တမင်လုပ်လိုက်တာလား
Vol. 57 Ch. 1136
ဤအကြီးအကဲသည် မောက်မာလွန်းသည်။
ပေထင်းဟွမ်သည် ထိုလူအား စိတ်မဝင်စားသလိုကြည့်လိုက်သည်။ ကမ္ဘာပေါ်မှမီးတောက်သည် ပိုင်ရှင်အဆင့်တက်သည်နှင့် ဆက်လက်တိုးတက် သည်။ သို့သော် နိဗ္ဗာန်မီးကဲ့သို့ တချို့မီးတောက်များသည် ကောင်းကင်နှင့် မြေကြီးမီးတောက်နှစ်မျိုးလုံးသည် မီးတောက်၏ ဂုဏ်သိက္ခာနှင့် မွေးဖွားလာခဲ့ သည်။
ထိုအချိန်တွင်ပင် ပေထင်းဟွမ်၏ကိုယ်ပိုင်ခွန်အားကြောင့် ကိုးရောင် နိဗ္ဗာန်နီး၏ မီးတောက်အဆင့်သည် ကောင်းကင်မီးအဆင့်သာရှိသေး သော်လည်း ဤကမ္ဘာတွင် ထူးခြားနေပြီဖြစ်သည်။
ကိုးရောင်မီးတောက်ထွက်လာလျှင် မည်သူယှဉ်ပြိုင်နိုင်မည်နည်း။
သို့သော် ကွင်းအထဲအပြင်မှလူများသည် ကိုးရောင်မီးတောက်ကိုပင် မသိ ကြပေ။ ကိုးရောင်မီးတောက်နိဗ္ဗာန်မီးဟု ကုန်သွယ်ရေးအစည်းအရုံးမှ အကြီးအကဲအော်လိုက်မှပင် အားလုံးနီးပါး တုန်ယင်သွားကြတော့သည်။ မိုးနတ်မင်းရေ ဒီဘဝမှာ နတ်ဘုရားအဆင့်မီးတောက်ကို မြင်ရလိမ့်မယ်လို့ ထင်မထားကြဘူး။
“နတ်မီးလား အဲလောက်ချဲ့ကားစရာလိုလို့လား” လူတစ်ယောက် မေးခွန်းထုတ်လိုက်လေသည်။
သို့သော် ထိုအချိန်တွင် အားလုံး၏ သံသယမျက်လုံးများကို ရင်ဆိုင်ရ သဖြင့် ချောင်ရှန့်သည် လှောင်ပြောင်သည့်အပြုံးပြုံးလိုက်သည်။ သူ လက်မြှောက်ပြီး လက်ဖျောက်တီးကာ ခန္ဓာကိုယ်ထဲမှ ကောင်းကင်မီးကို အတင်းထုတ်နိုင်ရန်ကြိုးစားလေသည်။ သို့သော် သူ မည်မျှပင်ကြိုးစားစေကာမူ အားလုံးသည် သူ့ကိုသာကြည့်နေကြသည်။ မီးပွားသာထွက်လာပြီး မီးတောက် ထွက်မလာခဲ့ပေ။
ဖိနှိပ်မှု၊ ၎င်းသည် မီးတောက်ဖိနှိပ်မှုပင်။
ချောင်ရှန့်၏မီးတောက်သည် ကောင်းကင်မီးဖြစ်ပြီး ကောင်းကင်မီးကိုပင် ထွက်မလာနိုင်အောင် ဖိနိုင်နိုင်သည့်မီးတောက်သည် နတ်မီးမဟုတ်လျှင် မည်သည့်မီးဖြစ်မည်နည်း။
ထိုအခိုက်အတန့်တွင် ချောင်ရှန့်၏လက်ချောင်းများသည် ထိုမီးတောက် ၏ ကောင်းကင်အဆင့်မီးကို ဆင့်မခေါ်နိုင်ဘဲ ဖိနှိပ်မှုအောက်တွင် ပေါက်ပြဲ သွားသည်ကိုကြည့်ပြီး လူငယ်၏လက်ထဲမှမီးတောက်သည် အမှန်တကယ်ပင် 'နတ်မီးတောက်' ဖြစ်လိမ့်မည်ဟု ယုံကြည်သွားကြလေသည်။
“တကယ်ပဲ နတ်မီးပဲ ဘယ်လိုလုပ် နတ်မီးဖြစ်ရတာလဲ” လူတစ် ယောက်သည် မလိုလားစွာ အော်လေသည်။
“ငါခုနကတွေ့လိုက်တဲ့ သရဲက နတ်ဖြစ်နေတာကိုး”
“ဒါဆို သူတို့ဘာလုပ်မှာလဲ”
ထိုအချိန်တွင် ကွင်းအပြင်မှလူများသည် ဆေးဖိုတစ်ခုချင်းစီရှိ မီးတောက် များသည် ပဲပင်ပေါက်ယိမ်းနွဲ့နေသကဲ့သို့ တုန်ယင်နေကာ မီးဖိုထဲတွင် ကွေ့ကောက်နေသည်ကို တွေ့လိုက်ရသည်။ မီးတောက်များသည် အလင်းနည်း ပြီး မီးတောက်ဟုပင်ခေါ်ဆို၍မရတော့ပေ။
ထိုမီးတောက်များသည် ပေထင်းဟွမ်၏မီးတောက်ဖိနှိပ်မှုအောက်တွင် ထွက်မလာနိုင်တော့ပေ။ ထွက်မလာရဲခြင်းကြောင့်ပင်ဖြစ်သည်။
“ရွှီး”
“ဖုန်း”
တစ်စုံတစ်ယောက်၏ ဆေးဒယ်စောက်မှ အဖြူရောင်အငွေ့များထွက် လာလေ၏။ တခြားတစ်ယောက်သည် ဆေးဒယ်စောက်ထဲသို့ ဆေးပစ္စည်းများ ထည့်ပြီးသော်လည်း သန့်စင်ရန် မီးတောက်မရှိပေ။ ထိုဆေးပစ္စည်းများကို ဒယ်စောက်ထဲတွင် ခေတ္တမျှ ကြိုချက်သော်လည်း နောက်ဆုံးတွင် ပျက်စီးသွား ပြီဖြစ်၏။ ကျားရွေ့သည် ဒုတိယကြိမ်မြောက် ဆေးပစ္စည်းများကို ထည့်ပြီးဖြစ် လေသည်။ အဖြူရောင်မီးခိုးများထွက်လာကာ ဒယ်စောက်ထဲမှ ဆေးပင်များ ပျက်စီးသွားသည်ကိုမြင်ပြီး ဒေါသများထပ်မံထွက်လေသည်။
“ယွဲ့ကျို့ မင်း တမင်လုပ်တာမလား ဘာအဓိပ္ပာယ်လဲ၊ ငါတို့ကို စာမေးပွဲ မအောင်စေချင်တာမလား” ကျားရွေ့သည် ရုတ်တရက် ကျောက်ခုံကိုရိုက်ချပြီး မျက်နှာမှာလည်း ဒေါသကြောင့် စိမ်းလာသည်။ ဆေးသန့်စင်ရန် ၃ ဖုံကိုသာ ပေးထားပြီး သူမသည် ၂ ဖုံကိုသုံးပြီးဖြစ်ရာ ထိုအရာကို သူမ လုံးဝမတွေးမိပေ။
ပေထင်းဟွမ်၏လက်သည် ဒယ်စောက်ကို အသာထိလိုက်ရာ မီးတောက် သည် ဒယ်စောက်ထဲသို့ ရွေ့သွားလေသည်။ ပေထင်းဟွမ်၏ စိတ်ထိန်းချုပ်မှု အောက်တွင် မီးတောက်သည် ဒယ်စောက်၏အောက်ခြေမှ ဖြာတက်ကာ နွေးထွေးစေသည်။ သူမသည် အချိန်ယူကာ ကျားရွေ့ကားကြည့်လိုက်ပြီး နွေးထွေးမှုမရှိသောအသံနှင့်ပြောလိုက်သည် “အဲဒါကျုပ်နဲ့ဘာဆိုင်လို့လဲ၊ ကျုပ် ကို အဆင့် ၅ ဆေးဖော်စေချင်လို့ စီစဉ်ထားတာမလား၊ ဒီမီးတောက်ကိုမသုံးရင် ဘယ်လိုလုပ် သန့်စင်နို်ငမှာလဲ၊ မဟုတ်သေးဘူး ထင်းမီးနဲ့ နမူနာပြပေးမှာ လား”
“ဟား ဟား” ပေထင်းဟွမ်၏နေရာထဲမှ သားရဲများသည် ရယ်မောကြ လေသည် “ဒီတုံးလိုက်တဲ့ မိန်းမတော့နော်၊ လူသားမိန်းမတွေက ဘာလို့ ဒီလောက်တုံးရတာလဲ”