Chapters

အဂ္ဂိရတ်ပညာကိုမသိရင်လည်း လစ်လိုက်တော့

Vol. 57 Ch. 1133

အဂ္ဂိရတ်ပညာကိုမသိရင်လည်း လစ်လိုက်တော့

Vol. 57 Ch. 1133

အိုက်လန်သည် ထိုအချိန်တွင် နားမလည်နိုင်ဖြစ်နေသည်။ သူ၏မျက်နှာ မှလွဲပြီး ဤလူငယ်သည် သူ၏ဆရာနှင့်တူနေသည်။ နှစ်ပေါင်း ၁၀၀ ကျော်၊ တစ်နှစ် ၃၆၅ ရက်တွင် ရက်ပေါင်း ၃၆၀ လေ့ကျင့်နေသည့် အဂ္ဂိရတ်ပညာရှင် တစ်ယောက်သည် လုံ့လရှိခြင်းပင်။ အိုက်လန်၏ လေ့လာမှုနှင့် အသိအမြင် များသည် သာမန်လူနှင့်မတူပေ။ အမှားကိုဝန်ခံရန်မဖြစ်နိုင်ပေ။

“ငါ့ဆရာက သူ့ဘာသာဝန်ခံထားတာ အဲတော့ မမှားနိုင်ဘူး၊ သူ့မီးတောက်က အဲလောက်အားကောင်းတာကို ဘာလို့မီးတောက်မရှိတာပါ လိမ့်” အိုက်လန်၏ ယုတ္တိတန်သောအတွေးအစွမ်းအဆသည် မကောင်းလှပေ။ သူသည် ခေါင်းကိုခါယမ်းလိုက်သည်။ သူသည် အရှုပ်အထွေးထဲပါနေပြီဖြစ်၏။

ထိုအချိန်တွင် ဤခရီးသည် တန်သည်ဟု ကွင်းအထဲအပြင်မှလူများ ခံစားနေရသည်။ ၎င်းသည် ရာစုနှစ်တစ်ခု၏ ဟာသကိုကြည့်နေရသလိုပင်။ အားလုံးသည် ဗိုက်နာအောင်သည်အထိ ရယ်မောကြသည်။ ပေထင်းဟွမ်သည် ဟာသများလုပ်နေသည်။

“ငါပြောပါတယ် အဂ္ဂိရတ်အစည်းအရုံးက ဝန်ထမ်းတွေ အလုပ်ကို ဘယ်လိုလုပ်နေကြတာလဲ၊ မြန်မြန် ဒီလူကြီးမင်းကို ထင်းမီးယူပေးလိုက်”

“ဟား ဟား ငါတို့တွေလည်း သွားကူညီပေးရမလားပဲ”

“ဟာသပဲ ထင်းမီးသုံးပြီး အဆင့် ၅ ဆေးကိုသန့်စင်မှာ၊ ဒီနေ့ ငါ့ဗဟုသုတ တွေတိုးတော့မှာပဲ”

ရင်ပြင်ထဲတွင် ပြိုင်ပွဲဝင်ပြိုင်ကြသော အဂ္ဂိရတ်ပညာရှင်များသည် ငေး ကြောင်ကုန်ကြသည်။ အစောက မာန်ပါပြီး ရည်မှန်းချက်ကြီးသော လူငယ် သည် ဤမျှ ကြောက်တတ်လိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။ ၎င်းသည် လူများကို ရယ်ချင်သော်လည်း မရယ်ရအောင်လုပ်နေသည်။ ကံကောင်းစွာပင် ထိုအချိန်မှာ ရယ်ရမည့်အချိန်မဟုတ်ဘဲ အားလုံးသည် ဆေးသန့်စင်ရန် အလုပ် များနေကြသည်။

သူတို့အားလုံးသည် ပြိုင်ပွဲစင်မြင့်၏ ပထမအထပ်တွင်ရပ်နေကြသည်။ သေချာပေါက်ပင် သူတို့သည် ဆေးတစ်မျိုးကိုသာ သန့်စင်ရန်လိုအပ်သည်။ သူတို့တစ်ယောက်ချင်းစီ၏ရှေ့တွင် ဆေးသုံးခါ သန့်စင်နိုင်ရန် လုံလောက်သည့် ဆေးပစ္စည်းသုံးသုတ်ကို ချထားသည်။ သို့သော် တွက်ချက်ရန်လိုအပ်သေး၏။ ဆေးဖော်စပ်သည့်လုပ်ငန်းစဉ်တွင် အပြောင်းအလဲများစွဦရှိသည်။ ဆေးပစ္စည်း များ၏ အရည်အသွေး၊ အပူချိန်ထိန်းညှိမှု၊ ဆေးပစ္စည်းများထည့်ရသည့်အချိန် အားလုံးကို အဖုအထစ်မရှိ ထိန်းချုပ်ရမည်။

ကျားရွေ့ရှေ့တွင်လည်း ဆေးပစ္စည်းသုံးပုံရှိသော်လည်း အရည်အသွေး နှင့် ကုန်ကြမ်းသည် ပေထင်းဟွမ်နှင့်တခြားသူများအသုံးပြုသည့်ဆေးပင်များ ထက် ပိုမြင့်လေသည်။ ထို့အပြင် ပေထင်းဟွမ် ဆေးပစ္စည်းများကိုကြည့်လိုက် ရာ သူမသည် အဆင့် ၂ ဝိညာဉ်လှောင်ဆေးသန့်စင်မည်ကိုသိသည်။ ၎င်းသည် အဆင့် ၂ လက်သင်အဂ္ဂိရတ်ပညာရှင်များ သန့်စင်သည့်ဆေးဖြစ်သည်။ မြေကြီး မီးရှိသည့်လူတစ်ယောက်အတွက် မီးဖိုကိုတူးအောင်မလုပ်လျှင် သန့်စင်နိုင် သည်။

အားလုံးနီးပါး ဒယ်အိုးကို မီးရှို့နေသည်ကိုကြည့်ပြီး ပေထင်းဟွမ်သည် အသက်ရှူကာ စိတ်ငြိမ်အောင်လုပ်လိုက်သည်။ ၎င်းသည် သူမ ဆေးမသန့်စင် တွင်လုပ်နေကျဖြစ်သည်။ လုပ်ငန်းစဉ်ကို အာရုံစူးစိုက်လျှင် အောင်မြင်ရန် ဖြစ်နိုင်ချေများနိုင်သည်။

သူမသည် ဝိညာဉ်ခွဲဆေးသန့်စင်ဖူးသော်လည်း ခြင်ဆီအသစ်လဲဆေးကို သန့်စင်ရာတွင် ချင့်ချိန်ရန်လိုအပ်သည်။

ထိုအချိန်တွင် မိုလိ၏တောင်းဆိုမှုကြောင့် အလုပ်သမားတစ်ယောက် သည် ထင်းယူလာပေးပြီး ပေထင်းဟွမ်၏ခြေထောက်နားတွင် ပုံပေးလေသည်။ ထိုမြင်ကွင်းသည် ထပ်မံရယ်သံများကို ထွက်လာစေရာ ကျားရွေ့၏ ဒယ်စောက် မှ မီးကိုထိန်းညှိမှုအနည်းငယ် မတည်မငြိမ်ဖြစ်စေသည်။ သူမ ဒယ်စောက်ထဲသို့ ဆေးပင်တစ်ခုပစ်ထည့်လိုက်ရာ ရှဲခနဲအသံနှင့်အတူ မီးခိုးမည်းကြောင်းထွက် လာပြီး ပြာအဖြစ်ပြောင်းသွားလေသည်။

“ဒီမှာ ဒီမှာ ဘယ်လိုလေ့ကျင့်ရမယ်ဆိုတာကို မသိရင်လည်း စင်ပေါ်က နေဆင်းလိုက်တော့ ဒါကပ်ဘေးကြီးလိုပဲ” ကျားရွေ့သည် ပေထင်းဟွမ်၏ ခွန်အားကို ဂရုမစိုက်တော့ဘဲ ကျိန်ဆဲလေသည်။

ထိုအချိန်တွင် သူမသည် ပေထင်းဟွမ်၏ခွန်အားကို စိုးရိမ်ရန်မလိုတော့ ပေ။ ထို့အပြင် ချောင်ရှန့်သည် သူ့မျက်စိရှေ့တွင် ပေထင်းဟွမ် ကျားရွေ့ကို တိုက်ခိုက်သည်ကို မြင်ရန်ခွင့်ပြုမည်မဟုတ်တော့ပေ။ ထိုနာကျင်မှုသည် ချောင်ရှန့်၏မျက်နှာကိုထိရုံသာမကဘဲ အဂ္ဂိရတ်အစည်းအရုံး၏ မျက်နှာကိုပါ ပျက်စေသည်။

“ထင်းမီးကိုသုံးပြီး အဆင့် ၅ ဆေးကိုသန့်စင်မှာ ငါတစ်ခါမှမမြင်ဖူးဘူး” ချောင်ထိုင်သည် အထင်သေးစွာပြောလေသည် “ဘယ်လိုလုပ်ရမလဲဆိုတာ မသိရင်လည်း ဆင်းလာခဲ့လေ သူများတွေလုပ်တာကို အနှောင့်အယှက်မပေးနဲ့”