← Chapters

ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံ

Vol. 80 Ch. 1043

ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံ

Vol. 80 Ch. 1043

ချင်မူ လူငယ်ဆီ လှမ်းကြည့်လိုက်သည်နှင့် သူ့မျက်ဝန်းများ လင်းလက်သွားသည်။ ‘လော့ရှောင်... မဟာလောဟာနယ်ဖန်ဆင်းရှင်တွေရဲ့ ရှေ့ဖြစ်ဟောဆရာ.. အံ့အားသင့်စရာ ဟောကိန်းတွေကို မဟာလေဟာနယ်ဆီ ဆောင်ယူသွားခဲ့တဲ့လူ... သူ့ဟောကိန်းတွေထဲမှာ ပထမဆုံးတစ်ခုက မဟာဧကရာဇ် ကျူးကျော်ချင်းနင်းတဲ့အချိန်မှာ ကောင်းကင်နတ်အရှင်ယွင်ဖြစ်တဲ့ လူသားတစ်ယောက်က သူတို့တွေ ကပ်ဘေးကို ရင်ဆိုင်ကျော်လွှားနိုင်အောင် ကူညီပေးလိမ့်မယ်ဆိုတဲ့ဟာပဲ’

ပထမဟောကိန်းသည် အမှန်ဖြစ်လာခဲ့၏။ ကောင်းကင်နတ်အရှင်ယွင်က မဟာလေဟာနယ်အထဲ ရောက်လာကာ ဖန်ဆင်းရှင်များ မဟာဧကရာဇ်၏ ရုပ်ခန္ဓာကို ထောင်ချောက်ဆင်၍ သူ၏တစ်စိတ်တစ်ပိုင်းအား သတ်ဖြတ်နိုင်အောင် ကူညီခဲ့သည်။

ရှေ့ဖြစ်ဟော ဘိုးဘေးကြီး လော့ရှောင်၏ ဒုတိယဟောကိန်းကား လေဟာနယ်တံတားနှင့် ပရမတ္တကမ္ဘာနှင့် သက်ဆိုင်သည်။ ထိုဟောကိန်းလည်း မှန်ကန်ခဲ့၏။

မဟာဧကရာဇ် သေဆုံးသွားပြီးနောက်၌ မဟာလေဟာနယ်မှာ နေထိုင်၍မရတော့ချေ။ ထို့ကြောင့် နတ်ဘုရင်လန်ဝူကဲ့သို့ ခေါင်းဆောင်များက လေဟာနယ်တံတားကို မြင်ယောင်‌ဖန်ဆင်း၍ ပရမတ္တကမ္ဘာအား တည်ဆောက်ခဲ့ကြလေသည်။

လော့ရှောင်၏ တတိယဟောကိန်းသည် ကမ္ဘာဦးမူလကျောက်တုံးနှင့်အတူ အထွတ်အမြတ်က‌လေးငယ် ပေါ်လာမည်ဟူ၍ ဖြစ်၏။ အထွတ်အမြတ်ကလေးငယ်၏ ဖွားမြင်မှုက ဖန်ဆင်းရှင်တို့၏ အမြင့်မားဆုံးအင်အားကို ကိုယ်စားပြုပြီး ယဇ်ပလ္လင်ထက်သို့ ဆင်းသက်လာသည့်အချိန်တွင် မဟာဧကရာဇ်၏ တံဆိပ်တော်ကို ကိုင်ဆောင်ထားလိမ့်မည်ဟူ၍ ဟောကိန်းထုတ်ခဲ့သည်။

ထိုဟောကိန်းကား ချင်မူ့အကြောင်းပင်။

ချင်မူက ပြုံးလိုက်ပြီး သူ့ဘေး၌ ထိုင်နေသော လော့ရှောင်ဆီ ကြည့်လိုက်သည်။ လော့ရှောင်မှာ အနေခက်လာပြီး မျက်လုံးများ ဝေ့လိုက်သည်။ သူက တွေးနေ၏။ ‘သူ ငါ့သရုပ်မှန်ကို သိသွားတာလား... မဖြစ်နိုင်ပါဘူး... ငါက ငါ့မျိုးနွယ်ရဲ့ အစွမ်းထက်သိုင်းပညာရှင်တွေထဲမှာ အသိစိတ်အလျဉ်မြင်ယောင်ဖန်ဆင်းမှုနဲ့ ပတ်သက်လာရင် အမြင့်ဆုံးပဲ... ငါ့ရုပ်ခန္ဓာကလည်း သာမန်လူတွေနဲ့ တစ်ပုံစံတည်းပဲဟာ... ရှေးဟောင်းနတ်ဘုရားတွေတောင် ငါ့ကို မသိနိုင်ဘူး’

သူ၏တတိယမျက်လုံးကိုလည်း ဖုံးကွယ်ထားချေသဖြင့် တတိယမျက်လုံးနေရာတွင် အနီရောင်သမ်းနေရုံသာ ရှိနေသည်။ အ၀တ်အစားများမှာလည်း ဖန်ဆင်းရှင်တို့နှင့် မတူပေ။ ‌ခေတ်မီသည့် အ၀တ်အစားများကို ဟိတ်ဟန်ရှိရှိ ၀တ်ဆင်ထားချေသည်။

‘လော့ရှောင်ကို ဟောကိန်းသုံးခု ပြောပြခဲ့တဲ့ သူက ငါပဲ ဖြစ်လောက်တယ်... ဒီဖန်ဆင်းရှင်သခင်လေးက ငါ့ကို သူ့ဘိုးဘေးတွေရဲ့ အသိစိတ်အလျဉ် ထင်ပြီး ‌မဟာလေဟာနယ်ဆီ ပြန်ပြီးတော့ ဟောကိန်းသုံးခုအကြောင်း ပြောပြလိမ့်မယ်'

ချင်မူ မျက်တောင်ပုတ်ခတ်ရင်း စဉ်စားနေမိုသည်။ ‘အနာဂတ်မှာ ငါ မဟာလေဟာနယ်ထဲ ဝင်လာပြီး သူတို့ရဲ့ အထွတ်အမြတ်ကလေးငယ် ဖြစ်လာလို့ ဘိုးဘေးဝိညာဉ်ကမ္ဘာထဲသာ ရောက်သွားရင် လော့ရှောင်တော့ ရူးသွားလောက်တယ်.... ဒါပေမဲ့ ငါ သူ့ကို ဟောကိန်းတွေ မပြောပြလိုက်ရင်ရော အနာဂတ်က ပြောင်းလဲသွားမှာလား... ဘာပဲဖြစ်ဖြစ် ဒီနည်းကပဲ ရွှင်ပျော်ပျော်ကျေးရွာကို ဘေးကင်းစေမှာ.... ဒီနည်းနဲ့ပဲ ငါ သူတို့ရဲ့ အထွတ်အမြတ်ကလေးငယ်ဖြစ်လာပြီး သူတို့ကို အသုံးချနိုင်မှာ’

လော့ရှောင်ကလည်း သူ့ကို အကဲခတ်နေချေသည်။ ချင်မူ့မျက်ခုံးနှစ်ဖက်ကြားတွင် အမာရွတ်ကဲ့သို့ အရာတစ်ခု မြင်လိုက်ရသဖြင့် တွေးမိသွား၏။ ‘ဒီချင်မူဆိုတဲ့သူကို ရင်းနှီးနေသလိုပဲ... သူလည်း ဖန်ဆင်းရှင်များလား... အပြင်က လူတွေက ကောက်ကျစ်တယ်... ငါ့အကြောင်း ပေါ်သွားလို့မဖြစ်ဘူး.... ငါက ငါ့မျိုးနွယ်မှာ ဉာဏ်ပညာအကြီးမားဆုံးပဲ မဟုတ်လား’

ချင်မူက ပြတင်းပေါက်အပြင် ကြည့်၍ တွေးတောနေသည်။ ‘လော့ရှောင်က အပြင်လောကမှာ ဘေးကင်းလား ကြည့်ဖို့ မဟာလေဟာနယ်ထဲကနေ လွန်ခဲ့တဲ့နှစ်တစ်သန်းတုန်းက ထွက်လာခဲ့တာ... သူက ‌ကောင်းကင်နတ်ဘုံကို ဘယ်လိုသွားရမလဲ မေးတယ်ဆိုတော့ ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံကို တည်ထောင်ပြီးဖြစ်ရမယ်... ငါ ဘယ်နှစ်ကို ရောက်နေလဲဆိုတာ မသိသေးဘူး... ပထမနှစ်သာ ဆိုရင် ငါ ကောင်းကင်နတ်ဘုံဆီ အခုသွားရင် နဂါးသွဲ့ရေကန်မှာ ပြဿနာရှာနေတဲ့ ငါ့ကိုယ်ငါ တွေ့ရမှာလား’

ထိုစဉ်တုန်း သူ၏သရုပ်မှန်မဟုတ်ဘဲ မူချင်းအဖြစ် နေခဲ့‌သောကြောင် သူ တွေးနေမိသည်။

သူကိုယ့်သူ ကောင်းကင်နတ်ဘုံ၌ တွေ့ရပါက တစ်ချိန်တည်းတွင် သူနှစ်ယောက် ဖြစ်နေလိမ့်မည် မဟုတ်ပါလော။

မပြောင်းလဲသော ဒြပ်ဝတ္ထု၏ စည်းမျဉ်းများအရ တူညီသော ဒြပ်ထုနှစ်ခုမှာ တစ်ပြိုင်တည်း မတည်ရှိနိုင်သဖြင့် သူတို့ထဲမှတစ်ယောက် ပျောက်ကွယ်သွားရလိမ့်မည်။

လော့ရှောင်က သူ့အား တိတ်တဆိတ် အကဲခတ်ကာ တွေးနေသည်။ ‘ဒီချင်မူဆိုတဲ့လူက ထူးဆန်းလိုက်တာ.. အမ‌လေး...’

ချင်မူ့မျက်နှာ ပြောင်းလဲသွားသဖြင့် လော့ရှောင် ထခုန်မိမတတ်ဖြစ်သွားသည်။ တခဏအတွင်း ချင်မူ့ရုပ်ကား ပြောင်းလဲသွားချေပြေီ။

ချင်မူသည် ၁၅နှစ်၊ ၁၆ နှစ်အရွယ် လူငယ်လေးတစ်ဦး ဖြစ်သွားပြီး သူ၏ကလေးဆန်သော မျက်နှာလေးမှာ အတွေ့အကြုံမရှိသည့် မြီးကောင်ပေါက် ကောင်လေးတစ်ယောက်ပမာ ဖြစ်နေတော့သည်။

“လန့်မသွားပါနဲ့ နောင်တော်လော့ရှောင်”

ချင်မူက မျက်နှာထားချိုချိုဖြင့် ပြောသည်။ “ငါ့မှာ ရန်သူတွေများတယ်လေ.... ‌ဒါကြောင့် ရုပ်ဖျက်ရတာပါ... အခု ရုပ်ဖျက်ပြီးပြီဆိုတော့ ဘေးကင်းသွားပါပြီ”

လော့ရှောင်မှာ အလန့်တကြား ပြောလေသည်။ “နောင်တော့်ရဲ့ အ၀တ်အစားနဲ့ ရထားလှည်းကြောင့် အကောင်ကြီးကြီး အမြီးရှည်ရှည် ထင်ပြီး ကောင်းကင်နတ်ဘုံဆီ ဘေးကင်းကင်းသွားနိုင်မယ်မှတ်လို့ နောင်တော့်နောက်က လိုက်လာခဲ့တာဗျ....အခု နောင်တော့်မှာ ရန်သူတွေအများကြီးဆိုတော့ ကျွန်တော် သွားတာကောင်းမယ်ထင်တယ်”

ချင်မူက သူ့ကို ကပျာကယာဆွဲ၍ ပြုံးလိုက်သည်။ “အခု ငါ ရုပ်ဖျက်လိုက်ပြီလေ... ရန်သူတွေ မရှိတော့ဘူးပေါ့... မလန့်ပါနဲ့ ပြီးတော့... သိပ်မတုံးအစမ်းပါနဲ့ နောင်တော်လော့ရယ်... အမှန်အတိုင်းပြောရရင် ကောင်းကင်နတ်ဘုံမှာ အစောင့်အကြပ်များတယ်... မင်း ၀င်ချင်ရင် နာမည်ကြီးပြီး ဂုဏ်သတင်းကျော်စောနေဖို့ လိုတယ်... ဒါကြောင့် ငါ့နောက်ကသာ လိုက်ခဲ့စမ်းပါ”

ရုတ်တရက် အပြင်မှ နဂါးချီလင်၏အသံက ထွက်ပေါ်လာ၏။ “ဂိုဏ်းသခင် အောက်ကိုငုံ့ကြည့်လိုက်ဦး”

ချင်မူလည်း ရထားလှည်းအပြင်ထွက်၍ ကောင်းကင်နစ်မြစ်အား ကြည့်လိုက်သည်။ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူ့မှာ အံ့အားသင့်သွား၏။

အောက်ရှိ လွင်ပြင်များအ‌ပေါ်တွင် လူသားကောင်းကင်နတ်သိုင်းပညာရှင် အမြောက်အမြား ‌စုဝေးနေကြပြီး သူတို့အားလုံး ကောင်းကင်နန်းတော်များ တည်ဆောက်နေကြသည်။ သူတို့သည် သတ္တုများ တူးဖော်၍ မှော်စွမ်းအားတို့ဖြင့် မီးတောက်များဖန်ဆင်းကာ နတ်ရွှေတို့ သွန်းလုပ်နေချေသည်။

ဧရာမမြို့ကြီးတစ်မြို့ကိုပင် တည်ဆောက်ပြီးသွားသဖြင့် မြို့ရိုးတံခါးကို ဆောက်နေကြ၏။ တံခါးကြီးကား ကောင်းကင်နတ်ဘုံ၏ တောင်ကောင်းကင်မုခ်ဝအရွယ် ရှိလေသည်။

‘လူသားတွေက ကောင်းကင်နတ်ဘုံ ဆောက်နေတာလား’

ချင်မူမှာ ကြောင်အနေပြီး နဂါးချီလင်အား ရထားလှည်းကို ရပ်စေသည်။ သူက အံ့ဩမှင်သက်စွာ ပြော၏။ “လူသားတွေရဲ့ ကောင်းကင်နတ်ဘုံက ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံပဲ... ဒီကောင်းကင်နတ်ဘုံက ‌လေထဲမှာ မဟုတ်ဘဲ မြေကြီးပေါ်မှာ ဆောက်လို့ရသလား”

‌သူ စိတ်ကူးပုံဖော်ထားသည့် ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံမှာ ဤသို့မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် နတ်ဘုရားအဆင့် လူသားနတ်ဘုရားများစွာက ကောင်းကင်နတ်မြစ်ဆီသို့ ပျံသန်းလာကြသည်။ တာအိုရသေ့များနှင့် ဘုန်းကြီးများလည်း ပါချေသည်။ ကောင်းကင်နတ်အရှင်လင်နှင့် ကောင်းကင်နတ်အရှင်ယွဲ့ကိုပင် ချင်မူ မြင်လိုက်ရ၏။

တာအိုရသေ့နှင့် ဘုန်းကြီးမှာ တာအိုဘိုးဘေးကြီးနှင့် ဗြဟ္မဗုဒ္ဓ ဖြစ်ချေသည်။

သူတို့အပြင် နတ်ဘုရားအဆင့် လူသားနတ်ဘုရားငယ်များလည်း တွေ့ရသည်။ သူတို့၏သိုင်းအဆင့်မှာ အားမနည်းပေ။

ချင်မူမှာ ဤရှေးဟောင်းသိုင်းပညာရှင်များ၏ မြင့်မားလှသော သိုင်းအဆင့်များကြောင့် သိသိသာသာ ဇဝေဇဝါဖြစ်နေတော့သည်။ ကောာင်းကင်နန်းဆောင်များသည် သူတို့အနောက်၌ ပျံဝဲနေကြပြီး သူတို့၏မူလဝိညာဉ်များက နဂါးသွဲ့ရေကန်အထက်တွင် မားမားမတ်မတ် ရပ်နေကြ၏။ တချို့ဆိုလျှင် နတ်ဘုရားစီရင်ရာစင်မြင့်အပေါ်တွင် ရပ်နေကြသည်။

‘ဒါက ငါ နဂါးသွဲ့ရေကန်ကနေ ထွက်သွားပြီးနောက်ပိုင်း အတော်လေး ကြာသွားတဲ့ အချိန် ဖြစ်လောက်မယ်’ ချင်မူ တွေးလိုက်မိသည်။

သူက ရထားလှည်းပေါ်တွင် ရပ်လျက် ကောင်းကင်နတ်အရှင်လင်နှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့ ကောင်းကင်နတ်မြစ်နှင့် နီးကပ်လာသည်ကို ကြည့်နေသည်။ ကောင်းကင်နတ်အရှင်ယွဲ့၏အသံကို ကြားလိုက်ရ၏။ “ရသေ့ကြီး၊ ကောင်းကင်နတ်မြစ်က လေထဲမှာလေ...သူ့ရေတွေကို သုံးပြီး ကျွန်မတို့ ကောင်းကင်နတ်ဘုံကို မ,တင်မယ်ဆို‌ ကောင်းကင်နန်းဆောင်တွေ ပြုတ်မကျအောင် နန်းဆောင်တစ်ခုစီအပေါ် သက်ရောက်မယ့် ဖိအားကို သင်္ချာနဲ့ တွက်ကြည့်ဖို့ လိုမယ်”

“စိတ်အေးအေးထားပါ ကောင်းကင်နတ်အရှင်ယွဲ့ရယ်”

တာအိုဘိုးဘေးကြီး သံလိုက်အိမ်မြှောင်ကို ကိုင်ထားစဉ် သင်္ချာသင်္ကေတများက သူ၏ပတ်ပတ်လည်တွင် ပျံဝဲနေသည်။ “ကျုပ်ရဲ့တွက်ချက်မှုက မမှားနိုင်ဘူး... ကောင်းကင်နတ်အရှင်မူ အကြံပေးခဲ့တုန်းက သင်္ချာရဲ့ အံ့ဖွယ်သဘောတရားတွေကို သဘောပေါက်ခဲ့ရလို့ သင်္ချာလမ်းစဉ်အတိုင်း ဆက်လျှောက်ဖို့ ကျုပ် ပြင်ထားတယ်..... တွက်ပြီးသွားတာနဲ့ ခင်ဗျားရဲ့ကောင်းကင်နတ်သိုင်းနဲ့ ကောင်းကင်နတ်မြစ်ကို လိမ်ခေါက်ရလိမ့်မယ် ကောင်းကင်နတ်အရှင်ယွဲ့... ခင်ဗျား လုပ်နိုင်မလား”

“ဒါက အေးဆေးပါ”

ကောင်းကင်နတ်အရှင်ယွဲ့၏ အသွင်သဏ္ဍာန်မှာ ခံ့ညားတည်ကြည်၍ ‌ငေးမောဖွယ်ကောင်းနေသည်။ သူမက ကောင်းကင်နတ်အရှင်လင်ကို ပြော၏။ “ညီမလေးလင်၊ ဒြပ်ထုတွေအတွက် အချိန်ရပ်ပေးနိုင်တဲ့ နင့်ရဲ့ မပြောင်းလဲတဲ့ ဒြပ်ထု ကောင်းကင်နတ်သိုင်းကို လေ့လာနေတာ ခဏရပ်လိုက်ဦး.... လာပြီး ကူညီပေးဦး”

သူမသည် ဤလူများ၏ ပင်မကျောရိုးဖြစ်သည်မှာ သိသာ၏။

ကောင်းကင်နတ်အရှင်လင်မှာတော့ ချင်မူ သူမကို နောက်ဆုံးမြင်ခဲ့ရသည့်အတိုင်း ရုပ်ရည်သွင်ပြင်ကို ဂရုမစိုက်ချေ။ သူမသည် ကျားသစ်ကွက် စကပ်နှင့် မြက်ဖိနပ်များကို ၀တ်ထားပြီး အခြားသူများ နားမလည်သည့်အရာများကို တတွတ်တွတ် ရွတ်နေ၏။

ဗြဟ္မဗုဒ္ဓမှာတော့ ၀ဖြိုးနေချေသည်။ သူက ရွှေရောင်သပိတ်တစ်လုံးနှင့် အလှူခံတော့မည့်အလား ပြုံးနေတော်မူသည်။

ကောင်းကင်နတ်အရှင်ယွဲ့က မှော်စွမ်းအင်ဖြင့် ကောင်းကင်နတ်သိုင်းကို အသက်သွင်းကာ ကောင်းကင်နတ်မြစ်၏ မြစ်လက်တက်တစ်ခုဖြင့် လူသားတို့၏ ကောင်းကင်နန်းဆောင်များ ပင့်တင်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူမသည် ကောင်းကင်ထက်ရှိ ရထားလှည်းကိုသာမက ၎င်းအပေါ်တွင် ရပ်နေသော ချင်မူ့ကိုပါ မြင်သွား၏။

ချင်မူက ပြုံးလိုက်ပြီး သူတို့ဆီ လျှောက်သွားသည်။ နဂါးများကလည်း ခန္ဓာကိုယ်ချုံ့ကာ ရထားလှည်းနှင့်အတူ သူ့နောက်မှ လိုက်လာကြသည်။။

“ကောင်းကင်နတ်အရှင်ယွင်၊ ရှင် ဘာလို့ ကောင်းကင်နတ်အရှင်မူ အယောင်ဆောင်နေပြန်တာလဲ...”

ကောင်းကင်နတ်အရှင်ယွဲ့က လက်လှမ်းပြကာ တအံ့တဩ မေးသည်။ “ကောင်းကင်နတ်အရှင်ဟွေ့ကို ရှာဖို့ ထွက်သွားတာမဟုတ်ဘူးလား... ရှာမတွေ့ဘူးလား.... ဒီရထားလှည်းကရော ဘယ်ကရောက်လာတာလဲ... ဝိုးး.... တော်တော်လှတဲ့ နဂါးကြီးတွေပါလား.. အထဲမှာလည်း မိန်းမလှလေးတစ်ယောက် ပါသေးတယ်... လျှောက်ပွေပြီး ဒီမိန်းမပျိုလေးနဲ့ အိပ်လာပြန်ပြီလား...”

ကောာင်းကင်နတ်အရှင်လင်က သူတို့ဘက် လှည့်လာပြီး ချင်မူ့အား စိုက်ကြည့်နေသည်။ ထို့နောက် သူမက အကြည့်လွှဲ၍ ဟက်ခနဲ မဲ့ပြုံးလိုက်သည်။ “အတုကြီး” ထိုသို့ပြောပြီးနောက် အတွေးကမ္ဘာထဲ နစ်မြောသွားပြန်၏။

ရုတ်တရက် သူမက အလန့်တကြား မေးလေသည်။ “ဘာလို့ ငါ့‌ဆံထိုး ပျောက်နေတာလဲ... တစ်ယောက်ယောက်များ တွေ့မိသေးလား”

ချင်မူမှာ စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့လျှောက်သွားပြီး နှုတ်ဆက်လိုက်သည်။ “အားလုံးပဲ မတွေ့ရတာ ကြာပြီနော်”

ထိုသို့ပြောနေစဉ် သူ၏မျက်လုံးများက နီရဲလာပြီး ငိုချင်လာ၏။ သို့သော် သူက မျက်ရည်များကို ထိန်းထားလေသည်။

ကောင်းကင်နတ်အရှင်ယွဲ့နှင့် အခြားသူများက သူ့အား ကောင်းကင်နတ်အရှင်ယွင်အတိုင်း ဆက်ဆံနေကြရာ ကောင်းကင်နတ်အရှင်ယွင်သည် ဤအချိန်တွင် သူ့အယောင်ဆောင်၍ ကိစ္စများဆောင်ရွက်နေသေးသည့် အဓိပ္ပာယ်ပင်။

“ဘယ်လိုလုပ် ကြာရမှာတုန်း... ရှင်ထွက်သွားတာ နှစ်၀က်ပဲ ရှိသေးတယ်လေ”

ကောင်းကင်နတ်အရှင်ယွဲ့က ပွစိပွစိ ပြော၏။ “ဘာလို့ ကောင်းကင်နတ်အရှင်ဟွေ့က နင်နဲ့အတူ ပြန်မလာသေးတာလဲ... သူက နတ်ဘုရားတစ်ပိုင်းတွေရဲ့ စွမ်းအားကို အားကိုးရမယ်ဆိုပြီး ခေါင်းမာနေတုန်းပဲမလား... ကောင်းကင်နတ်အရှင်ဟောင်လက်ထဲမှာ ကောင်းကင်နတ်အရှင်ယွီ သေခဲ့ရတာ သူမသိဘူးလား... သူ့ကို ကောင်းကင်မဟာမိတ်အဖွဲ့ထဲ မထည့်သင့်ဘူး... ဒါက ဘယ်သူတုန်း”

သူမက ‌‌ဇဝေဇဝါဖြင့် လော့ရှောင်ဆီ ကြည့်လိုက်သည်။

“သူက လော့ရှောင်တဲ့”

ချင်မူက ပြုံးသည်။ “ကျွန်တော် အမှတ်မထင်တွေ့ခဲ့ရတဲ့ တာအိုရောင်းရင်းတစ်ယောက်ပါ... အင်မတန် ရိုးတဲ့လူပဲ.... ခင်ဗျားတို့တွေ ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံကို လေထဲမြှောက်တင်ဖို့ ပြင်ဆင်နေကြတာလား”

“ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံ... ငါတို့ကောင်းကင်နတ်ဘုံကို ရှင့်ဘာသာရှင် ထပ်ပြီး နာမည်ပေးပြန်ပြီလား”

ကောင်းကင်နတ်အရှင်ယွဲ့က ဒေါသတကြီး ရန်တွေ့သည်။ “ရှင့်နာမည်ကြီးက လုံး၀ နားထောင်လို့လည်း မကောင်းဘူး... ငါတို့ ကောင်းကင်နတ်ဘုံအတွက် ငါတို့ကိုယ်တိုင် တိုက်ခိုက်ခဲ့ကြ‌တာလေ.. အကောင်းဆုံးနာမည်ကို တူတူပေးရမှာပေါ့.... ‌ဟုတ်တယ်မလား ကောင်းကင်နတ်အရှင်လင်”

ကောင်းကင်နတ်အရှင်လင်၏ ဆံပင်များမှာ သူမ၏ မက်မွန်သားဆံထိုး ပျောက်သွားသဖြင့် ကပိုကရို ကျနေသည်။ သူမက ဆံပင်ကို ကျောနောက်သို့ ပို့၍ ပြောသည်။ “ဘယ်နာမည်မဆို ဖြစ်တာပဲ.. ကောင်းကင်ဟန်လည်း နားထောင်လို့ကောင်းပါတယ်... ငါတို့ လေထဲမြှင့်တင်လိုက်တာက ဟန်ဆိုတဲ့စာလုံး ဖြစ်သွားတယ်မလား”

ကောင်းကင်နတ်အရှင်ယွဲ့မှာ ရွေးချယ်စရာ မရှိသဖြင့် တာအိုဘိုးဘေးကြီးအား မေးလိုက်သည်။ “ရသေ့ကြီး၊ တွက်ချက်လို့ပြီးပြီလား”

“ပြီးတော့မယ်... ပြီးတော့မယ်.. မလောပါနဲ့”

တာအိုဘိုးဘေးကြီးက ပွစိပွစိ မပြောမိဘဲ မနေနိုင်တော့ချေ။ “တကယ်ပါပဲ စိတ်ရှုပ်လိုက်တာ...မိန်းမတွေအရှေ့ဆိုရင် ငါ့မှာ ဂုဏ်ကို မရှိဘူး.. ဒီတစ်သက်တော့ ဘယ်မိန်းမကိုမှ မယူတော့ဘူး... ဒါမှ ငါ့လေ့လာမှုတွေမှာ အနှောင့်အယှက်မဖြစ်မှာ”

သူ့‌ဘေးရှိ ပျော်ရွှင်နေသော ဗြဟ္မဗုဒ္ဓက ခပ်ရေးရေး ပြုံးတော်မူသည်။ “မိန်းမတွေက တကယ့် ပြဿနာအိုးပဲ ဖြစ်ပါပေတယ်... အိပ်ဖို့ နေရာရှာမှပဲ... မကြာခင် ငါ့ရဲ့လမ်းစဉ်ကို တွေ့တော့မယ်လို့ ခံစားနေရတယ်”

ကောင်းကင်နတ်အရှင်ယွဲ့က သူမ၏ ကောင်းကင်နတ်သိုင်းကို အသင့်ပြင်နေရင်း အလောတကြီး ပြော၏။ “ညီမလေးလင်၊ လာ ကူညီပေးဦး... ကောင်းကင်နတ်အရှင်ယွင် ရှင်ရောပဲ... ကောင်းကင်နတ်မြစ်ကို နှစ်ခြမ်းခွဲနိုင်ဖို့ ငါ့ကိုယ်ကို ယုံကြည်ချက်မရှိဘူး”

ချင်မူက ရှေ့သို့တက်၍ သူ၏ သိပ်သည်းအားကောင်းသော မှော်စွမ်းအင်တို့ကို ထုတ်သုံးလိုက်သည်။ သူ လက်တစ်ချက်ဝှေ့ရမ်းလိုက်သည့်အခါ ကောင်းကင်နတ်မြစ်သည် နှစ်ခြမ်းကွဲသွားပြီး မြစ်လက်တက်တစ်ခု ပေါ်လာ၏။

‌ကောင်းကင်နတ်အရှင်ယွဲ့မှာ အတော်လေး အံ့အားသင့်သွားပြီး ချီးကျူးသည်။ “ရှင့်ရဲ့မှော်စွမ်းအင်က တိုးတက်လာတာပဲ”

သူမက ကောင်းကင်နတ်သိုင်းဖြင့် ရေများကို ထိန်းချုပ်လိုက်သည်။ ထို့နောက် မြစ်လက်တက်အပေါ် ဆင်းသက်ကာ လှိုင်းလုံးတစ်ခုအထက်၌ ရပ်လိုက်၏။ သူမက လှမ်းအော်သည်။ “ရသေ့ကြီး ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံရဲ့ ဖိအားအမှတ်တွေကို မြန်မြန်တွက်ပါဆို.... ကောင်းကင်နတ်အရှင်ယွင်နဲ့ ကျန်တဲ့သူတွေလည်း ဒီကိုလာပြီး ကူညီပေးကြဦး”

လူများစွာ ပျံတက်သွားကြပြီး မြစ်လက်တက် ကျသွားအောင် ထိန်းထားကြသည်။ မြစ်လက်တက်က လူသားကောင်းကင်ဘုံ၏ တစ်ဝက်ခန့်အထိ နိမ့်ကျသွားလေသည်။

တာအိုဘိုးဘေးကြီးက ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံ၏ ဖိအားအမှတ်များကို အလျင်အမြန် တွက်ချက်၍ ချုပ်လိုက်သည်။ ကောင်းကင်နတ်မြစ်မှာ ဝေါခနဲ ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံအောက်သို့ အရှိန်အဟုန်ပြင်းစွာ စီးဆင်းသွား၏။ ၎င်းက တာအိုဘိုးဘေးကြီး တွက်ချက်ထားသည့် ဖိအားအမှတ်များအတိုင်း ပြန့်ကားသွားပြီး နတ်ဘုရားမြို့တော်ကို ဖြည်းဖြည်းချင်း မြှောက်တင်လိုက်သည်။

လူသားကောင်းကင်နတ်ဘုံသည် ကောင်းကင်နတ်ဘုံအစစ်များထက် များစွာသေးငယ်၏။ ကြီးမားကျယ်ပြောလှသည့် ကမ္ဘာဦးဘုံထဲမှ သေးငယ်လှသော နတ်ဘုရားမြို့တော်လေးသာ ဖြစ်ချေသည်။ အမိကမ္ဘာမြေကမ္ဘာဦးသစ်ပင်ထက်ပင် သေးငယ်သေးသည်။

သို့သော် ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံ မြောက်တက်သောကြောင့် အားလုံး ၀မ်းသာအားရ အော်ဟစ်လိုက်ကြသည်။ မရေမတွက်နိုင်သော လူများက ဤအံ့ဖွယ်ဖြစ်ရပ်ကို ကြည့်ရှုရန် အပြေးအလွှား ရောက်လာကြပြီး သူတို့၏ အားပေးကြွေးကြော်သံများက ကောင်းကင်နှင့်မြေကြီးအား ပြင်းပြင်းထန်ထန် တုန်လှုပ်နေစေတော့သည်။

အဝေးတွင် နတ်ဘုရားတစ်ပိုင်းများလည်း ကြည့်ရှုရန် ရောက်လာကြပြီးနောက် မဲ့ပြုံးပြုံးလျက် လှည့်ပြန်သွားကြသည်။

“လူသားတွေရော သူတို့ကောင်းကင်နတ်အရှင်တွေရော တကယ်ကို အဆင့်မရှိတဲ့သူတွေပဲ”

နတ်ဘုရားတစ်ပိုင်းများက အဝေးမှနေ၍ သူတို့အား လှောင်ပြောင်နေကြသည်။ “ဧကရာဇ်က ကမ္ဘာဦးဘုံမှာ လူသားကောင်းကင်နတ်ဘုံ သေးသေးလေး တည်ဆောက်ဖို့ ခွင့်ပြုပေးခဲ့တာတောင်မှ မြို့သေးသေးလေးအတွက် အကြာကြီး အချိန်ယူဆောက်ခဲ့ကြရတယ်”

ကောင်းကင်နတ်မြစ်လက်တက်သည် ကျုံ့၀င်သွားပြီး ကောင်းကင်နတ်ဘုံမှာ ပိုပို၍ မြောက်တက်နေသည်။ နောက်ဆုံးတွင် ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံမှာ သစ်ရွက်လေးတစ်ရွက်အလား ကောင်းကင်နတ်မြစ်ဘေးသို့ ပင့်တင်ခံလိုက်ရချေပြီ။

၎င်းက ကောင်းကင်နတ်မြစ်၏ အကျယ်လောက်ပင် မကြီးမားချေ။

ကောင်းကင်နတ်အရှင်ယွဲ့နှင့် အခြားကောင်းကင်နတ်သိုင်းပညာရှင်များက တောင်ကောင်းကင်မုခ်ဝဆီ ၀မ်သားအားရ ပျံသန်းသွားကြသည်။ သူတို့မှာ ထူးထူးခြားခြား ပျော်ရွှင်မြူးထူးနေကြလေသည်။

ချင်မူလည်း သူတို့ကို ကြည့်၍ ပြုံးနေမိသည်။ ဘေးရှိ လော့ရှောင်က မဝံ့မရဲ မေး၏။ “ကျွန်တော်တို့ ကောင်းကင်နတ်ဘုံကို ဘယ်တော့သွားမှာလဲဗျ”

“မကြာခင်ပေါ့” ချင်မူက ဖြေသည်။

လော့ရှောင်မှာ ခေါင်းငုံ့ရင်း တွေးနေ၏။ ‘သူ့နောက်လိုက်နေရင် ငါ ဘယ်အချိန်မှ ကောင်းကင်နတ်ဘုံကို ရောက်မလဲမသိဘူး... ပြီးတော့ သူ့မှာ ရန်သူတွေလည်း အများကြီး ရှိသေးတယ်.... ငါ တိတ်တိတ်လေး ထွက်သွားမှပဲ'

သူ တိတ်တဆိတ် ထွက်သွားတော့မည်အချိန် ကောင်းကင်နတ်အရှင်လင် ရောက်လာသည်။ “ကောင်းကင်နတ်အရှင်ယွင်၊ ဘာလို့ ကောင်းကင်နတ်အရှင်မူရဲ့ မျက်နှာကို သုံးနေသေးတာလဲ... ပြန်မပြောင်းတော့ဘူးလား”

ချင်မူက သူမကို ကြည့်ကာ ပြုံးလိုက်သည်။ “ဒီအတိုင်းဆို ကိစ္စတွေက ပိုလွယ်လို့ပါ”

ကောင်းကင်နတ်အရှင်လင်က အေးစက်စက် နှာခေါင်းရှုံ့သည်။ “ကောင်းကင်နတ်အရှင်မူရဲ့ ဂုဏ်သတင်းတွေအောက်မှာ ကျရှုံးမသွားစေနဲ့”

ချင်မူက ခေါင်းညိတ်လျက် ပြောသည်။ “အဲ့လို မဖြစ်စေရပါဘူး.... ဓားစက်လုံးတောင် ပြင်လာသေးတယ်”

All Chapters