သူ့ကို အရင်းနှီးဆုံးတပည့်အဖြစ် လက်ခံခြင်း၊ ငြင်းဆန်ခြင်း
Vol. 57 Ch. 1125
မိုလိ၏စကားများကို ကြားပြီးနောက် မိုလိသည် ဤကောင်လေးကို စိတ်ဝင်စားနေပြီဖြစ်ကြောင်း ချောင်ရှန့်သိလိုက်သည်။ သူသည် သူငယ်ချင်းမရှိ ခဲ့ဖူးပေ။ ဤလူငယ် မည်မျှပင် သန်မာစေကာမူ မိုလိ၏ သူငယ်ချင်းဖြစ်လိုပါက ချောင်ရှန့်သည် သူမအား ပိုပြီးသက်တောင့်သက်သာဖြစ်စေချင်သည်။
“ကောင်လေး မင်း ငါ့ဂိုဏ်းကိုဝင်ဖို့ စိတ်ဝင်စားမလားမသိဘူး၊ အဲလိုဆိုရင် မင်းနဲ့မိုလိတို့ ညီအစ်ကိုဖြစ်နိုင်တယ်” လွန်ခဲ့သည့်စက္ကန့်ပိုင်းက ပေထင်းဟွမ်အား ထူးဆန်းသည့်အကြည့်နှင့်ကြည့်ခဲ့သည့် ချောင်ရှန့်သည် နားဝင်ချိုသည့်အသံနှင့် သူ၏ဂိုဏ်းသို့ဝင်ရန် ပေထင်းဟွမ်အား တောင်းဆိုနေ သည်။
ဘုန်း..
ခန်းမတစ်ခုလုံးမှ အာမေဍိတ်သံများထွက်ပေါ်လာပြီး အားလုံးသည် တီးတိုးပြောကြလေသည်။ သူတို့နားကြားမှားသလားဟု ဘေးလူကိုမေးမြန်းကြ လေသည်။ သခင်ချောင်ရှန့်သည် ဤလူငယ်ကို သူ၏ဂိုဏ်းသို့ဝင်ရန် ပြောနေ သည်ကို သူတို့ကြားလိုက်လေသလား။ အားလုံးနီးပါးသည် ပေထင်းဟွမ်အား အားကျသည့်မျက်လုံးများဖြင့် ကြည့်ကြလေသည်။ သခင်ချောင်ရှန့်သည် ကောင်းကင်မီးအဆင့်အဂ္ဂိရတ်ပညာရှင်ဖြစ်ပြီး ဤတိုက်ကြီးပေါ်ရှိ အားကောင်းသော အဂ္ဂိရတ်အစည်းအရုံးဥက္ကဌလည်းဖြစ်သည်။ ဤကဲ့သို့လူမျိုး ၏ တပည့်ဖြစ်ရမည်ကို ဘာကြောင့်များ ပဲများနေသနည်း။
ပေထင်းဟွမ် နှုတ်ဆိတ်နေသည်ကိုကြည့်ပြီး ချောင်ရှန့်သည် သဘောမတူမည်ကိုစိုးသဖြင့် အလျင်အမြန်ပင်ပြောလေသည် “မင်း သဘော တူရင် မင်းကို ငါ့ရဲ့အရင်းနှီးဆုံးတပည့်အဖြစ်လက်ခံမယ်၊ အခုထိ အရင်းနှီးဆုံး တပည့် မိုလိတစ်ယောက်ပဲရှိသေးတာ”
အရင်းနှီးဆုံးတပည့်လား...
လွန်ခဲ့သည့် ၁ စက္ကန့်ကပင် သခင်ချောင်ရှန့် ပြောသည့်စကားများကို မယုံနိုင်သဖြင့် တီးတိုးပြောနေကြသောခန်းမထဲမှ လူများကြောင့် ဤအခိုက်အတန့်တွင် အဂ္ဂိရတ်အစည်းအရုံး အပေါ်ထပ်အောက်ထပ် တစ်ခုလုံး ပေါက်ကွဲမတတ်ပင်။ ဥက္ကဌသည် အရင်းနှီးဆုံးတပည့်ကို လက်ခံတော့မည်။ ဤအရာသည် ထိတ်လန့်စရာသတင်းတစ်ခုပင်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဥက္ကဌက သူ့ဘဝမှာ မိုလိကပဲ တစ်ဦးတည်း သော အရင်းနှီးဆုံးတပည့်ဆို”
“မင်းက တုံးလိုက်တာ.. ဥက္ကဌက သခင်မိုလိအတွက်လုပ်တာပဲမဟုတ် ဘူးလား၊ ဟီး ဟီး ခြေထောက်တစ်စုံနဲ့ ဥက္ကဌက တစ်သက်လုံးဂရုစိုက်မှာကို လဲလိုက်တာ၊ ဒါက လုပ်အားနဲ့ အရင်းလဲလိုက်တာပဲ”
“အသံတိုးပြော၊ ဥက္ကဌကြားသွားမယ် သတိထား ဟူး ငါ မင်းကိုပြောမယ် သခင်မိုလိလည်း ပိုက်ဆံရှာနိုင်တာပဲ”
ပေထင်းဟွမ်၏မျက်လုံးများသည် ဘာမှမကြားသလို ဟန်ဆောင်နေပြီး အေးအေးလူလူထိုင်နေသော မိုလိဆီသို့ ကျရောက်သွားသည်။ သူသည် ဘာမှ မပြသသော်လည်း မကြားချင်ယောင်ဆောင်နေသည့် အသွင်အပြင်သည် သူ၏ အတွင်းခံစားချက်ကို ပြသနေသည်။ တကယ်တော့ ၎င်းသည် မငြိမ်းချမ်းလှပေ။
ခြေထောက်တစ်စုံနှင့် တစ်သက်လုံး ဂရုစိုက်မှုကို လဲလှယ်လိုက်သည် လား။ ထိုကဲ့သို့ စကားလုံးမျိုးကြားရသည်ကို မိုလိကဲ့သို့ ထူးချွန်သော ပါရမီရှင် မဆိုထားနှင့် မည်သူမှ သက်တောင့်သက်သာ မဖြစ်ပေ။
ချောင်ရှန့်သည် ဒေါသကြောင့်တုန်ယင်လာသည်။ သို့သော် ခန်းမထဲမှ ဤမျှများပြားသည့်လူများ အားလုံး၏ ပါးစပ်ကို ပိတ်နိုင်မည်လား။
“ဆရာ ကျွန်မတို့ ဘာလုပ်နိုင်လို့လဲ၊ ဒီလူ့ရဲ့ဇစ်မြစ်ကိုတောင် မသိရတာ၊ သူက တကယ်လို့...” ကျားရွေ့သည် ခန်းမကိုဖြတ်လာပြီး ပြန်ပြေးချင်လာ၏။ အဂ္ဂိရတ်အစည်းအရုံး၏မျက်နှာကို ပျက်စေသည့်ဤလူကို လက်ခံရမည်။ ဤ မသန်စွမ်းကိုသာ အပြစ်တင်ရတော့မည်။
ကျားရွေ့သည် မိုလိအား ခက်ထန်စွာကြည့်လေသည်။ မိုလိသည် အာရုံခံ မိသည်နှင့်တူသည်။ သူလှည့်ကြည့်လိုက်ချိန်တွင် သူ၏အေးစက်ပြီး ဂရုမမူ သည့်မျက်လုံးများထဲမှ လူသတ်မည့်အကြည့်များတက်လာသည်။ ကျားရွေ့၏ ရင်မှာတုန်ယင်သွားပြီး ကျန်သည့်စကားများကို မပြောနိုင်တော့ပေ။
သူမ၏ စီနီယာအစ်ကိုသည် ပုံမှန်အချိန်ဆို ဘာမှမပြောဘဲ စိတ်မဝင်စား ဘဲရှိသည်။ သို့သော် သူမနှင့်အတူရှိလာသည့် နှစ်ပေါင်းများစွာကြာပြီးနောက် စီနီယာအစ်ကိုသည် အရိုးထဲထိမည်းနက်သည်ကို သူမ ကောင်းစွာသိသည်။
“ကျွန်တော့်မှာ ဆေးသန့်စင်တာကို သင်ပေးတဲ့ဆရာရှိပါတယ်...”
ပေထင်းဟွမ်၏အသံကိုကြားသည်နှင့် မိုလိသည် မျက်လုံးများကို တဖြည်းဖြည်းပင့်ကြည့်လေသည်။ ကြည်လင်သောမျက်လုံးထဲမှ စိတ်ပျက်မှု ကြီးရှိနေသော်လည်း ခပ်သဲ့သဲ့ပြုံးကာ တောင်းပန်တော့မည်အပြုတွင် ပေထင်းဟွမ်ပြောလိုက်သည့်စကားကို ကြားလိုက်ရသည်။ သူမ ပြုံးပြီးပြော လေသည် “ဒါပေမဲ့ အစ်ကိုမိုလိနဲ့ ညီအစ်ကိုလုပ်ချင်သေးတယ် ဘယ်လိုလုပ်ရ မလဲ”