဟုတ်ပေ။