← Chapters

ဒူးထောက်

Vol. 57 Ch. 1121

ဒူးထောက်

Vol. 57 Ch. 1121

ကျားရွေ့၏မျက်နှာမှ မျက်နှာလွှားပုဝါသည် လေးလံသောဖိအားအောက် တွင် စိုရွဲကာ လွင့်ပါသွားလေသည်။ ဤကဲ့သို့ဒဏ္ဍာရီထဲမှ နတ်သမီးတစ်ပါး ကဲ့သို့လှပသည့် မိန်းကလေး၏မျက်နှာပေါ်မှ သွေးကြောများကို ပထမဆုံး အကြိမ်မြင်ဖူးခြင်းဖြစ်သည်။ သူမ၏မျက်နှာသည် စက္ကူရွက်ကဲ့သို့ ဖြူစွတ်နေ ပြီး မျက်လုံးများ ပွင့်ကာ မျက်လုံးများထွက်ကျမတတ်ပင်။

ဒါလူသားရောဟုတ်ရဲ့လား။

အားလုံးသည် မျက်နှာလွှားပုဝါအောက်မှ အလှတရား၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။ ဤအရာသည် အားလုံးအိပ်မက်မက်ခဲ့ရသည့် တန့်ကာမြို့မှ အားကောင်းပြီးလှပသော မိန်းကလေးကျားရွေ့ဖြစ်နေသည်လား။ သူမသည် ကောင်းကင်နှင့်မြေကြီးတွင် အံ့ဩလောက်စရာ အလှတရားမဟုတ်ပါလား။ သို့သော် သူတို့ ယခု ဘာကိုမြင်လိုက်ရသနည်း။

ဒုန်း

ဒူးနှစ်ဖက်လုံးသည် မြေကြီးကို ခပ်ပြင်းပြင်းရိုက်မိလေသည်။ ယခုလို ဖိအားသည် တစ်စုံတစ်ယောက်မှ ဖိလိုက်သည်ထက်ပင် ပို၍လေးလံသည်။ ထို အချိန်တွင် သူမ၏ဒူးပေါ်မှ နာကျင်မှုကို မည်သည့်စကားလုံးနှင့်မှ ဖော်ပြ၍မရ ပေ။ မရေမတွက်နိုင်သော အပ်များဖြင့် ထိုးစိုက်လိုက်သလိုပင်။ သို့သော် ထိုအရာသည် သူမ၏ပခုံး၊ ရင်ဘတ်နှင့် ကျောပေါ်မှ ဖိအားနှင့် ယှဉ်လျှင် ဘာမှ မဟုတ်ပေ။ မြေကြီးပေါ်တွင် ဖိအားသည် သူမအား အဘက်ဘက်မှ တွန်းပို့နေ သည်။ သူမသည် ခန္ဓာကိုယ်ပေါ်မှ လေးလံသောဖိအားကို ခုခံရန် သွေးကြောထဲ မှ ဝိညာဉ်စွမ်းအားကို စိတ်အားထက်သန်စွာ လှုံ့ဆော်ချင်သော်လည်း တစ်ကိုယ်လုံးမှသွေးများသည် မစီးဆင်းတော့ဘဲ သူမ၏သွေးကြောသည် ပင်လယ်သေကဲ့သို့ဖြစ်နေသည်။ သူမ၏ဦးခေါင်းအထက်တွင် သေခြင်းအရိပ် တစ်ခု စုဝေးနေသကဲ့သို့ သေမင်းသည် သူမအား စိုက်ကြည့်နေသလိုပင်။

ထိုခံစားချက်သည် အလွန်ပင် ကြောက်စရာကောင်းလွန်းသည်။

မိန်းကလေးကျားရွေ့သည် ရုတ်တရက် မြေကြီးပေါ်ဒူးထောက်သွားလိမ့် မည်ဟု မည်သူမှ ထင်မထားပေ။ အားလုံးသည် သူမအား မျက်လုံးပြူးများဖြင့် ကြည့်နေကြပြီး မည်သို့ဖြစ်သွားသည်ကို နားမလည်ကြတော့ပေ။ အပြင်လူများ ထဲတွင် သခင်များစွာရှိသော်လည်း ပေထင်းဟွမ်၏နည်းလမ်းများကို နတ်ဘုရားများသာ မြင်မည်ဖြစ်သည်။ ထိုလူများထဲတွင် ဝိညာဉ်ဂိုဏ်းသည် အမြင့်ဆုံးဖြစ်သည်။

“ဒါ ဒါက... အလားအလာဖိအားလား မဟုတ်ဘူး အလားအလာဖိအားက ဒီလိုမျိုးမဟုတ်ဘူး”

ကောင်းကင်အဆင့်မှ ပေးသောဖိအားသည် ဦးတည်ဘက်တစ်ဖက်သာ ရှိသည်။ သို့သော် ကျားရွေ့ခံစားနေရသည်မှာ အဘက်ဘက်မှဖြစ်ရာ ဝိညာဉ် ဂိုဏ်းသခင်များ အဘက်ဘက်မှ ဖိအားပေးနေသလိုဖြစ်နေသည်။

မိုလိ၏မျက်လုံးထောင့်သည် ဆတ်ခနဲလှုပ်သွားကာ ပေထင်းဟွမ်အား မယုံကြည်နိုင်စွာကြည့်နေမိသည်။ ထို့အပြင် သူသည် သူမကို လျှော့တွက်ခဲ့မိ သည်။ တစ်ခုရှင်းပြနိုင်သည်မှာ အကောင်လေးသည် ကျားရွေ့ကို အပြစ်ပေးရန် ကောင်းကင်နှင့်မြေကြီးရောင်ဝါကို လှုံ့ဆော်ခဲ့သည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီးရောင်ဝါမှန်ပါက ဤလူငယ်လေးသည်... နတ်ဘုရားဖြစ်နေသည်လား။

“မဟုတ်ဘူး မဖြစ်နိုင်ဘူး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဒီလူငယ်လေးက ကြည့်ရတာ ဒီလေက်ငယ်နေတာ၊ သူက နတ်ဘုရားအဆင့်ဆိုရင် ငါတို့လို နှစ် နှစ်ရာကျော်နေလာခဲ့တဲ့သူတောင် ဝိညာဉ်ဂိုဏ်းအဆင့်ပဲရှိတာ ငါတို့ အသက်ရှင်လာတာ အလကားဖြစ်နေပြီလား”

“ဟုတ်တယ် နတ်ဘုရားအဆင့်မဖြစ်နိုင်ဘူး ဒီလူငယ်လက်ထဲမှာ ရတနာ ရှိတာဖြစ်ရမယ်၊ အဲဒါကြောင့် မိသားစုကြီးက ကလေးပဲဖြစ်မယ်”

“နတ်ဘုရားအဆင့်သန်မာတဲ့လူက သူ့ကလေးတွေဆိုရင် နတ်အာရုံပါတဲ့ လက်နက်ပေးတယ်လို့ကြားဖူးတယ်၊ လက်နက်ထဲက နတ်အာရုံကို လှုံ့ဆော် လိုက်တာနဲ့ နတ်ဘုရားအဆင့်ပဲ ရောက်နိုင်တဲ့ နတ်စွမ်းအင်ကို ထုတ်နိုင်တယ်၊ အဲလိုပဲဖြစ်မယ်”

မည်သူမှ ပေထင်းဟွမ်၏အသက်ကို မကြည့်ချင်ကြပေ။ လူအုပ်ထဲမှ အသိပညာအနည်းငယ်သာရှိသော သခင်များသည် မိုလိကဲ့သို့ ဆွေးနွေးချက် များပြုလုပ်ပြီး ထင်မြင်ချက်များပေးနေကြသည်။ ဆင်ခြေများရှာနေကြသည်။ သို့သော် ထိုသို့ဆိုလျှင်တောင် အားလုံးသည် ပေထင်းဟွမ်အား အားကျသော မျက်လုံးများဖြင့်ကြည့်ကြသည်။ ပြိုင်ဘက်မှာ မည်မျှပင် ဆိုးသွမ်းစေကာမူ မည်သည့်သရုပ်မှန်ရှိစေကာမူ အရင်ကပြောဖူးသလို သူတို့ကို နောက်ဆုတ်စေ သည်။ ဤလူငယ်တွင် နတ်ဘုရား ခွန်အားရှိနေသည်။

ဒုန်း ဒုန်း

မြေကြီးပေါ်သို့ ဒူးထောက်သံများ ထပ်မံထွက်ပေါ်လာသည်။ သည်တစ် ချိန်တွင် မိန်းကလေးကျားရွေ့နှင့် မတူညီစွာပင် တံခါးစောင့်နှစ်ယောက်သည် အလိုလိုပင် ဒူးထောက်သွားကြလေသည်။ သူတို့၏စိတ်ထဲမှ ကြောက်စိတ် သည် အဆိပ်ပြင်းသည့် မြွေတစ်ကောင်လိုပင်။ ကျားရွေ့၏ သေဆုံးတော့မလို ဖြစ်နေသည့် အသွင်အပြင်ကိုကြည့်ပြီး ပေထင်းဟွမ်ကို ရိုင်းပြခဲ့သည့် အစောင့် နှစ်ယောက်သည် သေဆုံးသည်အထိ ခြိမ်းခြောက်ခြင်းကို တောင့်မခံနိုင်တော့ ဘဲ ဒူးထောက်ကြကာ ခွင့်လွှတ်ရန် တောင်းဆိုကြလေသည်။

All Chapters