← Chapters

မင်းနဲ့ပတ်သက်ပြီး အကျိုးအကြောင်းမသင့်တဲ့ အတွေးရှိနေတာလား

Vol. 57 Ch. 1122

မင်းနဲ့ပတ်သက်ပြီး အကျိုးအကြောင်းမသင့်တဲ့ အတွေးရှိနေတာလား

Vol. 57 Ch. 1122

သူတို့နှစ်ယောက်၏ စိတ်ထဲတွင် နားမလည်ခြင်းပင်။ သူမ၏ခွန်အား သည် အကြီးဆုံးသခင်မလေးကိုမှီရန်လိုသေးသည်။ ဘာကြောင့်များ သူမ၏ လှုပ်ရှားမှုများကို ဖုံးကွယ်ထားသနည်း။ ခန္ဓာကိုယ်ပေါ်တွင် အဂ္ဂိရတ်တံဆိပ် တပ်ထားမိခြင်းကြောင့် အသေခံနိုင်သည်လား။ သခင်မိုလိပြောသလိုပင် စစ်မှန်သည့်သခင်သည် ရင်ဘတ်တွင် တံဆိပ်ပြားချိတ်ဆွဲရန် အာရုံစိုက်နေ မည်မဟုတ်ပေ။ သို့သော် ထိုသို့ဆိုလျှင် အထင်လွဲရန်လွယ်ကူလွန်းသည် မဟုတ်ပါလား။

ထိုအတွေးတွေးလိုက်လျှင် အစောင့်ခွေးဖြစ်ရန်မလွယ်ကူလှပေ။ မျက်စိ စူးရှရမည်ဖြစ်သည်။ မဟုတ်လျှင် လူတစ်ဦးကို မိနစ်ပိုင်းအတွင်း ပြစ်မှားမိပါက အသက်ဆုံးရှုံးရလိုက်နိုင်သည်။

ကောက်ရိုးကဲ့သို့ တုန်ယင်နေသော အစောင့်များကို စောင်းငဲ့ကြည့်ကာ ပေထင်းဟွမ်သည် ထိုအထင်ကရအစောင့်နှစ်ယောက်ကို ဂရုမစိုက်ပေ။ သူမ၏ မျက်လုံးများသည် ကျားရွေ့၏ခန္ဓာကိုယ်ပေါ်သို့ရောက်သွားပြီး ဖိအားသည် လေးလံလွန်းသည်။ ကျားရွေ့၏တစ်ကိုယ်လုံးသည် ရုတ်တရက် တုန်ယင်လာ သည် “အဂ္ဂိရတ်အစည်းအရုံးက တကယ်ပဲအဲလောက်ကြီးမြတ်နေတာလား၊ ဘယ်သူ့ကို အဝင်ခံမယ်အဝင်မခံဘူးဆိုတာ မင်းတို့ခံစားချက်ပေါ်မူတည်နေ တာလား၊ မင်းတို့က ဘာမို့လို့လဲ မဟုတ်ရင် ကိုယ့်ခွန်အားကို ယုံကြည်မှုမရှိဘဲ ငါက မင်းတို့ရဲ့ပြိုင်ပွဲမှာ ဆုရမှာကို ကြောက်နေကြတာလား”

ကျားရွေ့သည် မြေပေါ်တွင် ဒူးထောက်ထာားကာ ရှက်ရွံ့မှုသည် သူမ၏ စိတ်ကိုလွတ်သွားစေသည်။ သူမသည် တစ်ခါတစ်ခါထပြီး မျက်စိရှေ့မှလူငယ် ကို ချေမှုန်းချင်သည်။ အားလုံးရှေ့တွင် သူမကို ပြုလုပ်ခဲ့သည့် အပျက်အစီးများ ကို သွေးနှင့်အသုံးပြုကာ ဆေးကြောချင်သည်။ သူမခန္ဓာကိုယ်ပေါ်မှ အရှက်ရမှု သည် မည်မျှပင်ကြိုးစားစေကာမူ သူမ မလုပ်နိုင်ပေ။

အဂ္ဂိရတ်ပညာရှင်တစ်ယောက်၊ အဂ္ဂိရတ်အစည်းအရုံးဥက္ကဌ၏ တပည့် အနေနှင့် ကျားရွေ့သွားသည့်နေရာတိုင်းတွင် အဆင့် ၅ ကျင့်ကြံသူပင် သူမ နောက်သို့လိုက်ရသည်။ သူမသည်လည်း အားလုံး၏မျက်လုံးအထက်တွင် အကျင့်ကို မွေးမြူခဲ့သည်။ ယနေ့ ပေထင်းဟွမ်သည် သူမကို မလေးမစားပြုမူခဲ့ သည်။ ယခုမှစပြီး သူမသည် တန့်ကာမြို့တွင် ခေါင်းဖော်နိုင်မည်မဟုတ်တော့ ပေ။

ဤကောင်လေးသည် အမှန်တကယ်ပင် မုန်းစရာကောင်းသည်။

ယနေ့ သူမ ပေထင်းဟွမ်၏လက်ထဲမှ လွတ်မြောက်ပြီး အသက်ရှင်နိုင် လျှင် အနာဂတ်တွင် ဤလူငယ် သူမကိုလုပ်ခဲ့သည့် အဆပေါင်း ၁၀ ဆ၊ အဆ ၁၀၀ ပြန်ပေးဆပ်ခိုင်းမည်။

ယနေ့ ပေထင်းဟွမ် အဂ္ဂိရတ်အစည်းအရုံးကို ခြေချသည်နှင့် သူမ၏ဆရာ ကို အပိုင်းပိုင်းဖြတ်ခိုင်းရမည်။

ပေထင်းဟွမ်၏ပုံရိပ်သည် အနည်းငယ် လှုပ်ရှားသွားည်။ သို့သော် သူမ မည်သည့် ခြေလှမ်းကွက်ပြုလုပ်သွားသည်ကို မြင်သူမှ ရှင်းလင်းစွာမမြင်လိုက် ရပေ။ သူတို့သည် လေထဲတွင်ပေါ်လာသော ပုံရိပ်ကိုသာ မြင်ရလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပေထင်းဟွမ်သည် ကျားရွေ့၏မျက်စိရှေ့တွင် ရပ်နေလေသည်။ လက်ချောင်းဆန့်ထုတ်ပြီး ကျားရွေ့၏မေးစေ့ကို ပင့်မ,လိုက် ကာ ထိုမိန်းကလေးကို သူမအားကြည့်စေသည် “ငါ မင်းအပေါ်ကို အကျိုး အကြောင်းမသင့်တဲ့ အတွေးတွေးတယ်ပေါ့၊ ဟားဟား မိန်းကလေးကျားရွေ့ မင်းက တကယ်ပဲ ငါ့ကိုမျက်လုံးပွင့်စေတာပဲ၊ ဒီလိုမျိုးဟာသမကြားရတာကို တော်တော်ကြာပြီ၊ မင်းလိုမျိုးပဲ ရုပ်ရည်ပဲရှိပြီး ခွန်အားမရှိတဲ့သူကို ဘယ်သူမှ မလိုချင်ဘူး၊ မင်းကို ငါ့အိပ်ရာကိုပို့မယ်ဆိုရင်တောင် ငါ ကြည့်မှာကိုမဟုတ်ဘူး”

“မင်း...” ကျားရွေ့၏ခန္ဓာကိုယ်သည် တုန်ယင်လာသည်။ ပေထင်းဟွမ် သည် သည်းမခံနိုင်သူဖြစ်လိမ့်မည်ဟု သူမ ထင်မထားပေ။ သူမသည် ဒူးထောက်နေပြီဖြစ်သော်လည်း ဤကဲ့သို့ရက်စက်သည့်စကားလုံးများဖြင့် ပြောလာသည်။

“ဘာတွေဖြစ်နေကြတာလဲ”

ကျားရွေ့ စကားဆုံးအောင်မပြောခင်မှာပင် တံခါးမှ ခမ်းနားသော အသံ တစ်သံထွက်ပေါ်လာကာ ဖိနှိပ်သည့်အာရုံထွက်ပေါ်လာသည်။ ကျားရွေ့သည် သူမကိုဝန်းရံထားသည့် ကျို့ချုံးတောင်ကို ဖယ်ရှားလိုက်သလို ခံစားလိုက်ရလေ သည်။ သူမသည် သေတော့မည့်ငါးတစ်ကောင် ရေထဲပြန်ရောက်သွားသလို အသက်ပြန်ရှင်သွားသည့်အလား လေးလံစွာအသက်ရှူလိုက်သည်။

ပေထင်းဟွမ်ကြည့်လိုက်ရာ အဂ္ဂိရတ်ဝတ်ရုံအဖြူရောင်ကိုဝတ်ဆင်ထား သည့် မျက်နှာလေးထောင့်နှင့် အနည်းငယ် ခံ့ညားသော သက်လတ်ပိုင်းအရွယ် အမျိုးသားသည် တံခါးတွင်ရပ်နေပြီး သူ၏စူးရှသောမျက်လုံးများသည် သူမဆီ သို့မရောက်ဘဲ ကျားရွေ့ဆီသို့ကြည့်ကာ ပြောလေသည် “ဒီနေ့ကိစ္စကို ငါ မင်းနဲ့ နောက်မှပြောမယ်၊ ခဏနေဝင်လာခဲ့ကြ စာမေးပွဲလွတ်သွားချင်တာလား”

ထိုအချိန်တွင် မိုလိသည် ဘီးတပ်ကုလားထိုင်ကိုလှည့်ပြီး ပေထင်းဟွမ် ရှေ့သို့ရောက်လာပြီဖြစ်သည်။ သူသည် ခေါင်းမော့ပြီး ပေထင်းဟွမ်အား ၃ လပိုင်း နေကဲ့သို့ နွေးထွေးသည့်အကြည့်ဖြင့် ကြည့်လေသည် “သခင်ကြီး၊ အဂ္ဂိရတ်အရည်အချင်းစစ်ပြိုင်ပွဲဝင်မလို့လား ဒါဆို ကျုပ်နောက်ကိုလိုက်ခဲ့ပါ”

All Chapters