Chapters

တစ်ယောက်ယောက်က တမင်လက်ဆော့တာ

Vol. 57 Ch. 1129

တစ်ယောက်ယောက်က တမင်လက်ဆော့တာ

Vol. 57 Ch. 1129

“အစတုန်းက သူ ဒီမှာမရှိဘူးလို့ပြောတယ်၊ ပြီးတော့ ငါ့ဘဝမှာ ကုနည်း မပျက်စီးဖူးဘူး၊ နောက်ဆုံးတစ်ယောက်က သူ ဒီမှာရှိလို့ ငါ ကြက်ကန်း ဆန်အိုးတိုးသွားတာလား” အိုက်လန်သည် ထိတ်လန့်လွန်းသဖြင့် ထခုန်လုနီး ပါးဖြစ်သွားသည်။ ထိုသို့ဆိုလျှင် အလွန် မနှစ်မြို့စရာကောင်းလွန်းသည်။

ချောင်ထိုင်၏ကျိန်ဆဲမှုသည် သူ၏ နတ်ဘုရားနှင့်တူသောဆရာကို ပြစ်မှားမိမည်ကို အိုက်လန်စိုးရိမ်သဖြင့် ချောင်ထိုင်ကို ရိုက်ချလေသည် “မင်းက လုပ်အားယူချင်လို့လား”

“ဟား ဟား သခင်ကြီးအိုက်လန် ဒီလောက်ငယ်တဲ့လူငယ်လေးကို ဆရာ လိုမျိုး တကယ်ကြီး ကိုးကွယ်နေတာတော့ မဟုတ်ပါဘူးနော်၊ ဟုတ်လား၊ သူများ အရူးလုပ်တာမခံရတာ သေချာရဲ့လား”

“ဟား ဟား ဟား ဟုတ်တယ် ကျုပ်သိသလောက်ဆိုရင် တိုက်ကြီးတစ်ခု လုံးမှာ မဟာမိတ်အင်ပါယာရဲ့ခေါင်းဆောင်တစ်ယောက်ကပဲ ဝိညာဉ်အဆင့်ခွဲ ဆေးသန့်စင်နိုင်တာ၊ ပြောရရင် သူ့ဆရာက သခင်ကြီးပေထင်းဟွမ်လား”

“သခင်ပေထင်းဟွမ်လား ဖူး... သူက တကယ့်နတ်ဘုရားလို့ ဘာလို့မပြော တာလဲ အဲဒါကမှ လက်တွေ့ဆန်ဦးမယ်”

...

ကွင်းတစ်ခုလုံးသည် ရယ်ကွဲကြလေသည်။ အိုက်လန်သည် စင်ပေါ်တွင် ရပ်ပြီး ပေထင်းဟွမ်အား အခန်းထဲတွင် စွန့်ပစ်ခံရသည့်ကလေးအား ဝမ်းနည်းသောမျက်လုံးတစ်စုံနှင့်စိုက်ကြည့်လေသည်။

ချောင်ထိုင်သည် လူအများရှေ့တွင် အိုက်လန် စော်ကားခြင်းကိုခံရသဖြင့် ရုတ်တရက် ဒေါသထွက်လာသည်။ သို့သော် အိုက်လန်သည် သူ၏ဦးလေးဖြစ် ပြီး ဘာမှလုပ်မရသောကြောင့် ပေထင်းဟွမ်ပေါ်ကိုသာ ပုံချလေသည် “မင်းက ဦးလေးအိုက်လန်ရဲ့ ဆရာမဟုတ်သလို ဝိညာဉ်အဆင့်ခွဲဆေးမသန့်စင်နိုင်ဘူး ဆိုရင် စာမေးပွဲမလွတ်ချင်ရင် မင်းနေရာမင်းမြန်မြန်သွားရပ်တော့”

စာမေးပွဲစစ် ဦးစီးမှုူးအနေနှင့် ချောင်ထုင်သည် ပေထင်းဟွမ်အား အမှုန့် ချေပစ်ချင်နေသည် “ဟင်း အဂ္ဂိရတ်အစည်းအဝေးမှာ ဝင်ပါပြီး ပင်မတိုက်ကြီး မှာ နာမည်ကြီးချင်တာလား၊ အိပ်မက်မက်နေလိုက် ငါ့ကျားရွေ့ကို လုပ်ရဲရင် ဒီနေ့ မင်းအရည်အချင်းမပြည့်အောင် လုပ်ပေးလိုက်မယ်”

သူမ၏နေရာသည် စင်မြင့်ရှိအမြင့်ဆုံးနေရာတွင်ဖြစ်နေလိမ့်မည်ဟု ပေထင်းဟွမ်ထင်မထားပေ။ ထိုနေရာသည် အဆင့် ၅ အဂ္ဂိရတ်ပညာရှင်များ၏ နေရာဖြစ်ခဲ့သည်။ ပင်မတိုက်ကြီးတွင် နှစ်ပေါင်းများစွာအတွင်းတွင် မည်သည့် အဂ္ဂိရတ်ပညာရှင်မှ ထိုနေရာတွင် ရပ်ရန် အရည်အချင်းမပြည့်မှီပေ။

ပေထင်းဟွမ် ထိုနေရာတွင်ယူလိုက်သည်ကိုကြည့်ပြီး ကွင်းတစ်ခုလုံး သည် အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်နေသည်။ အားလုံးသည် ပေထင်းဟွမ်အား ထူးဆန်းသောမျက်လုံးများ၊ လှောင်ပြောင်၊ နှစ်ထောင်းအားရ သနားသောမျက်လုံးများဖြင့်ကြည့်ကြလေသည်။

၎င်းကို စာစစ်မှူးချောင်ထုင်စီစဉ်ထားကြောင်း ပေထင်းဟွမ်သိသည်။ သူမသည် အနည်းငယ်သာ အံ့ဩပြီးနောက် ငြိမ်ကျသွားလေသည်။ စင်ပေါ်တွင် ပထမအထပ်မှ သူမရပ်နေသည့် ပဉ္စမအထပ်ဟူ၍ ငါးထပ်ရှိသည်။ ပထမအထပ် မှ ဒုတိယအထပ်ကို လူများသိမ်းပိုက်ထားသည်။ ပထမအထပ်မှာ လူအများဆုံး ဖြစ်သည်။

အဂ္ဂိရတ်တံဆိပ်ပြားရှိလျှင် ပထမအဆင့်အဂ္ဂိရတ်ပညာရှင်များသည် အဂ္ဂိရတ်အစည်းအဝေးတွင် ပါဝင်ယှဉ်ပြိုင်နိုင်သည်။ ထို့ကြောင့် အဂ္ဂိရတ် အစည်းအဝေးတွင် ပါဝင်ချင်လျှင် ပထမအဆင့် စာမေးပွဲခုံကိုရွေးပြီး ပထမ အဆင့်အဂ္ဂိရတ်ပညာရှင် တံဆိပ်ပြားရနိုင်သည်။ ထို့ကြောင့် သူတို့သည် မနက် ဖြန် စာမေးပွဲတွင်ပါဝင်နိုင်မည်ဖြစ်သည်။

ကျားရွေ့သည် ဒုတိယအထပ်တွင်ရပ်နေပြီး ထိုအဆင့်တွင် သူမ တစ်ယောက်တည်းသာဖြစ်သည်။ ပေထင်းဟွမ်သာ ပဉ္စမအထပ်တွင်မရပ်လျှင် ဤနေရာရှိ လူရာကျော်ထဲတွင် သူမသည် အသန်မာဆုံးဟုဆိုလိုသည်။

ထိုအခိုက်အတွင် အားလုံး၏မျက်လုံးထဲတွင် ကျားရွေ့သာ အသန်မာဆုံး ဖြစ်သည်။ ၁၄ နှစ်၊ ၁၅ နှစ်အရွယ် ကောင်လေး ပေထင်းဟွမ်သည် အဆင့် ၅ ဆေးသန့်စင်နိုင်လိမ့်မည်ဟု မည်သူမှမထင်ကြပေ။ သူတို့ယုံရမည်ဆိုလျှင် မိုးပေါ်မှ သွေးမိုးများရွာမည်ဆိုသည်ကိုပင် ယုံလိုက်မည်။

တစ်စုံတစ်ယောက် စနောက်ထားခြင်းဖြစ်မည်။ ပေထင်းဟွမ်သည် ကျားရွေ့၏မျက်လုံးထဲမှ အမုန်းတရားမီးတောက်၊ နှစ်ထောင်းအားရသော အကြည့်၊ လက်စားချေပြီးနောက်ရလာသည့် ကျေနပ်မှုတို့ပါဝင်သည့် အရာ များကိုမြင်လိုက်ရချိန်တွင် ဤအရာသည် တစ်စုံတစ်ယောက်မှ တမင်စီစဉ် ထားသည်ကိုသိလိုက်ရသည်။