ငါက မင်းအတွက်မဟုတ်ဘူး
Vol. 57 Ch. 1131
“မစမ်းကြည့်ဘဲ ဘယ်လိုသိမှာလဲ”
ပေထင်းဟွမ်၏ မောက်မာပြီး လွှမ်းမိုးနိုင်သောအသံသည် ပွဲကြည့် ပရိသတ်ဆီသို့ မိုးကြိုးသွားအလား အားလုံး၏နားထဲသို့ ပဲ့တင်ထပ်သွားလေ သည်။ ဤလူငယ်သည် ထိုကဲ့သို့စကားမျိုး ပြောလာလိမ့်မည်ဟု မည်သူမှ ထင်မထားပေ။ ဆိုလိုသည်မှာ သူမသည် အဆင့် ၅ ရှီကျင်းဆေးကို သန့်စင်ရန် လက်ခံလိုက်ပြီဟုပင်။
သူမ ဘာလုပ်နေတာလဲဆိုတာရော သိရဲ့လား။ ခြင်ဆီအသစ်လဲဆေးရဲ့ အဓိပ္ပာယ်ကိုရောသိရဲ့လား။
ထိုဆေးညွှန်းသည် အဂ္ဂိရတ်အစည်းအရုံးရေးထားသည့် ရှေးဟောင်း စာအုပ်မှ ကူးယူထားခြင်းဖြစ်သည်။ ၎င်းသည် မိုလိ၏ခြေထောက်များအတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်းတွင် အဆင့် ၄ အဂ္ဂိရတ်ပညာရှင် ဥက္ကဌချောင်ရှန့်ပင်လျှင် ထိုဆေးကိုသန့်စင်ဖူးသည်။ သို့သော် မအောင်မြင်ခဲ့ပေ။ ဤလူငယ်သည် ဥက္ကဌထက် ခွန်အားသန်မာနေသည်လား။ ထိုစကားကို မည်သူမှ ယုံမည်မဟုတ်ပေ။
“ဆင်းခဲ့”
ပေါက်ကွဲသည့်အသံထွက်လာပြီး ထိုအသံသည် မိုလိကဲ့သို့လူမျိုးဆီမှ ထွက်လာလိမ့်မည်ဟု မည်သူမှ တွေးမထင်ထားကြပေ။ ယနေ့တွင် ထူးဆန်းပြီး ပုံမှန်မဟုတ်သည့်အရာများစွာ ဖြစ်နေသည်။ အားလုံးသည် မူးနောက်လာ၏။ သူ၏မျက်လုံးများသည် မိုလိဆီသို့ရောက်သွားသည်။ မိုလိသည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူသည် ပထမအထပ်မှ နောက်ဆုံးကျန် သည့် စာမေးပွဲခုံကို ညွှန်ပြပြီး ပေထင်းဟွမ်အား အမိန့်ပေးလေသည် “ပထမ အထပ်ကိုသွားလို့ပြောနေတယ် အဲဒီမှာရပ်မနေနဲ့”
ပေထင်းဟွမ်သည် ခေတ္တမျှ မှင်တက်နေသည်။ ထိုအခိုက်အတန့်တွင် မိုလိ၏မျက်ခုံးအကြားမှ ကျောက်သည် သွေးကဲ့သို့နီရဲလာသည်။ သူ၏ ကြည်လင်သောမျက်လုံးထဲတွင် ရေလှိုင်းအလွှာများရှိနေပြီး သူ၏မျက်လုံးကို ကန်မှရေကဲ့သို့ အလင်းနှင့်တောက်ပစေသည်။
နှင်းဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး ထိုအချိန်မှာပင် သူ့အနောက်မှ နောက်ခံသည် အဂ္ဂိရတ်အစည်းအရုံး၏ ရိုးရှင်းသောအဆောက်အဦးပေါ်တွင် ပုံရိပ်ဖန်တီးနေသည်ကို အားလုံးမြင်နေရသည်။
“ကျွန်တော်က ခင်ဗျားအတွက်လုပ်တာမဟုတ်ဘူး” ပေထင်းဟွမ်သည် လေးလေးနက်နက်ပြောလိုက်သည်။ သူမ၏မျက်ခုံးနှင့် မျက်လုံးများသည် နူးညံ့ နေသည်။ သို့သော် သူမ ပြောလိုက်သည့်စကားမှာ အားလုံးကို ထိုင်းမှိုင်းစေ သည်။ မိုလိသည် ခေတ္တမျှမှင်တက်သွားပြီး နှုတ်ခမ်းရဲရဲများကို စိတ်ဆိုးဆိုးနှင့် တွန့်လေသည်။ ထို့နောက် ခဏကြာသောအခါ သူမ ဆက်ပြောသည့်စကားကို ကြားလိုက်ရသည် “ကျွန်တော့်မိသားစုထဲမှာ အစ်ကိုကြီးရှိတယ်၊ သူ့ခြေထောက်ကလည်း ဒီလိုဆေးမျိုးလိုအပ်နေတာ”
ပြောပြီးနောက်တွင် ပေထင်းဟွမ်သည် မျက်စိရှေ့မှ ဆေးပစ္စည်းများကို ဂရုတစိုက်ကြည့်လေသည်။ စာမေးပွဲဖြေသည့်နေရာတစ်ခုချင်းစီတွင် ဆေး သုံး မျိုးကို လုံလုံလောက်လောက်သန့်စင်နိုင်ရန် ဆေးပစ္စည်းများထားပေးထား သည်။ လူတိုင်းသည် သတ်မှတ်ထားသည့်အချိန်အတွင်းတွင် လိုအပ်သည့် ဆေး ကိုသန့်စင်နိုင်သည်။ ဆေးပစ္စည်းအားလုံး အလဿဖြစ်သွားလျှင် စာမေးပွဲကျ သည့်အဓိပ္ပာယ်ဖြစ်သည်။
“ဆေးသုံးခါသန့်စင်နိုင်ရင်တောင် တော်လောက်ပြီ” ပေထင်းဟွမ်သည် လင်ဟွမ်ဆေးပင်တစ်ခုကို ကောက်ယူလိုက်သည်။ “ဒီဆေးပင်က ရဖို့မလွယ် ဘူး၊ ကျားရွေ့နဲ့ ချောင်ထိုင်လည်း ငါ့အတွက် တော်တော်လုပ်လိုက်ရမှာပဲ ဘယ်ဟာမှ အလကားမရဘူး”
နဂိုက ပေထင်းဟွမ်သည် လက်ထဲတွင် ဆေးပစ္စည်းများစွာရှိသော်လည်း ဈေးတွင် ပတ်သွားလာနေသည်မှ လင်ဟွမ်ဆေးပင်ကို လိုက်ရှာနေခြင်းဖြစ်၏။ နောက်ဆုံးတွေ့သည့်အခါတွင် မဝယ်ရသည့်အကြောင်းအရင်းမှာ အလွန်ဈေး ကြီး၍ကြောင့်ရော နောက်တစ်ချက်မှာ သူမ၏ပတ်ဝန်းကျင်တွင် မည်သူမှ ခြေထောက်ပြဿနာမရှိခြင်းကြောင့်ပင်။
ယခု ချီဟောက်၏ ဆေးပစ္စည်းများကို တံခါးရှေ့သို့ပို့လာသည်။ ပေထင်းဟွမ်ကဲ့သို့ အမြတ်မထုတ်သည့် လူတစ်ယောက်သည် ပဉ္စမအထပ်မှ ဆင်းပြီး လူများစွာရှိနေသည့်နေရာသို့သွားရမည်နည်း။
ပေထင်းဟွမ် ပဉ္စမအထပ်တွင် ခေါင်းမာမာနှင့်ရပ်နေသည်ကိုကြည့်ပြီး ချောင်ရှန့်၏ ဝင်နှောင့်ယှက်မှုကြောင့် စိုးရိမ်သွားသော ချောင်ထိုင်နှင့်ကျားရွေ့ တို့သည် သက်ပြင်းချမိကြလေသည်။ သူတို့နှစ်ယောက်လုံးသည် သူမအား အရူး တစ်ယောက်ကဲ့သို့ ကြည့်ကြလေသည်။ ဤအရူးသည် ဟန်ဆောင်သည့် အတိုင်းအတာတစ်ခု ရောက်သွားကာ လှုပ်လေမြုပ်လေ ရွှံ့နွံထဲသို့ကျသွားပြီး တစ်စုံတစ်ယောက်မှ လာဆွဲသော်လည်း သတ္တိရှိရှိနေခဲ့သည်ဟု တွေးနေကြ သည်။ သူမကို ဆွဲမချနိုင်လျှင် ကိုယ့်ဘာသာ တက်လာသည်ကိုသာ ကြည့်ရ တော့မည်။
“အကုန်လုံးက မငြင်းမှတော့ ဒါဆိုလည်း...” ချောင်ထိုင်သည် အကဲဖြတ် သူစင်မြင့်အထက်တွင်ရပ်ကာ လက်မြှောက်ပြီး နှုတ်ခမ်းထောင့်တွင် အောင်နိုင် သူအပြုံးနှင့် လက်ကိုရုတ်တရက် ချလိုက်သည် “ဒါဆို စကြတာပေါ့”