မြေးဖြစ်ဖို့ လိုလို့လား
Vol. 57 Ch. 1128
ချောင်ထိုင်ဟုကြားသည်နှင့် ပေထင်းဟွမ်သည် မျက်ခုံးများကို ပင့်ကာ ချောင်ထိုင်အား ကြည့်လိုက်သည်။ ချောင်ထိုင်ဘေးတွင်ရပ်နေသောလူကို ကြည့်မိလေသည်။ ချောင်ထိုင်နှင့် ဘေးချင်းယှဉ်ရပ်နေသောလူကို ဘာကြောင့် ထိုမျှရင်းနှီးနေသနည်း။ ဖိုသီဖတ်သီဆံပင်နှင့် ပဲစေ့စိမ်းမျက်လုံးတစ်စုံသည် လည်နေသည်။ သူ ပေထင်းဟွမ်ကို မြင်လိုက်ချိန်တွင် မျက်လုံးများအရောင် လက်လာသည်။ သူသည် ပေထင်းဟွမ်အား ဦးညွှတ်မတတ် အော်ဟစ်လေ သည် “ဆရာ”
ဒီလူက အိုက်လန်တော့မဟုတ်ဘူးမလား။
ပေထင်းဟွမ်သည် သူမ၏မျက်နှာကို ပွတ်ပြီး ခန္ဓာကိုယ်ကို ကြည့်မိ၏။ သူမသည် မျက်နှာဖုံးတပ်မထားဘဲ အင်္ကျီများလည်း လဲထားသည်။ ဤလူသည် သူမကို မည်သို့ရှာတွေ့သနည်း။
အိုက်လန်သည် တုံ့ဆိုင်းမှုမရှိ ပေထင်းဟွမ်ဆီသို့ ပြေးလာပြီး ပေထင်းဟွမ်အား လှည့်ပတ်ကြည့်ကာ ရယ်မောရင်းပြောလေသည် “ဆရာ ကြည့်ဖို့မလိုပါဘူး ကျုပ်က တကယ်တော့ မျက်နှာတွင်မမှတ်မိဘူး လူတွေကို မမှတ်မိဘူး၊ အနံ့ကတစ်ဆင့် လူတွေကို ခွဲခြားနိုင်တယ်”
မြူခိုးဆေးပင်။ ပေထင်းဟွမ်သည် ကျိန်ဆဲမိလုနီးပါးပင်။ ဤလူသည် ဘာ ကြောင့်များ သူလျှိုဖြစ်မလာသနည်း။ ဝဋ်လည်သလိုပင်... ဝဋ်လည်ခြင်းသည် ကောင်းလှသည်တော့မဟုတ်လှပေ။ သူမ ယန်ယဲ့အပေါ်တွင်သုံးခဲ့သည့် လှည့်ကွက်သည် သူမဆီသို့ ပြန်လာလေသည်။ သူမသည် အိုက်လန်အား ဖုံးကွယ်ရန် မရည်ရွယ်သော်လည်း ဤခံစားချက်သည် ဘာကြောင့် မသက်မသာဖြစ်စေသနည်း။
အိုက်လန်၏ 'ဆရာ' ဆိုသည့်စကားလုံးမှာ အမှန်တကယ် ထိတ်လန့်စရာ ပင်။ လူအုပ်၏ဦးခေါင်းအထက်တွင် ထောင်ချီသောမြင်းများ ဖြတ်ပြေးသွား သလိုပင်။ မိုးကြိုးပစ်သံသည် လူအုပ်ကို ခေတ္တမျှလှုပ်ခါသွားစေပြီး အရှေ့၊ အနောက်၊ တောင်နှင့် မြောက်အကြားမှ ကွာခြားချက်ကို မပြောနိုင်ကြပေ။
ဘာတွေဖြစ်နေကြတာလဲ။ သခင်အိုက်လန်က သရဲများဝင်ပူးခံရတာ လား။ ဘာမှမဟုတ်တဲ့လူကို ဘယ်လိုလုပ် ဆရာလို့ခေါ်တာလဲ။ ဒီကောင်လေး ကို ကြည့်ပါဦး ၁၄ နှစ်၊ ၁၅ နှစ်အရွယ်ပဲရှိသေးတယ်။ ခန္ဓာကိုယ်ပေါ်မှ ဘာ တံဆိပ်ပြားမှလည်းမရှိ၊ ခွန်အားနည်းနည်းပဲရှိပုံရတဲ့ပုံစံနဲ့ကို အဆင့် ၄ အဂ္ဂိရတ် ပညာရှင်ရဲ့ ဆရာဖြစ်ဖို့ အရည်အချင်းပြည့်မှီလို့လား။
လာနောက်နေတာလား။
“သတိပေးလိုက်မယ် ကျွန်တော့်ကို လူတွေအများကြီးရှေ့မှာ ဆရာလို့ မခေါ်နဲ့၊ လူမှားတယ်လို့ တခြားသူတွေကိုပြောလိုက် မဟုတ်ရင်တော့...” ပေထင်းဟွမ်သည် ခေတ္တမျှစဉ်းစားပြီးနောက် အန္တရာယ်ပြုမည့်အနေအထား နှင့်ပြောလေသည် “ကျွန်တော် ထွက်သွားပြီးကတည်းက ခင်ဗျား ဝိညာဉ် အဆင့်ခွဲဆေးမသန့်စင်နိုင်ဘူးမလား၊ ကျွန်တော့်အကြောင်း ဖော်ရဲဖော်ကြည့် တစ်သက်လုံး ဝိညာဉ်အဆင့်ခွဲဆေးမသန့်စင်နိုင်စေရဘူး”
ပေထင်းဟွမ်၏ လှုပ်ရှားမှုသည် အမှန်တကယ်ပင် အညှာတာမဲ့သည်။
အိုက်လန်သည် သူ၏မျက်လုံးသေးသေးလေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။ သူသည် ပါးပြင်ပေါ်မှ ဆံပင်များကို ဆွဲပြီးရင်းဆွဲဖယ်လေသည်။ နောက်ဆုံးတွင် သူသည် ရှက်ရွံ့သောအပြုံးဖြင့် ပြေလေသည် “ဟုတ်ကဲ့ တောင်းပန်ပါတယ် ကျုပ်လူမှားသွားတာပါ”
အိုက်လန်၏စကားများကိုကြားပြီးနောက် အားလုံးသည် သက်ပြင်းချကြ လေသည်။ ယနေ့ ကြောက်စရာကောင်းသော ကိစ္စများစွာကို ကြုံတွေ့လိုက်ရ သလိုခံစားရလေသည်။ ပမဆုံးအနေနှင့် ဥက္ကဌသည် ဤကောင်လေးကို သူ၏ တပည့်အနေနှင့် ကမ်းလှမ်းသည်။ ယခုအခါ သခင်အိုက်လန်သည် ကောင်လေး အား ဆရာဟုခေါ်နေသည်။
သခင်အိုက်လန်သည် ဥက္ကဌ၏ညီဖြစ်သည်။ ထိုသို့သာဖြစ်လာပါက ဝါစဉ်သည် ရှုပ်ထွေးသွားမည်ဖြစ်သည်။
“ဦးလေး စိတ်ရှုပ်ထွေးသွားတာလား၊ သူကလား ဦးလေး အမှတ်မှားတာ မလား၊ ကိုယ့်အသက်ကိုယ်လည်းကြည့်ဦး ကိုယ့်မြေးလောက်ရှိသေးတာကို ဆရာလို့သတ်မှတ်ချင်သေးတာလား” ချောင်ထန်သည် ထေ့ငေါ့ပြီးပြောလေ သည်။
အိုက်လန်နှင့် ပေထင်းဟွမ်တို့သည် တန့်ကာမြို့သို့ ရှေ့ဆင့်နောက်ဆင့် ရောက်ကြသည်။ သူ ရောက်သည်နှင့် ဝိညာဉ်အဆင့်ခွဲဆေး သန့်စင်နိုင်ပြီဟု အဂ္ဂိရတ်အစည်းအရုံးအဖွဲ့ဝင်များကို ကြွားဝါခဲ့သည်။ ထို့ကြောင့် အားလုံး မြင် ချင်ကြသည်။ သို့သော် မည်သူသိမည်နည်း။ တစ်ညတည်းနှင့် ဆေးဖိုသုံးခုလုံး သည် အတုအယောင်များဖြစ်သည်။ အဂ္ဂိရတ်အစည်းအရုံးတစ်ခုလုံးသည် ရယ်မောခဲ့ကြသည်။ အိုက်လန်သည် အမှန်တကယ် ရူးသွပ်နေပြီဟု သတ်မှတ် ကြသည်။
အိုက်လန်သည် ပေထင်းဟွမ်အား ရှာဖွေနေခဲ့သော်လည်း ရှာမတွေ့ခဲ့ပေ။ သူသည် အလောကြီးနေချိန်မှပင် ပေထင်းဟွမ်သည် သူ့အလိုလိုပေါ်လာခဲ့၏။ သူ ဘာကြောင့် မအံ့ဩဘဲနေမည်နည်း။
သို့သော် ယခုအခါ သူ အံ့ဩယုံသာအံ့ဩပြီး မပျော်ရွှင်တော့ပေ။ သူမ ထွက်သွားပြီးကတည်းက အိုက်လန်သည် ဝိညာဉ်အဆင့်ခွဲဆေး မအောင်မြင်ခဲ့ သည်ကို ပေထင်းဟွမ် မည်သို့သိသနည်း။