← Chapters

ဝိညာဉ်မဏ္ဍိုင်သွေးကြော ၁၀၈ခု (၂)

Vol. 19 Ch. 295

ဝိညာဉ်မဏ္ဍိုင်သွေးကြော ၁၀၈ခု (၂)

Vol. 19 Ch. 295

ဘာပဲဖြစ်ဖြစ် သူ ဆက်ပြီး လိုက်နေဖို့ပဲ လိုတော့သည်။

မြောင်ယိုကို အမှီမလိုက်နိုင်ရင်တောင် အဲဒီလူငယ်ကို  ဖြုတ်ချနိုင်ရင် ကျေနပ်နေမည်ပင်။

နှစ်တစ်ထောင်သက်တမ်းရှိ မှော်အဆီအနှစ်သစ်သားဝိညာဉ်သည် ကောင်းမွန်သောအရာ ဖြစ်သည်။ သူ အသုံးမချနိုင်ပေမယ့် သူ့သားစဉ်မြေးဆက် ဂျူနီယာတွေကို ပေးနိုင်သည်။ သူတို့သည် ကျင့်ကြံသူသခင်ဖြစ်အောင် ကျင့်ကြံနိုင်သည် ။

ဒါကို တွေးပြီး ထွားကျိုင်းတဲ့လူက သူ့စိတ်ကို ဆုံးဖြတ်လိုက်သည်။  သူ့လက်ကို မြှောက်လိုက်ပြီး လူတိုင်းကို ကြည့်ကာ ရယ်မောလိုက်သည်။

သူသည် ရွှမ်တုတောင်အစည်းအဝေးတွင်ပါဝင်ခဲ့ပြီး ထိုမျှလောက်သော လူ့အထက်တန်းစားများစွာကို တစ်ပြိုင်နက်ဖမ်းယူရန် အခွင့်အရေးရခဲ့သည်။

ဝိညာဉ်တိုက်စားခြင်းပိုးကောင်တွေကို ပြုစုပျိုးထောင်ဖို့က မလွယ်ပေ။ သူသည် ၎င်းတို့ကို အသုံးပြုကတည်းက အကောင်းဆုံးအသုံးချနိုင်ခဲ့သည်။

မြောင်ယိုသည် အလွန်ပါးနပ်သည်။ ဤအပေါင်းအသင်းများ၏အကူအညီဖြင့် သူမကိုဖမ်းရန်ပိုမိုလွယ်ကူသွားသည်။

ချိုင်လျန့်နှင့် အခြားလူများသည် ထွားကျိုင်းသောလူ၏ ဝိညာဉ်တိုက်စားမှု အင်းဆက်ထိန်းချုပ်တာကိုခံနေရချိန်တွင် လင်းရှန်သည် တောင်ထိပ်မှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

လမ်းတစ်လျှောက် သူက မရပ်ခဲ့ပေ။ ရပ်နားဖို့ နေရာမရောက်မီ ကီလိုမီတာ တစ်ရာနီးပါး ပျံသန်းခဲ့သည်။

တိတ်ဆိတ်သောဂူကို ရှာတွေ့ပြီးနောက် လင်းရှန်သည် ရွှေလှောင်အိမ်အား ကောက်ယူကာ တုန်လှုပ်နေသော နှစ်တစ်ထောင်သက်တမ်းရှိ မှော်အဆီအနှစ်သစ်သားဝိညာဉ်ကို ရွှင်လန်းစွာ ကြည့်ရှုခဲ့သည်။

ဤသစ်သားဝိညာဉ်၏ အရွယ်အစားကို တွက်ချက်ကြည့်လျှင် ၎င်းသည် သူ့အား ကျင့်ကြံသူသခင်ဖြစ်လာစေရန် လုံလောက်သည်ထက် များစွာပိုသော မှော်အဆီအနှစ်အရည်အများအပြားကို ရနိုင်မည်ဖြစ်သည်။

သူပျော်နေတဲ့အချိန်မှာ ဂူအပြင်ဘက်ကနေ အသံတစ်ခုကြားလိုက်ရသည်။

လင်းရှန် မအံ့ဩပေ။ သူ မော့ကြည့်လိုက်တော့  မြောင်ယိုက လှပစွာ လျှောက်လာတာကို တွေ့လိုက်ရသည်။

ဝိညာဉ်စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် သူတို့ သိပ်မဝေးသရွေ့ မြောင်ယို၏တည်နေရာကို အချိန်တိုင်း ခံစားသိရှိနိုင်မည်ဖြစ်သည်။ ဂူထဲသို့ရောက်သည်နှင့် ချက်ချင်းပင် သူမကို သတိထားမိသည်။

“ထွက်သွားပြီး အပေါက်ကိုစောင့်နေ”  လင်းရှန်က ရုတ်တရက်ပြောလိုက်သည်။

မြောင်ယို စိတ်ရှုပ်သွားသည်။

နောက်ဆုံးတွင် သူမမှာ ဒဏ်ရာများနဲ့တောင် ဂူထဲသို့ ဝင်လာသည်နှင့် သူမကို နှင်ထုတ်ခဲ့သည်။ ဒါကဘအတော်ဆိုးဆိုးပါလား

သို့သော်လည်း  မြောင်ယိုသည် သူဘာကိုဆိုလိုသည်ကို မကြာမီ သဘောပေါက်သွားခဲ့သည်။ သူမ မျက်ခုံးမွှေးလေးကို အနည်းငယ်မော့ပြီး လင်းရှန်၏ တင်းမာသောမျက်နှာကို စိုက်ကြည့်နေသည်။

"ဝိဉာဉ်သွေးကြောကို ပုံဖော်တော့မှာလား။"

ယခင်က သူသည် ဝိညာဉ်မဏ္ဍိုင်သွေးကြောအရေအတွက်ကို တိုးမြှင့်ရန် ရည်ရွယ်ခဲ့သော်လည်း နောက်ပိုင်းတွင် သူသည် အတားအဆီးကိုဖောက်ထွက်ပြီး ကျင့်ကြံသူသခင်ဖြစ်လာရန် ရည်မှန်းထားသည်။

အကယ်၍ ၎င်းသည် ဝိညာဉ်မဏ္ဍိုင်သွေးကြောများကိုသာ ပုံဖော်မည်ဆိုပါက လင်းရှန်သည် သူမအား ဖယ်ခိုင်းရန် မလိုအပ်ပေ။

လင်းရှန်သည် မြောင်ယိုကို စိုက်ကြည့်ကာ ဘာမှပြန်မပြောပေ။ သူ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

ကျင့်ကြံသူသခင်ထံ တက်လှမ်းရန် အခြေအနေများ ပြည့်မီနေပြီဖြစ်သောကြောင့် နှောင့်နှေးနေစရာ မလိုတော့ပေ။

ရွှမ်တုတောင်တွင် သူ့အသက်ကို ခြိမ်းခြောက်နိုင်သည့် အန္တရာယ်မရှိနေတာမျိုး မဟုတ်ပေ။ စောစောစီးစီး ဖြတ်ကျော်လေလေ အန္တရာယ်ကင်းလေလေဖြစ်သည်။

လင်းရှန်၏ စကားကိုကြားတော့မြောင်ယို၏ နှလုံးသည် ခုန်တက်သွားပြီး သူမ၏ မျက်လုံးများတွင် ထူးဆန်းသော အရိပ်တစ်ခု လင်းလက်လာသည်။

သူမသည်  လင်းရှန်နှင့် ယခင်က တိုက်က်ခိုက်သောအခါတွင် လင်းရှန်သည် ဝိညာဉ်

မဏ္ဍိုင်သွေးကြော မည်မျှကို ပုံဖော်ခဲ့သည်ကို အလွန်သိချင်နေခဲ့သည်။

ယခုအချိန်အထိ သူမတိုက်ခိုက်ခဲ့သော ကျင့်ကြံသူများထဲတွင် ဝိညာဉ်မဏ္ဍိုင်သွေးကြောအရေအတွက်မှာ အများဆုံး သုံးဆယ်ကျော်ထိသာ ရှိကြသည်။

လင်းရှန်၏ ခွန်အားသည် ထိုလူတွေထက် ထက်မြက်လွန်းသည် ။

နှိုင်းယှဉ်လို့ပင် မရပေ။

"အဲဒါကိုကြည့်ရင် လင်းရှန်မှာဝိညာဉ်မဏ္ဍိုင်သွေးကြောလေးဆယ်ထက် မနည်းဘူး”

"သူက မှော်အဆီအနှစ်အရည်ကို လိုအပ်နေသေးတဲ့အတွက် ဒါက သူ့ရဲ့ ဝိညာဉ်မဏ္ဍိုင်သွေးကြော ကန့်သတ်ချက်တွေကို မရောက်သေးဘူးလို့ ဆိုလိုတာပဲ”

မြောင်ယိုက ဒီအကြောင်းကို ပိုတွေးလေလေ သူမ ပိုတုန်လှုပ်လာလေလေပင်။

ထိုအခြေအနေတွင် လင်းရှန်သည် ကန့်သတ်ချက်ဖြစ်သော ဝိညာဉ်မဏ္ဍိုင်သွေးကြော ၄၅ခု သို့ရောက်ရှိနိုင်သည်ဟု ဆိုလိုတာ မလား။ 

အဲဒါက ပထမတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြောပင်။

လွန်ခဲ့သည့်နှစ်ပေါင်း(၃၀)မှ (၄၀) အတွင်း အရှေ့ပင်လယ်လမ်းတစ်ခုလုံးတွင် မည်သူမျှ ပထမတန်းဝိညာဉ်မဏ္ဍိုင်သွေးကြောကို မရခဲ့ကြပေ။

သို့သော်လည်း ဒုတိယအတွေးအရ တောက်ပသောဝင်ပေါက်အဆင့်မှ တစ်စုံတစ်ယောက်သည် ကျင့်ကြံသူ သခင်နှင့် ယှဉ်နိုင်သော ခွန်အားရှိသည်ကို မကြားမိချေ။

ပထမတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြောကို ပုံဖော်ဖို့က ဤကဲ့သို့ ခွန်အားရှိသူအတွက် ထူးဆန်းပုံမပေါ်ချေ။

မြောင်ယိုမှာ ခံစားချက်တွေ ပြည့်နှက်နေသည်။

"ဘာဖြစ်တာလဲ?"

လင်းရှန်၏အသံကိုကြားတော့  မြောင်ယိုသည် ရုတ်တရက် အသိဝင်လာပြီး ခေါင်းကို အမြန်ခါလိုက်သည်။

"ဘာမှမဟုတ်ပါဘူး”

သူပြောပြီးသည်နှင့် ဒေါသလှိုင်းကို ခံစားလိုက်ရသည်။ သူမသည် ဂုဏ်သိက္ခာရှိသော ကျင့်ကြံသူ သခင်ဖြစ်သည်။  သူမအနေနဲ့ ဘယ်လိုတောင် ဂျူနီယာရှေ့တွင် တည်ငြိမ်မှု ပျက်ပြားသွားရတာလဲ။ 

ဒီလူက သူမနဲ့ ဝိညာဉ်စာချုပ်ချုပ်ထားရင်တောင် မဖြစ်သင့်ပေ။

အဆုံးတွင်  လင်းရှန်သည် သူမအား ယိမ်းယိုင်စေသော ပထမတန်းဝိညာဉ်မဏ္ဍိုင်သွေးကြောကို ရရှိရန် အခွင့်အလမ်း မြင့်မားသောကြောင့်ဖြစ်သည်။

နောက်ဆုံးမှာတော့ အနာဂတ်တွင် ကြီးကြီးမားမားပြောင်းလဲမှုများမရှိသရွေ့ 

ပထမတန်းဝိညာဉ်မဏ္ဍိုင်သွေးကြောနှင့်အတူ ကျင့်ကြံသူသခင်ဖြစ်လာသော ကျင့်ကြံသူသည် မှော်အလင်းအဆင့်သို့ ကျိန်းသေပေါက် ဖြတ်ကျော်သွားမည်ဖြစ်သည်။

မှော်အလင်းအဆင့်အထက်ရှိ ကျင့်ကြံသူအားလုံးသည် အရှေ့ပင်လယ်လမ်းကြောင်း၏ ထင်ရှားကျော်ကြားသော တန်ခိုးကြီးသူများ ဖြစ်သည်။

သူတို့ ခြေထောက်ကို  လှုပ်ခါလိုက်ရင်ပင် အရှေ့ပင်လယ်လမ်း တစ်ခုလုံး တုန်လှုပ်သွားလိမ့်မည်ပင်။

စိတ်ခံစားချက်တွေကို နှိမ့်ချရင်း  မြောင်ယိုက လင်းရှန်ကို စူးစူးရဲရဲ ငေးကြည့်ကာ ဂူထဲက လှည့်ထွက်သွားသည်။

လင်းရှန်က ဂရုမစိုက်ပေ။ သူ့အာရုံစူးစိုက်မှုက အနှစ်တစ်ထောင်သက်တမ်းရှိ မှော်အဆီအနှစ်သစ်သားဝိညာဉ်တွင်သာ ရှိခဲ့သည်။

မြောင်ယိုထွက်သွားပြီးနောက် သူသည် ထိုလှည့်ကွက်ကို ထပ်မံအသုံးပြုပြီး  

မှော်အဆီအနှစ်သစ်သားဝိညာဉ်ကို ထွက်ခွာခွင့်မပြုမီ အနှစ်တစ်ထောင်ရှိသော မှော်အဆီအနှစ်အရည်ကို လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။

အနှစ်တစ်ထောင် သက်တမ်းရှိ အဆီအနှစ်သစ်သားဝိညာဉ်သည် သူ၏ သာမန် မျိုးနွယ်စုများထက် ပိုမို ထက်မြက်သည်။ သူသည် အခြားသူထံ အသနားခံရတော့မည့် ခုတ်ထစ်ခံရခါနီး ငါးတစ်ကောင်ဖြစ်ကြောင်း သူကောင်းကောင်းသိသည်။ စျေးဆစ်ခြင်း လုံးဝမရှိတော့ဘဲ မှော်အဆီအနှစ်အရည်ကို နာခံစွာ လွှဲပြောင်းပေးခဲ့သည်။

လင်းရှန်ကလည်း သူ့ကတိကို လိုက်နာပြီး သူ့ကို လွှတ်ပေးလိုက်သည် ။

အနှစ်တစ်ထောင်သက်တမ်းရှိ မှော်အဆီအနှစ်သစ်သားဝိညာဉ်သည် မြေကြီးထဲသို့ နစ်မြုပ်သွားပြီးနောက် လင်းရှန်သည် မှော်အဆီအနှစ်အရည်ပါရှိသော ကြွေပုလင်းကို ကြည့်ပြီး ပျော်ရွှင်စွာ ပြုံးလိုက်သည်။

"မှော်အဆီအနှစ်အရည် ဆယ့်ခုနစ်စက်က ကျန်သုံးကောင်အတွက်  သူတို့ရဲ့ ဝိဥာဉ်

မဏ္ဍိုင်သွေးကြောတွေကို ကန့်သတ်ချက်အထိ စုစည်းဖို့ လုံလောက်ပါတယ်။"

သူ့အနေနဲ့ ဆုံးရှုံးဖို့အချိန်မရှိပေ။  လင်းရှန်သည် မနှောင့်နှေးဘဲ ဝိညာဉ်သွေးကြောများကို ပုံဖော်ရန် ပြင်ဆင်ထားသည်။

သို့သော် ထိုမတိုင်မီတွင် သူသည် ဖွဲ့စည်းခြင်းချပ်ပြားထုတ်ကာ မှော်သတ္တုကိုးခုအခင်းအကျင်းကို အသက်သွင်းရန်အတွက် ဝိညာဉ်ရေးရာ အနှစ်သာရကို ၎င်းထဲသို့ ထိုးသွင်းခဲ့သည်။

ချက်ချင်းပင် ဖွဲ့စည်းထားသောချပ်စ်ပြားသည် ပေါ်လာပြီး ပြိုးပြိုးပြက်ပြက်လက်နေသော ရွှေရောင်အလင်းတန်းများ ရုတ်တရက် ပေါ်လာသည်။ ၎င်းသည် ဂူကိုဖြတ်၍ ဖြန့်ကျက်ကာ ဧရိယာတစ်ခုလုံးကို ဖုံးအုပ်ထားသည်။

နောက်ဆုံးတွင် သူသည်  ကျင့်ကြံသူသခင်ထံ လျှောက်လှမ်းနေပြီး အနှောင့်အယှက် လုံးဝဖြစ်လို့မရပေ။ ဒီလိုမှမဟုတ်ရင် သူ၏အရင်ကြိုးစားမှုတွေအားလုံးက အလဟသဖြစ်သွားလိမ့်မည်။

ပိုလေးနက်တဲ့ ကိစ္စတွေမှာ သူ့၏ ကျင့်ကြံမှု အခြေခံ အုတ်မြစ် ပျက်စီးသွားလျှင် သူ့ဘဝတစ်လျှောက်လုံး  ကျင့်ကြံသူသခင် ဖြစ်လာနိုင်တော့မှာ မဟုတ်ပေ။

ထို့ကြောင့် ပြင်ဆင်မှု မည်မျှပင် ပြင်းထန်

နေပါစေ၊ ဒါက အလွန်အကျွံ မဟုတ်ပေ။

ဒါကလည်း လင်းရှန် မြောင်ယိုကို ထွက်သွားခိုင်းရတဲ့ အကြောင်းရင်းဖြစ်သည်။ 

ဝိညာဉ်စာချုပ်နဲ့အတူ မြောင်ယိုသည် သူ့ကို အန္တရာယ်ပြုရန် ကြိုးပမ်းနေမှာကို စိတ်ပူစရာမလိုပေ။ 

သို့သော်လည်း လုံခြုံမှုအတွက် ထည့်သွင်းစဉ်းစားခြင်းမည်ဆို လင်းရှန်သည် မြောင်ယိုကို သူ့ဘေးနားတွင် နေခွင့်မပေးနိုင်သေးပေ။

ထို့အပြင် သူ့ကိုယ်ပွားများ၏ ဝိညာဉ် မဏ္ဍိုင်သွေးကြောများကို ပေါင်းစည်းထားသည့် ဖြစ်စဉ်ကို မြောင်ယိုအား မြင်ခွင့်မပြုနိုင်ပေ။

All Chapters