← Chapters

ပြည်နယ်ကိုးခုကျောင်းတော်

Vol. 009 Ch. 846

ပြည်နယ်ကိုးခုကျောင်းတော်

Vol. 009 Ch. 846

နွေဦးပြည်နယ်၊ ပြည်နယ်ကိုးခု ကျောင်းတော်ကား အတော်ဆုံးသော တပည့်များအား မွေးထုတ်ရာ နေရာဖြစ်ကြောင်း နာမည်ကျော်ကြား ထင်ရှားပေသည်။

ထိုကျောင်းတော်မှ ထွက်လာသော တပည့်များ အားလုံးမှာ နာမည်ကျော် ပုဂ္ဂိုလ်များ ဖြစ်လာကြသည်။

ယခု ပြည်နယ်ကိုးခု ကျောင်းတော်၌ လူအများအပြားက တစ်စုံတစ်ခုကို အများစု ပြောဆိုနေကြသည်။

ကောလာဟလများအရ တော်ဝင်ကျဲနန်းတော်၏ ခေါင်းဆောင် ရီဖူရှင်းက ပြည်နယ်ကိုးခု ကျောင်းတော်ကို လာရောက် လည်ပတ်မည် ဖြစ်သည်။

ရီဖူရှင်း၏ နာမည်ကား နွေဦးပြည်နယ် တိုင်အောင် ကျော်ကြားပေသည်။ မရေမတွက်နိုင်သော လူများက စီနီယာမျိုးဆက်ပင် လုပ်နိုင်စွမ်းမရှိသော အရာများအား စွမ်းဆောင်နိုင်သော ရီဖူရှင်းအကြောင်းကို ကြားဖူးကြပေသည်။

တော်ဝင်မြေ၏လူငယ် ခေါင်းဆောင်က ရှန့်ထိုတစ်ပါးကို သတ်ဖြတ်ကာ ကျောက်ပြည်ထောင်ကို ပြန်လည် တိုက်ခိုက်နိုင်သည်။ သူကား နာမည် ကျော်ကြားလွန်းရကား သည်ကာလ တစ်လျှောက်လုံး လူငယ်လူကြီးများ၏ပါးစပ်ဖျား၌​ သူ့နာမည်မပါလျှင် မပြီးသည့်အထိ လွှမ်းမိုးမှု ရှိပေသည်။

လူငယ်မျိုးဆက် များစွာကလည်း ထို နာမည်ကျော် လူငယ်ခေါင်းဆောင်နှင့် ပတ်သက်၍​စိတ်ဝင်စား ကြပေသည်။

မကြာမီ​ သူတို့က ရီဖူရှင်းအားတွေ့ရန် အခွင့်အရေး ရပေတော့မည်။

ပြည်နယ်ကိုးခု မြို့တော်ကား ပြည်နယ်ကိုးခု အတွင်း ရှေးအကျဆုံးသော မြို့တစ်မြို့ ဖြစ်ပေသည်။ သမိုင်း မှတ်တမ်းများအရ ပြည်နယ်ကိုးခုလုံး၏ နာမည်များအား သည်မြို့တွင် သတ်မှတ်ခဲ့ကြ၏။

ပြည်နယ်ကိုးခု ကျောင်းတော်ကလည်း ပြည်နယ်ကိုးခု မြို့တော်၏ အမှတ်သညာ ဖြစ်ပေသည်။ နှစ်ပေါင်း မရေမတွက် နိုင်သောအောင် သည်မြို့ကား မုန်တိုင်းများ၊ လှိုင်းလေများကို ဖြတ်သန်းကာ မားမားမတ်မတ် ရပ်တည်နိုင်ခဲ့ပေသည်။

လေနှင်တိမ် တည်းခိုရိပ်သာကား ပြည်နယ်ကိုးခု မြို့တော်အတွင်းမှ နာမည်ကျော် ဧည့်ရိပ်သာတစ်ခု ဖြစ်သည်။

တစ်နေ့တွင် လေနှင်တိမ် တည်းခိုရိပ်သာသို့ ဓားအလင်းတန်း တစ်ခု ဆင်းသက်လာခဲ့သည်။ ထို့နောက်တွင် တော်ဝင်ကျဲနန်းတော်မှ ရီဖူရှင်းနှင့် တော်ဝင် အကြီးအကဲတို့က ထိုဧည့်ရိပ်သာ၌​တည်းခိုနေကြကြောင်း သတင်းများ ပျံ့နှံ့လာခဲ့သည်။

သတင်းများ ပျံ့နှံ့လာသည်တွင် တစ်မြို့လုံး လှုပ်ခတ်သွားသည်။

နာမည်ကျော် လူငယ် ခေါင်းဆောင်ကား ပြည်နယ်ကိုးခု မြို့တော်သို့ ရောက်ရှိလာခဲ့လေပြီ။

ကောလာဟလများအရ ရှန့်ထိုအကြီးအကဲအပြင် ပြည်နယ်ကိုးခု ညီလာခံ၏နံပါတ်တစ် ယူချင်းမှာလည်း ရီဖူရှင်းနှင့်အတူ ပါလာသည်ဟု ဆိုကြသည်။

လူငယ်မျိုးဆက် များစွာကာ သူတို့အား တွေ့ဆုံလိုကြသည်။

မရေမတွက်နိုင်သော လူများက လေနှင်တိမ် တည်းခိုရိပ်သာသို့ ဦးတည် သွားနေကြသည်။ နောက်ထပ် သတင်းများအရ တော်ဝင်ကျဲနန်းတော်က ပြည်နယ်ကိုးခု ကျောင်းတော်သို့ လည်ပတ်ရန် အကြောင်းကြားစာ ပို့ခဲ့သည်ဆို၏။ မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော်၏ ခေါင်းဆောင် ရီဖူရှင်းက နောက်တစ်နေ့တွင် ပြညနယ်ကိုးခု ကျောင်းတော်အား လည်ပတ်မည် ဖြစ်သည်။

သူတို့က ကျောင်းတော်သို့ တိုက်ရိုက် သွားရောက်ခဲ့ခြင်း မပြုဘဲ ကြိုတင် အကြောင်း ကြားခဲ့ပေသည်။ ထိုအရာက ကျောင်းတော်ကို လေးစားမှု ပြခြင်းလည်း ဖြစ်သည်။

မည်သို့ဆိုစေ သူတို့က တောင်းဆိုရန် ရောက်လာကြခြင်း ဖြစ်သည်။ ရီဖူရှင်းအတွက် သည်ကိစ္စက အလွန်အရေးပါကာ အမှားအယွင်း အဖြစ်ခံ၍ မရပေ။

အကယ်၍ သူအောင်မြင်လျှင် မြေရိုင်းပြည်နယ်က နောက်ထပ် ရှန့်ထိုတစ်ပါးကို ပိုင်ဆိုင်မည် ဖြစ်သည်။ သူ မအောင်မြင်ခဲ့လျှင် သူ၏ဆရာက နတ်ဘုရား ပြစ်ဒဏ်အောက်တွင် အသက်ဆုံးရမည့် အခြေအနေ ရှိပေသည်။

လေနှင်တိမ် ဧည့်ရိပ်သာကား မရေမတွက်နိုင်သော လူများဖြင့် ပြည့်နှက်နေသည်။ သတင်းများကို ကြားပြီးနောက် မြို့တွင်းမှ အင်အားစုများက တည်းခိုခန်းသို့ ရောက်လာကြသည်။

အချို့ကား တည်းခိုရိပ်သာ၏ စားသောက်ဆောင်တွင် ထိုင်ကာ စကားစမြည် ပြောဆိုနေကြသည်။ သူတို့ကား အဓိက ကလန်များ၏ မျိုးဆက်များလည်း ဖြစ်ကြသည်။

“အဲဒါ မူကလန်က မူဖုန်း မဟုတ်လား… သူကလည်း ရှီအဆင့်မှာပဲ… သူက ရီဖူရှင်းဆီကို လာတာလား…”

“ယွီကလန်သမီးလည်း ရောက်လာတယ်....”

“ကောလာဟလတွေအရ တော်ဝင်ကျဲနန်းတော် သခင်က ပါရမီသာ မြင့်တာ မဟုတ်ဘူး.. ရုပ်ရည်ကလည်း ပြိုင်စံရှားပဲတဲ့… သူသာ လက်ထပ်ထားတာ မဟုတ်ရင် အဓိကကလန်ရဲ့ သမီးတွေ ဘယ်လောက်များ သူ့နောက်ကို လိုက်ကြမလဲ…”

လူအုပ်က တီးတိုး ပြောနေကြသည်။ ရီဖူရှင်းက မြေရိုင်းပြည်နယ်တွင် မွေးဖွားခဲ့သော်လည်း အသက်သုံးဆယ် မတိုင်မီတွင်ပင် သူ၏နာမည်က ပြည်နယ်ကိုးခုသို့ ကျော်ကြားနေပြီ ဖြစ်သည်။ ထိုသို့သော ပါရမီရှင်အား အဘယ် အမျိုးကောင်း သမီးက စိတ်မဝင်စားဘဲ နေမည်နည်း။

“သူ လက်ထပ်ပြီးရင်ကော ဘာဖြစ်လဲ … ဘယ်သူက မိန်းမတစ်ယောက်ပဲ ယူလို့ရတယ်လို့ ပြောထားလဲ… ကျောက်ပြည်ထောင် ဘုရင်ကိုပဲကြည့်… သူ့နန်းတော်မှာ မိန်းမတွေ၊ ကိုယ်လုပ်တော်တွေ၊ မောင်းမမိဿံတွေ အများကြီးပဲတဲ့…” တစ်ယောက်က ပြုံးလျက် ပြောသည်။ လူအများအပြားက ပြုံးလျက် ခေါင်းညိတ်ကြသည်။

သူတို့က နာမည်ကျော် ပုဂ္ဂိုလ်များ ဖြစ်လာပါက မိန်းမများစွာ ယူခြင်းမှာလည်း ပုံမှန်ကိစ္စ ဖြစ်လာပေသည်။

မည်သို့ဆိုစေ တန်ခိုး ကျင့်ကြံခြင်းမှာလည်း စည်းစိမ်ခံလိုခြင်း အကြောင်းတစ်ရပ် မဟုတ်ပါလား။

သူတို့ မသိသည်ကား လူအများအပြားက ရီဖူရှင်းကို တွေ့ဆုံရန် ကြိုးစားခဲ့ကြပြီး ဖြစ်သည်ကိုပင်။ သို့သော်လည်း ရီဖူရှင်းက နောက်နေ့တွင် ပြည်နယ်ကိုးခု ကျောင်းတော်သို့ သွားရောက် လည်ပတ်ရန် ပြင်ဆင်မှု ပြုလုပ်ရမည်ဟု ဆိုကာ ငြင်းပယ်ခဲ့သည်။

***

နောက်တစ်နေ့ မနက်ခင်းတွင် နေခြည်နွေးနွေးများက ပြည်နယ်ကိုးခု မြို့တော်ကို အနီစွေးစွေး အရောင်များဖြင့် လွှမ်းခြုံထားသည်။

ပြည်နယ်ကိုးခု ကျောင်းတော်ကား မြို့၏ဗဟိုချက်မတွင် တည်ရှိ၏။

ပြည်နယ်ကိုးခု ကျောင်းတော် ပြင်ပ၌ ရုပ်တုများစွာရှိသော တစ်နေရာ ရှိပေသည်။ ရုပ်တုတစ်ခုစီက ပြည်နယ်ကိုးခုကို နာမည်ကျော်ကြားသော ပုဂ္ဂိုလ်များဖြစ်ကြပြီး ကျောင်းတော်၏ လက်ထွက်များ ဖြစ်သည်။

သည်ရုပ်တုများက ပြည်နယ်ကိုးခု၏ ဂုဏ်ပုဒ်တစ်ခု မဟုတ်ပါလား။

ယနေ့ ပြည်နယ်ကိုးခု ကျောင်းတော်၏ တပည့်များစွာက ထိုနေရာတွင် စုစည်းနေကြသည်။ မကြာမှီ လူငယ်မျိုးဆက်၏ နာမည်ကျော် နှစ်ယောက်က ရောက်လာတော့မည်ကို သူတို့ သိနေကြသည်။ သူတို့အားလုံးက ရီဖူရှင်းနှင့် ယူချင်းကို တွေ့ဆုံလိုကြ၏။

သို့သော်လည်း ရီဖူရှင်းကို မတွေ့ရသေးမီတွင်ပင် အဝေးမှ ပျံသန်းလာသော ဖီးနစ် သတ္တဝါဆန်းကြီးကို မြင်ကြရသည်။ ဖီးနစ်က မကြာမီ ကျောင်းတော် အရှေ့ကို ရောက်လာကာ အပေါ်မှ တန်ခိုးရှင်အချို့ ဆင်းသက် လာကြသည်။

“ဒါ…” လူအများအပြားက အံ့အားသင့် သွားကြသည်။ သည်လူများက မြေရိုင်ပြည်နယ်၊ တော်ဝင်ကျဲနန်းတော်မှ လူများ ဟုတ်ဟန်မရပေ။

“ရွှေဖီးနစ်…” လူအများအပြားက ဖီးနစ်ငှက်အား ကြည့်ကြသည်။ ထို့နောက် ဖီးနစ်ငှက်နှင့်အတူ လိုက်ပါလာသော လူများ၏ ဝတ်ဆင်ထားသော အဝတ်အစားများအား မြင်သည်တွင် တစ်စုံတစ်ခုအား ခန့်မှန်းမိကြဟန် ရသည်။

သူတို့ကား တော်ဝင်ကျဲနန်းတော်နှင့် စစ်ဖြစ်နေသော ကျောက်ပြည်ထောင်မှ ဖြစ်ကြသည်။

သူတို့က တော်ဝင်ကျဲနန်းတော် မတိုင်မီပင် ပြည်နယ်ကိုးခု ညီလာခံသို့ ရောက်လာခဲ့ကြ၏။

သူတို့က ကြိုတင်ပြင်ဆင် ထားကြသည်မှာ သေချာ၏။

ကျောက်ပြည်ထောင်မှ တန်ခိုးရှင်အများအပြား ရောက်လာခဲ့ကြသည်။ ဦးဆောင်လာသူကား ကျောက်ပြည်ထောင်၏ အကြီးဆုံးသား ကျောက်ဟောင် ဖြစ်သည်။

သူကား ကျောက်ပြည်ထောင် ဘုရင်ကို ကိုယ်စားပြုရန် လုံလောက်ပေသည်။

ကျောက်ပြည်ထောင်မှ လူများက ရှေ့ကို တက်လာကာ ကမ္ပည်းရုပ်တုများအား ဦးညွှတ်ကြသည်။ ထို့နောက် သူတို့က ဂိတ်တခါးထံသို့ လျှောက်သွား လိုက်ကြကာ အစောင့်အား ပြောသည်… “ကျောက်ပြည်ထောင် ကျောက်ဟောင်က ပြည်နယ်ကိုးခုကို လာရောက် လည်ပတ်ပါတယ်…”

“ကျုပ် သွားသတင်း ပို့လိုက်ပါ့မယ်…” အစောင့်က ပြောသည်။ ထို့နောက် သူက အတွင်းသို့ ဝင်သွား၏။

သူက ရီဖူရှင်းကို ကြိုဆိုရမည်ဟု ထင်ထားသော်လည်း ကျောက်ပြည်ထောင်က ဦးစွာ ရောက်လာခဲ့သည်။

ထိုအခိုက်တွင် နောက်ထပ် တန်ခိုးရှင်တစ်စု အတွင်းမှ ထွက်လာကြသည်။ ဦးဆောင်လာသူကား အရှေ့ဘက် ပြည်နယ်တွင် ပြုလုပ်သော ပြည်နယ်ကိုးခု ညီလာခံ တက်ရောက်ခဲ့သူ ပြည်နယ်ကိုးခု ရှီအဆင့်ဝင် ရှီတန်ခိုးရှင်လျူယွန် ဖြစ်သည်။

ရှီတန်ခိုးရှင် လျူယွန် ရောက်လာသည်တွင် သူက ကျောက်ဟောင်နှင့် အပြန်အလှန် အရိုအသေ ပေးကြသည်။ သူတို့ နှစ်ယောက်လုံးက ပြည်နယ်ကိုးခု ရှီအဆင့်ဝင်များ ဖြစ်ကြသော်လည်း လျူယွန်ကား ဝါကော အဆင့်ကော မြင့်ပေသည်။

“ရုတ်တရက် လာရောက်ခဲ့ခြင်း အတွက် တောင်းပန်ပါတယ်…” ကျောက်ဟောင်က တောင်းပန်စကား ဆိုသည်။

“ရပါတယ်… ကျောက်ပြည်ထောင်က ဘာလို့ လာရောက် လည်ပတ်တာပါလဲ…” ရှီတန်ခိုးရှင် လျူယွန်က ပြုံးလျက်ပြောသည်။ ကျောက်ပြည်ထောင်က တော်ဝင်ကျဲ နန်းတော်ကြောင့် ရောက်လာခြင်း ဖြစ်သည်ကိုတော့ သူလည်း ခန့်မှန်းမိပေသည်။

“သူတို့က ကျုပ်ညီတွေဖြစ်တဲ့ ကျောက်ရာနဲ့ ကျောက်ယိုတို့ပါ… စီနီယာက သူတို့ကို တွေ့မြင်ဖူးမှာပဲ…” ကျောက်ဟောင်က ပြုံးလျက် ပြောသည်။

“ကျုပ်က သူတို့ကို ပြည်နယ်ကိုးခု ညီလာခံမှာ တွေ့ဖူးတယ်…” လျူယွန်က ပြုံးလျက် ပြောသည်။

“သူတို့မှာ အလားအလာ ကောင်းတွေ ရှိတယ်… ပြည်နယ်ကိုးခု ညီလာခံမှာ သူတို့က အတားအဆီးတွေ တွေ့ခဲ့ရတယ် ဆိုပေမဲ့ ဒါတွေကပဲ​ သူတို့ တိုးတက်ဖို့ အကြောင်းဖန် လာခဲ့တာ ဖြစ်မယ်… အခု သူတို့က တန်ခိုးကျင့်ကြံခြင်းမှာ အဆင့်တက်ခါ နီးပြီမို့လို့ အဖေက သူတို့ကို ပြည်နယ်ကိုးခု ကျောင်းတော်မှာ သင်ကြားဖို့ စေလွှတ် လိုက်တာ ဖြစ်တယ်…”

ကျောက်ဟောင်က ဆက်လက်၍​ ပြောသည်… “ပြည်နယ်ကိုးခု ကျောင်းတော်က နွေဦးပြည်နယ်ရဲ့ အတော်ဆုံး တပည့်တွေကို မွေးထုတ်လေ့ရှိတယ်… သူတို့ကသာ ဒီမှာ သင်ယူခွင့်ရခဲ့ရင် သူတို့က ကြီးကြီးမားမား တိုးတက် လာကြလိမ့်မယ်…”

လျူယွန်က ကျောက်ဟောင်၏ သဘောကို နားလည်ပေသည်။ ကျောက်ပြည်ထောင်၏ ရည်ရွယ်ချက်က ကျောက်ရာနှင့် ကျောက်ယိုကို ပြည်နယ်ကိုးခု ကျောင်းတော်သို့ စေလွှတ်ကာ သင်ယူစေခြင်းမှာ ပြည်နယ်ကိုးခု ကျောင်းတော်နှင့် ကောင်းမွန်သော ဆက်ဆံရေးများ ရရှိရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။

ထောင်ကျန်းက နတ်ဘုရား ပြစ်ဒဏ်ကို ကျော်ဖြတ်ရာတွင် ပြည်နယ်ကိုးခု ကျောင်းတော်၏ အကူအညီကို ယူရရန် ရှိနေသည်။ ကျောက်ပြည်ထောင်က ဤသို့ ဖြစ်လာမည်ကို မလိုလားပေ။ လျူယွန်၏ အမူအရာက တည်ငြိမ်နေသည်။ ဤသို့သော အခြေအနေတွင် သူက မည်သို့ အလွယ်တကူ ဆုံးဖြတ် နိုင်မည်နည်း။

သည်ကိစ္စက တော်ဝင်မြေနှစ်ခု၏ တော်ဝင်စစ်ပွဲနှင့် ပတ်သက် နေပေသည်။

ပြည်နယ်ကိုးခု ကျောင်းတော်က သည်ကိစ္စတွင် ပါဝင် ပတ်သက်လိုခြင်း မရှိပေ။

“သူတို့က ထိုက်တန်တယ်လို့ ခင်ဗျားထင်လား…” ထိုအခိုက်တွင် အသံတစ်သံအား ကြားလိုက်ကြရသည်။ ကျောက်ဟောင်၏ မျက်လုံးများက အေးစက်သွားသည်။ နောက်လှည့် မကြည့်ပါဘဲနှင့်ပင် ရောက်လာသူက မည်သူ ဖြစ်သည်ကို သူသိသည်။

အမှန်တကယ်အားဖြင့် ရီဖူရှင်းက ပါးစပ် မဟမီကပင် သူသိပြီးဖြစ်သည်။

ကျောက်ရာ၊ ကျောက်ယိုနှင့် တခြားလူများကလည်း နောက်ထပ် ရောက်လာသော အုပ်စုကို အေးစက်စွာ ကြည့်ကြသည်။ ဦးဆောင်လာသူကား ရီဖူရှင်းပင် ဖြစ်သည်။ သူ့ဘေးတွင်ကား ကျေးရွာ ခေါင်းဆောင်နှင့် ယူချင်းတို့ ပါလာကြသည်။

ရီဖူရှင်း၏ နောက်တွင်ကား ကျန်ကျောင်း၊ စုရှမ်းတို့အဖွဲ့ ပါလာသည်။ သူတို့အုပ်စုက ကျောက်ပြည်ထောင်မှ လူများကို တစ်ချက်မျှပင် မကြည့်ဘဲ​ ရှေ့ကို လျှောက်လာကြ၏။

“တော်ဝင်ကျဲနန်းတော်မှ ရီဖူရှင်းက စီနီယာကို တွေ့ဆုံပါတယ်…” ရီဖူရှင်း အရိုအသေ ပေးသည်။

“နန်းတော် သခင်ရီ…” လျူယွန်က ပြန်လည်၍ နှုတ်ဆက်သည်။ ထို့နောက် သူက ကျေးရွာ ခေါင်းဆောင်ကို အရိုအသေပေးသည်.. “စီနီယာကို နှုတ်ဆက်ပါတယ်…”

ရှန့်ထိုတစ်ပါး၏ အဆင့်အတန်းကား အလွန် မြင့်မားပေသည်။

ကျေးရွာ ခေါင်းဆောင်က ပြန်လည်၍​ ခေါင်းညိတ်ပြသည်။

“ပြည်နယ်ကိုးခု ကျောင်းတော်က ပြည်နယ်ကိုခုလုံးမှာ အကောင်းဆုံး ကျောင်းလို့ နာမည် ကျော်ကြားတယ်… နွေဦးပြည်နယ်ရဲ့ နာမည်ကျော် တန်ခိုးရှင် တစ်ဝက်လောက်က ပြည်နယ်ကိုးခု ကျောင်းတော် လက်ထွက်ပဲ… ရှေးခေတ်ကတည်းက မရေမတွက်နိုင်တဲ့ ရှီတန်ခိုးရှင်နဲ့ ရှန့်ထိုတွေကို မွေးထုတ်ခဲ့တယ်…” ရီဖူရှင်းက ကျောင်းတော်အား ဂုဏ်ပြု ပြောဆိုသည်။ လျူယွန်က ပြုံးလျက် ရီဖူရှင်းအား ကြည့်သည်။ တစ်စုံ တစ်ယောက်က ကျောင်းတော်အပေါ် ချီးကျူးခြင်းက ပုံမှန်အားဖြင့် ပျော်ရွှင်စရာ ကိစ္စဖြစ်ပေသည်။

ရီဖူရှင်းက ဆက်လက်၍ ပြောသည်… “ကျောက်ရာနဲ့ ကျောက်ယိုတို့က ဘယ်သူတွေ မို့လို့လဲ… ပြည်နယ်ကိုးခု ညီလာခံမှာ လွန်လွန်ကဲကဲ မောက်မာပြီးတော့ အရည်အချင်းက ဘာမှ မရှိဘူး… အခု သူတို့က ပြည်နယ်ကိုးခု ကျောင်းတော်ကို ဝင်ချင်တဲ့အချိန် ဝင်လာတယ်… ကျောက်ပြည်ထောင်က ပြည်နယ်ကိုးခု ကျောင်းတော်ကို တော်တော် အထင်သေးနေတာပဲ…”

လျူယွန်က ပြုံးနေသည်။ ကျောက်ရာနှင့် ကျောက်ယိုတို့၏အမူအရာကား အလွန်အမင်း အေးစက်နေသည်။ ရီဖူရှင်းကား သူတို့ကို လူမြင်ကွင်းတွင် အရှက်ခွဲနေသည်။

ကျောက်ဟောင်၏မျက်နှာကလည်း အရှက်ရဟန်များ ပေါ်လာသည်။

***

All Chapters