Chapters

မိုလိထွက်မသွားဘူး

Vol. 57 Ch. 1124

မိုလိထွက်မသွားဘူး

Vol. 57 Ch. 1124

အဂ္ဂိရတ်အစည်းအရုံးဆီသို့ လျှောက်သွားရင်း ရနံ့ပြင်းပြင်းတစ်ခု တိုးဝင် လာသည်။ ထိုအနံ့သည် တန့်ကာမြို့လမ်းပေါ်ရှိ ဆေးပင်အမျိုးမျိုးရောထား သည့်အနံ့နှင့် ကွဲပြားလေသည်။ ထိုရနံ့သည် စိတ်အာရုံစူးစိုက်မှုကို သက်ရောက်မှုရှိသဖြင့် ဆေးသန့်စင်ရာတွင် အသုံးပြုကြသည်။ သခင်အများစု သည် လေ့ကျင့်ချိန်တွင် ထိုကဲ့သို့အမွှေးနံ့သာကို မီးရှို့တတ်ကြသည်။ သို့သော် ထိုအမွှေးနံ့သာရရန် မြေကြီးအဆင့်အဂ္ဂိရတ်ပညာရှင်ဖြစ်ရန်လိုအပ်သည်။ ဈေးနှုန်းမှာလည်း အလွန်မြင့်သဖြင့် သာမန်လူများပင် မြင်ရရန် အခွင့်အရေး မရှိလှပေ။

အဂ္ဂိရတ်အစည်းအရုံးသည် အလွန်ပင် အားကောင်းပုံရသည်။

“မင်းနာမည်က ဘယ်လိုခေါ်လဲမသိဘူး” ချောင်ရှန့်သည် ပေထင်းဟွမ်ကို အလွန်စိတ်ဝင်စားနေသည်။ အထူးသဖြင့် သူမေးလိုက်ချိန်တွင် လူနှင့်တခြား အရာများကို လျစ်လျူရှုလေ့ရှိသည့် မိုလိသည် ခေါင်းလှည့်ပြီး ပေထင်းဟွမ်ကို လှည့်ကြည့်လေသည်။

ပေထင်းဟွမ်သည် သဲ့သဲ့ပြုံးကာ မိုလိ၏အကြည့်ကို ပြန်ဖြေကာ ခေါင်းညိတ်ပြီး စိတ်ရင်းနှင့်ပြောလေသည် “ယွဲ့ကျို့၊ ကျွန်တော့်နာမည်က ယွဲ့ကျို့ပါ”

၉ လပိုင်း ၉ ရက်လား။ ထိုရက်များသည် '၉' ဆိုသည့် အမည်နှင့် တော်တော်ဆင်နေသည်။ ချောင်ရှန့် ပြန်မဖြေရခင်မှာပင် မိုလိပြောသည့်စကား ကိုကြားလိုက်ရသည် “ငါ့နာမည်က မိုလိပါ”

ပေထင်းဟွမ်သည် ထိုနာမည်ကို အစောက တံခါးတွင် လူအုပ်များအကြား ဆွေးနွေးရာမှကြားခဲ့သဖြင့် ခေါင်းညိတ်ပြောလေသည် “မိုလိ မိုလိမိုချီ တကယ် ကောင်းတဲ့နာမည်ပဲ”

“ယွဲ့ကျို့ နားဝင်ချိုတယ် မင်းနာမည်က တော်တော်ကောင်းတာပဲ” မိုလိ သည် ခေါင်းလှည့်ပြီး ပေထင်းဟွမ်အား ပြန်ကြည့်လေည်။ ပေထင်းဟွမ်သည် လျင်မြန်စွာပင် နောက်သို့ခြေလှမ်းနှစ်လှမ်းဆုတ်ပြီး သူနှင့်ပြောလေသည်။

အားလုံးနီးပါးသည် မိုလိအား သနားသလိုကြည့်ကြသည်။ သူသည် အသွင်အပြင်ခံ့ညားလွန်းပြီး အလွန်ပင်ထူးခြားသည့်ဟန်အမူအရာရှိသည်။ သူသည် မိန်းကလေးများ၏ နှလုံးသားများစွာကို ဖမ်းစားနိုင်ခဲ့သည်။ ယခု ဘီးတပ်ကုလားထိုင်တွင် ထိုင်ကာနှုတ်ဆိတ်နေသော်လည်း ထာဝရမြဲသော ပန်းချီကားတစ်ချပ်ကဲ့သို့ လူအများ၏မျက်လုံးကို ဖမ်းစားနိုင်ပြီး ရင်ထဲထိဝင် နိုင်လေသည်။

လူများသည် ဤကဲ့သို့လူမျိုးကို မည်သို့ မသနားဘဲနေမည်နည်း။ နှစ်ပေါင်းများစွာ ဆေးသန့်စင်ရာတွင် မြှုပ်နှံခဲ့သည့် သူ၏ဆရာပင်လျှင် သူ့ ခြေထောက်အတွက် ဆေးသန့်စင်ရန် လျစ်လျူရှုပြီး အပြစ်မကင်းသည့် မျက်လုံးများနှင့်သာ ကြည့်နေခဲ့သည်။

သူ ပထမဆုံးအကြိမ်တွေ့လိုက်ရသည့် ပေထင်းဟွမ်တစ်ယောက်သာ ငေးငိုင်စွာကြည့်ပြီး တခြားမရှိခဲ့ပေ။ ဘီးတပ်ကုလားထိုင်ကိုမြင်ရသည်မှာ သူမ အတွက်ပုံမှန်ဖြစ်နေပြီး သူ့ခြေထောက်ကိုကြည့်ရသည်မှာ သာမန်ကိစ္စလိုပင်။

မိုလိ ဖိအားကိုမခံစားရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပေထင်းဟွမ်နှင့် နီးကပ်လေလေ သူမ၏ရောင်ဝါသည် သူ့ရင်ကိုထိလေဖြစ်သည်။

ဤကမ္ဘာပေါ်တွင် သူမ ရရန်ခက်ခဲသည့်အရာမရှိဘဲ မကျော်လွန်နိုင်သည့် အခက်အခဲဟူ၍မရှိပေ။

“ရှောင်ကျို့ အဂ္ဂိရတ်အရည်အချင်းစစ်ပြိုင်ပွဲကို ဝင်ချင်ရင် တစ်ယောက် ယောက်က မိတ်ဆက်စာ ရေးပေးဖို့လိုတယ်၊ ငါက မင်းအတွက် မိတ်ဆက်ပေး တဲ့သူလုပ်ပေးရင်ရော” မိုလိသည် အလေးအနက်ပြောလေသည်။

မိုလိ၏စကားများကိုကြားပြီးနောက် လမ်းလျှောက်နေကြသော လူတစ်စု သည် မှင်တက်လုနီးပါးပင်။ လူတစ်စုသည် အဂ္ဂိရတ်ဝတ်ရုံကို ဝတ်ဆင်ထားကြ ပြီး ကြည့်လိုက်သည်နှင့် အဂ္ဂိရတ်အစည်းအရုံးမှဖြစ်သည်ကို မြင်နိုင်သည်။ မိုလိ နှင့်ရင်းနှီးကြသဖြင့် သူ့ကိုမသိစရာအကြောင်းမရှိပေ။ သူသည် မိုးပြိုလျှင် တောင် မျက်မှောင်မကြုတ်ဘဲ လျစ်လျရှုမည်ဖြစ်သည်။ သူ့မျက်လုံးမှာ အမြဲ ပြုံးနေသည်ကို မဆိုလေနှင့်။ တကယ်တော့ သူ့မျက်လုံးများသည် စိတ်လွင့်ပါး နေခြင်းဖြစ်ပြီး ကိုယ်ရည်ကိုယ်သွေးသည် စိတ်မဝင်စားသည့်ပုံစံရှိသည်။ သူ့ ဆရာမှလွဲပြီး မည်သူ့ကိုမှ အာရုံမစိုက်ပေ။

ယနေ့ နေသည် အနောက်ဘက်မှထွက်လာလေသလား။ မိုလိသည် ဤ ကောင်လေးကို မိတ်ဆက်စရေးပေးမည်ဟု သူတို့ ကြားလိုက်လေသလား။

မိတ်ဆက်ပေးသူများမှာ မည်မျှစွန့်စားရကြောင်းကို မိုလိသိသလား။ အခြေခံမသိဘဲ တခြားသူဆီမှ အကျိုးအမြတ်ရချင်သည့် ကျေးဇူးကန်းသူများ အကြောင်း မည်သူသိသနည်း။

ဤလူသည် မည်သူနည်း။ သခင်မိုလိဆီမှ မည်သည့်အရာလိုချင်နေ သနည်း။