မကြိုးစားကြည့်ဘဲ ဘယ်လိုသိမှာလဲ
Vol. 57 Ch. 1130
ပြောဖို့ပင်မလိုပေ။ ပေထင်းဟွမ်သည် စင်ပေါ်မှ ဆေးညွှန်း ရှီကျင်းဟု ရေးထားသည့် ပုရပိုက်ကို ကောက်ယူလိုက်သည်။ ထိုဆေး၏ ပုံသေနည်းကို ကြည့်ရာ ဤဆေးကို သောက်လိုက်သည်နှင့် ပြတ်သွားသောအကြောများ၊ ကြေသွားသောကြွက်သားများနှင့် အရိုးများကို ၉၀ ရာခိုင်နှုန်း ပြန်ကောင်းနိုင် သည်ဟု တွေ့ရှိရာ ပေထင်းဟွမ် အံ့ဩမိသည်။
၎င်းသည် အလွန်ပင် အားကောင်းလှသည်။ ဤကဲ့သို့ဆေးမျိုးသည် အဆင့် ၅ ဆေးတွင် အခက်ဆုံးဖြစ်ကာ နတ်ဘုရားအဆင့်ဆေး အဆင့် ၆ ဆေးနှင့်ပင် နီးစပ်လွန်းသည်။ ပေထင်းဟွမ်သာ အဆင့် ၅ အဂ္ဂိရတ်ပညာရှင် အရည်အချင်းစစ် စာမေးပွဲဖြေလျှင် ပထမဆုံးဖြေမည့်လူအတွက် အလွန်ခက်ခဲ သည့် မေးခွန်းဖြစ်သည်။
“ဒါ ဘယ်သူစီစဉ်လိုက်တာလဲ” နောက်ဆုံးတွင် လူတစ်ယောက်ပြောလာ သည်။ ချောင်ရှန့်၏အံသည် ကွင်းနှင့်အပြင်ဘက်သို့ လွင့်ပျံလာသည်။
ထင်ရှားစွာပင် ဤကဲ့သို့ စီမံချက်သည် လှည့်ကွက်တစ်ခုပင်။
ပေထင်းဟွမ်သည် စိတ်ပျက်စွာနှင့် ချောင်ရှန့်ကိုကြည့်လိုက်သည်။ ထို့နောက် ချောင်ရှန့်၏ဘေးမှ မိုလိကို မြင်လိုက်ရသည်။ ဤမိသားစုသည် သူမ ကို ထပ်မံကူညီပေးနေသည်။ သူမကို ပဉ္စမထပ်စာမေးပွဲခုံတွင် နေရာချထား သည်ကိုကြည့်ပြီး သူမအတွက် တရားမျှတမှုရှာချင်နေသည်။ ပေထင်းဟွမ် သည် မျက်ခုံးများကို ပင့်ကာ မိုလိကိုပြုံးပြလေသည်။ သို့သော် သူ မျက်နှာလွှဲပြီး လျစ်လျူရှုလိုက်၏။
ဤလူသည် အလွန်မောက်မာသည်။
မိုလိ၏နားရွက်များရဲသွားသည်ကိုကြည့်ပြီး ပေထင်းဟွမ် အနည်းငယ် နားမလည်နိုင်ဖြစ်နေသည်။ သူမ ဘာမှလုပ်ရသေးဘဲနဲ့ ဒီလူက ဘာလို့ ရှက် သွားတာလဲ။ ကောင်မလေးကျနေတာပဲ။
ပေထင်းဟွမ်သည် သူမ၏အပြုံးမှာ မည်မျှသေစေလောက်သည်ကို မသိ ပေ။ မိုလိတင်သာမကဘဲ ပေထင်းဟွမ်၏အပြုံးကိုမြင်လိုက်ရသည့် ကွင်း အတွင်း၊အပြင် လူအားလုံး နီးပါး မျက်လုံးများ တောက်လောင်ကြလေသည်။ ဤမျှလှပပြီး ဆိုးယုတ်သည့်ပုံစံနှင့် လူငယ်သည် သူမ၏အခြေအနေကိုမှ သိရဲ့ လား။ မည်သို့များ ဝန်ထုပ်ဝန်ပိုးမရှိ ဤမျှတောက်တော်ပပပြုံးနိုင်သနည်း။
“ဒီကောင်လေး ဘယ်လိုလုပ် ရယ်နိုင်သေးတာလဲ၊ ငါသာ သိရင် သူ့ကို ကူညီမှာမဟုတ်ဘူး” သို့သော် ထိုအချိန်တွင် ထိုသို့ပြောလိုက်သော်လည်း ရင်ထဲ တွင်တော့ ပန်းများပွင့်နေပြီး ပွင့်ဖတ်များ ပွင့်လန်းလာသည့်အသံကို ကြားလိုက်ရသလိုဖြစ်နေသည်။
“အဖေ ကျွန်တော်ပါ” ချောင်ရှန့်၏ မေးခွန်းကိုကြားပြီးနောက် ချောင်ထိုင် သည် တည်ငြိမ်စွာပင်ရပ်လေသည်။ သူသည် မိုလိအား အထင်သေးသော မျက်လုံးများဖြင့်ကြည့်ကာ ပေထင်းဟွမ်၏လက်ထဲမှ ဆေးညွှန်းကိုကြည့်ပြီး ပြောလေသည် “အဖေ အဲဒီဆေးက ရှီကျင်းဆေးပါ၊ သခင်ယွဲ့ကျို့က အရမ်း သန်မာပြီး ဂျူနီယာညီလေးနဲ့ ရင်းနှီးတာကိုတွေ့လို့ သခင်ယဲ့ကျို့က ရှီကျင်း ဆေးကို သန့်စင်နိုင်မလားလို့ စမ်းကြည့်ခိုင်းချင်လို့ပါ၊ ကျွန်တော်တို့ အကုန် သိကြပါတယ် ခြင်ဆီအသစ်လဲဆေးက ဂျူနီယာညီလေးကို ထအောင်လုပ်နိုင် ပါတယ်”
ခြင်ဆီအသစ်လဲဆေးလား။
ဤဆေးညွှန်းနာမည်ကိုကြားပြီးနောက် ကွင်းတစ်ခုလုံး တအံ့တဩ အော် ကြလေသည်။ သခင်ချောင်ထိုင်သည် သခင်ယွဲ့ကျိုအတွက် ပဉ္စမအထပ်တွင် စီစဉ်ပေးထားပြီး ခြင်ဆီအသစ်လဲဆေးသန့်စင်ခိုင်းသည်ကို မည်သူမှ မသိကြ ပေ။ သခင်ယွဲ့ကျိုအား နောက်ဆုတ်စေချင်သည်မှာ ထင်ရှားသည်။ သူမသည် အဂ္ဂိရတ်အစည်းအဝေးတွင် ဝင်ပြိုင်ရန် အရည်အချင်းပြည့်မှီတော့မည်လား။
ပေထင်းဟွမ်သည် မိုလိ၏ ရင်ဘတ်တစ်ခုလုံး လှိုက်ချည်ဖိုချည်ဖြစ်နေ သည်ကို မြင်နေရသည်။ သူတို့သိကျွမ်းကြသည်မှာ မကြာသေးသော်လည်း မိုလိသည် အမြဲတမ်းချုပ်တည်းပြီး သာမန်လူကဲ့သို့ ပြုမူခဲ့သည်။ သို့သော် ဤ အခိုက်အတန့်တွင် သူ မအောင့်အီးနိုင်တော့ပေ။
“သခင်ယွဲ့ကျို မင်းမှာ ခွန်အားမရှိဘူးလို့ခံစားရရင် ဒါမှမဟုတ် ငါ့ရဲ့ ဂျူနီယာညီလေးအတွက် မစွန့်စားချင်ဘူးဆိုရင် လက်လျော့ဖို့ပြောလို့ရပါတယ်” ချောင်ထိုင်သည် အလွန်ချေငံသောအပြုံး၊ ခနဲ့သောအပြုံးဖြင့် ပြောလေသည်။
မိုလိ၏အကြည့်ရောက်လာသည်ကို မြင်ပြီး ပေထင်းဟွမ်သည် မျက်ခုံးများကိုပင့်ကာ ပြုံးလေသည်။ သူမ အဆင့် ၅ ဆေးညွှန်းကို ကိုင်ထား သည်ကိုပင် ဂရုမစိုက်တော့ဘဲ ခေါင်းခါပြီးပြောလိုက်သည် “မစမ်းကြည့်ဘဲ ဘယ်လိုသိမှာလဲ”