← Chapters

သူမက အရမ်းသန်မာတယ် မင်း တတ်နိုင်တဲ့အရာ မဟုတ်ဘူး

Vol. 57 Ch. 1137

သူမက အရမ်းသန်မာတယ် မင်း တတ်နိုင်တဲ့အရာ မဟုတ်ဘူး

Vol. 57 Ch. 1137

“လူသားမိန်းမတွေအကုန်လုံး တုံးကြတာလား” ကျို့ယန်သည် ပြုံးသဲ့သဲ့ နှင့်ပြောသော မိုးကြိုးသွားကိုကြည့်လေသည် “သခင့်ရှေ့မှာ ဒီလိုပြောဖို့ မင်းမှာ အစွမ်းအစရှိနေတာပဲ”

“အာ..” ထိုအခါမှပင် သခင်ဖြစ်သူမှာ မိန်းကလေးဖြစ်ကြောင်းကို မိုးကြိုးသွား သတိရသွားလေသည် “ဒါပေမဲ့ သခင်.. သူမက မိန်းကလေးလား၊ ယောက်ျားလေးထက်တောင် ပိုပြီး ယောက်ျားပီသနေတာမဟုတ်ဘူးလား”

နေရာထဲတွင် တိတ်ဆိတ်သွားလေ၏။ ထိုစကားများကို မည်သို့ ပြန်ဖြေရ မည်ကိုမသိတော့ပေ။ သားရဲအားလုံး၏ စိတ်ထဲတွင် တချို့သောပုံရိပ်များ ပေါ် လာလေသည်။ ငွေရောင်ဓားကိုင်ထားသည့်လူငယ်သည် မိုးပေါ်တွင် ရပ်နေကာ သူတို့အား အန္တရာယ်ရှိသောအကြည့်နှင့် မည်းနက်သောမျက်လုံးများနှင့် တစ် ကောင်ချင်းစီကိုကြည့်ကာ စူးရှပြီးအေးစက်သောအသံနှင့် ရက်စက်စွာပြော လေသည် “အညံ့ခံမှာလား အသေခံမှာလား”

ထိုမြင်ကွင်းသည် သားရဲများအားလုံးအတွက် အိပ်မက်ဆိုးလိုပင်။ သို့သော် ထိုမြင်ကွင်းကိုတွေ့ကြုံဖူးသည့်သားရဲများအားလုံးသည် ချွင်းချက်မရှိ ပင် သေဆုံးခြင်းကို ကြောက်ရွံ့သဖြင့် အညံ့ခံခြင်းကိုသာ ရွေးချယ်ကြသည်။

“အဟွတ် အဟွတ် အဟွတ်” ထိုသားရဲများ၏ ထူးဆန်းသောမျက်နှာ အမူအူရာကိုကြည့်ပြီး အဂူးသည် ထက်မြက်စွာနှင့် အာရုံလွှဲလေသည် “အင်း အစ်ကိုကြီးမင်ရဲ့ ကိုးရောင်နိဗ္ဗာန်မီးက ကောင်းကင်နဲ့မြေကြီးလိုမျိုး အမြစ် တစ်ခုထဲက လာတဲ့ အမြင့်ဆုံးမီးတောက်ဆိုတာကို ငါတို့တွေ သိဖို့လိုမယ်”

“အင်း အင်း အင်း ဟုတ်တယ် အရူးတွေက အစ်ကိုကြီးမင်ရဲ့ မီးတောက် ကို နတ်မီးတောက်လိုမျိုး လုပ်နေကြတာ၊ ကံကောင်းလို့ အစ်ကိုကြီးအက အိပ်ပျော်နေလို့ မဟုတ်ရင် ဒေါသထွက်ပြီး အဲဒီလူတွေကို သေအောင် မီးနဲ့ရှို့ လိမ့်မယ်” မိုးကြိုးသွားပြောလေသည်။

နယ်မြေ၏ဝင်ပေါက်တွင် လဲလျောင်းနေသည့်သားရဲများသည် တုံးအ သည့်မိန်းကလေး ကျားရွေ့မှ ထင်းမီးနှင့် အဆင့် ၅ ဆေးသန့်စင်မည်ကို စောင့်ဆိုင်းနေကြသည်။ ထိုထင်းများသည် ရှင်းယဲ့နယ်မြေမှ ယူထားသည့် အထူးအမျိုးအစား ထင်းများဖြစ်ကြသည်။ ၎င်းတို့သည် အသုံးခံပြီး မီးကို ဟန်ချက်ထိန်းပေးသည်။ ၎င်းတို့သည် အဂ္ဂိရတ်ပညာရှင်များ၏ အကြိုက်ဖြစ် ကြသည်။ သို့သော် အဆင့် ၅ ဆေးကိုတော့ သန့်စင်နိုင်မည်မဟုတ်ပေ။

“ဟား”

သူတို့သည် ချောင်ထိုင်၏ ခြိမ်းခြောက်ခြင်းကိုခံထားရသော်လည်း ကွင်း အပြင်မှလူများသည် မရယ်ဘဲမနေနိုင်ကြတော့ပေ။

ကျားရွေ့၏မျက်နှာသည် ခရမ်းရောင်ဖြစ်လုနီးပါးဖြစ်ကာ လူသတ်မည့် အကြည့်ပေါ်ထွက်လာသည်။ ပေထင်းဟွမ်သည် နတ်မီးပိုင်ဆိုင်လိမ့်မည်ဟု သူမ ထင်မထားပေ။ ထိုအလေအလွင့်သည် တမင်လုပ်ခြင်းဖြစ်ရမည်။ သူသည် အရင်က သူ၏လှုပ်ရှားမှုများကို ဖွက်ထားကာ ယခုမှပင် မျက်နှာကို ဖြတ်ရိုက် ခြင်းဖြစ်သည်။

ချောင်ထိုင်၏မျက်နှာအမူအရာသည် နားလည်ရခက်နေသည်။ ပေထင်းဟွမ်၏မျက်နှာကို ရိုက်ရန်အတွက် သူသည် ဆေးပစ္စည်းများကို ဘာမှ မလုပ်ခဲ့ပေ။ ပေထင်းဟွမ်သည် အဆင့် ၅ ဆေးကို မသန့်စင်နိုင်မည်ကို ကြောက်သဖြင့် ဆေးပစ္စည်းများကိုသာ အပြစ်တင်ရတော့မည်။ သို့သော် သည်တစ်ခေါက်တွင် သူ နောင်တရမိသည်။ ဤကောင်လေးသည် ငယ်ရွယ် သောအသက်အရွယ်တွင် နတ်မီးအဂ္ဂိရတ်ပညာရှင်ဖြစ်နေသည်။

နတ်မီးနှင့်အတူ ဆေးသန့်စင်သည့် အသိပညာအနည်းငယ် သိနေလျှင် အနည်းဆုံး အဆင့် ၂ နှင့် ၃ ဆေးများကို သန့်စင်နိုင်သည်။

ငယ်ငယ်ရွယ်ရွယ်နှင့် နတ်ဘုရားအဆင့်မီးကို ပိုင်ဆိုင်သည်မှာ နတ်ဘုရား အဆင့်မီးအစေ့ကို စိုက်ပျိုးထားခြင်း သို့မဟုတ် ဝမ်းတွင်းပါ နတ်ဘုရားအဆင့် အားကောင်းသောသားရဲကို ပိုင်ဆိုင်ထားခြင်းဖြစ်မည်။ မည်သို့ပင်ဖြစ်စေကာမူ ကောင်းကင်ကို ဆန့်ကျင်သည့် ကံတရားမျိုးမဟုတ်လျှင် ၎င်းသည် အလွန် အားကောင်းသော မိသားစုမှ လာခြင်းဖြစ်မည်။ ဤကဲ့သို့လူမျိုးကို ပြစ်မှား၍ မဖြစ်ပေ။ ပြစ်မှားလိုက်သည်နှင့် တစ်သက်လုံးပျောက်ကွယ်သွားအောင် လုပ် လိမ့်မည်။

မဟုတ်လျှင် ခံနိုင်ရည်မရှိသည့် လက်တုံ့ပြန်မှုနှင့် ကြုံတွေ့ရလိမ့်မည်။

“သူက ဒီလောက်ငယ်တာ ငါတို့တွေ ပြစ်မှားမိလို့ရတဲ့လူမျိုးမဟုတ်ဘူး”

ချောင်ထိုင် စိတ်ထဲတွေးနေတုန်းမှာပင် မိုလိ၏ စိတ်မဝင်စားသလိုနှင့် နွေးထွေးသောအသံထွက်ပေါ်လာသည်။ သူ ရုတ်တရက် ခေါင်းလှည့်ပြီး ကြည့် လိုက်သည်။ ချောင်ထိုင်သည် ချွေးအေးများ ပြန်လာတော့သည်။

ရိုးရှင်းပြီး မနပ်သော လူငယ်၊ ရှားပါးသောနတ်မီးနှင့် ပေထင်းဟွမ်၏ ကျွမ်းကျင်လှသော ကိုင်တွယ်မှုနည်းလမ်းများသည် ယခုအချိန်တွင် ကွင်းအပြင်မှလူတိုင်းကို ဆွဲဆောင်နိုင်လေသည်။ သူတို့သည် လူငယ်အား စိတ်အားထက်သန်သော မျက်လုံးများဖြင့် ကြည့်ကြလေသည်။ သူမ၏ လုပ်ဆောင်မှုကိုကြည့်လျှင် ဆေးပစ္စည်းများသည် အသက်ရှိနေသလိုပင်။ သူမ၏ အမိန့်နောက်ကိုလိုက်ပြီး ဆေးဒယ်စောက်ထဲတွင် အစဉ်လိုက်လှုပ်ရှား နေကြသည်။ သူမ၏ ဆေးသန့်စင်သည့်နည်းလမ်းကို တစ်ခါမှမမြင်ဖူးသဖြင့် အားလုံးသည် ကြက်သွေးကဲ့သို့ စိတ်လှုပ်ရှားကြသည်။

All Chapters