စင်ကိုဖြိုဖို့လာတာလား
Vol. 57 Ch. 1134
ပေထင်းဟွမ်သည် ချောင်ထိုင်အား စိတ်မဝင်စားသလိုကြည့်ပြီး နှာမှုတ် ကာ ပြောလေသည် “အဆင့် ၅ ဆေးကို ထင်းမီးနဲ့ ဘယ်လိုသန့်စင်ရမလဲဆိုတာ တကယ်သိတယ်၊ ဒါပေမဲ့ မတိုက်ခိုက်ဘဲ အညံ့ခံအောင်လုပ်တာ အနိုင်ကျင့်တာ ပဲမဟုတ်ဘူးလား”
ပေထင်းဟွမ် စကားပြောချိန်တွင် အဂ္ဂိရတ်အစည်းအရုံးမှစီစဉ်ပေးသည့် ဝန်ထမ်း ထင်းမီးအပြည့်သယ်လသည်ကို ကြည့်ပြီး စူးရှစွာပြောလိုက်သည် “ချထားလိုက်”
အလုပ်သမားလေးသည် မည်သို့ဖြစ်သွားသည်ကိုမသိပေ။ မီးတောက်မရှိ ဒယ်စောက်လည်းရှိမနေပေ။ ဤလူငယ်သည် မည်သို့လုပ်ရန် စီစဉ်နေသနည်း။ သို့သော် ဤလူငယ်သည် အမိန့်မနာခံဘဲမနေရဲသည့် ငရဲမင်းနှင့်တူသည်။
“သူက ဘာလုပ်မလို့လဲ ပြိုင်ပွဲမှာ အရည်အချင်းစစ်ဖို့လာတာမဟုတ်ဘဲ စင်ကို ပွဲဖျက်ဖို့လာတာလား”
“သူက စင်ကိုဖျက်ဆီးတော့မလို့လား”
“မိုးနတ်မင်းရေ ဒါက ဘယ်မိသားစုကကောင်လေး အဂ္ဂိရတ်အစည်းအရုံး ကို အပျော်အနေနဲ့ မလာသင့်တာလေ၊ ဒီနေရာကို ကစားကွင်းထင်နေတာလား”
ကွင်းထဲတွင် ထိုအချိန်၌ မည်သူမှ ပေထင်းဟွမ်အား အာရုံမစိုက်ကြပေ။ ထို့အပြင် လိုအပ်ချက်နှစ်ခုရှိနေသည့် ဤလူငယ်နှင့်ယှဉ်လျှင် မနက်ဖြန် အဂ္ဂိရတ်အစည်းအဝေးအတွက် အရည်အချင်းပြည့်မှီသူများသည် အရေးအကြီး ဆုံးဖြစ်သည်။ ကျားရွေ့သည် အရည်အချင်းပြည့်မှီပြီးသားဖြစ်ကာ အဆင့် ၂ အဂ္ဂိရတ်အရည်အချင်းကို ရချင်နေတုန်းပင်ဖြစ်သည်။ သည်လိုဆိုလျှင် မနက်ဖြန် ပြိုင်ပွဲအတွက် ပို၍ယုံကြည်ချက်ရှိနေပြီဖြစ်သည်။
ကွင်းအပြင်မှလူများသည် ပေထင်းဟွမ်အား ထူးဆန်းသော မျက်လုံးများ ဖြင့် ကြည့်နေကြသည်။ သူမ လက်စွပ်ထဲမှ ဒယ်စောက်ခပ်မည်းမည်းကို ထုတ် လိုက်ချိန်တွင် ချောင်ထိုင်သည် စိတ်လေးလံမှုကြီးခံစားလိုက်ရပြီဖြစ်သည်။ သူ ၏စိတ်ထဲတွင် တစ်စုံတစ်ခုကို သတိမမူမိသလို အမြဲခံစားနေရသလိုပင်။
ထိုဒယ်စောက်သည် သားရဲလေးကောင် ထန်းရှန့်မဟုတ်ဘဲ ပေထင်းဟွမ် အရင်က သုံးခဲ့သည့် ရှောင်တင်းနှင့် ပေါင်းစပ်ထားသည့် ဒယ်စောက်ဖြစ်သည်။ ဤအဂ္ဂိရတ်ဒယ်စောက်သည် သားရဲလေးကောင်ဒယ်စောက် သို့မဟုတ် ယန်ယဲ့၏ အဂ္ဂိရတ်ဒယ်စောက်လောက် မသန်မာသော်လည်း သာမန်ထက် တော့ ကျော်လွန်သည်။
ဒယ်စောက်ထွက်လာသည်နှင့် ကွင်းတစ်ခုလုံးမှ ပင့်သက်ရှိုက်သံများ ထွက်လာသည်။ အပြင်မှကြည့်လျှင် ဒယ်စောက်သည် မည်းနက်ပြီး တောက်ပြောင်နေကာ ရိုးရှင်းသောအစင်းကြောင်းများ ဒယ်စောက်အနားတွင် စီးဆင်းနေပုံပေါက်သည်။ ၎င်းသည် ပုံစံများ ထွင်းထုထားသည့် ဒယ်စောက် ဖြစ်သည်။ ဒယ်စောက်ကိုတွေ့လိုက်ရချိန်တွင် ဥက္ကဌချောင်ရှန့်ပင်လျှင် အနည်းငယ် ကိုယ်ဟန်ပျက်ကာ ရှေ့သို့ကိုင်းပြီး ဒယ်စောက်သည် မည်သို့ ရတနာအမျိုးအစားဖြစ်သည်ကို ရှင်းလင်းစွာကြည့်ရန် ကြိုးစားလေသည်။
ဒယ်စောက်သည် မီးဒဏ်ခံနိုင်သည့် ပစ္စည်းဖြစ်သည်ကို ပြောဖို့ရန်မလို အောင်ပင် ဖွဲ့စည်းပုံနှင့်ပုံစံကိုကြည့်ရုံနှင့် ဒယ်စောက်သည် အလွန်ထူးခြားသည့် ဇစ်မြစ်ရှိသည်ကို သိနိုင်သည်။ ကွင်းအထဲနှင့်အပြင်တွင် အဂ္ဂိရတ်ပညာရှင်များ ရှိကြသည်။ ထိုအဂ္ဂိရတ်ဒယ်စောက်၏ အသွင်အပြင်ကိုကြည့်ပြီး အားလုံး၏ မျက်လုံးထဲတွင် အားကျသည့်အကြည့်များဖြစ်နေကြသည်။ အနည်းငယ် အာရုံ လွင့်နေသူများပင် ရတနာအပေါ် လောဘတက်မှုများ မျက်လုံးတွင် အထင်းသားဖြစ်နေသည်။
ကျားရွေ့နှင့် တခြားသူများသည် ထိုအချိန်တွင် ပေထင်းဟွမ်ကို ဂရုမစိုက်အားပေ။ ကွင်းထဲမှလေထုသည် တိတ်ဆိတ်ကာ အားလုံးသည် အသက်အောင့်ထားကြသည်။ သူမသည် စိတ်ကိုပြန်ထိန်းညှိကာ ဒယ်စောက် ထဲသို့ ဆေးပစ္စည်းများ ထပ်ထည့်သည်။ မီးတောက်ကိုညှိပြီး ဝိညာဉ်အရည်ကို ကျုံ့အောင်လုပ်သည်။ သို့သော် မီးတောက်သည် ပိုးစုန်းကြူးအရွယ်အစားထိ ကျုံ့သွားလေသည်။ ၎င်းသည် ခွင့်ပြုချက်မရှိ ဦးတည်ချက်ပြောင်းသွားကာ သူမရှေ့ဆီသို့ ဆွဲသွားပြန်သည်။
ကျားရွေ့၏မြေကြီးမီးသည် ထိုသို့ဖြစ်နေကာ တခြားသူများအားလုံး၏ မီးဖိုမှာ ဝိညာဉ်မီးဖြင့် ပြည့်နေပြီဖြစ်သည်။ အားလုံး၏ မီးဖိုမှ 'ရှဲရှဲရှဲ' အသံများ ထွက်နေပြီး ရေအနည်းငယ် လောင်းထည့်လိုက်လျှင် မီးတောက်များ ငြိမ်းသွား နိုင်ပြီး မိုးကောင်းကင်အထက်ရှိ ကြယ်ထက် အနည်းငယ်သာ လက်နိုင်တော့ မည်ဖြစ်သည်။
ဒီမှာဘာတွေဖြစ်နေကြတာလဲ။ သို့သော် ထိုအချိန်တွင် အဂ္ဂိရတ်ပညာရှင် များ ခန္ဓာကိုယ်ထဲမှ မီးတောက်ကို မည်မျှပင် လှုံ့ဆော်စေကာမူ မီးတောက်ကို သန်မာအောင် လုပ်ချင်နေပါစေ သူတို့ထဲမှမီးတောက်သည် ဖိနှိပ်ခံရသလိုမျိုး ခေါင်းပင်မထောင်နိုင်တော့ပေ။ အနည်းငယ်ပင် ခေါင်းမထောင်နိုင်ကြပေ။