Chapters

သူစီးဖို့ ဖိနပ်အသေးပေးလိုက်

Vol. 57 Ch. 1126

သူစီးဖို့ ဖိနပ်အသေးပေးလိုက်

Vol. 57 Ch. 1126

ဆေးသန့်စင်နည်းကို သင်ပေးသူမှာ ယန်ယဲ့ဖြစ်သည်။ သူမသည် ယန်ယဲ့ ၏ နာမည်အောက်တွင်နေရန် မထိုက်တန်သော်လည်း သူမ၏ စိတ်ထဲတွင် တခြားသူ၏ကျောင်းသားအဖြစ် ခံယူရန် တွန်းလှန်နေသည်။ အထူးသဖြင့် ချောင်ရှန့်သည် မိုလိအတွက် သူမကို တပည့်အဖြစ်လက်ခံခြင်းပင်။

“ဒီအဘိုးကြီးက မဆင်မခြင်လုပ်မိတာပါ” ချောင်ရှန့်သည် ပေထင်းဟွမ် အား စိတ်ရင်းနှင့် တောင်းပန်လေသည်။ သူသည် ပေထင်းဟွမ်၏ ဆရာဖြစ်ရန် စိတ်မဝင်စားပေ။ မိုလိအတွက် လုပ်ခြင်းသာဖြစ်သည်။ ပေထင်းဟွမ်၏ စကား များဆုံးပြီးနောက်တွင် အလွန်ရင်ထဲထိသွားကာ ပေထင်းဟွမ်အား ပိုချစ်မိလေ သည်။

ကျားရွေ့သည် သက်ပြင်းချကာ မိုလိသည် စကားမပြောတော့ပေ။ သူသည် ပေထင်းဟွမ် ထိုသို့ပြောသည်ကို ကြားသော်လည်း အလွန်ပင် ဂရုမစိုက်သည့်ပုံပင်။

အဂ္ဂိရတ်အစည်းအရုံး၏အတွင်းအပြင်မှလူများသည် စိတ်အေးသွားသလို ဖြစ်သွားသော်လည်း တစ်ချိန်တည်းမှာပင် ပေထင်းဟွမ်၏ ငြင်းဆန်မှုကြောင့် အံ့ဩသွားလေသည်။ ပေထင်းဟွမ်သည် သူမ၏ဆရာမည်သူမည်ဝါဖြစ်သည် ကို မပြောဘဲနှင့် ငြင်းဆန်လိမ့်မည်ဟု မည်သူမှထင်မထားပေ။ အခြေအနေအရ ငြင်းဆန်လျှင် သူမ လူများကို အထင်သေးသည်ဟု ထင်သွားကြဦးမည်။

“ဥက္ကဌရဲ့ဖိတ်ကြားချက်ကို ငြင်းတာ စိတ်လွတ်သွားတာလား” လူတစ် ယောက်၏ မျက်လုံးများသည် မယုံနိုင်စွာဖြင့် ပြူးကျယ်လာသည်။

“ပင်မတိုက်ကြီးမှာ ဥက္ကဌထက်မြင့်တဲ့သူရှိသေးလို့လား၊ ဓား ၇ လက် ဝိညာဉ်ဂိုဏ်း၊ အဂ္ဂိရတ်သခင်လေ... ဒီကလေးက ရူးနေတာပဲ”

“မင်းက ဘယ်လိုချီးကျူးရမလဲဆိုတာ တကယ်မသိတာပဲ” လူတစ်ယောက်သည် လက်ကိုဝေ့ယမ်းကာ ပေထင်းဟွမ်အား ဓားနှင့်သတ်ချင် ဟန်ရှိသည်။

မိုလိလည်း ထိုသို့တွေးနေလောက်မည်။ သို့သော် ပေထင်းဟွမ်သည် သူ၏ရုတ်တရက်ပြောင်းလဲသော အပြုအမူကို ဂရုမစိုက်ဘဲ ချောင်ရှန့်နောက်မှ လိုက်ကာ ခန်းမကိုဖြတ်ပြီး လျှောက်လာခဲ့လိုက်သည်။

အဂ္ဂိရတ်အစည်းအရုံးတစ်ခုလုံး၏ အနောက်ဘက်တွင် သုံးထပ် အဆောက်အဦးများဖြင့်ဝန်းရံထားပြီး ၎င်းတို့ကို အဂ္ဂိရတ်အစည်းအရုံးဝန်ထမ်း များ၏ရုံးနှင့် နေအိမ်များအဖြစ် အသုံးပြုကြသည်။ အလယ်တွင် ကွင်းပြင်ရှိပြီး လှေကားထစ်အဝိုင်းများပြုလုပ်ထားသည်။ တစ်ထစ်ချင်းစီတွင် မီးလင်းဖို တည်ဆောက်ထားသကဲ့သို့ တန်ဆာဆင်ကာ လူအများအပြား ပါဝင်နိုင်သည့် ဆေးသန့်စင်ကွင်းကြီးတစ်ခုအဖြစ် တည်ဆောက်ထားသည်။

ထိုအချိန်တွင် ဆေးကွင်းတွင် လူထောင်ချီစုဝေးနေကာ အလယ်တွင် နေရာယူထားပြီးကြပြီး ပြိုင်ပွဲကို အချိန်မရွေးစရန် အဆင်သင့်ဖြစ်နေကြသည်။

ပေထင်းဟွမ် စာမေးပွဲကို ရုတ်ခြည်းအလောတကြီး ဝင်ဖြေရန် မဖြစ်နိုင် ပေ။ သူမသည် စာရင်းသွင်းသည့်နေရာကို လူအတော်အများကို မေးယူရသည်။ ထိုလူများသည် ပြုံးစစနှင့် သူမအား ထူးဆန်းသလိုကြည့်ကြသည်။ တစ်ယောက်ပြီး တစ်ယောက် ထိုသို့ဖြစ်နေရာ တစ်ယောက်ယောက်တော့ သူမ ၏ အကြောင်းကို သတင်းပို့ပြီးဖြစ်ကြောင်းကို ပေထင်းဟွမ် သိလိုက်သည်။

သူမမျက်လုံးများသည် အေးစက်သွားပြီး စွမ်းအင်များ ဖြန့်ထွက်လာ၏။ တစ်စုံတစ်ယောက်သည် သူမအား ခိုးကြောင်ခိုးဝှက်ကြည့်နေသည်ဟု ခံစားမိ ချိန်တွင် သူမ ကြည့်လိုက်ရာ လူအုပ်ထဲတွင် ပုန်းအောင်းနေသော ကျားရွေ့ကို တွေ့လေသည်။ သူမ၏ဘေးတွင် ယောက်ျားတစ်ယောက်ရပ်နေသည်။ အရပ် ရှည်သောအမျိုးသားသည် အဂ္ဂိရတ်ဝတ်ရုံကိုဝတ်ဆင်ထားပြီး သူမအား အေးစက်သောမျက်လုံးများဖြင့်ကြည့်ကာ သူ၏နှုတ်ခမ်းပေါ်တွင် မြှူဆွယ် သော အပြုံးရှိနေသည်။

“အရူး” ရင်းနှီးသောအသံတစ်သံကို နားထဲတွင်ကြားလိုက်ရသဖြင့် ပေထင်းဟွမ်သည် ခေါင်းလှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် မိုလိသည် ဘီးတပ်ကုလားထိုင်ဖြင့် ရောက်လာသည်။ သူသည် မလိုမုန်းထားမှုမရှိပေ။ ပေထင်းဟွမ်သည် သူ၏ ချည်းကပ်လာမှုကို သတိမထားမိပေ။ သူသည် ပေထင်းဟွမ်ကြည့်နေသည့်ဘက်သို့ ကြည့်လေသည် “ခုနက တံခါးမှာ ငါ့ ကြောင့်သာမဟုတ်ရင် အဲဒီမိန်းကလေးကို သေအောင်သတ်ပြီးပြီမလား”

“ဟင်း” ပေထင်းဟွမ်သည် တိုးညင်းစွာ ပြန်တုံ့ပြန်လေသည် “အဲလူက ဘယ်သူလဲ”

မိုလိသည် အကြည့်ကိုပြန်ရုတ်ကာ ပေထင်းဟွမ်အးစိုက်ကြည့်လေသည်။ သူ၏အသံနေအသံထးသည် စိမ်းသက်သက်ဖြစ်နေသည် “ချောင်ထိုင် ငါ့ဆရာ ရဲ့သားလေ၊ မင်းဘာတွေလုပ်နေတာလဲ၊ မြန်မြန်စာရင်းမသွင်းသေးဘူးလား တကယ်ပဲ စာမေးပွဲမဖြေချင်ဘူးလား”

ပေထင်းဟွမ်သည် နှာခေါင်းပွတ်လိုက်သည်။ မိုလိသည် ဒေါသကြီးဦး လိမ့်မည်ဟု သူမ ထင်မထားပေ “စာရင်းသွင်းဖို့ နေရာရှာမတွေ့သေးလို့လေ၊ လူတွေအများကြီးကို မေးပြီးတာတောင် သူတို့တွေက ပြန်မပြောကြဘူး”