← Chapters

အဆင့် ၅ ခြင်ဆီအသစ်လောင်းဆေး

Vol. 57 Ch. 1138

အဆင့် ၅ ခြင်ဆီအသစ်လောင်းဆေး

Vol. 57 Ch. 1138

ချောင်ရှန့်သည် ဆုံးရှုံးမှုအတွက် အလွန်စိတ်လှုပ်ရှားနေသည်။ သူ့တစ် ကိုယ်လုံးမှာ တုန်ယင်နေလေသည်။ အဂ္ဂိရတ်အစည်းအရုံး၏ဥက္ကဌအနေနှင့် သူသည် အသိပညာဗဟုသုတတချို့ရှိသည်။ ဆေးတောင်ကြားမှ အဘိုးကြီးများ နှင့်ယှဉ်လျှင် ပေထင်းဟွမ်၏နည်းလမ်းသည် ပို၍ အံ့အားသင့်ဖွယ်ရာကောင်း သည်။ ကောင်းကင်တွင် သီချင်းညည်းရင်း ကနေသည်နှင့်တူသည်။

“ကောင်းတယ် ကောင်းလိုက်တာ” ထိုအခိုက်တွင် ခံစားချက်ကို ဖော်ပြ ရန်မဖြစ်နိုင်တော့ပေ။ အဆင့် ၅ ခြင်ဆီအသစ်လောင်းဆေးကို သူ့ဘဝတွင် နောက်တစ်ခါ ထပ်မံမတွေ့တော့ဟု ထင်ထားခဲ့သော်လည်း ဤလူငယ်ဆီတွင် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။ ချောင်ရှန့် မည်သို့စိတ်မလှုပ်ရှားဘဲ နေ တော့မည်နည်း။

မိုလိသည် အလွန်တည်ငြိမ်ပုံပေါက်သော်လည်း တခြားသူများထက်ပင် ပို၍စိတ်လှုပ်ရှားနေသေးသည်။ မကြာခင် မတ်တတ်ရပ်နိုင်မည့် မျှော်လင့်ချက် ကြောင့်မဟုတ်ဘဲ ပေထင်းဟွမ်ကြောင့်သာဖြစ်သည် “သူက ငါ့ကြောင့်နဲ့ အဆင့် ၅ ဆေးကိုသန့်စင်ဖို့ သဘောတူခဲ့တာ၊ သူ မပြောပေမဲ့ ဒီခြင်ဆီအသစ် လောင်းဆေးက ငါ့အတွက်လုပ်ထားတာကို သိတယ်”

မဟုတ်လျှင် ပေထင်းဟွမ်သည် ဆေးပစ္စည်းနှစ်ခုကို တစ်ပြိုင်နက် ထည့် ပြီး ဆေးနှစ်မျိုးသန့်စင်မည်မဟုတ်ပေ။

အားလုံးပေါင်း ပါဝင်ဆေးပစ္စည်း ၃ မျိုးရှိသည်။ သူတို့ မည်မျှပင် ယုံကြည် ချက်ရှိစေကာမူ ပါဝင်သူများသည် ဆေးပစ္စည်းနှစ်ခုကို တစ်ပြိုင်နက်တည်း မထည့်ကြပေ။ သူတို့ ကျရှုံးလျှင် တစ်မျိုးသာကျန်တော့မည်ဖြစ်သည်။ ထိုအရာ သည် မည်မျှ ဖိအားများလိုက်သနည်း။

ဧကရာဇ်၊ ဝန်ကြီးနှင့် တမန်တော်ဟု ခွဲခြားထားသည့် ဆေးအမျိုးပေါင်း ၁၂ မျိုးရှိသည်။ သူတို့အားလုံးကို ဝိညာဉ်အရည်အဖြစ် သန့်စင်ပြီးနောက် ပေထင်းဟွမ်သည် ဆေးအဖြစ် စတင်ခဲတော့သည်။ ထိုအဆင့်သည် အာရုံစူးစိုက်မှု ခပ်မြင့်မြင့်လိုအပ်သည့် စိတ်ပိုင်းဆိုင်ရာပေါ်တွင် မူတည်သည့် လုပ်ငန်းစဉ်ဖြစ်သည်။ အောင်မြင်သည်၊ ကျရှုံးသည်မှာ မီးဖိုပေါ်တွင် မူတည်နေ သည်။ ကွင်းအထဲအပြင်မှ အားလုံးနီးပါးသည် အသက်အောင့်ထားကြသည်။ စာမေးပွဲဖြေသော အဂ္ဂိရတ်ပညာရှင်များသည် ပေထင်းဟွမ်၏ ရှေးဟောင်း သန့်စင်သောနည်းလမ်းကိုမြင်တွေ့ပြီးနောက် သူတို့တွင် အရည်အချင်းရှိလျှင် တောင် ဤလူငယ်ကို မနက်ဖြန်အနိုင်မရနိုင်သည်ကို နားလည်လိုက်ကြသည်။

သည်လိုနှင့် ထိုလူများသည် သူတို့၏စာမေးပွဲကိုလျစ်လျူရှုကာ မျက်လုံး ကျယ်ကျယ်နှင့် ပေထင်းဟွမ် အဆင့် ၅ ဆေးသန့်စင်သည်ကို စောင့်ကြည့်နေ ကြလေသည်။

အဆင့် ၅ အဂ္ဂိရတ်ပညာရှင်ဆိုသည်ကို ပြည်မကြီးတွင် ညအရှင် သခင် တစ်ယောက်ကိုသာ ကြားဖူးသည်။ ယခုအခါ အဆင့် ၅ အဂ္ဂိရတ်ပညာရှင်မှ ဆေးသန့်စင်သည်ကို အနီးကပ်ကြည့်ရန် အခွင့်အရေးရောက်လာခဲ့ချေပြီ။ အရည်အချင်းစစ်စာမေးပွဲ မအောင်မြင်လျှင်တောင် ထိုက်တန်သည်။

ကိုးရောင်မီးတောက်သည် ဝိညာဉ်အရည်ကိုရစ်ပတ်ပြီး စတင် ပေါင်းစပ် တော့သည်။ ၎င်းသည် သန့်စင်ခြင်း၏ နောက်ဆုံးလုပ်ငန်းစဉ်ဖြစ်သည်။ မီးတောက်ထဲမှ ငွေရောင်လျှပ်စီးသည် ဝိညာဉ်အရည်ကို ဆက်တိုက် တိုက်ခိုက် ကာ အသေးဆုံးအမြှုပ်ကိုပင် လောင်ကျွမ်းစေလေသည်။ ထို့နောက် စွမ်းအား ထွက်လာကာ ဝိညာဉ်အရည်အနည်းငယ်သာ နောက်ဆုံးကျန်ခဲ့လေသည်။

မည်သူမှ သတိမထားမိလောက်သည့် ကစဥ့်ကလျားနတ်အရင်းအမြစ်၏ ရောင်ဝါခပ်ဖျော့ဖျော့သည် ချက်ချင်းဆိုသလိုပင် ဝိညာဉ်အရည်နှင့် ပေါင်းစပ် လေသည်။ ထိုအခိုက်အတန့်တွင် စုပ်ယူသော အင်အားတစ်ခုသည် အဖွဲ့လိုက် ပေါင်းစပ်သွားသလိုပင်။

ဘုန်း...

ကျယ်လောင်သော ဘုန်းခနဲအသံနှင့်အတူ ကောင်းကင်တွင် ဖုန်မှုန့်များ ပြည့်နှက်သွားကာ ပေထင်းဟွမ်ရှိရာဘက်သို့ အကျိုးအပဲ့များလွင့်စင်လာသည်။ ဆေးပစ္စည်းများလည်း မိုးပေါ်သို့လွင့်ထွက်သွားကာ ဆေးအမျိုးမျိုးသည် ပဉ္စမ အထပ်စားပွဲတွင် ပြန့်ကျဲသွားလေသည်။

ထိုမြင်ကွင်းသည် အားလုံးကို မှင်တက်သွားစေသည်။ အဆင့် ၅ ဆေး အောင်မြင်တော့မည်ကို ကြည့်ပြီး ဤကဲ့သို့ လှုပ်လှုပ်ရှားရှားဖြစ်ရပ်သည် လူကို ပင် တိုက်ခိုက်နိုင်သည်ကို တွေ့လိုက်ရသည်။

ဤလုပ်ငန်းစဉ်သည် မည်မျှ အရေးကြီးကြောင်းကို မည်သူမသိသနည်း။ ထိုအခိုက်တွင် အဂ္ဂိရတ်ပညာရှင်သာ ကိုင်တွယ်မှုမှားသွားလျှင် နောက်ဆက်တွဲ မှာတစ်ခုသာရှိသည်။ တူးခြစ်သွားမည်ဖြစ်သည်။ ထိုအသံကို ပြုလုပ်လိုက်သူ မှာ ကျားရွေ့ဆိုသည်ကိုမြင်သည်နှင့် အားလုံးသည် အံ့ဩသွားကြလေသည်။ ဤမိန်းကလေးသည် အဂ္ဂိရတ်အစည်းအရုံးတွင် နောက်ခံရှိလျှင်တောင် တခြား သူများ သူမအား စွပ်စွဲခြင်းကို မရပ်တန့်နိုင်ပေ။

“သူမက ရူးနေတာလား၊ ဒီလိုအားကောင်းတဲ့ ပထမတန်းစားအဂ္ဂိရတ် ပညာရှင်က အစည်းအရုံးကို ဝင်ဖို့ကို တားနေတာ၊ အခု မကောင်းတဲ့လူလိုလုပ် နေပြန်ပြီ၊ ဒီမိန်းမက ဒီလောက် ရက်စက်တဲ့စိတ်ရှိတာကို ငါ ဘယ်လိုလုပ် မသိ မှာလဲ”

“ရက်စက်လိုက်တဲ့လူပါလား၊ ဒီသခင်ကြီး သန့်စင်တာက ခြင်ဆီအသစ် လောင်းဆေးပဲ၊ ဥက္ကဌကြီးအမြဲလိုချင်တဲ့ ခြင်ဆီအသစ်လောင်းဆေးလေ”

“ဟုတ်တယ် လွန်လိုက်တာ သခင်မိုလိက သူမရဲ့ စီနီယာအစ်ကိုပဲလေ”

All Chapters