စင်ကိုဖြိုဖို့လာတာလား
Vol. 57 Ch. 1135
ဝိညာဉ်မီးဖြစ်စေ မြေကြီးမီးဖြစ်စေ ၎င်းတို့သည် ကောင်းကင်နှင့်မြေကြီး အကြားရှိ ဝိညာဉ်မီးတောက်များဖြစ်ကြသည်။ ထိုမီးတောက်များနှင့် သန့်စင် သည့် ဆေးလုံးများသည် သာမန်မီးနှင့်သန့်စင်သည့် ဆေးများထက် ပို၍ အဆင့်မြင့်ခြင်းကြောင့်ပင်ဖြစ်သည်။
ထိုအချိန်တွင် ကွင်းတစ်ကွင်းလုံး၌ ဆေးဖိုမှမီးတောက် သို့မဟုတ် သူတို့ ၏ ခန္ဓာကိုယ်မှ မီးတောက်တို့မှာ ကြီးမားသော ဖိနှိပ်မှုကို ခံစားလိုက်ရသည်။ ထိုခံစားချက်သည် သာမန်သားရဲမှ ရှေးဟောင်းသွေးသား သားရဲကိုမြင်ပြီးသည့် နောက် ဝိညာဉ်အတွင်းနက်ထဲမှ ဦးညွှတ်ချင်သည်နှင့်တူသည်။
မီးတောက်များသည် ဦးတည်ချက်တစ်ဖက်တည်းကို ဒူးထောက်ဦးညွှတ် အညံ့ခံသည့်အနေအထားဖြစ်နေသည်။
ထိုလူများ၏မျက်လုံးများသည် မီးတောက်များ ဦးတည်သွားသည့်နေရာ ကိုကြည့်လိုက်ရာ ပဉ္စမအထပ်စင်မြင့်ပေါ်ရှိ ပေထင်းဟွမ်၏ လက်ဖဝါးတွင် မီးတောက်များ ကခုန်နေသည်ကို မြင်လိုက်ရလေသည်။ မီးတောက်မှာ အရောင်အသွေးစုံလင်ပြီး တစ်လွှာပြီးတစ်လွှာ မီးတောက်နတ်သမီးကခုန်နေ သကဲ့သို့ ထိုအပေါ်တွင် လျှပ်စီးကြောင်းကဲ့သို့ ငွေရောင်ချည်မျှင်တန်းများရှိနေ သည်။
မီးတောက်များခုန်တိုင်းတွင် များပြားသောစွမ်းအင်ဝိုင်းသည် ၎င်းမှ လွတ်မြောက်လာသည့်အတိုင်း ပတ်ပတ်လည်မှ အပူချိန်သည် တည်ငြိမ်စွာပင် မြင့်တက်နေသည်။ ပဉ္စမထပ်နှင့်နီးသော ကွင်းတစ်ခုလုံးသည် ငရဲဘုံသို့ ရောက် သွားသလိုပင်။
မီးတောက်သည် ခမ်းနား၊တောက်ပလွန်းကာ ဤကဲ့သို့အားကောင်းသော စွမ်းအင်ပါဝင်သည်ကို မည်သူမှ တစ်ခါမှမမြင်ဖူးကြပေ။ ပေထင်းဟွမ်သည် ကျေးဇူးတင်ရမည်။ ဤစင်မြင့်သည် မိုးအဖွင့်နှင့ဖြစ်သည်။ မဟုတ်လျှင် သူမ ၏ ကိုးရောင်မီးတောက်ပေါ်သွားနိုင်သည်။ သူမ ကိုးရောင်မီးတောက်အသုံးပြု သည့်အချိန်တိုင်း သို့မဟုတ် မြို့ကိုပြာချတိုင်းတွင် နေ့ခင်းအချိန်မဟုတ်ဘဲ ည အချိန်သာဖြစ်သည်။
ပေထင်းဟွမ်၏လက်ဖဝါးထဲတွင် ကခုန်နေသည့် အလင်းပြန်သည့် အလင်းသည် သက်တန့်အောက်တွင် ဖူးပွင့်လာသည့် ပန်းတစ်ပွင့်အလားပင်။ မှတ်ဉာဏ်သလင်းကျောက်မှတစ်ဆင့် သန့်စင်သောမြို့၏ အဖြစ်အပျက်ကို မြင်ဖူးကြသူများပင် ထိုအရာသည် ပေထင်းဟွမ်၏ ကိုးရောင်နိဗ္ဗာန်မီးဟု ပြော နိုင်ကြမည်မဟုတ်ပေ။
မြေကြီးမီးပိုင်သည့်ကျားရွေ့သည် ထိုအချိန်တွင် အနာကျင်ဆုံးဖြစ်သည်။ မြေကြီးမီး၏ဝိညာဉ်သည် ဝိညာဉ်မီးထက်မြင့်သည်။ ကိုးရောင်မီးတောက်၏ ဖိနှိပ်မှုသည် ပို၍ထင်ရှားသည်။ သူမ၏ခန္ဓာကိုယ်ထောင့်တွင် လိမ္မော်ရောင် မြေကြီးမီး ကွေးတက်သွားသည်ကို ခံစားမိလေသည်။ လှုပ်ရှား၍ပင်မရပေ။
“သေစမ်း ဒါ ဘယ်လိုမီးတောက်မျိုးလဲ” ကျားရွေ့သည် သူမ၏ ကိုယ်ပိုင် မီးမှ ကြောက်ရွံ့မှု၊ ထိတ်လန့်မှုနှင့် တုန်ယင်မှုကိုခံစားရလေသည်။
ကွင်းထဲတွင် ရုတ်တရက်လူများဝိုင်းလာကြသည်။ အစည်းအရုံးတွင်း ဤအရည်အချင်းစစ်ပွဲကို အာရုံစိုက်လေ့မရှိသော အဂ္ဂိရတ်အစည်းအရုံး၏ အကြီးအကဲများသည် ဆင့်ခေါ်ခံလိုက်ရသလိုပင်။ ဒုတိယထပ်နှင့် တတိယထပ် တို့မှလူများအားလုံးသည် လေပေါ်တွင်ရပ်နေပြီး ပေထင်းဟွမ်၏လက်ထဲမှ မီးတောက်နှင့် နီးနိုင်သလောက်နီးအောင်ကြိုးစားကာ ရှင်းလင်းစွာကြည့်ချင် နေကြသည်။ ဒါဘယ်လိုမီးတောက်မျိုးလဲ။
“ဒါကကောင်းကင်မီးတောက်မလား” မြေကြီးမီးဖန်တီးနိုင်သူ အညံ့ခံရ မည်မှာ ကောင်းကင်မီးဖြစ်သည်။ မြေကြီးမီးပိုင်ဆိုင်သည့် အဆင့် ၄ အဂ္ဂိရတ် ပညာရှင်အကြီးအကဲသည် မျက်လုံးများပြူးကျယ်လာပြီး ပေထင်းဟွမ်၏ လက် ထဲမှ မီးတောက်ကို တိုက်ရိုက်ဆုပ်ကိုင်ချင်လာသည်။
ချောင်ရှန့်သည် ခေါင်းခါနေသည်။ သူသည် ပေထင်းဟွမ်၏လက်ထဲမှ မီးတောက်ကို မယုံနိုင်သောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ကောင်းကင် မီးပိုင်ဆိုင်သည့်သူသည်လည်း ခန္ဓာကိုယ်ထဲမှမီးတောက် တုန်ယင်နေသည်ကို ခံစားမိလေသည်။ ကောင်းကင်မီးတုန်ယင်အောင်လုပ်နိုင်သည့်မီးသည် နတ်မီး တောက်ဖြစ်နိုင်သည်ကို ချောင်ရှန့်ပြောနိုင်သည်။
ချောင်ရှန့် ခေါင်းခါနေသည်ကိုကြည့်ပြီး အဂ္ဂိရတ်အကြီးအကဲသည် ထခုန်မတတ်ပင် ကြောက်လန့်တကြားအော်လေသည် “ဘာ.. ကောင်းကင်မီး မဟုတ်ဘူးလား ရှန့်ဟောက် မပြောနဲ့နော် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဒီလူငယ် က နတ်ဘုရားအဆင့်လား၊ သူ့မီးတောက်က နတ်မီးတောက်မဟုတ်ဘဲ နတ်သားရဲရဲ့ ဝမ်းတွင်းပါမီးတောက်လား”