ဆေးသန့်စင်ဖို့ကို ထင်းမီးသုံးဖို့လိုလို့လား
Vol. 57 Ch. 1132
ချောင်ထိုင်၏အမိန့်ထွက်လာပြီးနောက်တွင် အားလုံးသည် မီးရှို့ရန် ပြင်ဆင်ကြသည်။ ဝုန်းခနဲအသံနှင့်အတူ မီးတောက်သံများထွက်လာရာ ပွဲကြည့်ပရိသတ်ထဲမှ အော်သံများဆူလာပြီး တဒင်္ဂအတွင်းမှာပင် စင်မြင့်တစ်ခု လုံးတွင် မီးတောက်များ ကခုန်နေကြလေသည်။ မီးတောက်အမျိုးမျိုး ထွန်းညှိ ကြသဖြင့် နေရာတစ်ခုလုံးမှ အပူချိန်သည် ရုတ်တရက် ပူပြင်းလာသည်။
ပေထင်းဟွမ်သည် မီးမွှေးရန် အလောမကြီးပေ။ ယနေ့ အဂ္ဂိရတ် အရည် အချင်းစစ်စာမေးပွဲတွင် ပါဝင်ကြသူများသည် ကျားရွေ့မှလွဲပြီး မနက်ဖြန် အဂ္ဂိရတ်အစည်းအဝေးအတွက် လက်မှတ်လိုချင်ကြသူများပင်ဖြစ်ကြသည်။ ချွင်းချက်မရှိပင် ထိုလူများသည် ပထမအထပ်တွင်ရပ်ကြသည်။ အာမခံမှလွဲပြီး တချို့သော အရေးကြီးသောအကြောင်းအရင်းရှိသဖြင့် သူတို့၏ခွန်အားကို မထုတ်ဖော်ချင်ကြပေ။
သို့သော် မီးတောက်များမှတစ်ဆင့် ပေထင်းဟွမ်သည် တချို့သော သဲလွန်စများကိုမြင်နိုင်သည်။
ထိုလူများ၏မီးတောက်များတွင် သေမျိုးမီးတောက်မရှိဘဲ အားလုံးသည် ဝိညာဉ်မီးတောက်များဖြစ်သည်။ တချို့များသည် ဝိညာဉ်မီးထက်မြင့်သော မြေကြီးမီးများပင်ရှိသည်။ ထိုထဲတွင် ကျားရွေ့သုံးသည်မှာ လိမ္မော်ရောင် မြေကြီးမီးဖြစ်သည်။ ထိုလူသည် အဂ္ဂိရတ်အစည်းအရုံးဥက္ကဌ၏ တပည့်ဖြစ်ရန် အရည်အချင်းတချို့ရှိပုံပင်။ ထို့အပြင် သူမတွင် မြေကြီးမီးရှိသည်။ အနည်းဆုံး တော့ မီးအမျိုးအစား သန့်စင်သောသားရဲတစ်ကောင်ရှိသည်။
ပေထင်းဟွမ်မှ သူမ၏လက်ထဲရှိ မီးတောက်ကို စိုက်ကြည့်နေသည်ကို မြင်ပြီး ကျားရွေ့သည် မြူးတူးစွာပြုံးပြီး ဒယ်စောက်အပေါ်တွင် လက်တင်လိုက် သည်။ ဝုန်းဆိုသည့်အသံနှင့်အတူ လိမ္မော်ရောင် မီးတောက်သည် ဒယ်စောက် ထဲတွင် ပိုပိုပြီး တောက်လောင်လေသည် “ဟုတ်တယ် ဒါဘယ်လိုမီးတောက်မျိုး လဲဆိုတာသိလား၊ ဟီးဟီး ကုန်သွယ်ရေးအစည်းအရုံးကလူတွေက မင်းကို ထင်းမီးကူမွှေးပေးရမယ်လို့တော့ မပြောနဲ့နော်”
ကျားရွေ့သည် ထိုစကားပြောပြီးနောက်တွင် စင်အနီးရှိ ထင်းခန်းနားဆီ သို့ ဆောင့်ကာအောင့်ကာလျှောက်သွားပြီး ဤနေရာတွင်ထင်းမီးရှိသည်ဟု ပေထင်းဟွမ်ကို ကြင်နာစွာသတိပေးလိုက်လေသည်။
ဝိညာဉ်မီး သို့မဟုတ် မြေကြီးမီးနှစ်ခုလုံးမရှိလျှင် အိုက်လန်ကဲ့သို့ တခြားသူ၏မီးတောက်ကို ငှားလိုက်သည်မှလွဲပြီး ထင်းမီးကိုသာ အသုံးပြုနိုင် မည်ဖြစ်သည်။ ဤထင်းမီးကို ဆေးသန့်စင်ရာတွင်သာသုံးနိုင်ပြီး ဆေးခဲသည့် နေရာတွင် သုံးရန်မဖြစ်နိုင်ပေ။ ဆေးရည်ဖြစ်ပါက ဆေးအဖြစ်ပြုလုပ်ရာတွင် သန့်စင်မှုအားနည်းပါက အာနိသင်နှင့် သန့်စင်မှုသည် တခြားဆေးများထက် ပိုဆိုးနိုင်သည်။
ပင်မတိုက်ကြီး၏သမိုင်းတွင် အဆင့်မြင့်အဂ္ဂိရတ်ပညာရှင်မများရသည့်၊ အဂ္ဂိရတ်ပညာရှင်အလုပ် မကျော်ကြားသည့်အကြောင်းအရင်းမှာ ထိုအရာ ကြောင့်ပင် ဖြစ်သည်။
ကျားရွေ့၏ရန်စပေးမှုကိုကြည့်ပြီး ပေထင်းဟွမ်သည် ခေါင်းကို တဖြည်း ဖြည်းခါယမ်းမိသည်။ ပေထင်းဟွမ်သည် သေတော့မည့်လူကို မည်သို့ပြောရ မည်ကိုပင်မသိတော့ပေ။
သို့သော် ယခုအချိန်တွင် သူမသည် လှုပ်ရှားမှုမရှိ စင်ပေါ်တွင်ရပ်နေရာ သူမ ဘာလုပ်မည်ဆိုသည်ကို အားလုံးမသိကြသဖြင့် သူမအတွက် ချွေးအေး များပြန်လာကြသည်။ မိုလိပင် သူမအတွက် စိုးရိမ်လာသည်။ သူမသည် ငယ်ရွယ်သည်ဟု ခံစားရပြီး မည်သို့လုပ်ရမည်ကို မသိမည်ကိုစိုးရိမ်သည်။ သူမသည် မိသားစုကြီးတစ်ခုမှလာပြီး ကမ္ဘာအကြောင်းမသိသောကြောင့် အပျော်နေနေခြင်းလည်းဖြစ်နိုင်သည်။
“မင်းမှာ မီးတောက်မရှိရင်လည်း သူတို့ကို ထင်းသယ်ခိုင်းလိုက်လေ၊ ပထမအဆင့်ဆေးရည် သန့်စင်နိုင်ရင်ကို မနက်ဖြန် အဂ္ဂိရတ်အစည်းအဝေးမှာ ပါလို့ရပြီ” မိုလိသည် မခံနိုင်တော့ဘဲ ပေထင်းဟွမ်အား ရှင်းပြလေသည်။ ထို့နောက် ငြင်းဆန်ချင်သည့် ချောင်ထိုင်ကို ခက်ထန်စွာကြည့်လိုက်သည်။
ချောင်ထိုင်သည် ဒေါသထွက်လွန်း၍ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ် ပြီး ရင်ထဲတွင် နာကြည်းချက်များပြည့်နေသည် “မိုလိ အဲကောင် အဖေက သူ့ စကားဆိုနားထောင်တာနဲ့ သူက အဂ္ဂိရတ်အစည်းအရုံးကို ပိုင်သွားပြီလို့ထင်နေ တာလား။ ဟင်း အဆင့် ၅ အဂ္ဂိရတ်ပညာရှင် သူကူ မနက်ဖြန်အစည်းအဝေးကို ဝင်ချင်သေးတာလား၊ အဂ္ဂိရတ်အစည်းအဝေးမှာ ဆေးရမလားဆိုတာ ကြည့် တာပေါ့”
မိုလိ၏အော်သံကိုကြားပြီး စင်ပေါ်နှင့်အောက်မှလူများ မှင်တက်ကြ သည်။ မိုလိသည် ဤကောင်လေးနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပါက သူမ ကို ကောင်းစွာသိရမည်ဖြစ်သည်။ သူမတွင် အမှန်တကယ်ပင် မီးတောက်မရှိ နေသည်လား။ မီးတောက်မရှိသည့်လူကို အဂ္ဂိရတ်ပညာရှင်ဟု ခေါ်ထိုက်မည် လား။
အဆင့် ၅ ဆေးကို သန့်စင်ချင်တာလား။ ရူးများနေသလား။