Chapters

ကျားရွေ့နဲ့ မိုလိက ဒီလိုပဲ

Vol. 57 Ch. 1127

ကျားရွေ့နဲ့ မိုလိက ဒီလိုပဲ

Vol. 57 Ch. 1127

မိုလိကဲ့သို့လူမျိုးသည် စိတ်ထဲတွင် မည်သို့တွေးစေကာမူ တခြားသူများ အပေါ်တွင် အမြဲတမ်းနူးညံ့ပြီး လူကြီးလူကောင်းဆန်သောပုံရိပ်ရှိသည်။ သို့သော် ယနေ့ သူ မည်သို့သောနတ်ဆိုးလေးနှင့် လာတွေ့သည်ကိုမသိပေ။ သို့သော် ပေထင်းဟွမ်အား မကျေမချမ်းနိုင်ဖြစ်သည်ဟု အနည်းငယ်ခံစားရ၏။ ပေထင်းဟွမ်၏ ငြင်းဆန်မှုသည် အကျိုးအကြောင်းမသင့်သောကြောင့်ဟု ဆိုရ မည် “ချောင်ထိုင်က လူကြမ်းကြီးပဲ၊ အမြဲတမ်းကျားရွေ့ရဲ့အမိန့်ကိုပဲ နာခံတယ်၊ မင်းကို တမင်ပတ်သွားခိုင်းမှာ သဘာဝပဲ မင်းက ပြေးသွားတာကိုး ငါ့နောက်ကို လိုက်ခဲ့ရင် မင်းစာရင်းသွင်းပြီးလောက်ပြီ”

သူသည် စာရင်းသွင်းရမည့်နေရာသို့ ခေါ်သွားကြောင်းကို ပေထင်းဟွမ် မည်သို့သိမည်နည်း။ မိုလိ စိတ်မရှည်ဖြစ်နေသည်ကိုကြည့်ပြီး သူမ ဂရုမစိုက် တော့ဘဲ မိုလိ၏ဘီးတပ်ကုလားထိုင်ကို ရှေ့သို့တိုးပေးလေသည်။ မိုလိ၏ တစ်ကိုယ်လုံးသည် ခေတ္တမျှအေးခဲသွားလေသည်။ အားလုံး၏ အံ့ဩသော မျက်လုံးများအောက်တွင် သူ၏ဆရာမှလွဲပြီး ဘီးတပ်ကုလားထိုင်တွန်းပေးခြင်း ကို မငြင်းဆန်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

“ဒီနေ့မိုလိဘာဖြစ်နေတာလဲ၊ ဘာလို့ အဲကောင်လေးကို ကောင်းပေးနေ တာလဲ”

“သခင်ချောင်ထိုင်ကို တမင်ဆန့်ကျင်တာလား၊ သခင်ချောင်ထိုင်က အဲ ကောင်လေးကို မုန်းတာကိုမြင်ပြီး ကောင်းကောင်း ဆက်ဆံပေးနေတာလား”

“ဟီးဟီး ဒါပုံမှန်ပါပဲ၊ ပြီးတော့ ငါတို့သခင်မလေးကျားရွေ့က သခင်မိုလိ ကို သဘောကျနေတာလေ၊ အဲဒီခြေထောက်တွေကြောင့်သာမဟုတ်ရင်...”

ပေထင်းဟွမ်သည် ထိုစကားများကိုကြားသောအခါ လေးလံစွာ သက်ပြင်းချမိသည်။ ကျားရွေ့ကဲ့သို့မိန်းကလေးမျိုးသည် ကပ်ဘေးတစ်ခုပင်။ မိုလိ မကြားချင်ယောင်ဆောင်နေသည်ကိုကြည့်ပြီး သူသည် ဤစကားများကို အကြိမ်ပေါင်းတစ်သောင်းထက်မနည်းကြားဖူးသဖြင့် စိတ်ထဲမထည့်တော့ သည်ဟု ပေထင်းဟွမ်တွေးနေသည်။

သူမသည် မိုလိ၏ခြေထောက်များ မည်သို့ဖြစ်ခဲ့သည်ကို မသိပေ။ ထို့အပြင် မိုလိကို ပထမဆုံးအကြိမ်တွေ့ခြင်းဖြစ်ဖြင့် မိုလိကို ကူညီရန် မကမ်းလှမ်းတော့ဘဲ ဘီးတပ်ကုလားထိုင်ကို သူ၏ညွှန်ကြားချက်အတိုင်းတွန်း ကာ စာရင်းသွင်းသည့်နေရာဆီသို့ လျှောက်သွားလိုက်သည်။

စာရင်းသွင်းသည့်နေရာသည် နဂိုက အခန်းထောင့်အနီးရှိ ဧည့်ခန်းတွင် ဖြစ်သည်။ ပေထင်းဟွမ် အလာနောက်ကျ၍ဖြစ်မည်။ နဂိုက တံခါးအနားတွင် ရှိသော စာရင်းသွင်းသည့်နေရာသည် အခန်းထဲသို့ပြောင်းသွားလေသည်။ ထို့ကြောင့် ပေထင်းဟွမ် အပြင်တွင် အကြိမ်ပေါင်းများစွာ ကြည့်သော်လည်း စာရင်းသွင်းသည့်နေရာကို ရှာမတွေ့ခဲ့ပေ။

မိုလိရှိနေခြင်းကြောင့် စာရင်းသွင်းရသည်မှာ မြန်ဆန်သည်။ တာဝန်ရှိသူ သည် ပေထင်းဟွမ်အား နောက်ကျောတွင် စတစ်ကာတစ်ခုကပ်ပေးသည်။ ထို စတစ်ကာနှင့် သူသည် စာမေးပွဲခန်းသို့ဝင်ပြီး စတစ်ကာနံပါတ်စဉ်အလိုက် နေရာကိုရှာနိုင်သည်။

လုပ်ငန်းစဉ်မှာ အလွန်မတင်းကြပ်သော်လည်း ထိုနေရာသည် အဂ္ဂိရတ် ပညာရှင်များအတွက် အရည်အချင်းစစ်စာမေးပွဲဖြစ်သည်။ အဂ္ဂိရတ်ပညာရှင် မဟုတ်လျှင် မည်သူမှ ဝင်ပါ၍မရပေ။ အယောင်အဆောင်လူများ ပါလာရန် မကြောက်ရပေ။

ပြန်ရောက်ချိန်တွင် တစ်ကွင်းလုံးသည် အစီအစဉ်တကျရှိနေပြီဖြစ်သည်။ တချို့သောကြည့်ရှုသူများသည် နောက်ဆုတ်ကာ တချို့သည် ဒုတိယအထပ် သို့မဟုတ် တတိယအထပ်ရှိ စင်္ကြံတွင်ရပ်နေကာ အောက်မှကွင်းကို ကြည့်နေ ကြသည်။

ကွင်းထဲတွင် မီးဖိုတစ်ခုချင်းစီဖိုတွင် ဒယ်စောက်တင်ထားကာ ဘေးရှိ တန်းပေါ်တွင် ဆေးပစ္စည်းများတင်ထားသည်။ ဤအရည်အချင်းစစ်ပြိုင်ပွဲတွင် အားလုံးပေါင်း အဂ္ဂိရတ်ပညာရှင်ရာချီပြိုင်ဆိုင်ကြသည်။ ပေထင်းဟွမ်ကဲ့သို့ပင် သူတို့၏ နံပါတ်စဉ်များကို ကျောတွင်ကပ်ထားကာ စာမေးပွဲစစ်ခုံတွင်ရပ်ကာ အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ကြည့်လေသည်။

ပေထင်းဟွမ်သည် သူမ၏ခုံကိုရှာပြီးနောက် မိုလိအားပြောကာ သွား လေသည်။ ထိုအချိန်တွင် လှုပ်လှုပ်ရှားရှားအသံများကြားလိုက်ရသည်။

“သခင်ချောင်ထိုင်က စာမေးပွဲစစ်ပဲ ဟေး သခင်ချောင်ထိုင်က ဘာလို့ စာမေးပွဲစစ်ဖြစ်သွားတာလဲ”

“ဟားဟး ဘာလုပ်တော့မှာလဲ၊ ဒီအရည်အချင်းစစ်ပြိုင်ပွဲက အဂ္ဂိရတ် စာမေးပွဲနဲ့အတူ ကျင်းပမှာလေ ငါတို့သခင်မလေးကျားရွေ့လည်း စာမေးပွဲဝင် ဖြေမှာပဲ”

“သိသာလွန်းနေပြီမလား”

“တခြားအကြောင်းအရင်းလည်းရှိသေးတယ် ကြားတယ် ဒီတစ်ခေါက် တချို့ပြိုင်ပွဲဝင်တွေက...”